Thursday 10 September 2015

NCA ဆွေးနွေးချိန်တိုင်း တိုက်ပွဲတွေဖြစ်အောင် လက်နက်ကိုင်တစ်စု ဖန်တီးနေသလား ?


နိုင်ငံတော်သမ္မတနဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်အချို့ဟာ ယနေ့မနက်ပိုင်းမှာ NCA ကိစ္စ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ သမ္မတနဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်အချို့ NCA ဆွေးနွေးနေချိန်မှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ တိုက်ပွဲတွေ ပြန်ဖြစ်နေ လေရဲ့။ တိုက်ဆိုင်မှုတော့ မဖြစ်နိုင်တော့ ပါဘူး။ ဒါဟာ တမင်တကာ အကွက်ချပြီး ဖန်တီးထားတဲ့ တိုက်ပွဲတွေ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးအဖြေ ရှာနေတဲ့ အချိန်မှာ တိုက်ပွဲဖြစ်တာကတော့ ပြည်တွင်း ငြိမ်းချမ်းရေးဟာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

အပစ်ရပ်ဆွေးနွေးချိန်မှာ အစိုးရဘက်က အပစ်ရပ်ကြောင်း အရင်ကြေညာ ပေးပါ ဆိုပြီး ငြိမ်းချမ်းရေးကွန်ရက်များက တောင်းဆိုခဲ့ကြတယ်။ အစိုးရတပ်တွေအနေနဲ့ကလည်း ကတိက၀တ်တွေကို လိုက်နာတဲ့အနေနဲ့ စတင်ပစ်ခတ် တိုက်ခိုက်တာ မျိုးတွေ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ တကယ်တမ်း တိုက်ပွဲတွေလည်း ဖြစ်ရော အစိုးရတပ်က အင်အားအလုံး အရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာပါဆိုပြီး ကချင် Account တွေမှာ ရေးသားထားတာ တွေ့ရပါ တယ်။ အမြဲ တမ်း အစိုးရတပ်တွေက လာတိုက်လို့၊ ထိုးစစ်ဆင်လို့ဆိုပြီး အကြောင်းပြနေတာပါ။ တကယ်တော့ အစိုးရတပ် တွေကို KIA နဲ့ TNLA တို့က စတင်ပစ်ခတ်တိုက်ခိုက်တဲ့အတွက် တိုက်ပွဲတွေဖြစ်ခဲ့ရတာလို့ ဒေသခံ တိုင်းရင်းသားတွေက အခိုင်အမာ ပြောဆိုနေ ကြပါတယ်။
ဒါဆိုရင်သမ္မတနဲ့ လာတွေ့ဆုံဆွေးနွေးနေတဲ့ KIO ဒုဥက္ကဋ္ဌ အင်ဘန်လကို ဘယ်လိုယုံရမလဲ၊ NCA ဆွေးနွေးပွဲ လုပ်တိုင်း KIA အနေနဲ့ ကချင်မှာရော ရှမ်းမြောက်မှာပါ တိုက်ပွဲတွေဖြစ်အောင် ဖန်တီးနေတာ၊ အခုကချင်ပြည်နယ် ရွှေကူ မြို့နယ်ထဲမှာ အစိုးရတပ်နဲ့ KIA တို့တိုက်ပွဲတွေ ဖြစ်နေလေရဲ့၊ KIA က အစိုးရတပ်တွေကို လာပြီးရန်စ ပစ်ခတ်မှု တွေ လုပ်တယ်။ လတ်တလော ဖြစ်တဲ့ တိုက်ပွဲတွေမှာ အစိုးရတပ်ဘက်က ထိခိုက်ဒဏ်ရာရ၊ ကျဆုံးမှုတွေ အနည်းငယ်ရှိတယ်လို့ ဒေသခံအချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။
အင်ဘန်လ က ရှေ့ကနေ NCA ဆွေးနွေး၊ KIA တပ်ဖွဲ့ဝင်တွေက နောက်ကွယ်မှာ အစိုးရတပ်တွေကို ရန်စတိုက်ခိုက်နေတာတွေဟာ တီးလုံးတိုက်ထားသလား အောက်မေ့ရတယ်။ KIO/KIA ခေါင်းဆောင်တွေ ငြိမ်းချမ်းရေးကို ဝေ့လည်ကြောင်ပတ်လုပ်နေတာ သေချာနေပါပြီ။
သမ္မတနဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေ ဒီနေ့ နေပြည်တော် မှာ တွေ့ဆုံခဲ့ပေမယ့် NCA လက်မှတ် ထိုးဖို့ကိစ္စကတော့ စက်တင်ဘာ ၂၉ ရက်နေ့ထိ ရွှေ့ဆိုင်းသွားပါတယ်။ ငြိမ်းချမ်းရေးကွန်ရက်များအနေနဲ့ အစိုးရ ဘက်ကိုတော့ အပစ်ရပ်ကြေညာပေးဖို့ တောင်းဆိုတယ်၊ တကယ်ဆိုရင် KIA နဲ့ TNLA တို့ကိုလည်း အပစ်ရပ်ဖို့ တောင်းဆိုရမှာ။ အခုတိုက်ပွဲတွေဖြစ်တာ အစိုးရတပ်ကြောင့် မဟုတ်ဘူး။ KIA နဲ့ TNLA ကြောင့်ပါ။ ပြည်တွင်း ငြိမ်းချမ်းရေးဟာ နိုင်ငံသားအားလုံးနဲ့ ဆိုင်တယ်။ မျှမျှတတပြောကြ၊ တောင်းဆိုကြဖို့ လိုတယ်။ အစိုးရတပ်တွေက ငြိမ်းချမ်းရေး လိုလားပြီးသား။ ငြိမ်းချမ်းရေးရရင် ထမင်းငတ်မှာ ကြောက်နေတဲ့ လက်နက်ကိုင်တစ်စုကိုပဲ ငြိမ်းချမ်းရေးယူဖို့ တောင်းဆိုကြပါ။ မယောင်ရာဆီလူးမိလို့ ငြိမ်းချမ်းရေး အလှမ်းဝေး သွားမှာကိုပဲ စိုးရိမ်မိပါတယ်။
ဇော်လင်းသန့်
Today Myanmar

No comments:

Post a Comment