Sunday 2 December 2012

ရွှေသံလွင်ကုမ္ပဏီမှ တရားမ၀င်စက်သုံးဆီ တင်သွင်းမှုအပေါ် ကုန်ပစ္စည်းကိုသာ အကောက်ခွန်ဥပဒေအရ အရေးယူပြီး ကုမ္ပဏီကို အရေးယူထားခြင်းမရှိ၊ ဒဏ်ကြေးတပ်ရိုက်၍ ကုန်ပစ္စည်းကို ပြန်ထုတ်ပေးမည်ဟု အကောက်ခွန် တာဝန်ရှိသူ ပြောကြား

Photo: ရွှေသံလွင်ကုမ္ပဏီမှ တရားမ၀င်စက်သုံးဆီ တင်သွင်းမှုအပေါ် ကုန်ပစ္စည်းကိုသာ အကောက်ခွန်ဥပဒေအရ အရေးယူပြီး ကုမ္ပဏီကို အရေးယူထားခြင်းမရှိ၊ ဒဏ်ကြေးတပ်ရိုက်၍ ကုန်ပစ္စည်းကို
ပြန်ထုတ်ပေးမည်ဟု အကောက်ခွန် တာဝန်ရှိသူ ပြောကြား  
Sunday, 02 December 2012 

ရွှေသံလွင်ကုမ္ပဏီမှ လိုင်စင်ပါ ပမာဏထက် စက်သုံးဆီများ တရားမ၀င် ပိုမိုတင်သွင်းမှုအပေါ် ကုမ္ပဏီအား အရေးယူထားခြင်း မရှိကြောင်း၊ ကုန်ပစ္စည်းများကိုသာ အကောက်ခွန်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း အရေးယူထားသည်ဟု အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူထံမှ သတင်းရရှိသည်။

တရားမ၀င် ပိုမိုတင်ဆောင်လာသည့် စက်သုံးဆီများကိုလည်း အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ ဒဏ်ကြေးတပ်ရိုက်ပြီး ကုမ္ပဏီမှ ဒဏ်ကြေးကို လက်ခံသည်ဆိုပါက ဒဏ်ကြေးပေးဆောင်ကာ ပစ္စည်းအားပြန်ထုတ်
ယူခွင့်ပေးမည်ဟု သိရသည်။

အကောက်ခွန်ဌာနမှ တာဝန်ရှိသူတစ်ဦးက ''လိုင်စင်ပါ ပမာဏထက် ပိုတင်သွင်းလာတဲ့ စက်သုံးဆီတွေကိုတော့ အကောက်ခွန် လုပ်ထုံး
လုပ်နည်းအရ အရေးယူပါတယ်။ ကုမ္ပဏီကို အရေးယူတာကတော့ ကျွန်တော်တို့ဌာနနဲ့ မဆိုင်ပါဘူး။ ပြည်ထဲရေးက အရေးယူရမယ့်
အပိုင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အကောက်ခွန် လုပ်ထုံးလုပ်နည်းအရ အပိုတင်ဆောင်လာတဲ့ ပစ္စည်းရဲ့ကုန်းပေါ်အရောက်တန်ဖိုး CIF တန်ဖိုးရဲ့ တစ်ဆ၊ နှစ်ဆ စသည်ဖြင့် တပ်ရိုက်မယ်၊ ဒါကို ကုမ္ပဏီကလက်ခံရင် ဒဏ်ကြေးပေးပြီး ပစ္စည်းပြန်ထုတ်ယူလို့ရတယ်။ အကောက်ခွန်ရဲ့ လုပ်ထုံးလုပ်နည်းအရကိုက ဒီလိုပဲလုပ်ရတာပါ။ တစ်ကယ်လို့ ဒဏ်ကြေး တပ်ရိုက်တာကို မကျေနပ်ရင် အခွန်အယူခံရုံးကို တက်နိုင်ပါတယ်။
နောက်ဆုံးပစ္စည်းကို ပြန်ရွေးမရွေး ကုမ္ပဏီကို အကြောင်းကြား၊ ကုမ္ပဏီက အတိအကျ အဖြေသိရရင် ပြန်ရွေးမယ်ဆို ရွေးပေါ့။ မဟုတ်ရင်တော့ ပစ္စည်းကို လုပ်ထုံးလုပ်နည်းအတိုင်း လေလံတင်မှာပါ''ဟု အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရွှေသံလွင်ကုမ္ပဏီပိုင် သင်္ဘောသည် တရားဝင်လိုင်စင်၌ စက်သုံးဆီ ၇၅ တန်သာ စာရင်းပြထားပြီး  တစ်ကယ်တမ်း စစ်ဆေးသည့်အခါတွင် ၇၅ တန်အပြင် ၁၁၃ တန်အား တရားမ၀င် ပိုမိုတင်ဆောင်လာကြောင်း
နိုဝင်ဘာလ ၅ ရက်နေ့တွင် စစ်ဆေးတွေ့ရှိခဲ့သည်။

ဖမ်းမိပြီးနောက် ပြည်နယ်အစိုးရမှ စစ်ဆေးရေးအဖွဲ့ဖြင့် နိုဝင်ဘာလ ၈ရက်နေ့တွင် စစ်ဆေးခဲ့ကြောင်း၊ လိုင်စင်ပါ ပမာဏထက်ပိုမို၍ တင်ဆောင်လာသော စက်သုံးဆီတန်ချိန် ၁၁၃ တန်အား အကောက်ခွန်ဌာနမှ လုပ်ထုံးလုပ်နည်းအရ အရေးယူခဲ့သည်။

ထိုကဲ့သို့ စစ်ဆေးထားမှုအား နိုဝင်ဘာလ ၉ ရက်နေ့က ပြည်နယ်အစိုးရ
အဖွဲ့၊ မော်လမြိုင်သို့ ပြည်နယ်အကောက်ခွန် ဦးစီးဌာနမှူးရုံးမှ တင်ပြ
ထားခဲ့ကြောင်းလည်း သတင်းရရှိသည်။

သင်္ဘောအ၀င်အထွက်စာရင်းတွင် ရွှေသံလွင်ကုမ္ပဏီ၊ Shwe Than Hlyan အမည်ရှိ သင်္ဘောဖြင့် တင်ဆောင်လာခြင်းဖြစ်ပြီး အဆိုပါသင်္ဘောအမည်ဖြင့် တစ်လလျင် ပုံမှန်သုံးခေါက်အထိ ပြေးဆွဲတင်သွင်းခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ စစ်ဆေးတွေ့ရှိမှုများအား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနတို့နှင့်အတူ သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့တွင် ပြည်ထဲရေး ၀န်ကြီးဌာနပါ ပါဝင်စစ်ဆေးပြီး ကုမ္ပဏီအား အရေးယူမှုကို ပြည်ထဲဝန်ကြီးဌာနမှ ဆောင်ရွက်ရကြောင်း သိရသည်။

လက်ရှိအချိန်အထိ ရွှေသံလွင် ကုမ္ပဏီအား အရေးယူထားမှုနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနမှသာ လုပ်ထုံးလုပ်နည်းအရ ပစ္စည်းကို အရေးယူ
ထားကြောင်း ပြောကြားသော်လည်း ပြည်ထဲရေး ၀န်ကြီးဌာနမှ အရေးယူထားခြင်း ရှိ၊ မရှိ တိကျစွာ ထုတ်ပြန်မှု မရှိသေးကြောင်း သိရသည်။

''ရွှေသံလွင်ကုမ္ပဏီကို ဒဏ်ကြေးပဲတပ်ရိုက်တယ်ဆိုရင်တော့
နောင်တစ်ချိန်မှာ ကျွန်တော်တို့လုပ်ငန်းရှင်တွေ အခွန်ရှောင်
လို့ပဲဖြစ်ဖြစ်၊ တရားမ၀င်ကုန်သွယ်လို့ပဲဖြစ်ဖြစ် ဥပဒေအရ ပြင်းပြင်းထန်ထန် အခုထက်ပိုပြီး အရေးယူခံရမယ်ဆိုရင်တော့ ကျွန်တော်တို့ကတော့
ပြောကြရမှာပဲ။ ဥပဒေက နှစ်မျိုးရှိနေသလား။ ဒီဖြစ်စဉ်ကို ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းရှင်တွေအားလုံး မှတ်တမ်းတင်ထားမှာပဲ။ နောင်တစ်ချိန်မှာ ကျွန်တော်တို့ကို အရေးယူလာခဲ့မယ်၊ ဖမ်းလာခဲ့မယ်ဆိုရင် တရားရုံးမှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာ ဖြစ်ပွားတဲ့ ဒီရွှေသံလွင်ဖြစ်စဉ်နဲ့ ထုချေမှာပဲ'' ဟု စက်သုံးဆီအား အခွန်ပေးဆောင်ကာ တင်သွင်းနေသည့် လုပ်ငန်းရှင်
တစ်ဦးက ပြောကြားခဲ့ပါသည်။

Eleven Media Group ရွှေသံလွင်ကုမ္ပဏီမှ လိုင်စင်ပါ ပမာဏထက် စက်သုံးဆီများ တရားမ၀င် ပိုမိုတင်သွင်းမှုအပေါ် ကုမ္ပဏီအား အရေးယူထားခြင်း မရှိကြောင်း၊ ကုန်ပစ္စည်းများကိုသာ အကောက်ခွန်ဥပဒေ၊ လုပ်ထုံး လုပ်နည်း များအတိုင်း အရေးယူထားသည်ဟု အကောက်ခွန် ဦးစီးဌာန တာဝန်ရှိသူထံမှ သတင်းရရှိသည်။

တရားမ၀င် ပိုမိုတင်ဆောင်လာသည့် စက်သုံးဆီများကိုလည်း အကောက် ခွန် လုပ်ထုံးလုပ်နည်းများအရ ဒဏ်ကြေးတပ်ရိုက်ပြီး ကုမ္ပဏီမှ ဒဏ်ကြေးကို လက်ခံသည် ဆိုပါက ဒဏ်ကြေးပေးဆောင်ကာ ပစ္စည်းအားပြန်ထုတ်ယူခွင့်ပေးမည်ဟု သိရသည်။

အကောက်ခွန်ဌာနမှ တာဝန်ရှိသူတစ်ဦးက ''လိုင်စင်ပါ ပမာဏထက် ပိုတင်သွင်းလာတဲ့ စက်သုံးဆီတွေကိုတော့ အကောက်ခွန် လုပ်ထုံးလုပ်နည်းအရ အရေးယူပါတယ်။ ကုမ္ပဏီကို အရေးယူတာကတော့ ကျွန်တော်တို့ဌာနနဲ့ မဆိုင်ပါဘူး။ ပြည်ထဲရေးက အရေးယူရမယ့်အပိုင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အကောက်ခွန် လုပ်ထုံးလုပ်နည်းအရ အပိုတင်ဆောင်လာတဲ့ ပစ္စည်းရဲ့ ကုန်းပေါ်အရောက် တန်ဖိုး CIF တန်ဖိုးရဲ့ တစ်ဆ၊ နှစ်ဆ စသည်ဖြင့် တပ်ရိုက်မယ်၊ ဒါကို ကုမ္ပဏီကလက်ခံရင် ဒဏ်ကြေးပေးပြီး ပစ္စည်းပြန်ထုတ်ယူလို့ရတယ်။ အကောက်ခွန်ရဲ့ လုပ်ထုံး လုပ်နည်း အရ ကိုက ဒီလိုပဲလုပ်ရတာပါ။ တစ်ကယ်လို့ ဒဏ်ကြေး တပ်ရိုက်တာကို မကျေနပ်ရင် အခွန်အယူခံရုံးကို တက်နိုင်ပါတယ်။
နောက်ဆုံးပစ္စည်းကို ပြန်ရွေးမရွေး ကုမ္ပဏီကို အကြောင်းကြား၊ ကုမ္ပဏီက အတိအကျ အဖြေ သိရရင် ပြန်ရွေးမယ်ဆို ရွေးပေါ့။ မဟုတ်ရင်တော့ ပစ္စည်းကို လုပ်ထုံး လုပ်နည်း အတိုင်း လေလံ တင်မှာ ပါ''ဟု အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရွှေသံလွင်ကုမ္ပဏီပိုင် သင်္ဘောသည် တရားဝင်လိုင်စင်၌ စက်သုံးဆီ ၇၅ တန်သာ စာရင်းပြထားပြီး တစ်ကယ်တမ်း စစ်ဆေးသည့်အခါတွင် ၇၅ တန်အပြင် ၁၁၃ တန်အား တရားမ၀င် ပိုမိုတင်ဆောင် လာကြောင်းနိုဝင်ဘာလ ၅ ရက်နေ့တွင် စစ်ဆေးတွေ့ရှိခဲ့သည်။

ဖမ်းမိပြီးနောက် ပြည်နယ်အစိုးရမှ စစ်ဆေးရေးအဖွဲ့ဖြင့် နိုဝင်ဘာလ ၈ရက်နေ့တွင် စစ်ဆေးခဲ့ကြောင်း၊ လိုင်စင်ပါ ပမာဏထက်ပိုမို၍ တင်ဆောင်လာသော စက်သုံးဆီတန်ချိန် ၁၁၃ တန်အား အကောက်ခွန် ဌာနမှ လုပ်ထုံးလုပ်နည်းအရ အရေးယူခဲ့သည်။

ထိုကဲ့သို့ စစ်ဆေးထားမှုအား နိုဝင်ဘာလ ၉ ရက်နေ့က ပြည်နယ်အစိုးရ အဖွဲ့၊ မော်လမြိုင်သို့ ပြည်နယ် အကောက်ခွန် ဦးစီးဌာနမှူးရုံးမှ တင်ပြထားခဲ့ကြောင်းလည်း သတင်းရရှိသည်။

သင်္ဘောအ၀င်အထွက်စာရင်းတွင် ရွှေသံလွင်ကုမ္ပဏီ၊ Shwe Than Hlyan အမည်ရှိ သင်္ဘောဖြင့် တင်ဆောင်လာခြင်းဖြစ်ပြီး အဆိုပါသင်္ဘောအမည်ဖြင့် တစ်လလျင် ပုံမှန် သုံးခေါက် အထိ ပြေးဆွဲ တင်သွင်းခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ စစ်ဆေးတွေ့ရှိမှုများအား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနတို့နှင့်အတူ သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့တွင် ပြည်ထဲရေး ၀န်ကြီးဌာနပါ ပါဝင်စစ်ဆေးပြီး ကုမ္ပဏီအား အရေးယူမှုကို ပြည်ထဲဝန်ကြီးဌာနမှ ဆောင်ရွက်ရကြောင်း သိရသည်။

လက်ရှိအချိန်အထိ ရွှေသံလွင် ကုမ္ပဏီအား အရေးယူထားမှုနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနမှသာ လုပ်ထုံးလုပ်နည်းအရ ပစ္စည်းကို အရေးယူထားကြောင်း ပြောကြားသော်လည်း ပြည်ထဲရေး ၀န်ကြီးဌာနမှ အရေးယူထားခြင်း ရှိ၊ မရှိ တိကျစွာ ထုတ်ပြန်မှု မရှိသေးကြောင်း သိရသည်။

''ရွှေသံလွင်ကုမ္ပဏီကို ဒဏ်ကြေးပဲတပ်ရိုက်တယ်ဆိုရင်တော့နောင်တစ်ချိန်မှာ ကျွန်တော်တို့ လုပ်ငန်းရှင်တွေ အခွန်ရှောင်လို့ပဲဖြစ်ဖြစ်၊ တရားမ၀င်ကုန်သွယ်လို့ပဲဖြစ်ဖြစ် ဥပဒေအရ ပြင်းပြင်းထန်ထန် အခုထက်ပိုပြီး အရေးယူခံရမယ်ဆိုရင်တော့ ကျွန်တော်တို့ကတော့ ပြောကြရမှာပဲ။ ဥပဒေက နှစ်မျိုးရှိနေ သလား။ ဒီဖြစ်စဉ်ကို ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းရှင်တွေအားလုံး မှတ်တမ်း တင် ထား မှာပဲ။ နောင်တစ်ချိန်မှာ ကျွန်တော်တို့ကို အရေးယူလာခဲ့မယ်၊ ဖမ်းလာခဲ့မယ်ဆိုရင် တရားရုံးမှာ ၂၀၁၂ ခုနှစ် နိုဝင် ဘာလမှာ ဖြစ်ပွားတဲ့ ဒီရွှေသံလွင်ဖြစ်စဉ်နဲ့ ထုချေမှာပဲ'' ဟု စက်သုံးဆီအား အခွန်ပေးဆောင်ကာ တင်သွင်းနေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။

Eleven Media Group

No comments:

Post a Comment