Thursday 10 September 2015

ဘီယာဆိုင်အတွင်း ရဲတပ်ဖွဲ့မကောင်းကြောင်းပြောသည့် လူငယ်များနှင့် ရဲတပ်သားတစ်ဦးတို့ အချင်းများပြီး အပြန်အလှန်အမှုဖွင့်

တာမွေ မြို့နယ် ဗညားဒလလမ်းပေါ်ရှိ တာမွေရဲစခန်းရှေ့တွင် ဖွင့်လှစ် ထားသည့် ဆွေဒီစားသောက်ဆိုင်၌ အမျိုးသားသုံးဦးက ရဲတပ်ဖွဲ့ဝင်များ မကောင်းကြောင်း ပြောဆိုနေစဉ် နောက်ဝိုင်းတွင်ရှိနေသည့် အရပ်ဝတ်နှင့် ရဲဝန်ထမ်းက ကြားသဖြင့် လှည့်ကြည့်ရာ လူငယ်သုံးဦးအနက် နှစ်ဦးက ရဲဝန်ထမ်းကို ပါးရိုက်ခဲ့သည်။

‘‘သူတို့က ရဲတပ်သားကို မင်းက ဘာကြည့်တာလဲဆိုပြီး ပါးရိုက်တယ်။ ရဲတပ်သားကစခန်းပြန် လာပြီး အကြောင်းကြားတော့ တာ ၀န်ကျဒုရဲအုပ်တွေနဲ့ ဆိုင်ကိုလိုက် သွားတယ်။ ဆိုင်ကိုရောက်တော့ သတ္တိရှိတဲ့ကောင် ငါ့နောက်လိုက်ခဲ့ဆိုပြီး မလွှကုန်းလမ်းထဲဝင်ပြေး တယ်’’ဟု တာမွေရဲစခန်းမှ ရဲအ ရာရှိတစ်ဦးက ပြောသည်။
ထွက်ပြေးသွားခဲ့သည့် အမျိုးသားသုံးဦးကို နောက်မှလိုက်လံ ဖမ်းဆီးစဉ် ၎င်းတို့သုံးဦးသည် ရွှံ့ဗွက်အတွင်း ချော်လဲကျသဖြင့် ပွန်းပဲ့ဒဏ်ရာအချို့ရရှိခဲ့ပြီး ဖမ်းဆီးရမိသည့်အခါတွင်လည်း အသာတကြည် ခေါ်ဆောင်၍မရ သောကြောင့် လက်ထိတ်ခတ်ဖမ်းဆီးခဲ့ရကြောင်း တာမွေမြို့မရဲစခန်းမှ ရဲအရာရှိက ပြောသည်။
‘‘သူတို့သုံးယောက်မှာ ပွန်းပဲ့ ဒဏ်ရာတွေရခဲ့လို့ ရန်ကုန်ဆေးရုံ ကြီး ပြင်ပလူနာဌာနမှာ ဆေးကုသဖို့ လုပ်ပေးခဲ့တယ်။ အမှုဖွင့်တဲ့ သုံးဦးစလုံးကို အဲဒီနေ့ညမှာပဲ အာမခံ နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ပါးရိုက်ခံရတဲ့ ရဲတပ်သားကလည်း တာဝန်ချိန်မဟုတ်ပါဘူး’’ဟု အဆိုပါရဲ အရာရှိက ပြောသည်။
ရဲတပ်သားကို ပါးရိုက်ခဲ့သူ ကျောက်မြောင်းအရှေ့ရပ်ကွက် မြို့သစ် (၁) လမ်းနေ အောင်ကိုကို (၂၈)နှစ် အပါအ၀င်အမျိုးသား သုံးဦးကို တာမွေမြို့မရဲစခန်းကပုဒ်မ ၃၃၂/၂၉၄/၄၂၇/၅၀၆/၁၁၄ဖြင့် အမှုဖွင့်အရေးယူထားပြီး အမှုဖွင့်အရေးယူခံရသူများကလည်း ပုဒ်မ ၁၁၄၊ ၃၂၅ ဖြင့် ပြန်လည်အမှုဖွင့်ထားကြောင်း သိရသည်။
7Day Daily

No comments:

Post a Comment