Saturday, 12 September 2015

လိပ်ကျွန်းလူသတ်မှု မြန်မာနှစ်ဦး ကွင်းလုံးကျွတ် လွတ်တော့မလား လူသတ်လက်နက်ပေါက်တူးပေါ်ရှိ ဒီအင်န်အေသည် မြန်မာလုပ်သားနှစ်ဦးမှ မဟုတ်ကြောင်း နာမည်ကြီးထိုင်းအမျိုးသမီးမှုခင်းဆရာဝန် ထွက်ဆို

ထိုင်းနိုင်ငံတရားမျှတရေးဝန်ကြီးဌာန၊ မှုခင်းဆေးသိပ္ပံဌာနမှူး ဒေါက်တာ ပွန်တစ်သည် လိပ်ကျွန်းလူသတ်မှု ဒီအင်န်အေစစ်ဆေးချက်များနှင့်ပတ်သက်၍ တရားရုံးသို့ လာရောက်ထွက်ဆိုရာ ပေါက်တူးတွင်တွေ့ရှိသည့် ဒီအင်န်အေသည် မြန်မာလုပ်သား နှစ်ဦး၏ ဒီအင်န်အေနှင့် မတူညီ ကြောင်း ထွက်ဆိုခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့က လိပ်ကျွန်း လူသတ်မှု ဒီအင်န်အေစစ်ဆေး ရာတွင် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ခဲ့ခြင်းမရှိဟု ဒေါက် တာ ပွန်တစ်က ထွက်ဆိုကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
‘‘တစ်ချက်က ပေါက်တူးကို ဒီအင်န်အေစစ်တယ်။ လူသတ် တရားခံရဲ့ ဒီအင်န်အေတွေ့တယ်။ ဒါပေမဲ့ အဲဒီဒီအင်န်အေက ဇော် လင်းရယ်၊ ၀င်းဇော်ထွန်းရယ်၊ မောင်မောင်တို့ရဲ့ ဒီအင်န်အေ မဟုတ်ဘူးလို့ ပြောပါတယ်။ ပြော ရမယ်ဆိုရင် ရှင်းနေတာပဲ။ တခြား သူတစ်ယောက် ရှိတယ်ပေါ့။ နောက်တစ်ချက်က ဒီအင်န်အေ ရယူတဲ့အခါမှာ အော်တိုစက်ကို သုံးမယ်ဆိုရင် မစစ်ခင်ကတည်း က စစ်မယ့်သူရဲ့ နာမည်၊ လိပ်စာ တို့ထည့်ရတယ်။ တရားရုံးမှာ တင်ထားတဲ့အမှုက အရင်စစ်ပြီးမှ နာ မည်၊ လိပ်စာတို့ယူထားတယ်။ စာသားတွေကို ပြင်ထားတယ်ဆိုတာ နာရီကွာခြားချက်၊ ရက်စွဲကွာခြား ချက်တွေမှာ တွေ့ရတယ်လို့ ထွက်ဆိုသွားပါတယ်။ ကွဲလွဲနေတာ ပေါ့’’ဟု ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။

သမ္မတဦးသိန်းစိန် ဓာတ်ပုံကိစ္စ ဒါရိုက်တာမိုက်တီးကို ခေါ်ယူမေးမြန်းပေးရန် ရုပ်ရှင်အစည်းအရုံးသို့ ပြန်ကြားရေးဝန်ကြီးဌာန အကြောင်းကြား

လူမှုကွန်ရက်စာမျက်နှာ တွင် နိုင်ငံတော်သမ္မတ ဦးသိန်း စိန်၏ ဓာတ်ပုံကို ဖိုတိုရှော့ဖြင့် ပြု ပြင်၍ တင်ထားသည့် မိုက်တီးအ မည်ဖြင့် ဖေ့စ်ဘွတ်ခ်အကောင့် သည် ဒါရိုက်တာမိုက်တီး သုံးစွဲ သည့် အကောင့်အစစ် ဟုတ်၊ မဟုတ် ကာယကံရှင်အား ခေါ်ယူ မေးမြန်းပေးရန် ရုပ်ရှင်အစည်းအရုံးသို့ အကြောင်းကြားထား ကြောင်း ပြန်ကြားရေး ၀န်ကြီးက ပြောသည်။
‘‘အကောင့်စစ် ဟုတ်၊ မဟုတ် ကာယကံရှင်ကိုခေါ်ပြီး မေးမြန်းပြီးတော့ အကြောင်းပြန်ကြားပေးဖို့ ရုပ်ရှင်အစည်းအရုံးကို စာထုတ်လိုက်တာပါ။ အဲဒီအကောင့်ကိုလည်း လုပ်ထုံးလုပ်နည်းတွေအရ ဖေ့စ်ဘွတ်ခ်ကို Report လုပ်ထားပါတယ်’’ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကပြောသည်။
လူဦးရေ ၄၀၀ ကျော် Like လုပ်ထားသော မိုက်တီးအမည် ဖြင့် ဖန်ပေ့ခ်ျသည် ‘‘ဂျီဟတ်ဂျွန်၏ညီ ဂျီဟတ်ပြောင်အား သစ္စာဖောက်မှုဖြင့် ISIS ကွပ်မျက်’’ဟုရေးသားကာ ကွပ်မျက်ခံရသူ မျက်နှာတွင် နိုင်ငံတော်သမ္မတ ဦး သိန်းစိန်၏မျက်နှာကို ပြုပြင်ဖန် တီးကာ တင်ထားခြင်းဖြစ်သည်။
ယင်းအကောင့်နှင့် ပတ် သက်၍ ဒါရိုက်တာမိုက်တီးက အဆိုပါဖန်ပေ့ခ်ျသည် အကောင့်အတုဖြစ်ကြောင်း၊ ယင်းအကြောင်းအရာကို ဖေ့စ်ဘွတ်ခ်သုံးစွဲသူများအနေဖြင့် မျှဝေပေးစေလိုကြောင်း ၎င်းကိုယ်တိုင်အသုံးပြုသည့် ‘မိုက်တီး’ ဖေ့စ်ဘွတ်ခ်အကောင့်မှတစ်ဆင့် စက်တင်ဘာ ၁၁ ရက်တွင် ရေးသား၍ အကူအညီ တောင်းထားသည်။

မက္ကာရှိဗလီကြီးမှာကရိန်းပြိုကျလို့ လူအများအပြားသေ

မက္ကာရှိ ဗလီကြီးမှာ ကရိန်းကြီးပြိုကျလို့လူ ၈၇ယောက်သေဆုံး တယ်လို့ ဆော်ဒီ အာရေဗျ လုံခြုံရေး အရာရှိတွေကပြောပါတယ်။ မွတ်ဆလင် သန်းနဲ့ချီလာရောက်မယ့် အခုလကုန် ဟာဂ်ျရာသီမစမီ ခုလို မတော်တဆမှုဖြစ်ပွားတာဖြစ်ပါတယ်။

NLD ကိုမဲပေးရင် ဒီမိုကရေစီရဲ့အရသာ သိရလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ကယားပြည်နယ်ကို မဲဆွယ်စည်းရုံးရေး ခရီးအဖြစ်နဲ့ ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲတွင် NLD ကိုမဲပေးကြဖို့နဲ့ NLD ကိုမဲပေးရင် ဒီမိုကရေစီရဲ့အရသာ သိရလိမ့်မယ်လို့ မနေ့ညနေက လွိုင်ကော်မြို့ခံပြည်သူတွေကို မဲဆွယ်ဟောပြောစဉ်မှာ ထည့်သွင်းပြောဆိုသွားပါတယ်။

ဖားကန့်တွင် ရေမဆေးကျောက် ရှာသူနှစ်ဦး မိုးကြိုးပစ် ခံရပြီး သေဆုံး

ဖားကန့်မြို့နယ် လေးအိမ်စုတွင် ရေမဆေး ကျောက်ရှာဖွေပြီး ပြန်လာသည့် လူငယ်နှစ်ဦး စက်တင်ဘာ ၁၀ ရက်ညနေက မိုးကြိုးစက်ကွင်း မိကာ သေဆုံးသွားကြောင်း ဖား ကန့်မြို့မရဲစခန်းမှ သတင်းရရှိ သည်။
သေဆုံးသွားသူများသည် ကချင်ပြည်နယ် မိုးကောင်းမြို့ မှ ကိုဗိုလ်ဗိုလ်ဝင်းဆိုသူနှင့် မွန် ပြည်နယ် ကျိုက်ထိုမြို့မှ ဇော်လင်းဆိုသူဖြစ်ကြောင်း ဒေသခံများထံ မှ သိရသည်။

Thursday, 10 September 2015

တောင်ကြီးမြို့တွင် ပါတီအချို့ မဲဆွယ်စည်းရုံးမှုများစတင်


လာမည့်ရွေးကောက်ပွဲကာလအကြို မဲဆွယ်စည်းရုံးမှု များကို တောင်ကြီးမြို့တွင် ပါတီ အချို့စတင်လုပ်ဆောင်နေပြီဖြစ် ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၈ ရက်မှစတင် ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD)က အမေ့ဂီတကားဖြင့်တောင်ကြီးမြို့တွင်းလှည့်လည်မဲ ဆွယ်စည်းရုံးခြင်း၊ လက်ကမ်းစာ စောင်များဝေငှခြင်းများပြုလုပ်ခဲ့ ပြီး စက်တင်ဘာ ၉ ရက်၌လည်း ကျောက်နီ၊ ရေပူ၊ တောင်နီကျေး ရွာများအထိ ကားဖြင့်လှည့်လည် စည်းရုံးလျက်ရှိကြောင်း တောင် ကြီးခရိုင်အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က  လည်း စက်တင်ဘာ ၈ ရက် နံနက် ပိုင်းတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် ဗဟိုရုံးချုပ်၌ သမ္မတ ဦး သိန်းစိန်ပုံပါ ရွေးကောက်ပွဲအောင်နိုင်ရေးဗီနိုင်းနှင့် ပြည်ခိုင်ဖြိုးအလံ တိုင်များ စတင်စိုက်ထူခဲ့သည်ဟု ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင် ဦးစိုင်းဇော်ဇော်ကပြောကြား သည်။

အမျိုးသမီးတွေကို လွှတ်ပေးပါ


အခုတစ်လော အမေရိကန်က ဦးဆောင်ပြီး ကမ္ဘာတစ်ဝန်းက ယုံ ကြည်ချက်ကြောင့် အကျဉ်းချခံ နေရတဲ့ အမျိုးသမီး ၂၀ ကိုလွှတ် ပေးဖို့ တောင်းဆိုတဲ့လှုပ်ရှားမှု ပေါ်ထွက်လာပါတယ်။ အမျိုး သမီး ၂၀ ထဲမှာ မြန်မာနိုင်ငံက မဖြိုးဖြိုးအောင်နဲ့ ဒေါ်နော်အုန်းလှတို့ပါလာပါတယ်။ ဒီလှုပ်ရှားမှုဟာ ၁၉၉၅ ခုနှစ် ဘေဂျင်းအနီး ဟွေရိုးမှာလုပ်ခဲ့တဲ့ ကမ္ဘာ့အမျိုးသမီး ညီလာခံက ဆုံးဖြတ်ခဲ့တဲ့အဆုံးအဖြတ် အနှစ် (၂၀)ပြည့်တဲ့ အနေနဲ့ ဆောင်ရွက်တာလို့ သိရပါတယ်။
၁၉၉၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ အမျိုးသမီးညီလာခံလို့ဆိုလိုက် တော့ ထောင်ထဲမှာတုန်းက အတွေ့အကြုံတွေကို သတိရစေပါတယ်။ အဲဒီညီလာခံအကြောင်း မသိခဲ့ပေမယ့် ထောင်ဝင်စာထွက် တဲ့တစ်နေ့မှာ ကျွန်မအဖေကို သူ့ ရဲ့မိတ်ဆွေတစ်ယောက်က ‘‘ခင် ဗျားသမီး တရုတ်ပြည်ရောက်နေ လား’’လို့မေးကြောင်း ပြောပါ တယ်။ ဖေဖေကမဟုတ်ကြောင်း ပြန်ဖြေခဲ့တယ်လို့ ပြောပြတော့ သားအမိ၊ သားအဖတွေစဉ်းစား မရဖြစ်ခဲ့ပါတယ်။

ရေဘေးကြောင့် ရှေးဟောင်းဒေသများပျက်စီးမှုစာရင်း ပြုစုရန် ပညာရှင်များ အကြံပြု


 မြန်မာနိုင်ငံတစ်ဝန်း တွင် ရေဘေးဒဏ်ခံခဲ့ရမှုကြောင့် ရှေးဟောင်းယဉ်ကျေးမှုဒေသများ ၌ ထိခိုက်ပျက်စီးမှုများအား စာ ရင်းကောက်ယူမှုများနှင့် ပြန် လည်ပြင်ဆင်မှုများ ပြုလုပ်ရန် ရှေးဟောင်းသုတေသနပညာရှင် များက အကြံပြုသည်။

၂၀၁၅ ဇွန်လမှစ၍ သြဂုတ် အထိမြန်မာနိုင်ငံအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေ ကြီးရေလျှံမှုများ ဖြစ်ပွားသော ကြောင့် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေများ၊ ပြုပြင်ထိန်းသိမ်းနေ ဆဲနှင့် တူးဖော်နေဆဲဖြစ်သော ယဉ်ကျေးမှု နယ်မြေများ၊ ရှေး ဟောင်းအဆောက်အအုံများပျက် စီးဆုံးရှုံးမှုများ ရှိ၊မရှိ ရှေးဟောင်း သုတေသနဌာနနှင့် အမျိုးသားပြ တိုက်ဌာနများက ထုတ်ပြန်ပေး သင့်ကြောင်း ရှေးဟောင်းသုတေ သနပညာရှင်များကပြောသည်။

ရေကြီးမှုကြောင့် မြန်မာ နိုင်ငံအထက်ပိုင်းရှိ ရှေးဟောင်း နယ်မြေများတွင် အနည်းနှင့်အ များ မြေအနေအထား ထိခိုက်နိုင် ပြီး အမြန်ဆုံးကွင်းဆင်း စစ်ဆေး သင့်ကြောင်း၊ အကယ်၍စိုးရိမ်စ ရာမရှိလျှင်လည်း အခြေအနေကို ထုတ်ပြန်သင့်ကြောင်း ပညာရှင် များကဆိုသည်။

လာမည့် ၂၅ နှစ်အတွင်း အစ္စရေးနိုင်ငံ ပျောက်ကွယ်သွားမည်ဟု အီရန် အဓိပတိ ခြိမ်းခြောက်


လာမည့် ၂၅ နှစ်တွင် ကမ္ဘာပေါ်၌ အစ္စရေးနိုင်ငံ ရှိတော့မည် မဟုတ်ဟု အီရန်၏ အဓိပတိ ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီက ခြိမ်းခြောက် ပြောကြားလိုက်သည်။
မကြာသေးမီက အီရန်၏ နျူကလီးယား အရေးနှင့် ပတ်သက်၍ အမေရိကန်နှင့် ဆွေးနွေးသဘောတူညီမှု ရရှိခဲ့သော်လည်း အနာဂတ် ကာလတွင် မကောင်းဆိုးရွား အမေရိကန်နှင့် မည်သည့် သဘောတူညီမှုမျှ ရယူမည် မဟုတ်ကြောင်းလည်း ခါမေနီက စက်တင်ဘာ ၉ ရက်တွင် ၎င်း၏ ကိုယ်ပိုင် ဝက်ဘ်ဆိုက်နှင့် Twitterပေါ်၌ သဘောထားထုတ်ပြန် ရေးသားခဲ့သည်။အီရန်၏ ဖွဲ့စည်းပုံအရ ခါမေနီသည် နိုင်ငံရေးနှင့် ဘာသာရေးတွင် အကြီးကျယ်ဆုံး အဓိပတိ ရာထူးနေရာကို ဆက်ခံရယူထားသူ ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုက အီရန်နှင့် ရယူထားသော သဘောတူညီမှုအရ အစ္စရေး၏ လုံခြုံရေးကို နောက်ထပ် အနည်းဆုံး ၂၅ နှစ်စာ အာမခံနိုင်ကြောင်း ကတိပြုထားရာ ခါမေနီက အစ္စရေးသည် နောက်ထပ် ၂၅ နှစ်အကြာတွင် ကမ္ဘာ့မြေပုံပေါ်၌ ရှိနေတော့မည် မဟုတ်ဟု ပြက်ရယ်ပြုသွားခြင်း ဖြစ်သည်။

သရုပ်ဆောင် ဟိန်းဝေယံနှင့် တစ်ခဏ


‘‘အနုပညာအလုပ်တွေချည်း လုပ်မယ်ဆိုတာ အသည်းကွဲတာများလို့လည်း မဟုတ်ပါဘူး’’

သရုပ်ဆောင် ဟိန်းဝေယံနှင့် တစ်ခဏ
Thursday, September 10, 2015

ကားရိုက်များလာတဲ့ သရုပ် ဆောင်ဟိန်းဝေယံက ၀ိညာဉ်စိမ်း ဇာတ်ကားမှာလည်း ပါဝင်သရုပ် ဆောင်မှာမို့ ထူးထူးခြားခြား ပြင် ဆင်ထားပုံများနဲ့ လတ်တလော လှုပ်ရှားမှုအကြောင်းလေးတွေ မေးမြန်းထားတာတွေကို ဖော်ပြ ပေးလိုက်ပါတယ်။

အခုရိုက်ကူးတော့မယ့် ၀ိညာဉ်စိမ်းရုပ်ရှင်ကားကြီးမှာ ဘယ်နေရာက ပါဝင်သရုပ် ဆောင်မှာလဲ။ ဒီဇာတ်ကားနဲ့ပတ် သက်ပြီး ရင်ခုန်နေပြီလား။

ဝိညာဉ်စိမ်းဇာတ်ကားကြီး မှာ ကျွန်တော်က သရုပ်ဆောင် တစ်ယောက် အရမ်းဖြစ်ချင်တဲ့ ပုံစံမျိုးသရုပ်ဆောင်မှာပါ။ ရိုက် ကူးမယ့်နေရာကလည်း နယ် ဘက်ဆိုတော့ ကာရိုက်တာအရ အံဝင်ခွင်ကျဖြစ်အောင် အင်္ကျီအ ၀တ်အစားတွေကအစ လိုက်ဖက် မှုရှိအောင် စီစဉ်ထားတယ်။ ၀ိညာဉ်ကား၊ သရဲကားဆိုပေမယ့် တခြားကားတွေနဲ့ မတူဘူး။ ဇာတ် လမ်းလေးက တစ်မျိုးလေးပါ။ ကိုကျော်သူနဲ့ ကိုရန်အောင်က လည်း ဒီကားလေးမှာ အားပြိုင်မှု လေးတွေ ရှိတယ်ဆိုတော့ ပရိ သတ်တွေ ကြည့်တဲ့အခါမှာ သဘောကျမယ်လို့ ယုံကြည်ပါ တယ်။ ကိုယ်နဲ့တွဲရိုက်မယ့် စီနီ ယာတွေဆီကလည်း အတွေ့အ ကြုံတွေရမှာဆိုတော့ ဒီကားနဲ့ ပတ်သက်ပြီး အတော်လည်း စိတ်ဝင်စားပြီး  ရင်ခုန်ပါတယ်။ ပရိသတ်တွေ စိတ်ကျေနပ်ကြ မယ်လို့ ယုံကြည်တယ်။

ဘီယာဆိုင်အတွင်း ရဲတပ်ဖွဲ့မကောင်းကြောင်းပြောသည့် လူငယ်များနှင့် ရဲတပ်သားတစ်ဦးတို့ အချင်းများပြီး အပြန်အလှန်အမှုဖွင့်

တာမွေ မြို့နယ် ဗညားဒလလမ်းပေါ်ရှိ တာမွေရဲစခန်းရှေ့တွင် ဖွင့်လှစ် ထားသည့် ဆွေဒီစားသောက်ဆိုင်၌ အမျိုးသားသုံးဦးက ရဲတပ်ဖွဲ့ဝင်များ မကောင်းကြောင်း ပြောဆိုနေစဉ် နောက်ဝိုင်းတွင်ရှိနေသည့် အရပ်ဝတ်နှင့် ရဲဝန်ထမ်းက ကြားသဖြင့် လှည့်ကြည့်ရာ လူငယ်သုံးဦးအနက် နှစ်ဦးက ရဲဝန်ထမ်းကို ပါးရိုက်ခဲ့သည်။

မလေးရှား ထိန်းသိမ်းရေးစခန်းတွင် မြန်မာနိုင်ငံသား ၆ ဦး သေဆုံး

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ထိန်းသိမ်းရေးစခန်း တခုတွင် ခန္ဓာကိုယ် ဖောယောင်သည့်ရောဂါ လက္ခဏာ ဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံသား ၆ ဦး သေဆုံးကြောင်း သိရသည်။
သေဆုံးသွားသူ ၆ ဦးစလုံးသည် ကွာလာလမ်ပူမြို့ရှိ (KLIA) ထိန်းသိမ်းရေး စခန်းတခုမှ ဖြစ်ပြီး ၄င်းတို့ရောဂါ ဖြစ်ပွားနေသည်မှာ တလကျော်ပြီ ဖြစ်ကြောင်း၊ ထိုကာလအတွင်း သေဆုံးခဲ့သူများသည် ခန္ဓာကိုယ်ဖောယောင်မှု ဖြစ်ပွားပြီး သေဆုံးကြခြင်း ဖြစ်ကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ မြန်မာသံရုံးမှ ဒုတိယ အတွင်းဝန် ဦးသီဟဟိန်းက ဧရာဝတီသို့ ပြောသည်။
ဦးသီဟဟိန်းက“ကျနော်တို့ သွားကြည့်တော့ ခန္ဓာကိုယ် ဖောယောင်တဲ့ လက္ခဏာတွေ ဖြစ်တာတွေ့ရတယ်။ အဲဒါ ဘာရောဂါလဲလို့ စခန်းတာဝန်ရှိသူတွေကို ကျနော်တို့မေးပေမယ့် သူတို့လည်းပဲ ဘာရောဂါဆိုတာ သေချာမပြောနိုင်သေးဘူး ဖြစ်နေတယ်။ မြန်မာ လို ဆိုရင်တော့ ပုလိပ်ရောဂါလိုမျိုးလို့ ကျနော်တို့ သုံးသပ် ထားပါတယ်”ဟုလည်း ပြောဆိုသည်။

NCA ဆွေးနွေးချိန်တိုင်း တိုက်ပွဲတွေဖြစ်အောင် လက်နက်ကိုင်တစ်စု ဖန်တီးနေသလား ?


နိုင်ငံတော်သမ္မတနဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်အချို့ဟာ ယနေ့မနက်ပိုင်းမှာ NCA ကိစ္စ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ သမ္မတနဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်အချို့ NCA ဆွေးနွေးနေချိန်မှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ တိုက်ပွဲတွေ ပြန်ဖြစ်နေ လေရဲ့။ တိုက်ဆိုင်မှုတော့ မဖြစ်နိုင်တော့ ပါဘူး။ ဒါဟာ တမင်တကာ အကွက်ချပြီး ဖန်တီးထားတဲ့ တိုက်ပွဲတွေ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးအဖြေ ရှာနေတဲ့ အချိန်မှာ တိုက်ပွဲဖြစ်တာကတော့ ပြည်တွင်း ငြိမ်းချမ်းရေးဟာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

Wednesday, 9 September 2015

ရဲတပ်ဖွဲ့ကို ဘယ်လိုပြုပြင်ပြောင်းလဲမလဲ


မြို့နယ်အဆင့် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦး၏ နာရေးကို ပြည်ထဲရေးဒုတိယဝန်ကြီးနှင့် ရဲချုပ်တို့က စက်တင်ဘာ၏ မိုး ဖွဲဖွဲများအောက် လိုက်ပါပို့ဆောင်ပေးခဲ့သည်။ ထိုမြင်ကွင်းက ရဲတပ် ဖွဲ့ဝင်များအတွက် ထူးဆန်းအံ့သြ ဖွယ်ဖြစ်နေပြီး ယခင်ကထိုကဲ့သို့ အသိအမှတ်ပြုခံရခြင်းမရှိခဲ့ဟု လက်ရှိတာဝန်ထမ်းဆောင်နေ သည့် ရှေ့မီနောက်မီရဲတပ်ဖွဲ့ဝင်များကပြောကြသည်။ သေဆုံးသူ ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ ရန်ကုန်တိုင်း ဒေသကြီး တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်နှစ် ဦးဖြစ်သည်။ တရားခံပြေးကို တည်းခိုခန်းတွင် ဝင်ဖမ်းစဉ် တရားခံပြေးက ဓားနှစ်ချောင်းကိုဘယ်၊ ညာကိုင်၍ တိုက်ခိုက်သတ်ဖြတ်ခြင်း ခံလိုက်ရခြင်းဖြစ်သည်။

သတင်းဌာန ဖေ့စ်ဘွတ်ခ်အတုပြုလုပ်သူများ ရှိနေသည်



7 Day News နှင့် 7Day Daily တို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာကို အတုပြုလုပ်၍ တင်ထားသော သတင်းအမှားအချို့
‘‘ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအ၀င် ပါတီ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် မိသားစုဝင်များ ထိန်းသိမ်းခံရ’’

‘‘မဘသဆရာတော်တွေ အတူနေစုံတွဲတွေကို လိုက်လံရှာ ဖွေပြီး လက်ထပ်ခိုင်း’’

‘‘တောင်ကျရေများကြောင့်  ဧရာဝတီမြစ်ကူးတံတား (ရတနာ ပုံ) ရေစီးနဲ့ အတူမျောပါသွား’’ အစရှိသည့် သတင်းများသည်ပြီးခဲ့ သည့်ရက်ပိုင်းအတွင်း စာဖတ်သူတို့ ဖေ့စ်ဘွတ်ခ်စာမျက်နှာများမှ တစ်ဆင့်ဖတ်ခဲ့ရသော သတင်းများဖြစ်သည်။

အိမ်ထောင်ရေးဖောက်ပြန်သူတို့ရဲ့အကြောက်ဆုံးရန်သူ တစ်လင်တစ်မယားစနစ်


မကြာမီရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သော တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေအပေါ် ထောက်ခံသူများနှင့် ကွန့်ကွက်သူများပါ ရှိနေသည်။ဥပဒေများအကြောင်း ပြောခဲလှသော မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လွန်ခဲ့သော ရက်ပိုင်းအတွင်းက ပြဋ္ဌာန်းလိုက်သည့် ဥပဒေတစ်ခုအကြောင်း လူပြောများလှသည်။ မျိုးစောင့်ဥပဒေလေးခုအနက် နောက်ဆုံး ပြဋ္ဌာန်းလိုက်သော တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပင် ဖြစ်သည်။
‘‘ခုနစ်နှစ်နော် ခုနစ်နှစ်၊ ၁၀ နှစ် ၁၀ နှစ်’’ယခုရက်ပိုင်းအတွင်း အိမ်ထောင်ရှင် အမျိုးသားများအကြား ရေပန်းစားလှသော စကား ဖြစ်သည်။ နောက်ပြောင်ပြောဆို ခြင်းဖြစ်သော်လည်း သတိပေးသံ စွက်နေသည်။  ခုနစ်နှစ်၏ အဓိပ္ပာယ်မှာ အိမ်ထောင်သည်တစ်ဦးက (လင်ရော မယားပါ အကျုံးဝင်သည်)အိမ်ထောင်ရှိလျက် နောက်အိမ် ထောင်ပြုလျှင် ချမှတ်ခံရမည့် ပြစ်ဒဏ်ဖြစ်သည်။ အိမ်ထောင်ရှိ လျက် တရားဝင် နောက်အိမ် ထောင်ပြုခြင်းမဟုတ်ဘဲ တိတ် တိတ်ပုန်းလျှင်လည်း ခုနစ်နှစ်ဖြစ် ၏။

အလယ်ပိုင်းမှာ မိုးကိုမျှော် ဘယ်သောအခါမှ ရွာပါ့မလဲ


ယခုနှစ်မိုးရာသီအတွင်း မကြာခဏ ကြားနေရသည့် မိုးသည်းထန်မှု၊ ရေကြီးမှုသတင်းများက သူ၏ ၀ါကြန့်ကြန့် စပါးခင်းများကို လှောင်ပြောင် နေသလားဟု ဦးသောင်းတစ်ယောက် တွေးနေမိ သည်။ သူ၏စပါးခင်းများအတွက် မိုးမြန်မြန်ရွာစေရန် ဆုတောင်းနေ သည်။ အချိန်မီ မိုးမရွာပါက စပါး ခင်းများ ပျက်စီးတော့ပေမည်။
‘‘မိုးက ရွာဖို့ကောင်းနေပြီ။ ဒီလိုပုံမျိုးနဲ့ဆို စပါးက အောင်ရေ တောင်ရမှာ မဟုတ်တော့ဘူး။ တခြားမှာဆို မိုးတွေရွာလွန်းလို့ ဒုက္ခရောက်နေကြတာ ဒီမှာကျမှ’’ ဟု ဦးသောင်းက ညည်းတွားသည်။
မြန်မာနိုင်ငံ၏ အပူပိုင်းဇုန် တွင် ပါဝင်သော စစ်ကိုင်းမြို့နှင့် မိုင်အတန်ငယ်ဝေးသည့် မန္တလေး - မြစ်ကြီးနား ရထားလမ်းဘေးရှိ ခက္ခကျေးရွာနေ တောင်သူဦး သောင်းလေးတစ်ယောက် မိုးမျှော် နေစဉ်မှာပင် နိုင်ငံအထက်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် မိုး သည်းထန်နေသဖြင့် တစ်ကျော့ ပြန်ရေလွှမ်းမိုးမှုကို စိုးရိမ်နေရချိန် လည်းဖြစ်သည်။

မဲဆွယ်စည်းရုံးရေးကာလမှာ ကိုယ်စားလှယ်လောင်းများ စိုးရိမ်သောအရာ


ပါတီကြီးနှစ်ခုဖြစ်သော ပြည်ခိုင်ဖြိုးနှင့် ဒီချုပ်ပါတီတို့ မဲဆွယ်စည်းရုံးရန် ပြင်ဆင်မှုများ ပြုလုပ်နေစဉ်
ပြည်တွင်းသာမက ကမ္ဘာကပါ စောင့်ကြည့်နေသော ၂၀၁၅ရွေးကောက်ပွဲ၏ စိတ်လှုပ်ရှားစရာအကောင်းဆုံးကာလကို ရောက် ရှိနေပါပြီ။ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ ၉၀ ကျော်နှင့် တစ်သီးပုဂ္ဂလအမတ် လောင်း ၃၀၀ ကျော် စက်တင်ဘာ ၈ ရက်မှစတင်၍ မဲဆွယ်စည်းရုံး နိုင်ပြီဖြစ်သောကြောင့်ပင်။ သို့ သော် မဲဆွယ်စည်းရုံးကာလအတွက် စိုးရိမ်ပူပန်နေသူများလည်း ရှိသည်။
‘‘ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်တချို့ရယ်၊တချို့ သောသူတွေရဲ့ မဲဆွယ်မှုတွေက အောင်နိုင်ရေးအတွက် ကသိက အောက်ဖြစ်စေတယ်’’ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် လွှတ် တော်ကိုယ်စားလှယ်လောင်း ဦး မောင်မောင်ဆွေကပြောသည်။
ထိုကာလအတွက် စိုးရိမ်ပူ ပန်နေသူမှာ ဦးမောင်မောင်ဆွေ တစ်ဦးတည်းမဟုတ်ပါ။

တောင်နှင့်မြောက်ကိုရီးယားတို့ အောက်တိုဘာတွင် မိသားစုများ ပြန်လည်ဆုံစည်းရန် သဘောတူ


တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား ကြက်ခြေနီအဖွဲ့များသည် ညလုံးပေါက်ဆွေးနွေးခဲ့ပြီးနောက် ကိုရီးယားစစ်ပွဲကြောင့် ကွဲကွာခဲ့သော မိသားစုများ ပြန်လည်ဆုံစည်းပွဲကို အောက်တိုဘာတွင် ပြုလုပ်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။ မြောက်ကိုရီးယား အပန်းဖြေတောင်စခန်းမြို့ ကမ်ဂန်တွင်  အောက်တိုဘာ ၂၀ နှင့် ၂၆ ရက်ကြား၌ ကွဲကွာမိသားစုများ ပြန်လည်တွေ့ဆုံပွဲကို ကျင်းပမည်ဖြစ်ကြောင်း တောင်ကိုရီးယား၏ ကိုရီးယားပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့ သည်။ငါးနှစ်အတွင်း ဒုတိယအကြိမ်မြောက် ကျင်းပသော ကွဲကွာမိသားစုများ ဆုံစည်းပွဲကို တောင်ကိုရီးယားဘက်က အောက်တိုဘာ ၁၀ ရက်မတိုင်မီ ကျင်းပလိုသည်။ မြောက်ကိုရီးယားသည် အောက်တိုဘာ ၁၀ ရက်တွင် အာဏာရအလုပ်သမားပါတီတည်ထောင်မှု နှစ် (၇၀) ပြည့်အခမ်းအနားကို ကျင်းပမည်ဖြစ်သည်။ မြောက်ကိုရီးယားအစိုးရသည် ဧရာမစစ်ရေးပြပွဲ ကျင်းပရန်စီစဉ်နေပြီး တာဝေးပစ်ဒုံးပျံတစ်စင်း ပစ်လွှတ်ရန် လည်း စီစဉ်နေသည်ဟု ခန့်မှန်းနေကြသည်။

သမ္မတ တရုတ်နိုင်ငံမှ ပြန်လာပြီးနောက် နယ်စပ်မှ တရားမ၀င် သစ်တင်ပို့မှုများ လေးလပိတ်


သမ္မတဦးသိန်းစိန် တ ရုတ်နိုင်ငံ ခရီးစဉ်မှ ပြန်လာပြီး နောက် မြန်မာနိုင်ငံဘက်မှတရုတ် နိုင်ငံဘက်သို့ တရားမ၀င် သစ် တင်ပို့မှုကို လေးလကြာပိတ်ပင် ရန် ယူနန်ပြည်နယ် အစိုးရက မြန်မာသစ်ကုန်သည်များအား ခေါ်ယူ အသိပေးကြောင်း သတင်းရရှိ သည်။
သမ္မတဦးသိန်းစိန်သည် တ ရုတ်နိုင်ငံတွင် ကျင်းပသည့် နှစ် (၇၀) ပြည့်နှစ်ပတ်လည်အခမ်းအ နားသို့ စက်တင်ဘာ ၂ ရက်မှ ၄ ရက်အထိတက်ရောက်ခဲ့သည်။ ယင်းခရီးစဉ်မှပြန်လာပြီးနောက် မကြာမီမှာပင် ယူနန်ပြည်နယ်အ စိုးရက သစ်တင်ပို့မှုကို လေးလ ကြာ ရပ်နားထားရန် စက်တင်ဘာ ၇ ရက်၌ မြန်မာသစ်ကုန်သည် များအား ခေါ်ယူအသိပေးခဲ့သည် ဟု မြန်မာ-တရုတ်နယ်စပ်ဒေသ မှ မြန်မာအစိုးရ၀န်ထမ်းအချို့နှင့် သစ်ကုန်သည် အချို့က ပြော ကြားသည်။