Thursday 1 November 2012

ကောင်းကင်ဓာတ်ပုံ ရိုက်ကူးသောယာဉ်ပျံ စတင် အသုံးပြုနိုင်တော့မည်

ကောင်းကင်ဓာတ်ပုံ ရိုက်ကူးသောယာဉ်ပျံ စတင် အသုံးပြုနိုင်တော့မည်
Thursday, November 01, 2012

ကောင်းကင် ဓာတ်ပုံများ ပြတ်သားစွာ ရိုက် ကူးပေးနိုင်မည့် Multicopter အား ပြည်တွင်း၌ စတင် အသုံးပြု နိုင်တော့မည်ဟု  Miracle Post ရုပ်သံ မီဒီယာလုပ်ငန်းမှ သိရသည်။ အဆိုပါ Multicopter ၌ မောင်းနှင် ရာ တွင် အထောက်အပံ့ ဖြစ်စေရန် ပန်ကာခြောက်ခု တပ်ဆင်ထားပြီး အမြင့်ပေ ၅၀၀ အထိ ပျံသန်း မောင်းနှင်နိုင် မည် ဖြစ်ကြောင်း သိရသည်။ “တပ်ထားတဲ့ ကင်မရာက Full HD အမျိုးအစားပါ” ဟု Miracle Post မှ ကိုဝဏ္ဏကျော် က ဆိုသည်။ ၎င်းယာဉ်ပျံငယ်အား ကောင်းကင် အလှဓာတ်ပုံများ ရိုက်ကူးရန်
သာမက သဘာ ဝ ဘေးအန္တရာယ် ကျရောက်သည့် နေရာများ၊ မီးလောင် သည့် နေရာများနှင့်လူသားများ သွားရောက် ရိုက်ကူးရန် အခက်အခဲ ရှိသည့်
နေရာများအတွက်ပါ ရည်ရွယ် တင်သွင်း လာခြင်းဖြစ်ကြောင်း Myanmar Arial Video-graphic Society မှ ကိုဉာာဏ က ပြောသည်။ Multicopter ၌ နိုင်ငံတကာ ရေဒီယိုလှိုင်း ဥပဒေနှင့် ငြိစွန်းမှု မရှိသည့် ကလေး ကစားစရာတွင် အသုံးပြုနေသည့် လှိုင်းပမာဏ ကိုသာ အသုံးပြုထားသည်ဟု သိရသည်။ 

ဘက်ထရီ အနေဖြင့် ၅ မိနစ်မှ ၇ မိနစ်အထိ ခံနိုင်ရည်ရှိပြီး အတွင်းပိုင်း ကိရိယာများကိုမူ ကိုရီးယား၊ စင်ကာပူ၊ ထိုင်ဝမ်နှင့် ဟောင်ကောင်တို့မှ မှာယူ၍ တစ်စချင်း တပ်ဆင်ထားခြင်း ဖြစ်သည်ဟု သိရသည်။ “ခု ပန်ကာရှစ်ခုနဲ့  Octo Copter ကို ဆင်နေပါတယ်။ သက်ဆိုင်ရာက ခွင့်ပြုချက် ရရင်တော့ ကိုယ်ပိုင် ဝယ်ချင်တဲ့သူတွေအတွက် မှာယူ တင်သွင်း ပေးသွားပါမယ်” ဟု ကိုဉာာဏက ဆက်ပြောသည်။ 

လက်ရှိတွင်  Multicopter အား ငှားရမ်းလို လျှင် တစ်နေ့စာ 1 Duty အတွက် ကျပ်တစ်သိန်းခန့် ကုန်ကျမည်ဖြစ်ပြီး တစ်ကြိမ် လျှင် ပျံသန်းချိန် ၅ မိနစ်ဖြင့် ၇ ခေါက်နှုန်း ပျံသန်း ရိုက်ကူးပေးသွားမည် ဖြစ်သည်။ ယင်း Multicopter များအား အနောက်နိုင်ငံများ၌ တွင်ကျယ်စွာ အသုံးပြုမှု ရှိနေပြီ
ဖြစ်သော်လည်း အရှေ့တောင်အာရှ နိုင်ငံများ၌မူ အဖွဲ့အစည်းငယ်များမှ ကိုယ်ပိုင် တပ်ဆင် အသုံးပြုမှုသာ ရှိသေးကြောင်း သိရသည်။

ရတနာပုံ
 ကောင်းကင် ဓာတ်ပုံများ ပြတ်သားစွာ ရိုက် ကူးပေးနိုင်မည့် Multicopter အား ပြည်တွင်း၌ စတင် အသုံးပြု နိုင်တော့မည်ဟု Miracle Post ရုပ်သံ မီဒီယာလုပ်ငန်းမှ သိရသည်။ အဆိုပါ Multicopter ၌ မောင်းနှင် ရာ တွင် အထောက်အပံ့ ဖြစ်စေရန် ပန်ကာခြောက်ခု တပ်ဆင်ထားပြီး အမြင့်ပေ ၅၀၀ အထိ ပျံသန်း မောင်းနှင်နိုင် မည် ဖြစ်ကြောင်း သိရသည်။ “တပ်ထားတဲ့ ကင်မရာက Full HD အမျိုးအစားပါ” ဟု Miracle Post မှ ကိုဝဏ္ဏကျော် က ဆိုသည်။ ၎င်းယာဉ်ပျံငယ်အား ကောင်းကင် အလှဓာတ်ပုံများ ရိုက်ကူးရန် သာမက သဘာ ဝ ဘေးအန္တရာယ် ကျရောက်သည့် နေရာများ၊ မီးလောင် သည့် နေရာ များနှင့်လူသားများ သွားရောက် ရိုက်ကူးရန် အခက်အခဲ ရှိသည့်နေရာများအတွက်ပါ ရည်ရွယ် တင်သွင်း လာခြင်းဖြစ်ကြောင်း Myanmar Arial Video-graphic Society မှ ကိုဉာဏ က ပြောသည်။ Multicopter ၌ နိုင်ငံတကာ ရေဒီယိုလှိုင်း ဥပဒေနှင့် ငြိစွန်းမှု မရှိသည့် ကလေး ကစားစရာတွင် အသုံးပြုနေသည့် လှိုင်းပမာဏ ကိုသာ အသုံးပြုထားသည်ဟု သိရသည်။

ဘက်ထရီ အနေဖြင့် ၅ မိနစ်မှ ၇ မိနစ်အထိ ခံနိုင်ရည်ရှိပြီး အတွင်းပိုင်း ကိရိယာများကိုမူ ကိုရီးယား၊ စင်ကာပူ၊ ထိုင်ဝမ်နှင့် ဟောင်ကောင်တို့မှ မှာယူ၍ တစ်စချင်း တပ်ဆင်ထားခြင်း ဖြစ်သည်ဟု သိရသည်။ “ခု ပန်ကာရှစ်ခုနဲ့ Octo Copter ကို ဆင်နေပါတယ်။ သက်ဆိုင်ရာက ခွင့်ပြုချက် ရရင်တော့ ကိုယ်ပိုင် ဝယ်ချင်တဲ့သူတွေအတွက် မှာယူ တင်သွင်း ပေးသွားပါမယ်” ဟု ကိုဉာာဏက ဆက်ပြောသည်။

လက်ရှိတွင် Multicopter အား ငှားရမ်းလို လျှင် တစ်နေ့စာ 1 Duty အတွက် ကျပ်တစ်သိန်းခန့် ကုန်ကျ မည်ဖြစ်ပြီး တစ်ကြိမ် လျှင် ပျံသန်းချိန် ၅ မိနစ်ဖြင့် ၇ ခေါက်နှုန်း ပျံသန်း ရိုက်ကူးပေး သွားမည် ဖြစ်သည်။ ယင်း Multicopter များအား အနောက်နိုင်ငံများ၌ တွင်ကျယ်စွာ အသုံးပြုမှု ရှိနေပြီ ဖြစ်သော် လည်း အရှေ့တောင် အာရှ နိုင်ငံများ၌မူ အဖွဲ့အစည်းငယ်များမှ ကိုယ်ပိုင် တပ်ဆင် အသုံးပြုမှုသာ ရှိသေးကြောင်း သိရသည်။

ref:ရတနာပုံ

No comments:

Post a Comment