Thursday 1 November 2012

အာရှဖွံ့ဖြိုးရေးဘဏ် မြန်မာနိုင်ငံအတွက် ရေတိုရည်မှန်းချက် ထုတ်ပြန်

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMRFTaOOYK_00Ij1YUYlqNnQgl5KbivhDpn8JRVp0kjhlMQPy3QC0zRRrP_UgEi1omeBrJqAX8TRx6sTbAYuct_SfmKn5GIYw8MY_QEpqIO_zgoDIeZUkpUEhi1iG5p1ceVakRDMBFG5w/s1600/adb-bldg.jpg
အာရှဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်အတွင်း ၎င်း၏ လုပ်ငန်းဆောင်တာများနှင့် စပ်လျဉ်း၍ မဟာဗျူဟာကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၁ ရက်နေ့ သတင်းများအရ သိရသည်။

အစီအစဉ် အတည်ပြုမှုကို အောက်တိုဘာလ ၂၆ ရက်နေ့က ပြုလုပ်လိုက်ခြင်းဖြစ်သော်လည်း အစီအစဉ်
များ၊ ချေးငွေများ၊ စီမံချက်များ ပြန်လည်စတင်တော့မည်ဆိုသည့် လက္ခဏာ ပြလိုက်ခြင်းတော့ မဟုတ်ပေ။
အဆိုပါလုပ်ငန်းများ ပြန်လည်စတင်မှုသည် အာရှဖွံ့ဖြိုးရေးဘဏ်သို့ မြန်မာနိုင်ငံက ပေးဆပ်ရန် ကျန်ရှိနေ သည့် အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါး ရှင်းလင်းရေးပေါ်တွင် မူတည်နေသည်။

မြန်မာနိုင်ငံသည် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရန် ကျန်ရှိနေသည့် ကြွေးမြီများကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် စတင်ရှင်းလင်းမည်ဟု မျှော်မှန်းရသည်။

ုယခု ကြားကာလအစီအစဉ်သည် မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ဘဏ်၏ အနာဂတ်စီမံချက်များ၊ အစီအစဉ် များအတွက် သတ်မှတ်ချက်ဘောင် ချမှတ်နိုင်ရေးအတွက် ဘောင်တစ်ခုအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

အာရှဖွံ့ဖြိုးရေးဘဏ်ကို အာရှနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးကို ကူညီပံ့ပိုးရန် ၁၉၆၆ ခုနှစ် က တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ သည် ၁၉၇၃ ခုနှစ်တွင် အဖွဲ့ဝင် အဖြစ်ပါဝင်ခဲ့သည်။ အာရှဖွံ့ဖြိုးရေး ဘဏ် အနေဖြင့် မြန်မာနိုင်ငံသို့ ချေးငွေနှင့် နည်းပညာအကူအညီများ နောက်ဆုံး ထောက်ပံ့ခဲ့သည်မှာ ၁၉၈၆ ခုနှစ်နှင့် ၁၉၈၇ ခုနှစ်များတွင် ဖြစ်သည်။

မြန်မာနိုင်ငံမှ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်သို့ ပေးဆပ်ရန်ရှိသည့် ကြွေးမြီများကို ရှင်းလင်းရန်အ တွက် ဂျပန်နိုင်ငံ၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဘဏ်မှ ပေါင်းကူးချေးငွေ အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကို ပေးအပ်သွားမည်ဖြစ်ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီး ကိုရီကီဂျိုဂျီမာက အောက်တိုဘာလ ၁၁ ရက်နေ့ တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ၀ါရှင်တန် အခြေစိုက် ကမ္ဘာ့ဘဏ်သို့ အမေရိကန်ဒေါ်လာသန်း ၄၀၀ နီးပါးနှင့် မနီလာ အခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ်သို့ အမေရိကန်ဒေါ်လာသန်း ၅၀၀ နီးပါး ပေးဆပ်ရန်ရှိ သည်။ မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် သို့ ပေးဆပ်ရန်ရှိသည့် ကြွေးမြီဟောင်းများကို ရှင်းလင်းပြီး ပါက ချေးငွေသစ်များကို ပြန်လည်ရယူနိုင်မည် ဖြစ်သည်။
 
ref:EMG

No comments:

Post a Comment