Monday 29 October 2012

နိုင်ငံဝန်ထမ်းများ အကျင့်ပျက်လာဒ်စားရသည့် အခြေခံအကြောင်းအရင်းများ


၁။ စားဝတ်နေရေး မလုံလောက်ခြင်း
၂။ လူမှုဇိမ်ခံအသုံးအဆောင်များ ပေါများလာခြင်း
၃။ ပင်စင်ယူချိန်တွင် လုံလောက်သည့် လူမှုဖူလုံစရိတ်မရှိခြင်း
၎။ လုပ်ငန်းခွင် အာမခံချက်မရှိခြင်း
၅။ ငွေအလွယ်ရသောအခါ ချမ်းသာလိုသည့် လောဘစိတ်ဖြစ်ပေါ်လာခြင်း တို့ဖြစ်ပါသည်။ 
၁။ စားဝတ်နေရေးမလုံလောက်ခြင်း
အနိမ့်ဆုံးဝန်ထမ်းတစ်ဦး၏လစာမှာ တစ်လလျှင် ကျပ်သုံးသောင်းဖြစ်ပြီး ထောက်ပံ့ကြေးနှင့်ပေါင်းလျှင် တစ် လ ခြောက်သောင်း ကျပ်ခန့် ရရှိသည်။ ၀န်ထမ်းသည် လူပျိုဖြစ်လျှင် လောက်ငှဖွယ်ရှိသော်လည်း မိသားစု (၃)ဦးရှိသော အိမ်ထောင်သည်ဖြစ်ပါက မည်သို့မျှ မလောက်ငှနိုင်ပေ။ အနိမ့်ဆုံး ၀န်ထမ်းငယ်၏ လစာ မှာ တစ်လလျှင် ကျပ်တစ်သိန်းခွဲခန့်ဖြစ်သင့်သည်။ ထို့ပြင် အစိုးရသည် ၀န်ထမ်းတိုင်းကို အခမဲ့နေ အိမ် မပေးနိုင်ချေ။သို့ဖြစ်ရာ အိမ်ငှားနေရပါက ၀န်ထမ်း၏ဘ၀အခြေအနေပိုမိုဆိုးရွားလာသည်။ စား ဖို့ နေဖို့ ပင် အ ဆင် မပြေလျှင် ၄င်းတို့အဖို့မှာ ၀တ်ဆင်ရေးအတွက် ပိုမိုဒုကရောက်ရသည်။ ၀န်ထမ်း တစ် ဦး (လူတစ်ဦး) အလုပ်လုပ်လျှင် သူ့၏ဇနီးတစ်ဦး နှင့် သားသမီးတစ်ဦး(အနည်းဆုံး) အတွက် လုံလောက် သည့် စားဝတ်နေရေး သော်လည်းကောင်း၊ ကျန်းမာရေးစောင့်ရှောက် စရိတ်သော် လည်းကောင်း၊ပညာသင်ရန်စရိတ်သော်လည်းကောင်းအပန်းဖြေရန်အတွက်သော်လည်းကောင်း၊ အိမ်ေ ထာင်ပြု သားမွေး ရန်အတွက်သော်လည်းကောင်း လုံလောက်မှုရှိရမည်ဖြစ်သည်။ မလုံလောက်သော အခါ ၀န်ထမ်းတို့ ၏အခြေခံ အကျင့်ပျက်မှုစတင်လေသည်။

၂။ လူမှုဇိမ်ခံအသုံးအဆောင်များပေါများလာခြင်း
ခေတ်မီတိုးတက်လာသည်နှင့်အမျှ လူမှုဇိမ်ခံအသုံးအဆောင်များသည် လူအများ၏လက်တစ်ကမ်း အလို သို့ရောက်ရှိလာကြသည်။ ဥပမာ .. လက်ကိုင်ဖုန်း ၊ ဆိုင်ကယ် ၊ မှန်ပြားတီဗီ ၊ ဆောင်းဘောက် ၊ ကာရာ အိုကေ စက် ၊ မော်တော်ယာဉ် အစရှိသဖြင့် လူနေမှုအဆင့်အတန်းမြင့်မားမှု၏ ပြယုတ်များဖြစ်သော လူ့ အသုံး အဆောင်များ ပေါများလာရာ လူသားတစ်ဦးအနေဖြင့် ကိုင်တွယ်အ သုံးပြုလို စိတ်များဖြစ်ပေါ် လာရသည်။ ထိုအခါ ၀န်ထမ်းတစ်ဦး၏လစာသည် စားဝတ်နေရေးအတွက်ပင် မလုံလောက်ရာ လူမှုဇိမ်ခံ အသုံးအဆောင်များ ၀ယ်ရန် ပိုမိုဝေးကွာရတော့သည်။ လူသားတို့သည် မိမိတို့၏ လိုအင်ဆန္ဒပြည့်စေရန် မဖြစ်ဖြစ်သည့်နည်းလမ်းဖြင့် ငွေရှာရတော့သည်။

၃။ ပင်စင်ယူချိန်တွင် လုံလောက်သည့် လူမှုဖူလုံစရိတ်မရှိခြင်း
ဝန်ထမ်းများအကြောက်ဆုံးအချိန်သည် ပင်စင်ယူရမည့်အချိန်ဖြစ်သည်။ ပင်စင်ယူချိန်တွင် လက်ရှိ လုပ်ပိုင် ခွင့် အာဏာများလည်း ပျောက်ဆုံးသွားတတ်သလို ၀င်ငွေရလမ်းမှာလည်း ထူးထူးခြားခြား နည်းပါးသွား ရသည်။ အခုအမြင့်ဆုံးပင်စင်လစာမှာ ကျပ်တစ်သိန်းခန့်ဖြစ်သော်လည်း ပင်စင်စားများအတွက် လုံေ လာက်သော စရိတ်မဟုတ်ချေ။ ထိုထက်နည်းသော ၀န်ထမ်းအိုကြီးအိုမတို့၏ ဘ၀ကား ဆိုးဝါးသည် ထက် ဆိုးဝါးကြရသည်။ ထို့ကြောင့် နောင်ပင်စင်ယူလျှင်ပင် မကြောင့်ကြနိုင်ရေး လာဒ်စားကြတော့သည်။

၎။ လုပ်ငန်းခွင်အာမခံချက်မရှိခြင်း
ဝန်ထမ်းတစ်ဦးသည် မြန်မာပြည်၏လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားပါက တပ်မေ တ်ာဖြစ်လျှင် ငွေရှစ်သိန်းရမည် ။ အခြားဝန်ထမ်းများ ရသည်ဆိုလျှင် ထို့ထက်ပိုမို နည်းပါးေ သာ ငွေ ကို လျော်ကြေးအဖြစ်ရနိုင်သည်။ ခြေလက်အင်္ဂါဆုံးရှုံးသွားလျှင်လည်း ထို့နည်းတူ ပင်ဖြစ်သည်။ ထို့ပြင် လုပ်ငန်းခွင်တွင် မတော်တဆ မရည်ရွယ်သော မှားတတ်သည့် အမှားမျိုးလေး တစ်ခုကို ကျူးလွန်မိယုံဖြင့် ၀န်ထမ်းစည်းမျဉ်းစည်းကမ်းဥပဒေနှင့်အညီ မအုပ်ချုပ်တတ်သော အရာရှိကြီးများ၏ စဉ်းစားဆင်ခြင်ညဏ် ကင်းမဲ့သည့် အရေးယူမှုမျိုးကို မြန်မာ့ဝန်ထမ်းလောကတွင် မကြာခဏ ခံကြရသည့် ၀န်ထမ်းများ၏ အဖြစ် အပျက်တို့ကို မကြာခဏ ကြားရလေ့ရှိရာ ထိုသို့ခံစားရပါက အသင့်ဖြစ်နေစေရန် စုဆောင်းကြတော့ သည်။ သို့အတွက်နှင့် ပိုမိုအကျင့်ပျက်ခြစားရတော့သည်။

၅။ ငွေအလွယ်ရသောအခါ ချမ်းသာလိုသည့်လောဘစိတ်ဖြစ်ပေါ်လာခြင်း
ဝန်ထမ်းဘ၀ အကျင့်ပျက်သည့်နည်းဖြစ်ငွေရသည်မှာ လွန်စွာလွယ်သည်။ လူတစ်ဖတ်သား စိတ်ညစ်ေ အာင် ဖမ်းစားလိုက်လျှင် ငွေဖြစ်သည်။ စာရင်းလေး တစ်စောင် ပြောင်းရေး လိုက်လျှင် ငွေဖြစ် သည်။ ငွေရ လွယ်သော အခါ အထက်ပါ လိုအပ်ချက်များလည်း ပြည့်စုံနေသည့်အခါ သူဌေးကြီးများသဖွယ် ချမ်းသာ လိုစိတ် လောဘ တက်လာရတော့သည်။
အထက်ပါ (၅)ချက်အနက် ပထမ(၄)ချက်အား ဖြည့်ဆည်းပေးယုံမျှဖြင့် အကျင့်ပျက်ခြစားမှုများ အတော်အ တန် ပပျောက်သွားဖွယ်ရှိပါသည် ဟု ရိုးသားစွာယုံကြည်မိပါသည်။
 
ref:FB

No comments:

Post a Comment