Monday 29 October 2012

သီလဝါ အထူး စီးပွားရေးဇုံ စတင်ကွင်းဆင်း


သီလ၀ါ အထူးစီးပွားရေးဇုန်ကို မြေဧက ၅၀၀၀ ကျော် ကျယ်ဝန်းပြီး ဟက်တာ ၂၄၀၀ ကျော်ရှိကာ မြေပြင်ကွင်းဆင်း လေ့လာမှုများ စတင် လုပ်ဆောင်နေပြီး ၂၀၁၃ ခုနှစ်တွင် စတင်၍ အခြေခံ

အဆောက်အအုံများ တည်ဆောက်ခြင်း စတင် လုပ်ဆောင် မည်ဖြစ်ကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးစစ်အောင်က ပြောသည်။
သီလ၀ါ အထူးစီးပွားရေးဇုန်တွင် မြန်မာနိုင်ငံမှ ကုန်သည်စက်မှုအသင်းချုပ် လက်အောက်ရှိ အများပိုင် ကုမ္ပဏီမှ ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်လုပ်ငန်းရှင် များက ၄၉ ရာခိုင်နှုန်းခန့်ပါဝင်သွားမည်ဖြစ်ကာ အခြေခံ အဆောက်အအုံများ ပြီးစီးပါက ဂျပန်နှင့် မြန်မာအပြင် အခြားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများကိုပါ ဖိတ်ခေါ် သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၈ ရက် နံနက်က ရန်ကုန်မြို့ အိုင်ဘီစ်ီခန်းမတွင် ကျင်းပပြု လုပ်သော သီလ၀ါအထူးစီးပွားရေးဇုန် အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို ကြပ်မတ်စိစစ် ရန် မြန်မာအစိုးရ ဘက် ကလည်း အစိတ်အပိုင်းတစ်ခုအနေဖြင့် ပါဝင်သွားမည်ဖြစ်ကြောင်း အထက်ပါ ဥက္ကဋ္ဌကပင် ပြောသည်။

''နိုင်ငံတကာ အဆင့်မှာ နောက်ပိုင်းလာရင်းနှီးမြှုပ်နှံသူတွေ ယုံကြည်မှုရစေဖို့ မြန်မာအစိုးရဘက်ကလည်း တစ်စိတ် တစ်ဒေသ ပါဝင်သွားမယ့် သဘောပါ'' အဆိုပါ ဥက္ကဋ္ဌက ပြောသည်။

စီမံခန့်ခွဲမှုနှင့် နေရာချထားရေးအပိုင်းတွင်မူ အဓိက မပါဝင်နိုင်သော်လည်း ပြသနာတစ်စုံတစ်ရာ ဖြစ်၍    လိုအပ်လာလျှင် လုပ်ငန်းပိုင်းအရကြားဝင် ဖြေရှင်းပေးနိုင်ရေးအတွက် ယခုလိုပါဝင်လာခြင်း ဖြစ်ကြောင်း ၄င်းက ပြောသည်။

လက်ရှိတွင် သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံမှ ထိပ်တန်းကုမ္ပဏီ သုံးခုမှ အဓိက ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်း ကုန်သည်၊ စက်မှု အသင်းချုပ်မှ ကနဦးသတင်းများအရသိရသည်။

ref: 7Day News Journal

No comments:

Post a Comment