Saturday 12 September 2015

မက္ကာရှိဗလီကြီးမှာကရိန်းပြိုကျလို့ လူအများအပြားသေ

မက္ကာရှိ ဗလီကြီးမှာ ကရိန်းကြီးပြိုကျလို့လူ ၈၇ယောက်သေဆုံး တယ်လို့ ဆော်ဒီ အာရေဗျ လုံခြုံရေး အရာရှိတွေကပြောပါတယ်။ မွတ်ဆလင် သန်းနဲ့ချီလာရောက်မယ့် အခုလကုန် ဟာဂ်ျရာသီမစမီ ခုလို မတော်တဆမှုဖြစ်ပွားတာဖြစ်ပါတယ်။

လေမိုးသည်းထန်တာကြောင့်ဗလီကြီးရဲ့ အရှေ့ဘက်ခြမ်းမှာ ကရိန်းကြီးပြိုကျတယ်လို့ ယူဆရပါတယ်။ ယူကျွတ်မှာ တင်ထားတဲ့ဗီဒီယိုထဲမှာ ကျယ်လောင်တဲ့ အသံကြီးပေါ်ထွက်လာပြီးနောက် အထိတ်တလန့် အော်ဟစ်နေကြပုံကို မြင်တွေ့ရပါတယ်။ ဗီဒီယိုက ကရိန်းကြီး ကျလာတဲ့ အခါမှာရိုက်ကူးထားတာလို့ ယူဆရပေမယ့် အတည်မပြုနိုင်သေးပါဘူး။

BBC

No comments:

Post a Comment