Monday 29 October 2012

ရခိုင်ဒေသ ပဋိပက္ခပြဿနာများဖြစ်ပွားလာရခြင်းနှင့်လှုပ်ရှားမှုများ အပိုင်း (၁)

 ၁။ OIC နဲ့ ရိုဟင်ဂျာ ဘာလဲ၊ ဘယ်လဲ။
ရခိုင်ပြည်တွင်း ပဋိပက္ခနဲ့ပတ်သက်ပြီးတော့ ဘီဘီစီသတင်းဌာနက မြောက်ဦးမြို့နယ်အတွင်းနေတဲ့ ဘင်္ဂါ လီ တဦး ကို အောက်တိုလာလ ၂၇ ရက်၊ မနက်ပိုင်းအစီအစဉ် အတွင်း အင်တာဗျူးရာမှာ လက်ရှိဖြစ် ပွားနေ တဲ့ ရခိုင်ပဋိပက္ခကို ငြိမ်းချမ်းအောင် ဘယ်လိုလုပ်မလဲလို့ ဘင်္ဂါလီတဦးကိုမေးပါတယ်။ ဒီတော့ အဲဒီ အမျိုးသားက သူတို့ဘင်္ဂါလီတွေကို ရိုဟင်ဂျာဆိုပြီးတော့ တိုင်းရင်းသားအဖြစ် လက်ခံလိုက် ရင် ပြဿနာေ တွ ပြီးသွားမှာပါတဲ့။
အဲဒီလိုရှင်းခနဲ ဖြေလိုက်တော့ လက်ရှိ ပဋိပက္ခတွေဖြစ်ပွားရတဲ့ ကိစ္စမှာ( ရိုဟင်ဂျာဖြစ်ရေး) အိမ်မက် မက်နေ တဲ့ ဘင်္ဂါလီတွေရဲ့ ရည်မှန်းချက် ဟာလည်းပဲ အချက်တခုအနေနဲ့ ပါဝင်ပတ်သက်မှု ရှိကောင်း ရှိနိုင်ပါတယ်။
အဲဒီလို ပြောဆိုချက်ကို ကြည့်ခြင်းအားဖြင့် ဘင်္ဂါလီတွေဟာ အေးချမ်းစွာနေထိုင်လိုခြင်း ဆိုတာထက် သူတို့ ကိုယ်သူတို့ ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသား ဖြစ်ရေး၊ နယ်မြေကျူးကျော် ပိုင်ဆိုင်လိုခြင်း ဆိုတဲ့ ရည် ရွယ် ချက် က အမြစ်တွေနေဆဲပါ။ တခါတလေမှာတော့ တိုင်းရင်းသား ဖြစ်လိုတာ မဟုတ်ဘဲ သူတို့ က အေး ချမ်းစွာပဲ နေလိုတယ်လို့ ဖြေဆိုတတ်ပါသေးတယ်။
ရခိုင်ပြည်တွင်းမှာ လက်ရှိနေထိုင်တဲ့ ဘင်္ဂါလီတွေအနက် အများစု ဟာ သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ မသိပေမယ့် ပြည်ပရောက် ရိုဟင်ဂျာ အမည့်ခံတွေနဲ့ ပြည်တွင်းက ပညာတတ်၊ နိုင်ငံရေး နားလည်သူ ဘင်္ဂါ လီ တချို့ရဲ့ တွန်းအားတွေ ကြောင့် ရခိုင်ဒေသရှိ ဘင်္ဂါလီတွေဟာလည်းပဲ အဲဒီလူမျိုးရဲ့ အမည် ကိုပြောဆို အိမ်မက် မက်နေကြပါပြီ။
ရခိုင်ပြည်တွင်းပဋိပက္ခ ရုတ်တရက် ကြီးထွားသွားပြီး ရခိုင်တပြည်လုံးကို ပြန့်ပွားသွားတာဟာလည်း အံ့မ ခန်း ပါဘဲ။

အစ္စလာမ် နိုင်ငံ ၅၇ ခု ပေါင်းစည်း ဖွဲ့စည်းထားတဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အသင်း(OIC) ကိုရခိုင်ပြည်တွင်း မှာသာမက မြန်မာတနိုင်ငံလုံး ကန့်ကွက်မှုတွေ အပြီးမှာပဲ ရခိုင်ပဋိပက္ခဟာ ရုတ်တရက် မီး ဟုန်းဟုန်းတောက်လောင် တော့တာပဲ။
ဒီတော့ OIC ဖွင့်ခွင့် ကန့်ကွက်မှုကို မကျေနပ်တဲ့ ရခိုင်ဒေသက ဘင်္ဂါလီတွေရော မြန်မာပြည်တွင်းက မွတ်စ လင်တွေရော OIC အဖွဲ့ဝင်နိုင်ငံတွေကပါ ကျေနပ်မှုမရှိခဲ့ကြပါဘူး။ အဲဒါကြောင့်လည်းပဲ ရခိုင်ပဋိပက္ခ တကျော့ပြန် ဖြစ်ပွားရေး ကိစ္စဟာ OIC ရဲ့ ပယောဂ မကင်းဘူးလို့ မှတ်ချက်ပြုလို့ရပါတယ်။

OIC ဟာ လတ်တလောမှာတော့ ရခိုင်ဒေသက ဘင်္ဂါလီတွေကို လူသားချင်းစာနာမှုတွေကို အေ ကြာင်းပြ ပြီး မြန် မာပြည်တွင်းမှာရုံးဖွင့်ပြီး လူမှုရေးလုပ်ငန်းတွေကို ကနဦး လုပ်ပြဖို့ ရည်ရွယ်ထားပုံရပါတယ်။
OIC ရဲ့ ရေရှည် ရည်မှန်းချက် စီမံကိန်း ကတော့ ရခိုင်ဒေသတွင်းက ဘင်္ဂါလီတွေ နိုင်ငံသားဖြစ်ရေး၊ ထိုမှ တ ဆင့်ဘင်္ဂါလီတွေကို ရိုဟင်ဂျာဆိုတဲ့လူမျိုးအဖြစ် တိုင်းရင်းသား ဖြစ်ရေး၊ ထိုမှတဆင့် တိုင်းရင်းသားတွေ ရဲ့ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေကို တောင်းဆိုပြီး နယ်မြေ ချှဲ့ထွင်၊ ဘာသာရေး ချှဲ့ထွင်ရေး လုပ်ငန်း စဉ်တွေ ဖြစ်ဖို့ ရည်းမှန်း ထားပုံရပါတယ်။
OIC အနေနဲ့ ဘင်္ဂါလီဒုက္ခသည်တွေကို လူသားချင်းစာနာတဲ့ အကူအညီပေးရုံ သက်သက်နဲ့တော့ ရုံးခန်းဖွင့် ခွင့် ရရေး ကိစ္စကို ဒီလောက်ထိ ရေးကြီးခွင်ကျယ် လုပ်နေစရာ အကြောင်းမရှိလောက်ပါဘူး။
ဘာကြောင့်လဲဆိုတော့ ရုံးမရှိရင် လည်းပဲ အကူအညီတွေ ကိုယ်တိုင်ကိုယ်ကျသွားရောက် လှုဒါန်းခွင့်ပြုပေး ထားတာရယ်၊ အစိုးရက လည်းပဲ ကူညီမှုတွေကို လိုလိုလားလား လက်ခံပြီး ဒုက္ခသည်တွေ ကို ထောက် ပံ့ပေးနေ လို့ပါပဲ။
ရခိုင်ပြည်တွင်းမှာ ၂၀၁၀ ခုနှစ်အတွင်းက ဂီရိမုန်တိုင်း တိုက်ခတ်ခဲ့တာရယ်၊ ၂၀၀၈ ခုနှစ်အတွင်း ဧရာဝတီ တိုင်း ဒေသတ၀ိုက်မှာ နာဂစ်မုန်းတိုင်းတိုက်ခတ်လို့ လူတွေ သိန်းချီသေကြေပြီး သန်းချီ ဒုက္ခရောက်ခဲ့ တုန်းက OIC ရဲ့လူသားချင်းစာနာမှုဆိုတာတွေကို ကြားတောင် မကြားဖူးခဲ့ပါဘူး။

OIC မွတ်စလင် နိုင်ငံအဖွဲ့က လူသားချင်း ကူညီဖို့ သတိမရခဲ့ပေမယ့် ကိုးရီးယား၊ တရုတ်၊ ဂျပန် စတဲ့နိုင် ငံတွေ က အကူအညီတွေ ပေးခဲ့ပြီး အမေရိကန်ကလည်းပဲ ကယ်ဆည်ရေး ပစ္စည်းတွေ ကို မြန်မာရေပိုင် နက် အထိ စစ်သဘောင်္တွေနဲ့ လာရောက် ပို့ခဲ့ပေမယ့် စစ်အစိုးရ လက်ထက်မို့ အကူအညီတချို့ ကိုတော့ ငြင်းပယ် ခဲ့ပါ တယ်။
OIC အဖွဲ့ အခြေစိုက်ရေး ကိစ္စကို ထိုင်းလို ဒီမိုကရေစီ နိုင်ငံမျိုးကတောင် လက်မခံပါ ဘူး။ အာဆီ ယံ နိုင်ငံ တွေကလည်း လက်မခံပါဘူး။ အင်ဒိုးနီးရှား၊ မလေးရှား၊ ဘရူနိုင်းတို့လို မွတ်စလင်နိုင်ငံတွေက လွဲရင်ပေါ့။ ထိုင်းတောင်ပိုင်း ဆိုရင် လည်း ရခိုင်ပြည်မှာလိုပဲ အစွန်းရောက် မွတ်စလင်တွေ ရဲ့ နယ်မြေခွဲထွက်ရေး ပြသနာ၊ ဗုံးခွဲမှုတွေနေ့တိုင်းလို ဖြစ်နေပြီး သံဃာတော်တွေ ဆွမ်းခံကြွရင် သေနတ် ကိုင်ပြီး လုံခြုံရေး ယူပေးနေ ရတဲ့ အထိပါပဲ။

ရခိုင်ပဋိပက္ခကို တချို့က ဘာသာရေး ပဋိပက္ခ အသွင်ပြောင်းပြီး နိုင်ငံတကာမှာ ၀ါဒဖြန့် ပြော ဆိုနေကြ ပါတယ်။ တကယ်တော့ ရခိုင် ကိစ္စဟာ ဘာသာရေး ပဋိပက္ခ မဟုတ်ဘဲ လူမျိုးရေးကိစ္စတချို့နဲ့ နယ်မြေပိုင် ဆိုင်လိုမှုကိစ္စ တားဆီးရေး ပဋိပက္ခ တွေပါ။ ရခိုင်ပြည်မှာ ဘင်္ဂါလီတွေသာ အစ္စလာမ် ဘာသာ ကိုးကွယ်ကြ တာ မဟုတ်ဘူး၊ ကမန်လူမျိုး တွေ အားလုံးနဲ့ မာရမာကြီး တချို့ဟာ လည်းပဲ အစ္စလာမ်ဘာသာ ကိုး ကွယ်ကြပါတယ်။

အလားတူပဲ ဟိန္ဒိုဘာသာ၊ ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေ ရခိုင်မှာ ဘိုးစဉ်ဘောင်ဆက် နေထိုင် လာ သူတွေ ရှိပါတယ်။ ဒါပေမယ့် ဒီလို လူမျိုးမတူ၊ ဘာသာမတူသူတွေနဲ့ ရခိုင်လူမျိုးတွေ အကြား ပြဿ နာ ဖြစ်လေ့ မရှိတဲ့ အတွက် ဘာသာမတူလို့ ပြဿနာ ဖြစ်တာ မဟုတ်ဘူးဆိုတာ လူတိုင်းက နားလည်ဖို့ လိုပါတယ်။

၂။ ဘင်္ဂါလီတွေရဲ့ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို ရခိုင်လူမျိုးတွေ ဘာကြောင့် လက်မခံရတာလဲ။
ရိုဟင်ဂျာ ဆိုတဲ့နာမည်က ရခိုင်လူမျိုး နာမည်ကို ခိုးယူထားတဲ့ အရာမဟုတ်တဲ့အတွက် ဘာဖြစ်လို့ ရခိုင်ေ တွ က ဒီလောက်အဖြစ်သည်း နေရတာလဲလို့ ခဏခဏ မေးခွန်းထုတ်ခံရဖူးပါတယ်။မေးတိုင်းလည်း ရှင်းပြရ တာ အင်မ တန်မောပါတယ်။ သမိုင်းကြောင်းနဲ့ ပြောရတာဖြစ်တဲ့အတွက်ပါ။
ဒါပေမယ့် ရိုဟင်ဂျာဆိုတဲ့ စကားတီထွင် ဖြစ်ပေါ်လာပုံကိုတော့ ဒီဆောင်းပါးထဲမှာ အကျယ်တ ၀င့် ဖော်ပြ မနေ တော့ပါဘူး။ ရခိုင်သမိုင်းပညာရှင်တွေနဲ့နိုင်ငံတကာက ပညာရှင်တချို့ရဲ့ ရှင်းလင်းရေးသား ထားပြီး တာတွေ အများအပြား ရှိပြီး ဖြစ်လို့ပါ။ ၁၉၅၀ ၀န်းကျင်မှာ ဖြစ်ပေါ်လာတဲ့ နာမည်လို့ သမိုင်းပညာရှင်တွေ က ဆိုထား ပါတယ်။
ရှေ့ရခိုင်ဘုရင်တွေ လက်ထက်က တချို့ပစ္စည်းတွေမှာ ကမန်လူမျိုးတိုရဲ့ အစ္စလာမ်ဘာသာ နဲ့ပတ်သက် တဲ့ အရာတွေကိုတော့ ရိုဟင်ဂျာ အမည့်ခံ ဘင်္ဂါလီတွေက သူတို့အမှတ်အသား အဖြစ် လိမ်လည်နေပြီး ရခိုင်မှာ သူတို့ လူမျိုး ဟိုတုန်းကတည်းက ရှိခဲ့တဲ့ အထောက်အထား အဖြစ်ကမ္ဘာကို လိမ်နေပါတယ်။ ကမန်တွေရဲ့ အစ္စလာမ် အမှတ်အသားကို ခိုးယူလိမ်လည်ရုံ မကာ မြောက်ဦး ရဲ့ ဗုဒနယ်မြေက အမှတ်တံ ဆိပ် တချို့တောင် သူတို့ရဲ့အမှတ်တံဆိပ် အဖြစ် လိမ်လည်ပြောဆိုံ မှု တချို့ရှိပါတယ်။
ပြည်တွင်း၊ ပြည်ပ မီဒီယာတွေကိုလည်း ရိုဟင်ဂျာ ဆိုတာမြန်မာ မှာမရှိဘူး၊ မြန်မာ တိုင်းရင်းသား မဟုတ် ဘူး ဆိုပြီး အစိုးကလည်း တရားဝင် ပြောဆိုနေတဲ့ အပြင် ရခိုင်ပြည်သူ တရပ်လုံးကလည်းပဲ ရိုဟင်ဂျာလို့ မသုံးဖို့ မေတ္တရပ်ခံပေမယ့် ပြည်ပ မီဒီယာတွေက ပိုတောင်မှ အော်ပေးနေကြပါတယ်။
ရန်ကုန်က မွတ်စလင်တွေက သူတို့ကို ကုလားလို့ မခေါ်ဖို့ ကန့်ကွက်တာရယ်၊ ဘင်္ဂါလားဒေ့ရှ် သံတမန်က လဲ ရခိုင်ပြည်က ကုလားတွေဟာ သူတို့ ဘင်္ဂါလီလူမျိုး မဟုတ်လို့ ဘင်္ဂါလီ မခေါ်ဖို့တိုက်တွန်းတော့ ပြည်ပ မီဒီ ယာ တချို့ကလိုက်နာပါတယ်။ ရခိုင်ပြည်သူတွေ နှစ်ရှည်လများ မေတ္တာရပ်နေတဲ့ ရိုဟင်ဂျာ မသုံးရေး ကိစ္စတော့ အ ချည်းနှီးပါပဲ။
ဘင်္ဂါလီတွေက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ အမည်တပ်တဲ့ ကိစ္စဟာ လူမျိုးတခု ဖန်တီးပြီး တိုင်းရင်းသား လူမျိုးတခုအဖြစ်နေရာလိုချင်လို့ပါပဲ။တကယ်လို့သာဘင်္ဂါလီတွေကိုရိုဟင်ဂျာ လို့အမည်နာမ သတ်မှတ်ပေး ပြီး တိုင်းရင်းသား အဖြစ်လက်ခံ လိုက်ရင် တိုင်းရင်းသား တို့ရဲ့ အခွင့်အရေးကို ဖွဲ့စည်းပုံ ဥပဒေ အ ရပေး ရတော့မယ်။
တိုင်းရင်းသားတို့ အခွင့်အရေး အရ လူဦးရေ အပေါ် အခြေခံပြီး နယ်မြေသတ်မှတ်ပေးရမယ်။ အဲဒီက တ ဆင့် ကိုယ် ပိုင် အုပ်ချုပ်ခွင့်ဒေသ ပေးရတော့မယ်။ အဲဒီက တဆင့်ကိုယ်ပိုင် ပြဌာန်းခွင့်ဆိုတာလဲ ဥပဒေ အရ ပေးသင့်ရင် ပေးရတော့မယ်၊ တိုင်းရင်းသား ဖြစ်ပြီဆိုတာနဲ့ တိုင်ရင်းသားတို့ရဲ့ အခွင့်အရေးကို တချိန် ချိန် မှာပေး ကိုပေးရတော့မယ်။
ကိုယ့်နယ်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ သာသနာတွေကို မဆုံးရှုံးလိုတဲ့အတွက် ခေတ် အဆင့် ဆင့်က မရှိတဲ့ ရိုဟင်ဂျာဆိုတဲ့ စကာလုံးကို လုံးဝ လက်မခံကြတာပါ။ ကန့်ကွက်ဆန့်ကျင်နေကြ တာဖြစ်ပါ တယ်။
ဒီတော့ စဉ်စားကြည့်ကြပါ။ ကိုယ့်ပြည်ထောင်စုဖွား တိုင်းရင်းသားတွေက ပေါက်ဖွားလာတဲ့ သူတွေ မဟုတ် ဘဲ တိုင်းတပါးက ၀င်ရောက်လာသူ ဘာသာမတူ၊ လူမျိုးမတူ၊ စရိုက်သဘာဝမတူညီတဲ့ ဒီလူတွေကို တိုင်းရင်းသား အဖြစ် နယ်မြေခွဲဝေပေးလိုက်မယ်ဆိုရင် ဗုဒသာသနာ ထွန်းကားတဲ့မြေ၊ ကိုယ့်ဘုရင်၊ ကိုယ့် မင်း နဲ့ နှစ်တွေ ထောင်ချီပြီး ထိန်းသိမ်းစောင့်ရှောက် လာခဲ့တဲ့ ရခိုင်ပြည်ကြီးဟာ ဘာတွေဖြစ်လာမလဲ ဆို တာ အထူးတည် ရှင်းပြ ပြောဆိုနေစရာ မလိုတော့ပါဘူး။

ဒီလိုပြောတဲ့ ကိစ္စဟာ စိုးရိမ်မှုလွန်နေတာပါလို့ တချို့က ပြောဆိုပါတယ်။ ဘာလို့ဒီလောက် စိုးရိမ်ရတာ လည်း ဆိုတော့ ရခိုင်ဒေသဖြစ်တဲ့ မောင်တော၊ ဘူးသီးတောင် ဒေသတွေကို ၁၉၄၈ ခုနှစ် လွတ်လပ်ရေး မတိုင်မီနဲ့ လွတ်လပ်ရေး ရပြီးကာလတွေ၊ ဦးနုအစိုးရ လက်ထက်တွေမှာ နယ်မြေရလိုမှု၊ အစ္စလာမ် မစ် နိုင်ငံ ထူထောင်ဖို့ ကြိုးပမ်းမှု၊ အဲဒီနယ်မြေတွေကို ပါကစ္စတန်နိုင်ငံရဲ့ ဧရိယာထဲ ထည့်သွင်းဖို့ တောင်း ဆိုမှု ကြိုး မပ်းမှု တွေဟာ ၁၉၄၂ ခုနှစ်မှာ တရားဝင် လုပ်ဆောင်ခဲ့လို့ပါပဲ။
တရားဝင်တောင်းဆိုမှု တဘက်က လုပ်ဆောင်နေသလို တရားဝင် မဟုတ်ဘဲ အစ္စလာမ်နိုင်ငံတွေ နဲ့ပူးပေါင်းပြီး နောက်ကွယ်မှာ ကြိုးပမ်းနေမှုတွေဟာ လည်းပဲ အများအပြား ရှိပါသေးတယ်။ ဒါတွေဟာ တ ဘတ် သတ် အခြေ အမြစ်မရှိ စွပ်စွဲမှု မဟုတ်ပါဘူး။
ဘင်္ဂါလီတွေရဲ့ ရည်ရွယ်ချက်ဟာ ရခိုင်(အာရကန်) ဒေသကို ရိုဟင်ဂျာ အစ္စလာမ်မစ် ကုလားနိုင်ငံအဖြစ် အာကစ္စတန်နိုင်ငံအထိ တည်ထောင်ဖို့ အစ္စလာမ်နိုင်ငံ ပေါင်းစုံနဲ့ ချိတ်ဆက် ကြိုးခဲ့တဲ့ သာတကတွေ အ များကြီး ရှိနေဆဲပါ။ အစ္စလာမ် နိုင်ငံဖြစ်ရေး ကြိုးပမ်းမှုတွေကြောင့် မူဂျာ ဟစ်တွေဟာ လည်းပဲ နှစ်အေ တ်ာကြာ မောင်တော ဒေသမှာ လှုပ်ရှားကြခဲ့ပါတယ်။
ဘင်္ဂါလီတွေရဲ့ အဲဒီလို နယ်မြေပိုင်ဆိုင်လိုမှုကြောင့် ၁၉၄၂ ခုနှစ်မှာ ကုလား-ရခိုင် အထိဂ ရုဏ်းဖြစ်ခဲ့ အတွက် မောင်တော၊ ဘူးသီးတောင်ဒေသ တ၀ိုက် က ရခိုင်လူမျိုး ၂ သောင်းကျော် အထိသေ ဆုံးခဲ့ရ ပါတယ်။ ရခိုင်ကျေးရွာ အများအပြားဟာလည်း ဘင်္ဂါလီကုလားလက်အောက် ကျရောက်ခဲ့ပါတယ်။ အခု အချိန် အထိ လည်း အဲဒီဒေသတွေမှာ ဘင်္ဂါလီဦးရေဟာ ၉၄၊ ၉၅ ရာခိုင်နှုန်းအထိ ကြီးစိုးနေပါတယ်။
စစ်တွေမှာဆိုရင်လည်းပဲ ဘင်္ဂါလီဦးရေ ၅၀ ရာခိုင်နှုန်းအထိ တိုးပွားလာနေပါပြီ၊ ဒီတော့ အဲဒီနယ်မြေတွေ ဟာ ဘင်္ဂါလီကုလားတွေ လက်ထဲကို အချိန်မရွေး ကျရောက်သွားနိုင်ပါတယ်။ ရခိုင် တပြည်လုံး နီးပါးမှာ ဘင်္ဂါလီ ဦးရေ တိုးပွားလာ နေခြင်းဟာ ရခိုင်လူမျိုးတွေကို နေ့စဉ် ဆိုသလို ခြိမ်းခြောက် စိန်ခေါ်မှု တ ရပ် ဖြစ်နေပါတယ်။
ရခိုင်လူမျိုး ပျောက်ကွယ်မသွားရေးနဲ့ရခိုင်မြေ မဆုံးရှုံးရေးအတွက် ခုခံကာကွယ်နေကြတဲ့ ရခိုင်လူမျိုးတွေ ကို တချို့သော သူတွေက အဆိုးမြင်သဘောထားနဲ့ ရန်လိုတဲ့လူမျိုး၊ သဘောထား သေးသိမ်တဲ့သူတွေလို့ ကင်ပွန်း တပ်ကြပါတယ်။
ကိုယ့်နိုင်ငံ၊ ကိုယ့်နယ်မြေ၊ ကိုယ့်လူမျိုးကို ခုခံကာကွယ်ထိန်းသိမ်းမှု မလုပ်ဘဲ လူ့အခွင့် အရေး ရှေ့တန်း တင် ပြောဆိုနေကြမယ် ဆိုရင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဆိုတဲ့ လွတ်လပ်တဲ့ နိုင်ငံတခုဟာ လည်းပဲ ပေါ်ပေါက်လာစရာ အကြောင်း မရှိပါဘူး။
မြန်မာနိုင်ငံဟာလည်း တိုင်းတပါး လက်အောက် အကြိမ်ကြိမ် ကျရောက်ခဲ့အတွက် တိုင်းရင်း သားပြည် သူတရပ် လုံးက အသက်ပေါင်း၊ သွေး၊ ချွှဲ၊ မြောက်များစွာ၊ နှစ်တွေများစွာ စတေးခဲ့ပြီးမှ လွတ်လပ် တဲ့ နိုင်ငံတခုအဖြစ် ဒီကနေ့ ရပ်တည်နေ နိုင်တာပါ။
ဒီတော့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ကာကွယ်ဖို့အတွက် နိုင်ငံခြားသားတွေကို မောင်းထုတ်၊ သတ်ဖြတ်တိုက် ထုတ် ခဲ့ကြတဲ့ ရှေးက နောင်တော် မြန်မာတွေကိုကော လူသတ်သမားတွေ၊ သဘောထားသေးသိမ်တဲ့ လူမျိုး၊ ရိုင်းစိုင်းတဲ့ လူမျိုးလို့ ကင်ပွန်းတပ်ကြတော့မလား။
အလားတူပဲ ရခိုင်ပြည်သားတွေ လက်ရှိ ဘင်္ဂါလီကုလားတွေကို ခုခံကာကွယ်နေတာဟာလည်းပဲ၊ ကိုယ့် နယ် မြေ၊ ကိုယ့်လူမျိုး တိုင်းတပါး လက်အောက် မကျရောက်ဖို့အတွက် အသေခံတိုက်ပွဲဝင်နေကြတာပါ။
ရခိုင်တွေကသာ ခုခံကာကွယ်မှု မပြုလုပ်ဘဲ ဘင်္ဂါလီတွေကို ရိုဟင်ဂျာတိုင်း ရင်းသားလက် ခံ ပေးလိုက် မယ်ဆိုရင် ရခိုင်ပြည်နဲ့ရခိုင်လူမျိုးတို့ရဲ့ အနာဂတ်ဆိုတာဟာ ကလေးတွေရဲ့ အိပ်ရာ ၀င်ပုံပြင် တခု လို ဖြစ် သွား ပါလိမ့်မယ်။
ဘင်္ဂါလီရန်က ခုခံကာကွယ်နေကြတဲ့ ရခိုင်တွေကို အစွန်းရောက်သူတွေ၊ တိုက်ခိုက်လိုစိတ် ရှိတဲ့ သူတွေ လို့ ပြောနေသူတွေကို ဥပမာ အနေနဲ့ ပြောလိုတာကတော့ ကိုယ့်မိသားစု တခုရဲ့ နေအိမ်နဲ့ပဲ ခံစားကြည့်ပါစို့။ လူမျိုးနဲ့ ယှဉ်ပြောရင် ကြီးကျယ်နေပါလိမ့်မယ်။
ကိုယ့်အိမ်ကို ရောက်လာတဲ့ ဧည့်သည် (သို့) ကိုယ်အိမ့်ကို ငှားနေတဲ့သူက အနေကြာလာတဲ့ အခါ အိမ်ရှင် ကို စော်ကားလာတာမျိုး၊ ကိုယ့်အိမ်ကို သူလဲပိုင်ဆိုင်တယ်လို့ ပြောဆိုလာမယ် ဆိုရင် အိမ်ရှင်ဖြစ်တဲ့သူ အနေနဲ့ ဘယ်လိုခံစား ရမလဲဆိုတာကို ကိုယ့်မိသားစု အတိုင်းအတာ နဲ့ပဲ ရခိုင်အရေး ကို စဉ်းစားကြည့်နိုင် မယ်ဆိုရင် ကိုယ်ချင်းစာနာ တတ်ပါလိမ့်မယ်။

၃။ လက်ရှိ ရခိုင်ပြည်တွင်း ပဋိပက္ခ ဘယ်လိုဖြေရှင်းမလဲ။
လတ်တလော တည်ငြိမ်မှု ရစေမယ့် နည်းလမ်းကတော့ ရခိုင်နဲ့ဘင်္ဂါလီတွေကို သီးသန့်စီ နေရာချပေးပြီး လုံခြုံရေး စနစ်တကျ စီမံပေးထားဖို့ပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ လူမျိုး နှစ်ခု စလုံးက တဘက်ကို တဘက် ယုံကြည် မှု လုံးဝ ကင်းမဲ့နေတဲ့အတွက်ပါ။
ဒီပြဿနာဟာဘင်္ဂါလီတွေကမထိတထိစာရာကနေကြီးထွားသွားတာလို့တချို့ကဆိုပါ တယ်။ ထောက် ပံ့ကြေးလို ချင်တာ၊ နိုင်ငံတကာ အကူအညီ ရလိုမှုတွေကြောင့်ကိုယ့်အိမ်ကိုယ် မီးရှို့တယ်လို့ လူုအများက ပြောမယ့် ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာ စာဖတ်သူတို့ပဲ ဆုံးဖြတ်ကြ ပါ်။ သေချာတာ ကတော့ ဘင်္ဂါလီအများစု အိမ်တွေဟာ တဲအိမ်သာသာပဲ ရှိပေမယ့် ရခိုင်တို့ရဲ့ အိမ်တွေက အိမ်ကြီးရခိုင် ဆိုတဲ့ အတိုင်းပါပဲ။ ရခိုင်ပြည်ကို ရောက်ဖူးသူတိုင်း တွေ့မြင်ဖူးကြမှာပါ။
သီးသန့်စီ မထားဘဲ အတူနေဖို့ ကိစ္စကိုဘဲ စွတ်အတင်း သွတ်သွင်းနေမယ် ဆိုရင်တော့ ပြဿနာတွေ ပိုမိုကြီး ထွားအောင်လုပ်ဆောင်တာနဲ့ တူနေလို့ပါ။ တနေ့မဟုတ် တနေ့ ထိပ်တိုက်တွေ့ တာနဲ့ ပြဿ နာ ဖြစ်ပေါ်လာဦးမှာပါ။ အရာရာ တူညီမှုမရှိတဲ့ လူမျိုး နှစ်ခုကို ပြဿနာ ဖြစ်နေချိန် မှာ အတူယှဉ် တွဲ နေ ထိုင် ဖို့ မျက်စိစုံမှိတ် တရားဟော ပြနေမယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဦးတည် သွားပါ လိမ့်မယ်။
သီးသန့်စီခွဲထားတယ် ဆိုတဲ့နေရာမှာလည်းပဲ နှစ်ဘက်စလုံးက ဒုက္ခသည်တွေအတွက် အစားအသောက် ဖုံလုံအောင်ထောက်ပံ့ပေးရေးကို အဓိကဦးစားပေး လုပ်ဆောင်သင့်ပါတယ်။ ထမင်းငတ်နေရင်တော့ အငတ် ဒဏ် မခံနိုင်တဲ့နေ့ ဆူပူမှု ထပ်မံ ဖြစ်လာနိုင်တယ်။
ဒုက္ခသည်တွေကို ထမင်းနပ်မှန်ရေး ကိစ္စ အပြင် ဒုက္ခသည်တွေ၊ နှစ်ဘက်ကြား လုံခြုံရေး ယူပေးထားတဲ့ စစ်တပ်၊ ရဲတွေကိုလည်း လုံလောက်တဲ့ ထောက်ပံ့မှုတွေ ဖြည့်ဆည်းပေးထားရေးဟာ အရေးပါတယ်။ လုံခြုံရေး ၀န်ထမ်းတွေ စားဝတ်နေရေး အဆင်ပြေမှသာ ဥပဒေ အတိုင်း တာဝန်ကျေပွန်စွာ ထမ်းဆော င်နိုင်မှာပါ။
နှစ်ဘက် သီးသန့်စီထားပေးပြီး အတိုင်းအတာ တခုထိ ယုံကြည်မှု တည်ဆောက်နိုင်ပြီးမှာ အတူယှဉ်တွဲ နေ ထိုင်ရေး ကိစ္စ၊ သူတို့တွေရဲ့ အလုပ်အကိုင်၊ ရေရှည် ရပ်တည်မှု ကိစ္စတွေကို ဥပဒေနဲ့အညီ လုပ်ဆောင်ပေး သင့်ပါတယ်။

No comments:

Post a Comment