Thursday 1 November 2012

ယခုနှစ် ဆန်စပါးစိုးရိမ်ဖွယ်ရှိနေ



လယ်သမားများထံမှ ဈေး ဖြတ်ဝယ်ယူသော စပါးဈေးနှုန်း ကျဆင်းကာ စိုက်ပျိုးထုတ်လုပ်မှု စရိတ် မကာ မိသောကြောင့် ဆန် စပါးအထူးပြုကုမ္ပဏီကြီးများ၏ ချေးငွေကို လယ်သမားများ ပြန် လည်ပေးဆပ်နိုင်ရန် အခက်အခဲ ရှိနေပြီး (၂၀၁၂)ခုနှစ် ရာသီ ဥတုနှင့် ဈေးကွက်မတည်ငြိမ်မှု တို့ကြောင့် ဆန်စပါးအထူးပြု ကုမ္ပဏီကြီးများမှာ ပြိုလဲတော့ မည့်အနေအထားကို မြင်တွေ့နေ ရကြောင်း မြန်မာနိုင်ငံဆန်စပါး လုပ်ငန်း ရှင်   များအသင်း ဥက္ကဋ္ဌက ပြောသည်။
ယခုနှစ်ထဲတွင် ဆန် စပါးအထူးပြုကုမ္ပဏီကြီးများထံမှ   ချေးယူးထားသည့် ငွေများ ကို ပြန်လည်မပေး ဆပ်နိုင် သည့်အပြင် နိုင်ငံတကာ ဆန်ရောင်းဝယ်ရေး ဈေးကွက်တွင်လည်း ဆန်စပါး ဈေး ကျဆင်းနေ သည့်အတွက် ကုမ္ပဏီကြီးများ ဆက်လက်ရှင် သန်နိုင်ရန် ခက်ခဲနေကြောင်းဆို သည်။

““ကျွန်တော်တို့အသင်းပေါ် လာပြီးနောက်မှာ ဆန်စပါးလုပ် ငန်းများအနေဖြင့် ၂၀၀၉-၁၀ ခု နှစ်နဲ့ ၂၀၁၀-၁၁ ခုနှစ်တွေမှာ ပြည်ပဆန်တင်ပို့မှုပမာဏ မြင့် တက်မှုရှိခဲ့တဲ့အတွက် ပြီးခဲ့တဲ့ နှစ် တွေမှာ တိုးတက်မှုရှိခဲ့တယ်လို့ ပြောလို့ရပေမဲ့ ဒီနှစ်မှာတော့ အခြေအနေက အကျပ်အတည်း နဲ့ ရင်ဆိုင်နေ ရပါပြီ””ဟု ကုမ္ပဏီ ပေါင်း (၅၈)ခုအထိရှိလာပြီဖြစ် ရာ မတည်ရင်းနှီးငွေမှာ ကျပ် သန်းပေါင်း (၁)သောင်း ရှိကြောင်း ဆန်စပါး လုပ်ငန်းရှင်အသင်းမှ ထုတ်ပြန်ထားသည်။

ကုမ္ပဏီ အများအနေဖြင့် လယ်သမား များအတွက် ချေးငွေပံ့ပိုးပေးနိုင် မှုမှာ တစ်ဧကလျှင်ကျပ် ၄ သောင်းမှ ၈ သောင်းကျော်အထိ ရှိပြီး ယခုနှစ်ချေးငွေပံ့ပိုးနိုင်ရန် မလွယ်ကူတော့ကြောင်း၊ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်က ၁ဧကလျှင် ကျပ် ၄သောင်းမှ ၅ သောင်းသို့ တိုးမြှင့်ချေးငှားပေး သွားမည်ဖြစ်သော်လည်း ယင်း ချေးငွေ  မှာ လယ်သမားများ အ တွက် မလုံလောက်ကြောင်း သိရ သည်။

ကမ္ဘာ့ဆန်ဈေးကွက်တွင် မြန်မာ့ဆန်ဈေး ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီးနောက် တောင်သူ လယ်သမား များထံမှ ဈေးဖြတ် ၀ယ်ယူသော စပါးဈေးနှုန်းလည်း ကျဆင်းကာ စိုက်ပျိုးထုတ်လုပ်မှုစရိတ်ပင် မကာ   မိသောကြောင့် တောင်သူလယ်သမားများအနေ ဖြင့် ကုမ္ပဏီချေးငွေကို ပြန်လည် ပေးဆပ်နိုင်ရန် အခက်အခဲရှိနေသည်။

ရန်ကုန်တိုင်း၊ တွံတေးမြို့ နယ်နေ လယ်(၁၈)ဧကပိုင်ဆိုင် သည့် တောင်သူတစ်ဦး ““ကျွန် တော့်မှာ အကြွေးကျပ်သိန်း ၄၀ ကျော်ရှိနေတယ်။ ဘာလို့ ဒီ လောက်များသွားတာလဲဆိုတော့ အရင်ကရှိနေတဲ့ အကြွေးကို နောက်ယူတဲ့အကြွေးထပ်ဆင့်ရင်း မပေးနိုင်တော့လို့ အကြွေးသံသ ယာက မဆုံးဖြစ်နေတာ။
ရာသီ ဥတုကလည်း မကောင်းလို့ စိုက် ပျိုးတဲ့သီးနှံတွေက အထွက်မ ကောင်းတဲ့အပြင် အသုံးပြု တဲ့ မြေဆီကလည်း အတုနဲ့မိခဲ့တာဆို တော့ ကျွန်တော်တို့မှာနှစ်ခါနာ ခဲ့ရပါတယ်။ ပိုးသတ်ဆေးတို့၊ ဓာတ်မြေသြဇာတို့ ဆိုတာက လည်း အတု၊ အစစ်ခွဲဖို့ မြည်းကြည့် လို့ ရတာမှမဟုတ်တာ။ ဒါ ကြောင့် အကြွေးရှင်တွေဘက်က အကြွေးကို အချိန်ဆိုင်းပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်””ဟု ဆို သည်။

ပြည်ပဆန်တင်ပို့မှုသည် မိုး စပါးစိုက်ဧက (၁၈)သန်းမှ စိုက် ပျိုးထွက်ရှိမှုအပေါ် အားထား ဆောင်ရွက်နေ ရခြင်းဖြစ်သောကြောင့် ယခုနှစ် မိုးစပါးစိုက်ဧက လျာထားချက်မပြည့်မီလျှင် အခြေ အနေစိုးရိမ်စရာ  ရှိကြောင်း၊ လယ် သမားများအနေဖြင့် ခေတ်အ ဆက်ဆက် အကြွေးသံသရာမှရုန်း မထွက်နိုင်သေးေ ကြာင်း  ထောက် ပြသည်။

၂၀၁၀- ၁၁ ဘဏ္ဍရေးနှစ် တွင်လည်း ပြည်ပသို့ ဆန်တန် ချိန် (၅)သိန်းကျော် တင်ပို့မှုရှိခဲ့ သည့်အ တွက် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁၈၅ သန်း ကျော်ရရှိခဲ့ပြီး ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် တွင်လည်း ဆန် တန်ချိန် (၉)သိန်းကျော် တင်ပို့မှု မှနေ၍ ဒေါ်လာသန်း (၂၀၈) ကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာနထုတ်ပြန်သည့် စာရင်းဇယား များအရ သိကြောင်း၊ ယခုနှစ် ဆန်စပါး စိုးရိမ်ဖွယ် ရှိကြောင်းနှင့် မိုးရာသီကာလတွင် ဧရာဝတီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်း
ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့ ရေ ကြီးရေလျှံမှုများကြောင့် ယခုနှစ် ဆန်စပါးစိုးရိမ်ဖွယ်ရှိကြောင်း သတင်းရရှိသည်။

ကိုမေတ္တာ၊ မောင်သစ္စာ (ယင်းတော်)
Hot News

No comments:

Post a Comment