Sunday 2 December 2012

နိုဝင်ဘာလ ၁၁ ရက်မှ ၃၀ ရက်နေ့အတွင်း အင်အားအနည်းငယ်မှ အင်အားပြင်းထန်အဆင့်ရှိ မြေငလျင် ၁၇ ကြိမ်ဖြစ်ပွား ငလျင်နှင့်ပတ်သက်၍ ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသည့်အတွက် ကောလာဟလများကို မယုံကြည်ရန် ထုတ်ပြန်

Photo: နိုဝင်ဘာလ ၁၁ ရက်မှ ၃၀ ရက်နေ့အတွင်း အင်အားအနည်းငယ်မှ အင်အားပြင်းထန်အဆင့်ရှိ မြေငလျင် ၁၇ ကြိမ်ဖြစ်ပွား ငလျင်နှင့်ပတ်သက်၍ ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသည့်အတွက် ကောလာဟလများကို မယုံကြည်ရန် ထုတ်ပြန်  
Sunday, 02 December 2012 

နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်း အပါအ၀င် ဒေသအချို့၌ အင်အားအနည်းငယ်မှ အင်အားပြင်းထန်
အဆင့်ရှိ မြေငလျင် ၁၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရှိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ရွှေဘိုမြို့မှ မြောက်ဘက် ၄၅ မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျ တာစကေး ၆ ဒသမ ၈ ရှိ အင်အားပြင်းထန်သော
မြေငလျင်တစ်ခု လှုပ်ရှားခဲ့ကာ ယင်းငလျင်ပြီးနောက် နောက်ဆက်တွဲ
ငလျင်များ ဆက်လက်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း အင်အားပြင်းထန် အဆင့်ရှိ မြေငလျင်တစ်ကြိမ်၊ အင်အားအသင့်အတင့်ရှိ မြေငလျင် ငါးကြိမ်၊ အင်အားအနည်းငယ်အဆင့်ရှိ မြေငလျင် ၁၁ ကြိမ် ဖြစ်ပွားခဲ့သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသော စာရင်းဇယားများအရ သိရှိရသည်။

အဆိုပါ ငလျင် ၁၇ ကြိမ် ဖြစ်ပွားခဲ့သည့်အနက် မန္တလေးတိုင်းဒေသကြီး
ရွှေဘိုမြို့ အနီးတစ်ဝိုက်တွင် ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်ငါးကြိမ်၊ စဥ့်ကူးမြို့ အနီးတစ်ဝိုက်တွင် ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်ငါးကြိမ်၊ နေပြည်တော် အနီးတစ်ဝိုက်တွင် ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်နှစ်ကြိမ်၊ သပိတ်ကျင်းမြို့နယ် အနီးတစ်ဝိုက်တွင် ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်နှစ်ကြိမ်၊ ဟုမ္မလင်းမြို့ အနီးတစ်ဝိုက်တွင် ဗဟိုပြုသော ငလျင်တစ်ကြိမ်၊ မန္တလေးမြို့ အနီးတစ်ဝိုက်တွင် ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်တစ်ကြိမ်၊ မြစ်ကြီးနားမြို့အနီး တစ်ဝိုက်တွင် ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်တစ်ကြိမ်တို့ ပါဝင်ခဲ့သည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အင်အားပြင်းထန် ငလျင်တစ်ကြိမ်နှင့် အင်အားအသင့်အတင့်ရှိသော ငလျင်သုံးကြိမ်၊ ၁၂ ရက်နေ့တွင် အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ကြိမ်၊ ၁၃ ရက်နေ့တွင် အင်အားအနည်းငယ်ရှိသော ငလျင်တစ်ကြိမ်၊ ၁၈ ရက်နေ့တွင် အင်အားအနည်းငယ်ရှိသော ငလျင်တစ်ကြိမ်၊ ၁၉ ရက်နေ့တွင် အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ကြိမ်၊ ၂၃ ရက်နေ့တွင် အင်အားအနည်းငယ်ရှိသော ငလျင်နှစ်ကြိမ်၊ ၂၅ ရက်နေ့တွင် အင်အားအနည်းငယ်ရှိသော ငလျင်တစ်ကြိမ်၊ ၂၆ ရက်နေ့တွင် အင်အားအနည်းငယ်ရှိသော ငလျင်နှစ်ကြိမ်၊ ၂၇၊ ၂၈၊ ၂၉ နှင့် ၃၀ ရက်နေ့များတွင် အင်အားအနည်းငယ်ရှိသော ငလျင်တစ်ကြိမ်တို့ အသီးသီးလှုပ်ရှားခဲ့သည်။

ယင်းသို့ ငလျင် ၁၇ ကြိမ်လှုပ်ရှားခဲ့သည့်အနက် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် လှုပ်ခတ်ခဲ့သော ရစ်ခ်ျတာစကေး ၄ ဒသမ ၃ ရှိ အင်အားအနည်းငယ်ရှိ ငလျင်လည်း ပါဝင်ခဲ့ကာ မြစ်ကြီးနားမြို့၏ အနောက်မြောက်ဘက် ၇၄ မိုင်ခန့်အကွာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ရွှေဘိုမြို့အနီး ဖြစ်ပွားခဲ့သည့် အင်အားပြင်းထန်ငလျင်သည် ၂၀၁၁ ခုနှစ် မတ်လအတွင်းက လှုပ်ရှားခဲ့သည့် တာလေငလျင်ပြီးနောက် ဖြစ်ပွားသည့် ပျက်စီးဆုံးရှုံးမှုများပြားသော ငလျင်တစ်ခုဖြစ်ခဲ့ကာ အဆောက်အအုံများ၊ သာသနိက အဆောက်အအုံများ၊ လူနေအိမ်များ ပျက်စီးခဲ့သည်။

ငလျင်ကို ကြုံတွေ့ခဲ့ရပြီးနောက် နောက်ဆက်တွဲငလျင်များ ဆက်လက်လှုပ်ရှားနေသည့်အတွက် မြေငလျင်နှင့်ပတ်သက်၍ မည်သည့်နေ့၊ မည်သည့်အချိန်တွင် လှုပ်ခတ်မည် စသည်ဖြင့်
ကောလာဟလများလည်း ထွက်ပေါ်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရှိရပါသည်။

မြေငလျင်လှုပ်ရှားမည့် အခြေအနေများအား မြေငလျင်ပညာရှင်များက ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသေး၍ ကောလာဟလသတင်းများကို မယုံကြည်ရန် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ
နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ထုတ်ပြန်ထားသည်။

မြေငလျင် ကောလာဟလများနှင့် ပတ်သက်၍ နေပြည်တော် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှူး ဦးစီးဌာန ဖုန်း-၀၆၇-၄၁၁၂၅၃၊ ၀၆၇-၄၁၁၂၆၉ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း အဆိုပါထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

Eleven Media Groupနိုဝင်ဘာလ ၁၁ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်း အပါအ၀င် ဒေသအချို့၌ အင်အားအနည်းငယ်မှ အင်အားပြင်းထန်
အဆင့်ရှိ မြေငလျင် ၁၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရှိရသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ရွှေဘိုမြို့မှ မြောက်ဘက် ၄၅ မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျ တာစကေး ၆ ဒသမ ၈ ရှိ အင်အားပြင်းထန်သောမြေငလျင်တစ်ခု လှုပ်ရှားခဲ့ကာ ယင်းငလျင် ပြီးနောက် နောက်ဆက်တွဲငလျင်များ ဆက်လက်လှုပ်ရှား ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း အင်အားပြင်းထန် အဆင့်ရှိ မြေငလျင်တစ်ကြိမ်၊ အင်အားအသင့်အတင့်ရှိ မြေငလျင် ငါးကြိမ်၊ အင်အားအနည်းငယ်အဆင့်ရှိ မြေငလျင် ၁၁ ကြိမ် ဖြစ်ပွားခဲ့သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသော စာရင်းဇယားများအရ သိရှိရသည်။

အဆိုပါ ငလျင် ၁၇ ကြိမ် ဖြစ်ပွားခဲ့သည့်အနက် မန္တလေးတိုင်းဒေသကြီး
ရွှေဘိုမြို့ အနီးတစ်ဝိုက်တွင် ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်ငါးကြိမ်၊ စဥ့်ကူးမြို့ အနီးတစ်ဝိုက်တွင် ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်ငါးကြိမ်၊ နေပြည်တော် အနီးတစ်ဝိုက်တွင် ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်နှစ်ကြိမ်၊ သပိတ်ကျင်းမြို့နယ် အနီးတစ်ဝိုက်တွင် ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်နှစ်ကြိမ်၊ ဟုမ္မလင်းမြို့ အနီးတစ်ဝိုက်တွင် ဗဟိုပြုသော ငလျင်တစ်ကြိမ်၊ မန္တလေးမြို့ အနီးတစ်ဝိုက်တွင် ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်တစ်ကြိမ်၊ မြစ်ကြီးနားမြို့အနီး တစ်ဝိုက်တွင် ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်တစ်ကြိမ်တို့ ပါဝင်ခဲ့သည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အင်အားပြင်းထန် ငလျင်တစ်ကြိမ်နှင့် အင်အားအသင့်အတင့်ရှိသော ငလျင်သုံးကြိမ်၊ ၁၂ ရက်နေ့တွင် အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ကြိမ်၊ ၁၃ ရက်နေ့တွင် အင်အားအနည်းငယ်ရှိသော ငလျင်တစ်ကြိမ်၊ ၁၈ ရက်နေ့တွင် အင်အားအနည်းငယ်ရှိသော ငလျင်တစ်ကြိမ်၊ ၁၉ ရက်နေ့တွင် အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ကြိမ်၊ ၂၃ ရက်နေ့တွင် အင်အားအနည်းငယ်ရှိသော ငလျင်နှစ်ကြိမ်၊ ၂၅ ရက်နေ့တွင် အင်အားအနည်းငယ်ရှိသော ငလျင်တစ်ကြိမ်၊ ၂၆ ရက်နေ့တွင် အင်အားအနည်းငယ်ရှိသော ငလျင်နှစ်ကြိမ်၊ ၂၇၊ ၂၈၊ ၂၉ နှင့် ၃၀ ရက်နေ့များတွင် အင်အားအနည်းငယ်ရှိသော ငလျင်တစ်ကြိမ်တို့ အသီးသီးလှုပ်ရှားခဲ့သည်။

ယင်းသို့ ငလျင် ၁၇ ကြိမ်လှုပ်ရှားခဲ့သည့်အနက် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် လှုပ်ခတ်ခဲ့သော ရစ်ခ်ျတာစကေး ၄ ဒသမ ၃ ရှိ အင်အားအနည်းငယ်ရှိ ငလျင်လည်း ပါဝင်ခဲ့ကာ မြစ်ကြီးနားမြို့၏ အနောက်မြောက်ဘက် ၇၄ မိုင်ခန့်အကွာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ရွှေဘိုမြို့အနီး ဖြစ်ပွားခဲ့သည့် အင်အားပြင်းထန်ငလျင်သည် ၂၀၁၁ ခုနှစ် မတ်လအတွင်းက လှုပ်ရှားခဲ့သည့် တာလေငလျင်ပြီးနောက် ဖြစ်ပွားသည့် ပျက်စီးဆုံးရှုံးမှုများပြားသော ငလျင်တစ်ခုဖြစ်ခဲ့ကာ အဆောက်အအုံများ၊ သာသနိက အဆောက်အအုံများ၊ လူနေအိမ်များ ပျက်စီးခဲ့သည်။

ငလျင်ကို ကြုံတွေ့ခဲ့ရပြီးနောက် နောက်ဆက်တွဲငလျင်များ ဆက်လက်လှုပ်ရှားနေသည့် အတွက် မြေငလျင်နှင့်ပတ်သက်၍ မည်သည့်နေ့၊ မည်သည့်အချိန်တွင် လှုပ်ခတ်မည် စသည်ဖြင့်
ကောလာဟလများလည်း ထွက်ပေါ်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရှိရပါသည်။

မြေငလျင်လှုပ်ရှားမည့် အခြေအနေများအား မြေငလျင်ပညာရှင်များက ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသေး ၍ ကောလာ ဟလ သတင်းများကို မယုံကြည်ရန် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ
နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ထုတ်ပြန်ထားသည်။

မြေငလျင် ကောလာဟလများနှင့် ပတ်သက်၍ နေပြည်တော် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှူး ဦးစီးဌာန ဖုန်း-၀၆၇-၄၁၁၂၅၃၊ ၀၆၇-၄၁၁၂၆၉ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း အဆိုပါထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

Eleven Media Group

No comments:

Post a Comment