Thursday 1 November 2012

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ သုံးလောင်းပြိုင်လူသတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့

b531c1
မှော်ဘီမြို့နယ်တွင် သုံးလောင်ပြိုင်လူသတ်မှု ဖြစ်ပွားခဲ့သည့် နေအိမ်ကိုတွေ့ရစဉ်

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်း ဒေသကြီးရှိ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် သုံးေ လာင်းပြိုင် လူသတ်မှု ဖြစ်စဉ်တစ်ခုစီ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာ ၀န်ရှိ သူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။


ယင်းကဲ့သို့ သုံးလောင်းပြိုင် လူသတ်မှု ဖြစ်စဉ်များကို အောက်တိုဘာလ ၂၉ရက်နေ့ မွန်းလွဲပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် နိုဝင်ဘာလ ၁ရက်နေ့ နံနက်ပိုင်း တွင် မှော်ဘီမြို့နယ် တို့၌ ဖြစ်ပွား ခဲ့ပြီး ခြောက် ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၉ရက်နေ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုဖြစ်စဉ် မှာ ၆၉ရပ်ကွက်၊ မင်းလှမင်းခေါင်လမ်း၊ အမှတ် ၁၃၇၃တွင် နေထိုင်သည့် ယောက္ခမဖြစ်သူ ဒေါ်လှမြင့်၊ ၆၀ နှစ်နှင့် သမက်ဖြစ်သူ ကျီးကန်း(ခ)စိုးစိုး၊ ၃၈နှစ်တို့မှာ နေအိမ်အတွင်း စကားများ ရန်ဖြစ်နေသည်ကို လမ်းတစ်ဖက် မျက်နှာချင်းဆိုင် နေအိမ်တွင် နေထိုင်သည့် ပြည့်ဖြိုးအောင်၊ ၂၇နှစ်ဖြစ်သူက "နေ့ဆူ၊ ညဆူအိပ်မရဘူး" ဟုပြောဆိုပြီး ကျီးကန်း(ခ)စိုးစိုးအား အိမ်ပေါ်တက်ရောက်ကာ ပါးရိုက်ခဲ့ကြောင်း သိရ သည်။

ယင်းကဲ့သို့ ပါးရိုက်ခံရသည့် ကျီးကန်း(ခ)စိုးစိုးမှာ လောက်ေ လးခွဖြင့် ပြည့်ဖြိုးအောင် ကို ပြန်လည်ပစ်ခဲ့ သည့်အတွက် ပြည့်ဖြိုးအောင်မှ ၄င်း၏နေအိမ်သို့ ပြန်သွားပြီး အရိုးအသွား ၂၃လက်မခန့်ရှိ အသွားနှစ် ဖက်ပါ ဓားမြောင်နှင့် အရိုးအသွား ၁၂လက်မရှိ ဓားမြောင်တစ်ချောင်းတို့အား ယူဆောင်ပြီး ကျီးကန်း(ခ) စိုးစိုး၏ နေအိမ်ပေါ်သို့ တက်ရောက်ကာ ကျီးကန်း(ခ)စိုးစိုးကို ဘယ်ဘက်ရင်အုံနှင့် ညာဘက်ရင်အုံတို့ကို ထိုးခဲ့ကြောင်း ဒဂုံဆိပ်ကမ်းရဲစခန်းမှ စစ်ဆေးချက်အရ သိရသည်။

အဆိုပါကဲ့သို့ အခင်းဖြစ်ပွားနေချိန်တွင် ယောက္ခမဖြစ်သူ ဒေါ်လှမြင့်မှာ နေအိမ်ပေါ်မှ ထွက်ပြေးပြီး ပတ်ဝန်း ကျင်သို့ အော်ဟစ်အကူအညီတောင်းခဲ့ရာ ပြည့်ဖြိုးအောင်၏ မိခင်ဖြစ်သူ ဒေါ်သန်းဌေး၊ ၅၀ နှစ်မှ "ဟိုမှာ အဘွားကြီး ထွက်ပြေးသွားပြီ၊ လိုက်သတ်" ဟု အော်ဟစ်ပြောဆိုခဲ့ ရာ ပြည့်ဖြိုးအောင် မှ ဒေါ် လှမြင့်နောက် သို့ လိုက်သွားပြီး ဓားဖြင့်ထိုးခဲ့ကြောင်း ဒဂုံဆိပ်ကမ်းရဲစခန်းမှ စစ်ဆေးချက်အရ သိရသည်။
ဒေါ်လှမြင့်အား ဓားဖြင့်ထိုးပြီး အပြန်လမ်းတွင် ကျီးကန်း(ခ)စိုးစိုး၏ သမီးဖြစ်သူ မစံပယ်ဦး၊ ၃နှစ် အား တွေ့ရှိပြီး ထပ်မံ၍ဓားဖြင့် ထိုးခဲ့ကြောင်း သိရှိရသည်။

ယင်းကဲ့သို့ ဓားဖြင့်ထိုးခံရသည့် ဒေါ်လှမြင့် - ၆၀နှစ်၊ ကျီးကန်း(ခ)စိုးစိုး- ၃၈နှစ် နှင့် မစံပယ်ဦး - ၃နှစ်တို့ မှာ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါကဲ့သို့ ပြစ်မှုကျူးလွန်သူ ဒေါ်သန်းဌေးကို အောက်တိုဘာလ ၂၉ရက်နေ့တွင်ပင် ဖမ်းဆီးခဲ့သော် လည်း ပြည့်ဖြိုးအောင်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အခင်းဖြစ်ပွားရာ နေအိမ်ဘေးတွင် နေထိုင်ပြီး ဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့သူ ကိုမောင်ဇော်က "ကျွန်တော်က မိန်းမနဲ့အိမ်ရှေ့မှာ ထွက်ပြီး ထိုင်စကားပြောနေတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ဘေးက အိမ်မှာနေတဲ့ ကျီးကန်းနဲ့ သူ့ရဲ့ ယောက္ခမဖြစ်သူ ဒေါ်လှမြင့်တို့ စကားများရန်ဖြစ်နေလို့ ကျွန်တော်တို့နှစ်ယောက်က အိမ်ထဲဝင်ပြီးတော့ အိပ်ခဲ့ပါတယ်။ သိပ်မကြာ ခင်မှာပဲ ရိုက်နှက်သံတွေကြားရတယ်။ ဒီလိုကြားရ တဲ့ဖြစ် စဉ်တွေက နေ့တိုင်းလိုဖြစ်နေတော့ ကျွန်တော်တို့လည်း ထွက်မကြည့်ခဲ့ဘူး။ ပြီးတော့ ကျီးကန်းက လူ တစ်ယောက်ကို ညီလေးရယ်၊ မလုပ်ပါနဲ့၊ အချင်းချင်းတွေပဲဆိုပြီး တောင်းပန်သံတွေ ကြားခဲ့တယ်။ သိပ်မကြာတဲ့အချိန်မှာပဲ ကျီးကန်းက အမေရေ၊ သားကိုကယ်ပါဦး၊ ဓားနဲ့ထိုးသွားပြီလို့ အသံကြားတော့ အိမ်ရှေ့ထွက်ကြည့်တဲ့အခါမှာ ဒေါ်လှမြင့်နဲ့ သူ့သမီးက ထွက်ပြေးသွားတာ တွေ့ရတယ်။ ကျီးကန်းက သူရဲ့ အိမ်ရှေ့မှာ သွေးတွေနဲ့ လဲနေတာကို တွေ့ရတယ်။ ပြည့်ဖြိုးအောင်က ဓားနှစ်ချောင်း ကိုင်ပြီးေ တာ့ ပြေး သွား တဲ့ ဒေါ်လှမြင့်နောက်ကိုလိုက်ပြီး ဓားနဲ့ထိုးလိုက်ပြီးတော့ ပြန်လာတဲ့ လမ်းမှာတွေ့တဲ့ စံပယ်ဦး ကို ဓားနဲ့ထပ်ထိုးလိုက်တယ်။ ပြီးတော့ လဲကျနေတဲ့ ကျီးကန်းဆီကို ပြန်လာပြီး ဒီကောင် မသေေ သး ဘူးဆိုပြီး ဓားနှစ်ချောင်းနဲ့ ရင်အုံကိုထပ်ထိုးခဲ့ပါ တယ်"ဟု မြင်တွေ့မှု အပေါ် ပြန် လည်ပြောပြခဲ့ သည်။
ပြစ်မှုကျူးလွန်သူ ပြည့်ဖြိုးအောင်မှာ ထွက်ပြေးသွားသည့် စံပယ်ဦးနှင့် ဒေါ်လှမြင့်တို့ကို လူမြင်ကွင်းတွင် ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း အဆိုပါရပ်ကွက်တွင် နေထိုင်သည့် မျက်မြင်တွေ့ရှိသူများထံမှ သိရှိရသည်။

ထွက်ပြေးတိမ်းရှောင်သွားသည့် ပြည့်ဖြိုးအောင်မှာ ရပ်ကွက်အတွင်း မကျေနပ်သည့်လူအချို့ကို ရန်ပြု မည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် ရပ်ကွက်အတွင်း နေထိုင်သူများမှာ သတိထား သွားလာနေ ထိုင်ကြပြီး ညပိုင်းများတွင် လှည့်ကင်းများ ဆောင်ရွက်နေရကြောင်း အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးလှိုင်က ပြောကြားခဲ့သည်။

ကျူးလွန်ခဲ့သူ ပြည့်ဖြိုးအောင်ကို ဖမ်းဆီးရမိရန် ရဲတပ်ဖွဲ့မှ အဖွဲ့သုံးဖွဲ့ခွဲ၍ လိုက်လံစုံစမ်းခဲ့ကြောင်း ရန်ကုန် တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ထိုသို့ရဲတပ်ဖွဲ့မှ အဖွဲ့သုံးဖွဲ့ခွဲ၍ လိုက်လံစုံစမ်းနေစဉ် ကျူးလွန်သူကို နိုဝင်ဘာလ ၁ရက်နေ့ မွန်းလွဲ ၃နာရီဝန်း ကျင်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၉ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးလှိုင်မှ ဒဂုံဆိပ် ကမ်းမြို့နယ်၊ ၇၀ ရပ်ကွက်သို့ မိသားစုကိစ္စဖြင့် သွားရောက်စဉ် လမ်း၌တွေ့ရှိခဲ့သဖြင့် အနီးအနား ပတ်ဝန်း ကျင်ရှိ လူတစ်ချို့ကို အကူအညီတောင်းပြီး ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၉ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးလှိုင်က "ကျွန်တော်က မိန်းမကို စံပြဈေး ပို့ပြီးတော့ ၇၀ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းမကနေ လမ်းလျှောက်ပြီးတော့ အိမ်ကိုပြန်တဲ့အခါမှာ လူ သတ်မှု ကျူးလွန်သွားတဲ့သူက ကျွန်တော့်ကိုပြုံးပြလို့ ပြန်ပြီးပြုံးပြခဲ့တယ်။ ကျွန်တော့်စိတ်ထဲမှာလည်း ကိုယ် နဲ့ ခင်ခဲ့တဲ့သူထဲက တစ်ယောက် ဖြစ်မယ်လို့ ထင်မိခဲ့ပါတယ်။ သိပ်မကြာခင်အချိန်မှာ လူတစ်ယောက်က "အဲဒီလူက လူသတ်မှု ကျူးလွန်သွားတဲ့ ပြည့်ဖြိုးအောင်ပဲ" လို့လာပြောခဲ့တယ်။ သူက ဆံပင်ပုံစံပြောင်း ထားေ တာ့ မမှတ်မိခဲ့တာပါ။ ဒါနဲ့စဉ်းစားမိပြီးတော့ ပတ်ဝန်းကျင်မှာ တွေ့တဲ့သူ သုံးယောက်ကို အကူ အညီေ တာင်းပြီးတော့ လိုက်ဖမ်းဖို့ လုပ်နေတုန်း သူက လမ်းသွားနေတဲ့ စက်ဘီးတစ်စီးကို တားပြီးေ တာ့ နောက်ခုံကနေ လိုက်စီးသွားတယ်။ ဒါနဲ့ ကျွန်တော်တို့က ဆိုင်ကယ်နှစ်စီးနဲ့ လိုက်ဖမ်းခဲ့ပါတယ်။ ပြီးတော့ အိမ်ကိုခေါ်သွားပြီးတော့ ရဲစခန်းကို အကြောင်းကြားပြီး အပ်နှံခဲ့ပါတယ်" ဟုပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်ကို ဒဂုံဆိပ်ကမ်းရဲစခန်း (ပ)၃၈၂/၂၀၁၂ ပုဒ်မ ၃၀၂/၃၂၆/၁၁၄ဖြင့် အမှုဖွင့်ပြီး စစ်ဆေးေ ဆာင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ဖြစ်စဉ်နှင့်အတူ အောက်တိုဘာလ ၁ရက်နေ့ နံနက် ၇နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ ပိုက်လုံး လမ်း ရှိ နေအိမ်တစ်အိမ်၌ သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေအိမ်တွင် စိတ်ရောဂါဝေဒနာ ခံစားရသူ အမျိုးသားတစ်ဦးက နံနက် ၇နာရီ အချိန် တွင် ဗိုက်ဆာသဖြင့် စားသောက်ရန် ၄င်း၏ညီဖြစ်သူကို ပြောခဲ့ရာညီဖြစ်သူက "ဘာမှမရှိဘူး" လို့ ပြန်ပြော ခဲ့သည့်အတွက် ဓားဖြင့်ခုတ်ခဲ့ပြီး ၀င်ရောက်ဆွဲခဲ့သည့် မိသားစုဝင်နှစ်ဦးကိုလည်း ဓားဖြင့်ခုတ် သတ် ခဲ့ကြောင်း ဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသူ မိသားစုဝင်တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ သုံးလောင်းပြိုင်လူသတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မှော်ဘီမြို့နယ် ရဲစခန်းသို့ သွားရောက်မေးမြန်းရာ သုံးေ လာင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့သည်ဟု အတည်ပြုပေးခဲ့သော် လည်း ဖြစ်စဉ် ကို ဖြေကြားနို င်ခြင်းမ ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

သေဆုံးသွားသူများ၏ ဆွေမျိုးတော်စပ်သူတစ်ဦးမှ "ဟိုအရင်ကတည်းက စိတ်ကျန်းမာရေးမကောင်းဘူး။ ဒါပေမယ့် ယဉ်ယဉ်လေးဆိုပြီး အတူတူနေကြတာပေါ့။ ဒါပေမယ့် အခုရက်ပိုင်းအတွင်း သူပြောပြောနေ တာက တိရစ္ဆာန်တစ်ကောင်ကို သတ်ချင်တယ်လို့ မကြာခဏ စိတ်ဖောက်ပြန်လာတယ်။ ဒါပေမယ့် ဒီနေ့မနက်ကျတော့ ဗိုက်ဆာတယ်ဆိုပြီးပြောတော့ အိမ်မှာဘာမှမရှိဘူးဆိုပြီး ပြောတဲ့ ညီဖြစ်သူကို ဓား ဆွဲပြီး ခုတ်တယ်။ အဖေဖြစ်သူက ၀င်ဆွဲတော့ အဖေကိုပါ ခုတ်သတ်ပစ်တယ်။ ခုတ်တာ အပိုင်းပိုင်း အပြတ်ပြတ် ပဲ။ ဒါနဲ့ ကျွန်မလည်း ထွက်ပြေးခဲ့ရတယ်။ နောက်ပြီး အမေက ဈေးကပြန်လာတော့ ၀င်မသွား နဲ့လို့ တားထဲကြားကနေ ၀င်သွားခဲ့တယ်။ အမေဖြစ်သူကိုလည်း ခုတ်သတ်ပစ်ခဲ့တယ်။ ကျွန်မပြောချင်တာ ကတော့ ဒီလိုမျိုးစိတ်ရောဂါခံစားနေရတဲ့ သူတွေနဲ့အတူတူနေထိုင်ဖို့ မသင့်ဘူး"ဟုပြောခဲ့သည်။

လူသတ်မှုကျူးလွန်ခဲ့သူ အား ဖြစ်စဉ်အတွင်းဖမ်းဆီးခဲ့ပြီ လက်ရှိတွင် မှော်ဘီရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင် ထားကြောင်း သိရသည်။

ဖြစ်စဉ်ကို ကျူးလွန်ခဲ့သူမှာ မိသားစုတွင် အကြီးဆုံးဖြစ်ပြီး သေဆုံးသွားသူများမှာ ကျူးလွန်ခဲ့သူ၏ ဖခင်၊ မိခင်နှင့် ညီအငယ်ဆုံးဖြစ်ကြောင်း အဆိုပါမိသားစုမှ သိရှိရသည်။

ဖြစ်စဉ်မှ ကျူးလွန်ခဲ့သူကို မှော်ဘီရဲစခန်း (ပ)၉၂၉/၂၀၁၂ ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ပြီး စစ်ဆေး လျက် ရှိကြောင်း သိရှိရသည်။

၂၀၀၈ ခုနှစ်၊ မတ်လ ၃ရက်နေ့က ရန်ကုန်မြို့ကမာရွတ်မြို့နယ်၊ စိမ်းလဲ့ကန်သာလမ်း၊ အမှတ် (၁၂၆) နေအိမ်တွင် ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူများကို မှုခင်းတပ်ဖွဲ့ (CID) က စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေး က ပြောကြားခဲ့သည်။

ref:EMG

No comments:

Post a Comment