Thursday 1 November 2012

အိန္ဒိယနိုင်ငံ မွမ်ဘိုင်း အကြမ်းဖက်မှုတွင် မြန်မာနိုင်ငံသား တစ်ဦးပါဝင်နေဟု သတင်းထွက်ပေါ်

 


တောင်အာရှရဲ့  အကြီးမားဆုံး အကြမ်းဖက်မှု့ ကြီးဖြစ်တဲ့ အိန္ဒိယ မွမ်ဘိုင်းတိုက်ခိုက်မှုနဲ့  ပတ် သက်ပြီး နောက်ဆက်တွဲ ဖမ်းဆီးရမိသူတွေထဲမှာ Yusuf Ahmad Khan (၂၈ နှစ်) ပါဝင်ခဲ့ပြီး သူ့ ဖုန်းမက်ဆေ့နဲ့  ကွန်ပျူတာ မှတ်တမ်းတွေထဲမှာ ကောလဟာလသတင်းများနဲ့  လှုံ့ ဆ်ာထားတဲ့ သတင်းအချက်အလက်များကို အိန္ဒိယ နိုင်ငံ ထောက်လှမ်းရေးအဖွဲ့  IST က စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဒီအထဲမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ မတည်မငြိမ်မှု့  များကို လွန်လွန်ကျူးကျူး ၀ါဒဖြန့် မှု့ များလည်း ပါဝင်နေပြီး သူဟာ အိန္ဒိယနိုင်ငံမှာ အခြေချ မနေထိုင်ခင် မြန်မာနိုင်ငံမှာ နေထိုင်ခဲ့နိုင်တယ်လို့  ခန့် မှန်း ထားပြီး နှစ်နိုင်ငံ ပူးပေါင်း ဖော်ထုတ်သွားမယ်လို့  သိရပါတယ်။

သူ့ နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ပြည့်စုံရင် မြန်မာနိုင်ငံ ပြည်ထဲရေး ၀န်ကြီးဌာနကို အိန္ဒိယ ထောက် လှမ်းရေးတပ်ဖွဲ့ မှ တရားဝင် အကြောင်းကြားစာကို မကြာမီ ပေးပို့ သွားမယ်လို့  သိရှိရပြီး လက် ရှိဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်မှုများတွင် နောက်ကွယ်က ကြိုးကိုင်ပါ ၀င်နေသူ များအား ဖော်ထုတ်နိုင်ရေးအတွက် များစွာ အထောက်အကူပြုနိုင်မည်ဟု ခန့်မှန်းရပါသည်။

Ref ; India Mumbai Attack / IRIS / Breaking News/FB

No comments:

Post a Comment