Monday 29 October 2012

တကျော့ပြန် ရခိုင် ဒုက္ခသည်များ အရေးပေါ် အကူအညီ လိုအပ်

ရခိုင်ပြည်နယ် အတွင်း တကျော့ပြန် ဖြစ်ပွား နေသော ပဋိပက္ခ များကြောင့် နေအိမ်များ ဆုံးရှုံးကာ ဒုက္ခသည် များ အဖြစ် ခိုလှုံ နေကြရသည့် မီးဘေးသင့် ဒုက္ခသည်များ အတွက် ဆေးဝါး များ၊ စားနပ် ရိက္ခာ များ၊ လူသားချင်း စာနာမှု အထောက်အကူ များ အရေးပေါ် လိုအပ် နေကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ ထံမှ သိရှိရသည်။

"အခု အချိန်ထိ သူတို့ အတွက် နေစရာ စီစဉ် ပေးရတာ တောင် မလွယ်ဘူး၊ အကူအညီ လိုအပ် နေပါ တယ်" ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ သတင်း ပြန်ကြားရေး အဖွဲ့မှ အတွင်းရေးမှူး ဦးဝင်းမြိုင် က ဆို သည်။


ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွား နေသော ပဋိပက္ခ များမှာ အချိန်ကာလ ကြာမြင့် လာသည့် အတွက် ဒုက္ခ သည် များ အတွက် ကယ် ဆယ်ရေး ပစ္စည်းများ လှူဒါန်း ပေးခြင်း၊ ပြန်လည် နေရာ ချထားခြင်း စသည် တို့ကို ဆောင်ရွက် ရာတွင် ပြည်နယ် အစိုးရ အဖွဲ့က ဆောင်ရွက် လျက် ရှိသည်။

သို့သော် ဒုက္ခသည် များအတွက် အရေးပေါ် အကူအညီများ လိုအပ် နေခြင်းမှာ ယခင် ရှိနေပြီး သော ဒုက္ခ သည် များကို ကူညီ နေချိန် ယခုတဖန် ဒုက္ခသည် များ လျှပ်တပြက် တိုးများ လာခြင်း စသည် တို့ကြောင့် ဖြစ်   သည် ဟု ပြည်နယ် အစိုးရ အဖွဲ့မှ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦးက ရှင်းပြသည်။

အောက်တိုဘာ လ ၂၁ရက် နေ့ ၌ မင်းပြားမြို့နယ် မှ စတင် ခဲ့သော ပဋိပက္ခ များ သည် မြောက် ဦး၊ ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တော၊ ကျောက်တော်၊ ရသေ့တောင်၊ ရမ်းဗြဲ မြို့ နယ်များ သို့ ကူးစက် ခဲ့ပြီး နေအိမ် မီးရှို့မှု၊ လူသေဆုံးမှု များ ဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွား နေသောတကျော့ပြန် ပဋိပက္ခများ ကြောင့် ဒုက္ခသည် လေးေ ထာင်ကျော်ရှိပြိး အောက်တိုဘာလ၂၆ရက် နေ့ထိ သေဆုံးသူ ၈၄ဦး၊ ဒဏ်ရာ ရရှိသူ ၁၂၄ ဦးနှင့် မီးရှို့ ခံရမှု ကြောင့် နေအိမ်ပေါင်း ၂၈၀၀ ကျော် ပျက်စီးကာ ဘာသာရေး အဆောက်အဦး ၁၈ လုံးပျက်စီး ဆုံးရှုံးခဲ့ ကြောင်း ပြည်နယ် အစိုးရ အဖွဲ့မှ သတင်း ထုတ်ပြန် ထားသည်။
 
ref:thevoice

No comments:

Post a Comment