Wednesday, 3 June 2015

ထန်းတပင်မြို့နယ်ရှိ တစ်ရွာလုံး မဲစာရင်းတွင် မွေးလ၊ မွေးရက် တူနေခြင်းသည် အိမ်ထောင်စု စာရင်းပါ အချက်အလက်များကြောင့် ဖြစ်ဟုဆို

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရွာတစ်ရွာတွင် ထုတ်ပြန်ထားသော မဲစာရင်းအရ တစ်ရွာလုံးရှိ လူဦးရေ အားလုံးသည် မွေးသက္ကရာဇ်သာ ကွာခြားပြီး မွေးလနှင့် မွေးရက်များ တူညီနေခြင်းသည် အိမ်ထောင်စု လူဦးရေ စာရင်းပါ အချက်အလက်များကြောင့် ဖြစ်သည်ဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက မဇ္ဈိမကို ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ဓာတ်တော်ကုန်းကျေးရွာအုပ်စု ၊ ဓာတ်တော်ကုန်း (အထက်) ကျေးရွာ၏ရွေးကောက်ပွဲအတွက် မဲပေးနိုင်မည့် မဲဆန္ဒရှင် စာရင်းများကို ကြေညာထားရာ ခုနစ်သာ ကွာခြားပြီး မွေးရက်နှင့်မွေးလမှာ ဇွန်လ ၃၀ ရက်ဟု အားလုံးအတူတူ ဖြစ်နေခြင်း ဖြစ်သည်။

အီရတ်နှင့် မဟာမိတ် ညွန့်ပေါင်းတပ်ဖွဲ့များ အိုင်အက်စ်ကို တိုက်ခိုက်ရာတွင် ဗျူဟာမြောက် အောင်မြင်မှုများရှိ

 အီရတ်တွင် အိုင်အက်စ်အဖွဲ့အား တိုက်ခိုက်ရန် အီရတ်နှင့် ၎င်း၏ မဟာမိတ် အဖွဲ့များက အောင်မြင်သည့် မဟာဗျူဟာများကို ချမှတ်နိုင်လျက်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောသည်။အိုင်အက်စ်တို့၏ ခြိမ်းခြောက်မှုများကို တန်ပြန်ရန် လေကြောင်း ထိုးစစ်များနှင့် အီရတ်တပ်ဖွဲ့များက ဗျူဟာမြောက် စွမ်းဆောင်နိုင်ကြောင်း ဘလင်ကင်က ပြောသည်။
ပြင်သစ်နိုင်ငံ ပါရီတွင် နိုင်ငံပေါင်း ၂၀ မှ ဝန်ကြီးများက အိုင်အက်စ်တို့ကို ချေမှုန်းရေးအတွက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ယင်းဆွေးနွေးပွဲသို့ ရုရှ၊ အီရန်နှင့် ဆီးရီးယားတို့က တက်ရောက်လာခြင်း မရှိပေ။

အပစ်ရပ်စာချုပ် ချုပ်ဆိုရေး နှောင့်နှေးနေပါက ကုလအကူအညီဆက်ပေးရန် စဉ်းစားရလိမ့်မည်ဟု ကုလအထူးကိုယ်စားလှယ်ပြော

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အမြန်ဆုံး လုပ်ဆောင်ရန်နှင့် နှောင့်နှေးနေပါက ကုလသမဂ္ဂ အကူအညီများ ဆက်ပေးရန် စဉ်းစားရလိမ့်မည်ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဘီဂျေးနမ်ဗီးယာက တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ ပထမနေ့ ညီလာခံ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။ဇွန်လ ၂ ရက် နံနက် ၁၀ နာရီတွင် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ၏ ညီလာခံကို စတင်ကျင်းပခဲ့ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်ဥက္ကဋ္ဌ ပြောဆိုပြုမူတာ ဥပဒေနဲ့ မညီဘူးထင်ရင် အချိန်မရွေး စွပ်စွဲပြစ်တင်နိုင်ဟု သူရဦးရွှေမန်းပြော

အချိန်ကြာမြင့်စွာ ဆွေးနွေးငြင်းခုံ စွပ်စွဲပြစ်တင် ဝေဖန်မှုများကြားမှ မြန်မာ့သတ္ထုတွင်း ဥပဒေကို ပြည်သူ့ လွှတ်တော်၏ ပြင်ဆင်ချက်များ အတိုင်း ဇွန် ၂ရက် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုနိုင်ခဲ့သည်။ ထို့အတူ လွှတ်တော်နာယက၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ဝေဖန်စွပ်စွဲကြသူ အမတ်အချို့အကြား သဘောကွဲလွဲမှု၊ စွပ်စွဲထိပါးမှုအချို့လည်း ရှိခဲ့သဖြင့် လွှတ်တော်ဥက္ကဋ္ဌ ဆောင်ရွက်မှု မှားသည်ထင်လျှင် စွပ်စွဲပြောဆိုနိုင်ကြောင်း သူရဦးရွှေမန်းက သတိပေးပြောကြားခဲ့သည်။

လှေစီး ဒုက္ခသည်များအရေး နိုင်ငံတော်အစိုးရ ပြတ်သားသော မူဝါဒဖြင့် ဆောင်ရွက်ရန် အရေးကြီးအဆို တင်သွင်း


လှေစီးထွက်ပြေးသူ ဒုက္ခသည်များကို ပြတ်သားသော မူဝါဒ ချမှတ်ဆောင်သွားရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို အမျိုးသားလွှတ်တော်တွင် ဇွန် ၂ ရက်က တင်သွင်း အတည်ပြုခဲ့သည်။အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက “စတင်တွေ့ရှိသည့် မြန်မာ့ရေပိုင်နက်တွင်ပင် ပဏာမ စစ်ဆေးပြီး တစ်ဘက်နိုင်ငံ ရေပိုင်နက် သို့မဟုတ် နိုင်ငံတကာ ရေပိုင်နက်ကို စားနပ်ရိက္ခာ ထောက်ပံ့ဖြည့်ဆည်းပေးလိုက်ပြီး စောင့်ကြပ် ပို့ဆောင်ပေးလိုက်ပါက ပိုမို သင့်တော် သည့် နည်းလမ်း ဖြစ်ပါသည်။ လက်ရှိ ဟိုင်းကြီးကျွန်း အနီးတွင် ထိန်းသိမ်းထားသော တစ်ဘက်နိုင်ငံက လူ ၇၀၀ ကျော် လူအုပ်စုအား လာရင်းဒေသကို ပြန်ပို့ပေးရန် သူတို့ကိုယ်တိုင် တောင်းဆိုနေကြောင်း သိရသည့်အတွက် စားနပ်ရိက္ခာ ပံ့ပိုးပေးပြီး တစ်ဘက်နိုင်ငံ ရေပိုင်နက် နယ်နိမိတ်အစပ်ထိ လိုက်ပါပို့ဆောင်စောင့်ကြပ် လိုက်ပို့ စေလိုကြောင်း တင်ပြလိုပါသည်” ဟု အရေးကြီး အဆိုတင်သွင်း စဉ် ပြောသည်။

ဗုဒ္ဓဘာသာဝင် ဇနီးကို နည်းအမျိုးမျိုးဖြင့် ဘာသာပြောင်းစေသူအား ပြစ်ဒဏ်ချရာတွင် လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲ

 မြန်မာ ဗုဒ္ဓဘာသာ မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းအတွက် ပြည်သူ  လွှတ်တော်၏
ပြင်ဆင်အတည်ပြုချက် ၄၇ ချက်အပေါ် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်အများစုကို သဘောတူသော်လည်း ပြစ်မှုပြစ်ဒဏ်အပိုင်းတွင် သဘောထား ကွဲလွဲလျက်ရှိကြောင်း အမျိုးသားလွှတ်တော်က ပြည်သူ့လွှတ်တော်သို့ ပြန်လည်ပေးပို့လာသောပြင်ဆင်ချက်တွင် ဖော်ပြပါရှိသည်။
အဆိုပါ ဥပဒေ၏ အခန်း(၅) “ဗုဒ္ဓဘာသာဝင် မဟုတ်သည့် ယောက်ျား လိုက်နာရမည့် အချက်များ” မှ ပုဒ်မ ၁၉ (င) တွင် “မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမကို နည်းအမျိုးမျိုးဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှုကို စွန့် လွှတ်စေပြီး မိမိကိုးကွယ်ရာ ဘာသာသို့ ဖြစ်စေ၊ အခြားဘာသာ တစ်မျိုးမျိုးသို့ ဖြစ်စေ၊ ကူးပြောင်းကိုးကွယ်စေမှု မပြုရ” ဟူသည့် ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်လျှင် “ထိုသူကို ငါးနှစ်ထက်
မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ကျပ် သိန်းနှစ်ဆယ်ထက် မပိုသော ငွေဒဏ်လည်း ချမှတ်ရမည်” ဟု ပြည်သူ့လွှတ်တော်ကပြင်ဆင် အတည်ပြုခဲ့သည်။ အမျိုးသားလွှတ်တော်ကမူ ထောင်ဒဏ် ငါးနှစ်နေရာ၌ “နှစ်နှစ်ထက်မပိုသော” ဟူ၍ ကွဲလွဲသောပြင်ဆင်အတည်ပြုချက်ဖြင့် ပြည်သူ့ လွှတ်တော်သို့ ပြန်လည် ပေးပို့ခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းများ သူရဦးရွှေမန်း ဦးဆောင်သည့် စိစစ်ရေးအဖွဲ့များဖြင့် ရွေးချယ်မည်ဟုဆို


 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် စိစစ်ရေးအဖွဲ့များဖြင့်သာ ရွေးချယ်သွားမည်ဟု ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက မဇ္ဈိမကို ပြောသည်။
"စိစစ်ရေးအဖွဲ့ ၂ ခုစလုံးကို ဥက္ကဋ္ဌက ဦးဆောင်ကြီးကြပ်တယ်။ ၂ ဖွဲ့စလုံးကို တာဝန်ပေးထားတယ်။ ကျွန်တော်မပါဘူး။ အစည်းအဝေးတွေမှာ သွားတက်ရပါတယ်။ အခု အနီးစပ်ဆုံး ဗဟိုအလုပ်မှုဆောင် အစည်းအဝေးမှာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တော့ နေရာ ၅ ခု လျာထားတယ်။ ဘာတွေလည်း မပြောနိုင် သေးပါဘူး" ဟု ၎င်းက ဆိုသည်။

လယ်သမားများကို ချေးငွေထုတ်ပေးရန် လယ်ဆည်ဝန်ကြီးဌာန ချေးငွေကျပ် ၄၀၀ ဘီလီယံ ချေးယူခွင့် လွှတ်တော်တင်သွင်း

 လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ပေးရန် ကျပ် ၄၀၀ ဘီလီယံ လိုအပ်သည့်အတွက် ဗဟိုဘဏ်မှ ချေးယူခွင့်ပြုရန် ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။
“တောင်သူများ ဒေသအလိုက် ရာသီအလိုက် လိုအပ်ချက်ကို အချိန်ကိုက် ဆောင်ရွက်ပေးနိုင်ဖို့အတွက် မြန်မာ့စီးပွားရေးဘဏ်က ခွင့်ပြုမိန့်ရရှိထားတဲ့ ကျပ်ဘီလီယံ ၈၀၀နဲ့ ၂၀၁၅ ခု မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေကို မေ ၂၁ ရက်ကစပြီး လယ်ယာဖွံ့ဖြိုးရေးဘဏ်က တစ်ပြိုင်နက် ထုတ်ချေးပေးနေပါတယ်” ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းက ပြောသည်။

မွန်တိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာအချို့တွင် ကလေးအများစု ကျောင်းထွက်ခြင်း မှာ အသက်အန္တရာယ်လုံခြုံမှု အာမခံချက် မရှိခြင်းအချက် တစ်ချက် ပါဝင်ဟုဆို

 မွန် တိုင်းရင်းသား များစုနေထိုင်ရာ ကျေးရွာအချို့တွင် ကလေးငယ်များ ကျောင်းထွက်ရခြင်းသည် စာသင်ကျောင်းနှင့်အလှမ်းဝေးသည့်အတွက် ကလေးငယ်များအတွက် အသက်အန္တရာယ် လုံခြုံမှု အာမခံချက် မရှိခြင်းသည် တစ်ချက် အပါအဝင်ဖြစ်သည်ဟု  မွန်ပြည်နယ် လူ့အခွင့်အရေးဖောင်ဒေးရှင်း လက်အောက်တွင် ရှိသော အမျိုးသမီးနှင့် ကလေးအခွင့်အရေး အစီအစဉ်မှ တာဝန်ရှိသူ တစ်ဦး ဖြစ်သည့် မိထောချမ်းက မဇ္ဈိမကို ပြောသည်။မွန်ပြည်နယ်ရှိ ရေးမြို့နယ်၊ ကရင်ပြည်နယ်ရှိ ကြာအင်းဆိပ်ကြီးမြို့နယ်၊တနင်္သာရီတိုင်းရှိ ရေဖြူမြို့နယ် စသည်တို့တွင် မွန်လူမျိုးအများစုနေထိုင်ရာကျေးရွာပေါင်း ၁၇ ရွာမှ ရွာသူ၊ သား ၁၄၆ ဦးကို မွန်ပြည်လူ့ အခွင့်အရေး
ဖောင်ဒေးရှင်းမှ ကွင်းဆင်းလေ့လာခဲ့ရာတွင် တနင်္သာရီတိုင်းရှိရေဖြူမြို့နယ်မှ မူလတန်းကျောင်းသူ တစ်ဦး အဓမ္မပြုကျင့်ခံရခြင်းသည်ကျောင်းသားမိဘများ စိတ်မချရခြင်း အကြောင်းအရာ တစ်ခုဖြစ်ခဲ့သည်ကို
တွေ့ရသည်ဟုလည်း ၎င်းက ဆိုသည်။

ထိုင်း-မြန်မာနယ်စပ် သောင်ရင်း မြစ်ကူး ဒုတိယတံတား တည်ဆောက်ရေး စတင်တော့မည်


ထိုင်း-မြန်မာနယ်စပ် နှစ်နိုင်ငံချစ်ကြည်ရေး သောင်ရင်းမြစ် ဒုတိယမြစ်ကူးတံတားနှင့် လေးလမ်းသွား အဝေးပြေးလမ်း ဖောက်လုပ်ရန် ဘတ်ငွေ ၄ ဘီလီလျံခန့် သုံးစွဲသွားမည်ဟု ထိုင်းအစိုးရအဖွဲ့က ဇွန်လ ၂ ရက်နေ့က ဆုံးဖြတ်အတည်ပြုလိုက်သည်။၂၀၁၅ ခုနှစ်အတွင်း အကောင်အထည်ဖော်နိုင်ရန် စီစဉ်ထားသည့် မဲဆောက်အထူးစီးပွားရေးဇုံအား အထောက်အကူဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထိုင်းအစိုးရ လက်ထောက် ပြောခွင့်ရသူ ဆန်ဆန်းကယောက်ခမ်းနပ်က ပြောသည်။

ရခိုင်ပြည်နယ် ရှေ့နေများကောင်စီ ရုပ်ပြ ဖြစ်နေဟု အဖွဲ့ဝင်များဆို

ရခိုင်ပြည်နယ် တရားဥပဒေ စိုးမိုးရေးနှင့် ဥပဒေရေးရာ ပညာပေးမှုများအတွက် ဖွဲ့စည်းထားသော ရခိုင်ပြည်နယ်ရှေ့နေများကောင်စီသည် လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း မရှိသေးဘဲ ရုပ်ပြ ဖြစ်နေသည်ဟု ကောင်စီ၏ ဗဟိုပြန်ကြားရေး တာဝန်ခံ ဦးကျော်ညွန့်မောင်က ပြောကြားသည်။
ရခိုင်ပြည်နယ် ဥပဒေ ပညာရှင်များ၊ ရှေ့နေများ ပါဝင်သော ရခိုင်ပြည်နယ် ရှေ့နေများကောင်စီကို ၂၀၁၅ မတ်လအတွင်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကျေးလက် ပြည်သူများကို ဥပဒေရေးရာ အကာအကွယ်များ ရရှိရေး၊ ဒေသတွင်း တရားဥပဒေ စိုးမိုးရေးများ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဒေါက်တာ နေဇင်လတ်၏ ပါတီနှင့် ပတ်သက်ခြင်း လုံးဝမရှိဟု အစိုးရထုတ်ပြန်


သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေး အကြံပေးအဖွဲ့ဝင်ဟောင်းဖြစ်သူ ဒေါက်တာ နေဇင်လတ် ဦးဆောင်သည့် အမျိုးသားတိုးတက်ရေးပါတီ(NDP)နှင့် ပတ်သက်ခြင်း လုံးဝမရှိဟု ပြည်ထောင်စု အစိုးရ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇွန် ၂ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

Tuesday, 2 June 2015

သာသနာ ညှိုးနွမ်းစေမှုဖြင့် ဦးထင်လင်းဦးကို အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်ချ

အမိန့်ချအပြီး ချောင်းဦးတရားရုံးမှ ထွက်လာသည့် စာရေးဆရာ ဦးထင်လင်းဦး (ဓာတ်ပုံ- အောင်ကိုဦး၊မဇ္ဈိမ)
စစ်ကိုင်း (မဇ္ဈိမ) ။ ။ ချောင်းဦး စာပေဟောပြောပွဲတွင် ပြောခဲ့သည့် ဟောပြောချက် အချို့မှာ ဘာသာ၊ သာသနာကို ညှိုးနွမ်းစေသည်ဟုဆိုကာ တရားစွဲဆိုခံထားရသော ဦးထင်လင်းဦးကို သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)  ဖြင့် ချောင်းဦးမြို့နယ်တရားရုံးက ဇွန် ၂ ရက်တွင် အလုပ်နှင့်ထောင်ဒဏ် နှစ် နှစ် အမိန့်ချလိုက်သည်။

“အမှိုက်သိမ်းတဲ့ ကိစ္စ၊ လူထု ဆန္ဒခံယူပွဲ လုပ်ဖို့ လိုသလား”

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဟာ အမှိုက်သိမ်းတဲ့ လုပ်ငန်း ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပေးဖို့ ပြင်ဆင်နေပါတယ်။ လုပ်ငန်း လုပ်မယ့် ပုဂ္ဂလိက ကုမ္ပဏီ နှစ်ခုကိုတောင် ရွေးချယ်လို့ ပြီးသွားပါပြီ။ ဒါပေမယ့် ပုဂ္ဂလိကပိုင်းက လုပ်ငန်းတော့ မစတင်သေးပါဘူး။ အကြောင်းကတော့ ပုဂ္ဂလိက ကုမ္ပဏီတွေကသာ အမှိုက်သိမ်း လုပ်ငန်း လုပ်ရင် ပြည်သူတွေဆီကနေ ၀န်ဆောင်ခ အဖြစ် လက်ရှိ စည်ပင်က ယူနေတဲ့ နှုန်းထားရဲ့ ၃၀၀ ရာခိုင်နှုန်းကနေ ၄၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ယူမယ့်ကိစ္စ ပြည်သူတွေ သဘောတူ မတူ သိချင်သေးလို့ ဖြစ်ပါတယ်။ အခုလို အမှိုက်သိမ်းခ လက်ရှိ နှုန်းထားကနေ ၃-၄ ဆ လောက် ကောက်မယ်၊ ဒါကို ပြည်သူတွေ သဘော တူမတူ စစ်တမ်းကောက် မေးမြန်းမယ်၊ ပြည်သူတွေ သဘောတူမှသာ အကောင်အထည် ဖော်မယ်လို့ ဆိုပါတယ်။ လက်ရှိ စည်ပင်က ဆောင်ရွက်နေတဲ့ အမှိုက်သိမ်းလုပ်ငန်း ပုဂ္ဂလိကကို လွှဲပြောင်းရေး လုပ်ငန်းစဉ် မှန်ကန်မှု ရှိပါရဲ့လား၊ ပြည်သူတွေရဲ့ ဆန္ဒသဘောထား ကောက်ခံမယ် ဆိုတာကလည်း တကယ်ပဲလား၊ အဲဒီ ကိစ္စ ဘာပြဿနာတွေ ရှိနိုင်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

“အမုန်းတရား ဟောပြီး မဲမဆွယ်ပါနဲ့”

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရဟာ အရင် စစ်အာဏာရှင်တွေနဲ့ အစိုးရအဆက်ဆက်ရဲ့ ဆိုးမွေကြီး တစ်ခုဖြစ်တဲ့ ပြည်တွင်းစစ်ကို လက်ခံ ရရှိထားပါတယ်။ ပြည်တွင်းစစ်ဟာ အရာရာကို ဖျက်ဆီးပါတယ်။ တိုင်းရင်းသား အချင်းချင်း မုန်းတီးမှု၊ မယုံကြည်မှု ဖြစ်ပေါ်စေပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတာကို စက္ကူပေါ်မှာပဲ တည်ဆောက်လို့ ရပါတယ်။ တကယ် လက်တွေ့ မတည်ဆောက်နိုင်ပါဘူး။ တိုင်းပြည်စီးပွားရေး ကိုလည်း ဖျက်ဆီးပစ်ပါတယ်။ စစ်အာဏာရှင် စနစ်ကိုလည်း အမြစ်တွယ် ရှင်သန်စေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ စိတ်ဆန္ဒရှိတဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့တွေဟာ နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါး ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ် ရပ်စဲပြီး လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရအောင် ကျားကုတ်ကျားခဲ ကြိုးစားနေတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ တိုင်းရင်းသားတွေနဲ့ ယုံကြည်မှု ပိုပြီး ပျက်ပြားအောင်၊ ငြိမ်းချမ်းရေးကို အလှမ်းဝေးသွားစေအောင်အထိ ဖြစ်သွားစေနိုင်တဲ့ ဆောင်းပါး တစ်ပုဒ် ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်မှာ ဖော်ပြပါရှိလာပါတယ်။

အမျိုးသမီး ပါဝင်မှု မြင့်လာနိုင်တဲ့ ၂၀၁၅ ရွေးကောက်ပွဲ အခင်းအကျင်း

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို လာမယ့် အောက်တိုဘာသို့ နိုဝင်ဘာလအတွင်းမှာ ကျင်းပပေးမယ်လို့ ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ကြေညာထားပြီး ဖြစ်ပါတယ်။ ပြည်တွင်းအပြင် နိုင်ငံတကာကရော စိတ်ဝင်စားမှု
မြင့်တက်နေတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့အတွက် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ အနေနဲ့
ပြင်ဆင်မှုတွေ စတင် ပြုလုပ်နေပြီ ဖြစ်သလို နိုင်ငံရေးပါတီတွေကလည်း အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ ယခင်
ရွေးကောက်ပွဲထက် အရေအတွက် ပိုမိုပါဝင်ယှဉ်ပြိုင်နိုင်ဖို့ မူဝါဒတွေ ချမှတ်ဆောင်ရွက်နေကြပါတယ်။

လိုက်လေ ဝေးလေ ပြေးလေ

ကောလဟလလား၊ ဖြစ်ရပ်မှန်ပဲလား၊ လုပ်ကြံခံရတာပဲလား ကာယကံရှင်တွေကပဲ သိကြလိမ့်မည်။ ယခုရက်ပိုင်း မြန်မာပြည်က
ဖေ့စ်ဘွခ် အင်တာနက်စာမျက်နှာမှာ ဖောက်ပြန်သော ခင်ပွန်းလင်ယောင်္ကျားကြောင့် ကိုယ့်ကိုယ်ကို သတ်သေသွားသော ဆရာဝန်မ တစ်ဦးအကြောင်းက အတော် လူသိများ ပျံ့နှံ့နေသည်။ သူ၏ သတင်းစာပါ နာရေးသတင်းကိုပါ တွဲပြထားရာ အဆိုပါနာရေးအရ သားတစ်ဦး မိခင်တစ်ယောက်ဟု သိရသဖြင့် ဝမ်းနည်းကြေကွဲဖွယ် ဖြစ်သည်။ သို့သော်လည်း မိမိ၏ အလုပ်၊ ပညာတို့သာမက သားလေး၏ ဘဝနောင်ရေး အတွက်ကိုပါ ဖောက်ပြန်သော ယောကျာ်း တစ်ဦးကြောင့် အရှုံးပေးစွန့်လွှတ်သွားသည်က ပိုကြေကွဲစရာ ကောင်းလှပါသည်။

သပိတ်မှောက်ကျောင်းသားများကို ရိုက်နှက်ခြင်းမရှိဟု တရားလိုရဲမှူး ထွက်ဆို

 မတ်လ ၁၀ရက်က လက်ပံတန်းမြို့တွင် သပိတ်မှောက်ဆန္ဒပြသည့် ကျောင်းသားများနှင့် ၀န်းရံသူများကို ရိုက်နှက်ခြင်းမရှိဘဲ နံပါတ်တုတ်ဖြင့် ရွယ်ရုံသာရွယ်ခဲ့သည်ဟု တရားလိုရဲမှူးက တရားရုံးတွင် ထွက်ဆိုခဲ့ကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင်နှင့် ဖမ်းဆီးခံကျောင်းသား ကိုမင်းသွေးသစ်၏ မိခင်က မဇ္ဈိမကို အတည်ပြုပြောဆိုသည်။
"သူ(တရားလိုရဲမှူး)ကိုယ်တိုင် ထွက်ဆိုတာပါ။ ရွယ်နေတယ်ဆိုတဲ့ စကားကတော့ အမှန်တရားကို ကျောခိုင်းပြီး ထွက်ဆိုတဲ့ ထွက်ဆိုချက်ပေါ့။ အဲ့ဒါ လက်မခံနိုင်ဘူး" ဟု ဖမ်းဆီးခံကျောင်းသားများ၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

လှေစီးဒုက္ခသည်များထံ သွားရောက်သတင်းယူသည့် သတင်းထောက်များကို ရေတပ်တားမြစ်

 ဧရာဝတီတိုင်း ဟိုင်း ကြီးကျွန်းအနီး ပင်လယ်ရေပြင် တွင် ထိန်းသိမ်းထားသည့် လှေစီး ဒုက္ခသည်များထံသို့ သွားရောက် သတင်းယူခဲ့သည့် နိုင်ငံတကာ သတင်းထောက်များကို  မြန်မာ့ တပ်မတော် (ရေ)က တားမြစ်ခဲ့ ပြီး သတင်းဓာတ်ပုံမှတ်တမ်းများ သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိ သည်။
မေလ ၃၀ ရက် နံနက်တွင် ပုသိမ်မြို့မှတစ်ဆင့် ဟိုင်းကြီးကျွန်းသို့ Reuter ၊ AP နှင့် EPA မှ နိုင်ငံခြားသားသတင်းထောက် သုံးဦး၊ မြန်မာသတင်းထောက်ငါးဦး စုစုပေါင်း သတင်းထောက်ရှစ်ဦး ရောက်ရှိလာပြီး လှေစီးဒုက္ခသည် များထံ သွားရောက်သတင်းယူရန် သက်ဆိုင်ရာအဆင့်ဆင့်သို့ တင် ပြခဲ့သည်။
မေလ ၃၁ ရက် နံနက်အထိ အကြောင်းပြန်ခြင်းမရှိသဖြင့် သတင်းထောက်များက မိမိအစီ အစဉ်ဖြင့် ခမောက်မော်ကျေးရွာ ရှိ ငါးဖမ်းလှေနှစ်စီးငှား၍ မြန်မာ့ပင်လယ်ပြင် လိပ်ကျွန်းအနီး လှေစီးဒုက္ခသည်များ၏ သင်္ဘောသို့ သွား၍ သတင်းဓာတ်ပုံရိုက်ခြင်း များပြုလုပ်နေစဉ် မြန်မာ့တပ် မတော် (ရေ)က တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း EPA မှ ဓာတ်ပုံ သတင်းထောက် ဦးငြိမ်းချမ်းနိုင် က ပြောသည်။

ရာသီဥတု သဘောတူညီချက် ကုလကြိုးပမ်းမှုများ မလုံလောက်ဟု ပြင်သစ်ဝန်ကြီးပြောကြား

ယခုနှစ်နှောင်းပိုင်း ပြင်သစ် နိုင်ငံ ပါရီမြို့တွင် ထိပ်သီးအစည်း အဝေး မကျင်းပမီ စိတ်ပျက်မှုများ တိုးပွားလာခြင်း လက္ခဏာအဖြစ် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက် ရေး ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် ရရှိရန် ကုလသမဂ္ဂ၏ ဦးဆောင်ကြိုးပမ်းမှုများမှာ လုံ လောက်မှုမရှိဟု ပြင်သစ်သဘာဝ ပတ်ဝန်းကျင်ဝန်ကြီးက ပြောကြားလိုက်သည်။