Monday 29 October 2012

ကြိမ်ဝါး လုပ်ငန်းရှင် အချို့ လုပ်ငန်း စွန့်ခွာ

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တော ရေးရာ ၀န်ကြီးဌာန၊ သစ်တော ဦးစီးဌာန မှ လုပ်ထုံး လုပ်နည်း အချို့ကြောင့် ကြိမ်၊ ၀ါး အချောထည် များ ရောင်းချသော လုပ်ငန်းရှင် အချို့ လုပ်ငန်း ကို စွန့်ခွာ ကြကြောင်း ကြိမ်ဝါး လုပ်ငန်းရှင် များ အသင်း ဥက္ကဌ ဦးကျော်သူ က ပြောကြား သည်။
ကြိမ်ပင် သည် သစ်ပင် အမျိုးအစား မဟုတ်ပဲ နွယ်ပင် အမျိုးအစား သာ ဖြစ်ပြီး ၀ါးပင်မှာ မြက် အမျိုးအစား သာ ဖြစ်သော် လည်း သစ်တော ဥပဒေ တွင် ပါရှိသည့် သစ်တော ထွက် ပစ္စည်းများ အတွင်း ကြိမ်၊ ၀ါးများ ကို သစ်ပင် ကဲ့သို့ ထည့်သွင်း ခြင်းဖြစ်ရာ သစ်လုပ်ငန်း နည်းတူ လုပ်ထုံး လုပ်နည်း များ အတိုင်း ဆောင် ရွက်ခြင်း ကြောင့် ပိုမို အခက်အခဲ ဖြစ်စေ ကြောင်း ၄င်းက ဆိုသည်။

အထက်ပါ ကဲ့သို့ လုပ်ဆောင် ခြင်းကြောင့် သစ်တော ထုတ်လုပ်ခွင့် လိုင်စင် ရရှိရန် အခက်အခဲ များရှိခြင်း၊ လုပ်ငန်း စဉ် အဆင့်ဆင့် တွင် ကုန်ကျ စရိတ်များ မြင့်မားခြင်း တို့ကြောင့် ကြိမ်၊ ၀ါး လုပ်ငန်းရှင် အချို့ မှာ ရေရှည် တောင့်ခံနိုင်ခြင်း မရှိ တော့သဖြင့် လုပ်ငန်း စွန့်ခွာခြင်း ဖြစ်ရာ ယခင် က ကြိမ်၊ ၀ါး လုပ်ငန်းရှင် ၂၇ ဦး ရှိရာ ယခုတွင် ၅ ဦးခန့် သာ ကျန်ရှိ တော့ကြောင်း ၄င်းက ရှင်းပြသည်။

Calamus Hill Co.,LTD မှ ပိုင်ရှင် ဦးသောင်းအေး က "အဆင့်ဆင့် တိုင်းမှာ ကုန်ကျ စရိတ်တွေ ရှိတယ်၊ အခုဆို ကိုယ့်ဆီက ပစ္စည်း တင်ပို့ဖို့ ရရာ Bill (လိုင်စင်) ကို ရှာရတယ်။မရလို့ မပို့နိုင် တဲ့ ကွန်တိန်နာ တွေ ၁၀ လုံးလောက် ရှိတယ်" ဟု ဆိုသည်။

ပြည်ပ ပို့ရန်အတွက် သစ်တော ဦးစီးဌာန မှ စစ်ဆေး ရာတွင် မြစ်ကြီးနား မှ ကြိမ်များ ရန်ကုန် သို့ ရောက် ရှိပြီး ကုန်ချော ထုတ်လုပ်ပြီး ချိန် အတွင်း သစ်တော ထုတ်လုပ်ခွင့် လိုင်စင် သက်တမ်း ခြောက်လ မှာ ကုန် ဆုံးပြီ ဖြစ်သည့် အပြင် စစ်ဆေး ရာတွင်လည်း ရက် တစ်ပတ် ခန့် စောင့်ဆိုင်း ရကြောင်း ၄င်းက ရှင်းပြ သည်။

"ပစ္စည်းဖိုး မပါဘူး၊ လိုင်စင် အတွက် ကိုပဲ ၈ သိန်းလောက် ကုန်တယ်" ဟု ကြိမ်ထည်များ ပြည်ပ သို့ တင်ပို့ ရောင်းချသည့် Green Elephant House မှ တာဝန်ရှိသူ ဒေါ် မီမီသာအောင် က ပြောကြားသည်။

တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ် နိုင်ငံတို့ နှင့် အပြိုင် အင်္ဂလန်၊ သြစတြေးလျ၊ နယူးဇီလန်၊ ဘရာဇီး၊ ဂျပန်၊ ကိုရီးယား စသည့် နိုင်ငံများ သို့  ကြိမ်လက်မှု ထည် ပစ္စည်းများ တင်ပို့လျက် ရှိသည်။
 
ref:thevoiceweekly

No comments:

Post a Comment