Thursday 1 November 2012

ကမ္ဘာ့အကြီးဆုံး ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်သော KPMG မြန်မာတွင် ရုံးခွဲဖွင့်လှစ်မည်

နယ်သာလန်နိုင်ငံ အခြေစိုက် ကမ္ဘာ့အကြီးဆုံး ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီကြီးများထဲမှ တစ်ခုဖြစ်သော KPMG သည် မြန်မာသို့ ၀င်ရောက်ရန် စောင့်ဆိုင်းနေကြသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဘဏ္ဍာရေး ၀န်ဆောင်မှုများပေးနိုင်ရန် မြန်မာနိုင်ငံ၌ ရုံးခွဲတစ်ခုဖွင့်လှစ်သွားမည်ဟု သိရသည်။
ဝေါလ်စထရိဂျာနယ်၏ သတင်းဖော်ပြချက်အရ အဆိုပါကုမ္ပဏီသည် ၂၀၀၀ ခုနှစ်များ အစောပိုင်း က မြန်မာမှ အမေရိကန် ပိတ်ဆို့မှုကြောင့် ပြန်လည်ထွက်ခွာသွားခဲ့သော KPMG သည် မြန်မာရုံးခွဲကို ဘန်ကောက် ရှိ အာရှပစိဖိတ်ရုံးချုပ်မှ ကွပ်ကဲသွားမည်ဟုဆိုသည်။

ရန်ကုန်အခြေစိုက် သံတမန်တစ်ဦးကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ "နေ့တိုင်းပဲ ကုမ္ပဏီ တစ်ခုပြီးတစ်ခု မြန်မာနိုင်ငံထဲ ၀င်လာတာကို မြင်နေရပါတယ်။ ဒါပေမဲ့ ဥပဒေပြဋ္ဌာန်းချက်အသစ် ကို သေ ချာမချမှတ်နိုင်သေးခင်မှာတော့ရင်းနှီးမြှုပ်နှံမှုကြီးတွေများများစားစားရှိလာဖို့ကသံယသဖြစ်စရာ ပါ"ဟု ပြော သည်။

KPMG ၏ ထိုင်းကုမ္ပဏီခွဲမှ အမှုဆောင်အရာရှိချုပ် ကိုင်ဆရီနူအန်ဆစ်ကာပီယန်ကလည်း "ဒီနေ့ ထိတော့ ဒေသခံနဲ့ နိုင်ငံစုံလုပ်ငန်းတွေဆီက တောင်းဆိုမှုရနေတာပါ။ ကျွန်မတို့ရဲ့ အချို့သော ထိုင်း ကုမ္ပဏီတွေ ဟာလည်း မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ဆောင်ရွက်နေကြတာပါပဲ။ ကဏ္ဍအားလုံးမှာ စိတ်ဝင် စားမှု ရှိတာကို မြင်တွေ့နေရပါတယ်"ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာ ၃၀ အထိ အတည်ပြုပြီးသား ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၃၁ ဘီလီယံ ရှိထားပြီး ယမန်နှစ် ထိုကာလကထက် ပမာဏဒေါ်လာ ၁၀ ဘီလီယံ လျော့နည်းနေသည်။ သို့သော် ပြည်ပရင်းနှီးမြှုပ်နှံသူများမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို စောင့်ကြည့်နေရာ ဥပဒေပြီးစီးပါက ရင်းနှီးမြှုပ်နှံမှုပ မာဏများ တိုးပွားလာဖွယ်ရှိသည်။

-Ref:Wallstreet,7daynews

No comments:

Post a Comment