Thursday 10 September 2015

ရေဘေးကြောင့် ရှေးဟောင်းဒေသများပျက်စီးမှုစာရင်း ပြုစုရန် ပညာရှင်များ အကြံပြု


 မြန်မာနိုင်ငံတစ်ဝန်း တွင် ရေဘေးဒဏ်ခံခဲ့ရမှုကြောင့် ရှေးဟောင်းယဉ်ကျေးမှုဒေသများ ၌ ထိခိုက်ပျက်စီးမှုများအား စာ ရင်းကောက်ယူမှုများနှင့် ပြန် လည်ပြင်ဆင်မှုများ ပြုလုပ်ရန် ရှေးဟောင်းသုတေသနပညာရှင် များက အကြံပြုသည်။

၂၀၁၅ ဇွန်လမှစ၍ သြဂုတ် အထိမြန်မာနိုင်ငံအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေ ကြီးရေလျှံမှုများ ဖြစ်ပွားသော ကြောင့် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေများ၊ ပြုပြင်ထိန်းသိမ်းနေ ဆဲနှင့် တူးဖော်နေဆဲဖြစ်သော ယဉ်ကျေးမှု နယ်မြေများ၊ ရှေး ဟောင်းအဆောက်အအုံများပျက် စီးဆုံးရှုံးမှုများ ရှိ၊မရှိ ရှေးဟောင်း သုတေသနဌာနနှင့် အမျိုးသားပြ တိုက်ဌာနများက ထုတ်ပြန်ပေး သင့်ကြောင်း ရှေးဟောင်းသုတေ သနပညာရှင်များကပြောသည်။

ရေကြီးမှုကြောင့် မြန်မာ နိုင်ငံအထက်ပိုင်းရှိ ရှေးဟောင်း နယ်မြေများတွင် အနည်းနှင့်အ များ မြေအနေအထား ထိခိုက်နိုင် ပြီး အမြန်ဆုံးကွင်းဆင်း စစ်ဆေး သင့်ကြောင်း၊ အကယ်၍စိုးရိမ်စ ရာမရှိလျှင်လည်း အခြေအနေကို ထုတ်ပြန်သင့်ကြောင်း ပညာရှင် များကဆိုသည်။


‘‘ရေကြီးတဲ့နေရာတွေနဲ့ ရှေး ဟောင်းနယ်မြေတွေနဲ့ သိပ်တော့ မဆိုင်ပါဘူး။ အထက်ပိုင်းကဟန် လင်းတို့၊ ပျူတို့နဲ့ တူးဖော်နေဆဲနေရာတွေနဲ့ဝေးပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံး ရေကြီးမှုဖြစ်ပြီးပြီး ချင်း ကွင်းဆင်းပြီး ထိန်းသိမ်းသင့် တာ ထိန်းသိမ်းထားနိုင်ရင် အ ကောင်းဆုံးပေါ့’’ဟု ရှေးဟောင်း သုတေသနပညာရှင် ဦးစံလင်း ကဆိုသည်။

အဆိုပါအကြောင်းအရာ နှင့်ပတ်သက်၍ ရှေးဟောင်းသု တေသနဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းရာ တရားဝင်ညွှန်ကြား ထားခြင်းမရှိဘဲ စာရင်းကောက် ယူခြင်းများလည်း မရှိသေးကြောင်းဆိုသည်။ ဌာနက တရားဝင်ညွှန် ကြားထားခြင်းမရှိသော်လည်း ရေ ကြီးသောဒေသများတွင် အချို့ သောပညာရှင်အဖွဲ့များနှင့် ပူး ပေါင်း၍ ကွင်းဆင်းမှုများ မကြာ မီပြုလုပ်ရန်ရှိသည်ဟု ယင်းဌာနမှ ဦးစီးမှူးဦးစိုးဝင်းနိုင်ကပြောသည်။

ရေဘေးကြောင့် ထိခိုက်မှုရှိနိုင်သော ဒေသများသို့ ဌာနက အမြန်ဆုံးကွင်းဆင်းရန် တိုက် တွန်းထားပြီး နာမည်ကြီး ရှေးဟောင်းနယ်မြေများသာမက စေတီပုထိုးများ၊ သာသနိကအဆောက်အအုံများကိုပါ ထိန်းသိမ်းသင့်ကြောင်း မြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာရှင်များ အသင်းမှ ဒေါ်နန်းကြည်ကြည်နိုင်က ဆိုသည်။

ယခုနှစ်တွင် မိုးပိုကြီးသော ကြောင့် ရှေးဟောင်းသုတေသန ဦးစီးဌာနက တူးဖော်မှုများကို ယ ခင်နှစ်ကထက် နှစ်လထက်စော၍ ဇွန်လလယ် ခန့်ကပင် ရပ်နားထား ခဲ့ပြီး ပြန်လည်တူးဖော်ရန်၊ လုပ်ငန်းများ ပြန်လည်စတင်ရန် အနည်းငယ်နောက်ကျနိုင်သည်ဟု အဆိုပါဌာနမှသိရသည်။

No comments:

Post a Comment