Monday 29 October 2012

ဒုတိယ ကမ္ဘာစစ်က ကျည်ကာယာဉ်များ လေလံတင်ရောင်းချမည်

 

အမေရိကန် လေလံလုပ်ငန်းစုမှ ရောင်းချပေးမှာ ဖြစ်ပါတယ်။ အမေရိကန် အမျိုးသား စစ်လက် နက်ဟောင်း များ စုဆောင်းရေးစင်တာ (National Military History Center) မှာ ကျန်ရှိနေတဲ့ စက်ယန္တရားများ ဖြစ်ပါတယ်။

ရည်ရွယ်ချက်က အလှူလုပ်ဖို့ ဖြစ်ပြီး လေလံက ရရှိတဲ့ ငွေတွေနဲ့ ပရဟိတ ကိစ္စတွေမှာ အသုံး ချမှာ ဖြစ် ပါတယ်။ ဒီတော့ ရောင်းချမယ့် ယာဉ်များဟာ သမိုင်းမှာ မကျန် ရှိတော့ ပဲ ပျောက်ကွယ် သွားမှာလည်း စိုးရိမ်ကြပြန် ပါတယ်။ အမေရိကန်မှာ စစ်ကာလတွင်းက စုဆောင်းထားတဲ့ သေနတ်တွေ၊ စက်ယန္တရားတွေ အစုလိုက် အပုံလိုက် ရှိတယ်လို့ ပြောဆိုထားပါတယ်။ ဒါကြောင့် ယခုလို ပြည်သူတွေကို ရောင်းချ လိုက်ခြင်းဖြင့် ရှေးအမွေ အနှစ် များ ပျောက်ပျက်သွားစရာ အကြောင်းမရှိပါဘူးလို့ ပြောဆိုထားပါတယ်။

ယခုရောင်းချမယ့် ယာဉ်ပေါင်း ၈ စီးဝန်းကျင် ရှိပါတယ်။ ဒုတိယကမ္ဘာစစ်က သုံးသော ၁၉၄၀ ကျော် မော် ဒယ် ကျည်ကား တင့်ကား၊ စစ်ကား၊ ဂျစ်ကား များ ပါဝင်ပြီး လက်နက် ပစ်စင်များလည်း တပ်ဆင် ထားပြီး ဖြစ်ပါတယ်။ ကျည်များ၊ လက်ကျန်ဗုံးများကတော့ လေလံမှာ ပါဝင်မှာ မဟုတ်ပါဘူး။ အမွေအနှစ်အနေနဲ့ သိမ်းဆည်းလိုသူများအတွက် ဖြစ်ပါတယ်။ တစ်နာရီ ၂၈ မိုင်၊ မိုင် ၅၀ သာသာ မျှသာ ပြေးတဲ့ တင့်ကားများ၊ ဝက်ဂွန်များကို မောင်းလို့ ရပါသေးတယ်။

လေလံပေါ်တင်မှာ ဖြစ်တဲ့အတွက် ကမ္ဘာတစ်ဝန်းက ရှေးဟောင်း အမွေအနှစ် စုဆောင်းသူများ ဝယ်ယူနိုင် တယ်လို့ သိရပါတယ်။
 
By ColayOnline:Automobile
 

No comments:

Post a Comment