Monday 29 October 2012

ရန်ကုန်မြို့အတွက် အရေးတကြီးလိုအပ်လျက်ရှိသော ဆုံးဖြတ်ချက်များ







  • လွန်ခဲ့သောလပိုင်းများမှစ၍ မြန်မာ့နိုင်ငံေ၇းတွင် အပြောင်းအလဲ အချို့ပေါ်ထွန်းခဲ့၍ ထိုသည်တို့ဧ။် အကျိုးသက်ရောက်မှုမှာ မြန်မာပြည်တွင် ရင်းနှီးမြှပ်နှံလိုသူများ တိုးပွားပေါ်ပေါက်လာခြင်းပင် ဖြစ်ပေသည်။
  •                    မိမိတို့နိုင်ငံသည် ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ရည်မှန်းချက်များ ထားရှိပြီးဖြစ်ပါသည်။ သို့ပါသော်လည်း ၀မ်းနည်းစရာကောင်းသည်မှာ ထိုရင်းနှီးမြှပ်နှံလိုသောလုပ်ငန်းများမှ မိမိတို့နိုင်ငံဧ။် စက်မှုကဏ္ဏဖွံ့ဖြိုး၇န် ကြိုးပမ်းအားထုတ်ခြင်းကို ဦးတည်သောစီမံကိန်းများနည်းပါး၍ Condominium ခေါ် အဆင့်မြင့်တိုက်ခန်းများ၊ Shopping Centres ခေါ် ရောင်းဝယ်ဖောက် ကားသော အဆောက်အဦများ ဆောက်လုပ်လိုခြင်းများ ပိုမိုများပြားသည်ကိုတွေ့ရှိရပါသည်။ စက်မှုဖွံ့ဖြိုးမှု ကဏ္ဏတွင် ရင်းနှီးလိုစိတ်နည်းပါးခြင်းသည် တည်ဆဲဥပဒေများ လုပ်ထုံး လုပ်နည်း များနှင့် Energy Sector ခေါ် စွမ်းအင်ရရှိနိုင်မှုများပေါ်တွင်လည်း မူတည်ပေမည်။
  •                               ထိုသို့ Condominium နှင့် Shopping Centres ခေါ် အဆောက်အဦ ပိုင်းတွင် ရင်းနှီးလိုသူများသည် မြန်မာပြည်ဧ။် အကြီးဆုံး လူဦးရေအများဆုံးနှင့် စီးပွားရေးအ ချက်အ ချာ အကျဆုံးမြို့ဖြစ်သော ရန်ကုန်မြို့တွင် နေရာရှာကြ တောင်းကြသည်မှာလည်း နားလည် သေ ဘာေ ပါက်၍ သဘာဝကျပေသည်။
  •                           တစ်ဖန်တစ်ဖက်မှလည်း ရင်းနှီးမြှပ်နှံလိုသူများအတွက် သင့်လျော်သောနေရာ များ စီမံချထားပေးရမည်မှာလည်း နိုင်ငံတော်အတွက် အရေးကြီးပေသည်။ ထိုကိစ္စ ထိုတာဝန်သည် ၁၉၉၀ ပြည့်နှစ် ရန်ကုန်မြို့တော် စည်ပင်သာယာဥပဒေအရ YCDC ခေါ် ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီတွင် တာဝန်ရှိပေသည်။ YCDC ခေါ် ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော် မ တီတွင် လွန်စွာအရေးကြီးသော ဆုံးဖြတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများ အရေးတကြီး ချမှတ် သတ်မှတ်ရန် လိုအပ်လျက်ရှိပေပြီ။ ယင်းအရေးတကြီး ဆုံးဖြတ်ရန်ကိစ္စများနှင့် လိုအပ်ချက်များကို စာရေးသူအမြင်ဖြင့် ပညာရှင်ရှူထောင့်မှာ အရေးကြီးမှု ဦးစားပေးအစီအစဉ် အတိုင်း ဖော်ပြအပ် ပါသည်။
Central Business District ခေါ် စီးပွားရေးဇုန်
  •                             ရန်ကုန်မြို့ဧ။် CBD ခေါ် စီးပွားရေးဇုန်မှာ အကြမ်းအားဖြင့် ရန် ကုန်မြို့ တောင် ဘက်ခြမ်း ဗိုလ်ချုပ်လမ်းနှင့် ကမ်းနားလမ်းတို့အကြား ၇ မြို့နယ်ပါဝင်သော စတုရန်းမိုင် ၄ မိုင်ခန့် ရှိသော နေရာကို ခေါ်ဆိုပါသည်။ ထိုနေရာသည် ရန်ကုန်မြို့ တမြို့လုံး အကျယ်အ၀န်းဧ။် ၁.၆ ရာခိုင်နှုန်းခန့်သာ ရှိသော်လည်း ရန်ကုန်မြို့ဧ။် ၇ ရာခိုင်နှုန်းခန့် ( လူဦးရေ ၄.၅ သိန်းခန့်) ရှိသော လူများနေထိုင်လျက်ရှိပါသည်။ လူဦးရေ သိပ်သည်းမှုနှင့် တင်ပြရသော် တစ်မြို့လုံးဧ။် လူဦးရေ သိပ်သည်းမှုမှာ စတုရန်းတစ်မိုင်လျင် လူဦးရေ ၂၆၀၀၀ ခန့်ရှိသော်လည်း ထိုစီးပွားရေးဇုန် ၇ မြို့နယ်ဧ။် လူဦးရေသိပ်သည်းမှုမှာ ၁၁ ၂၀၀၀ ခန့်ရှိပါသည်။ ထို့အပြင် ထိုစီးပွားရေးဇုန် သို့ နေ့စဉ် အကြောင်းအမျိုးမျိုးတို့ကြောင့် လာရောက်ကြသော လူဦးရေနှင့် ပေါင်းစပ်ပါလျှင် ထိုစတုရန်းမိုင် ၄ မိုင်ခန့်ရှိသောနေရာတွင် နံနက် ၁၀ နာရီခန့်မှ ညနေ ၅ နာရီခန့်အတွင်း လူပေါင်း ၁၅ သိန်းခန့် ရှိနိုင်ပါသည်။ ထို့အပြင် ရန်ကုန်မြို့ရှိ မော်တော်ယာဉ်အတော်များများမှာလည်း အလုပ်လုပ် ကိုင်ကြသောနေ့များတွင် နံနက်၁၀နာရီမှ ညနေ၅နာရီခန့်အတွင်း ရန်ကုန်မြို့ဧ။် မော်တော်ယာဉ် စုစုပေါင်းဧ။် ၃၀ ရာခိုင်နှုန်းခန့် (ယာဉ်ပေါင်း ၁ သိန်းခန့်) ရှိနိုင်ပါသည်။ ထိုမြို့ဧ။် စီးပွားရေးဇုန်အတွင်း တင်ပြခဲ့သောအချိန်အတွင်း ဆူးလေဘုရားလမ်းမှ မော်တင်လမ်းခေါ် လမ်းသစ်လမ်း သို့ မော်တော် ယာဉ်ဖြင့် အနော်ရထာလမ်းအတိုင်း မောင်းပါလျှင် တစ်နာရီ ၇ မိုင်ခန့်အမြန်နှုန်းထားနှ င့်သာ မောင်းနှင်နိုင်ပါသည်။ အကြောင်းတစုံတရာကြောင့် ( ဥပမာ- မီးလောင်လျှင် သို့မဟုတ် အခြားဘေးအန္တရာယ် ရှိပါလျှင်) မီးသတ်ယာဉ်နှင့် အခြားကယ်ဆယ်ရေးယာဉ်များ သွားလာရန်ခက်ခဲပေတော့မည်။ အသက်ပေါင်းများစွာ တန်ဖိုးရှိ ပစ္စည်းပေါင်းများစွာ ဆုံးရှူံးပေတော့မည်။

CBD ခေါ် စီးပွားရေးဇုန်နှင့် ပတ်သက်သောအဖြေ


  •                          ရန်ကုန်မြို့တော် စည်ပင်သာယာအတွက်ထို CBD ခေါ် စီးပွားရေးဇုန်အတွင်း အသစ်တိုးချဲ့ဆောက်လုပ်ခြင်းများကို ကန့်သတ်သင့်ပေသည်။ DB ခေါ် ဟောင်းနွမ်းပျက်စီးနေသော အဆောက်အဦများ ပြန်လည်တည်ဆောက်လျှင်လည်း နဂိုမူလရှိပြီးသောကြမ်းခင်းဧရိယာထက် များစွာမတိုးရန်သတ်မှတ်သင့်ပေသည်။ အကယ်၍ အနည်းငယ်ပိုမိုတိုးခွင့်ပြုပါလျှင်လည်း ထိုပိုမို တိုးချဲ့ခွင့်ပြုသော ကြမ်းခင်းဧရိယာသည် မော်တော်ယာဉ်များထားရန်သာ ဖြစ်သင့်ပေသည်။

CBD စီးပွားရေးဇုန်တိုးချဲ့ခြင်း

  •                                   အထက်တွင် တင်ပြခဲ့သည့်အတိုင်း ရင်းနှီးမြှပ်နှံသူအများစုတို့က CBD ခေါ် စီးပွားရေးဇုန်အတွင်း သို့မဟုတ် ထိုပတ်ဝန်းကျင်တွင်သာ ဆောက်လုပ်လိုကြလျှင် လက်ရှိ CBDကို တိုးချဲ့ရန် သို့မဟုတ် Secondary CBD ခေါ် အခြားသီးခြား စီးပွားရေးဇုန်တစ်ခု ဖော်ထုတ်ရန် လိုအပ်ပေပြီ။ တိုးချဲ့ရန် အသင့်တော်ဆုံးနေရာမှာ ရန်ကုန်မြစ်ကို ကျော်ဖြတ်၍ ဒလ ဆိပ်ကြီးခေ နာင်တိုစသော မြို့နယ်များကို စဉ်းစားရပေမည်။ ယခုခေတ်နည်းပညာနှင့် ဆိုလျှင်ခက်ခဲသော ကိစ္စများမဟုတ်ပေ။ သို့သော် ထိုစဉ်းစားသောမြို့နယ်များတွင် နေထိုင်သူတို့ ကျေနပ်စေရန်လူမှုရေး ရှူထောင့်မှ စီမံချက်များထားရှိရန်လိုအပ်ပါမည်။ ထို့ကြောင့်ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီအတွက် အရေးတကြီးဆုံးဖြတ်ရန် အထက်ဖော်ပြပါစီမံကိန်းများကို အရေး တကြီးရေးဆွဲသင့်ပေပြီ။

သမိုင်းဝင် အမွေအနှစ်များ ထိန်းသိမ်းရေး



  •                               ရန်ကုန်မြို့ဧ။် ထူးခြားမှု သာယာမှုမှာ ရန်ကုန်မြို့သည် ရှေးဟောင်းသမိုင်းဝင်မြို့တစ်မြို့ဖြစ်သည်ကို မြို့ပတ်ဝန်းကျင်ရောက်သည့်အချိန် မြို့သို့ဆိုက်ရောက်သည့် အချိန်မှစ၍ပင် သိသာထင်ရှားမှု ဖြစ်ပေသည်။ ထိုသမိုင်းဝင် အမွေအနှစ်များကို ပတ်၍ကာ၍ ထိုသမိုင်း ၀င်အဆောက်အဦများထက် ကျော်လွန်၍ မတည်ဆောက်ခဲ့ခြင်းသည် မိမိတို့ ဘိုးဘွားများ ထိန်းသိမ်းသွားခြင်းကြောင့်ဖြစ်သည်။ မိမိတို့လက်ထက်တွင်လည်း ထိုနည်းလမ်းများကို ဆက်လက်လိုက်နာရန် မည်သည့်နေရာတွင် မည်သည့်အမြင့်ဖြင့် ဆောက်ခွင့်ပြုမည် စသည်တို့အတွက် သတ်မှတ်ရန် ဇုန်နယ်မြေများ  Zoning Plans သတ်မှတ်ရန်လိုအပ်လျက်ရှိပေပြီ။

Zoning Plans များလိုအပ်ချက်


  •                                 သမိုင်းဝင် အဆောက်အဦများဖြစ်သော ရွှေတိဂုံစေတီတော်ဧ။် ပတ်ဝန်းကျင်အစရှိသည့်နေရာတို့အပြင် အချို့သော နေရာများတွင်လည်း Zoning Regulations ခေါ် စည်းကမ်းသတ်မှတ်ချက်များကို လိုအပ်လျက်ရှိပေသည်။ လွန်ခဲ့သော ဆယ်စုနှစ်များက ရန်ကုန်မြို့အတွင်း First Class Residential area, Mixed area  စသည်ဖြင့် Zoning များ သတ်မှတ်ခဲ့ပါသည်။ ယခုအခါထိုသတ်မှတ်ချက်များမှာ အခြေအနေအရ ပြောင်းလဲ သွားပြီဖြစ် ပါ၍ ပြန်လည်သတ်မှတ်ရပေတော့မည်။ ဥပမာ- ထိုစဉ်က ထိုအဆင့်မြင့်လူနေရပ်ကွက်များ တွင် မြေခွဲစိတ်လျင် အနည်းဆုံး ၀.၂ ဧကရှိရမည် ဖြစ်သော်လည်း ယခုခေတ် အခြေအနေ အရ ပြင်ဆင်သတ်မှတ်ရပေမည်။ ထိုနည်းတူစွာ အချို့သောရပ်ကွက်များဖြစ်သည့် အင်းလျား လမ်း၊ ရွှေတောင်ကြားရပ်ကွက် စသည်တို့တွင် အထပ်မြင့်အဆောက်အဦများ ခွင့်ပြုသင့်မသင့် စသည်တို့ကိုလည်း ပြန်လည်သုံးသပ်ရပေမည်။ ရန်ကုန်မြို့တွင်း Zoning Plans များ အမြန်ဖော် ထုတ်ရေးသည်လည်း အရေးကြီးသောအစိတ်အပိုင်းဖြစ်သည်။
  •                                       ခြုံ၍တင်ပြချက်- အထက်ဖော်ပြပါရန်ကုန်မြို့တော်ဧ။် အရေးတကြီး လိုအပ်ချက်များကို ၀ိုင်းဝန်းပံ့ပိုးကြပြီး ရန်ကုန်မြို့တော်အတွက် ရေတို ရေရှည် စီမံကိန်း များ ရေးဆွဲရ န်လိုအပ်လျက်ရှိပေပြီ။ အခြားလွန်စွာအရေးကြီးသော ကိစ္စတရပ်မှာ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးအတွက် နောက်နောင် စီမံကိန်းများရေးဆွဲရန် ပညာရှင်များနှင့် မြို့ပြစီမံကိန်းများဌာန Urban Planning Unit တစ်ရပ်လိုအပ်ချက်ဖြစ်ပေသည်။
ref:FB

No comments:

Post a Comment