Cloud Leopard လို့ခေါ်တဲ့ မြန်မာ့အင်းကျားများကို ကမ္ဘာ့ ရှားပါး သတ္တဝါ မျိုးစိတ်အဖြစ် ၂၀၀၈ ခုနှစ်က စတင်သတ်မှတ်ခဲ့ပါတယ်။
အင်းကျားဟာ အရှေ့တောင်အာရှမှာ နေထိုင်ကျက် စားတဲ့ ကြောင်မျိုး စိတ် တစ်ခု ဖြစ်ပြီး စုစုပေါင်း အကောင်ရေ ၁၀၀၀၀၀ (၁သိန်း) မရှိတော့ တဲ့ တောကြောင်တစ်မျိုး ဖြစ်ပါတယ်။ ဟိမဝန္တာ တောတောင်မှာ အနေများ တဲ့အတွက် မြန်မာပြည်ရယ်လို့ မဟုတ်ပါဘူး။ အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ်၊ တရုတ်၊ မလေးရှား၊ လာအို စတဲ့ နိုင်ငံများရှိ တောတွေထဲမှာ လည်း နေထိုင် ကျက်စားပါတယ်။ စိမ်းလန်းနေတဲ့ သစ်တောများမှာသာ နေပါတယ်။
အရွယ်ကလည်း သိပ်မကြီးပါဘူး။ အမဆိုရင် ၂၇ လက်မ မှ ၃၂ လက်မ၊ အထီးဆိုရင် ၂၉ လက်မမှ ၃၆ လက်မ အထိ အမြီးမှ ခေါင်း အရှည်ရှိ ပါတယ်။ အမြင့်ကတော့ ၁၆ လက်မ အထိ ရှိနိုင်ပါတယ်။ အလေးချိန် ကတော့ ၂၅ ပေါင်ကနေ ၅၁ ပေါင်အထိ ရှိပါတယ်။ အပြင်ပန်း အသွင်သဏ္ဍန် ကလည်း ပုံမှာ မြင်တွေ့ရတဲ့အတိုင်း စပါးကြီးမြွေများလို အနက်ရောင် အကွက်နဲ့ အသားရောင် ရောနေပါတယ်။
ရန်ကုန်၊ နေပြည်တော်၊ မန္တလေး တိရစ္ဆာန်ဥယျာဉ်များမှာလည်း အင်းကျား များ မွေးမြူပြသ ထားပါတယ်။ မြန်မာပြည်တင်မကပဲ အရှေ့ တောင်အာရှ မှာသာ ရှိတဲ့ အင်းကျားများဟာ တစ်နှစ်ထက် တစ်နှစ် အရေ အတွက် လျော့နည်းလာကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

No comments:
Post a Comment