Wednesday 3 June 2015

အီရတ်နှင့် မဟာမိတ် ညွန့်ပေါင်းတပ်ဖွဲ့များ အိုင်အက်စ်ကို တိုက်ခိုက်ရာတွင် ဗျူဟာမြောက် အောင်မြင်မှုများရှိ

 အီရတ်တွင် အိုင်အက်စ်အဖွဲ့အား တိုက်ခိုက်ရန် အီရတ်နှင့် ၎င်း၏ မဟာမိတ် အဖွဲ့များက အောင်မြင်သည့် မဟာဗျူဟာများကို ချမှတ်နိုင်လျက်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောသည်။အိုင်အက်စ်တို့၏ ခြိမ်းခြောက်မှုများကို တန်ပြန်ရန် လေကြောင်း ထိုးစစ်များနှင့် အီရတ်တပ်ဖွဲ့များက ဗျူဟာမြောက် စွမ်းဆောင်နိုင်ကြောင်း ဘလင်ကင်က ပြောသည်။
ပြင်သစ်နိုင်ငံ ပါရီတွင် နိုင်ငံပေါင်း ၂၀ မှ ဝန်ကြီးများက အိုင်အက်စ်တို့ကို ချေမှုန်းရေးအတွက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ယင်းဆွေးနွေးပွဲသို့ ရုရှ၊ အီရန်နှင့် ဆီးရီးယားတို့က တက်ရောက်လာခြင်း မရှိပေ။

အိုင်အက်စိတို့ကို တိုက်ခိုက်နေရာတွင် အခြားနိုင်ငံများအနေဖြင့် ထောက်ပံ့ကူညီရေးအတွက် တာဝန်ရှိကြောင်း အီရတ် ဝန်ကြီးချုပ်က ပြောခဲ့သည်။

အိုင်အက်စ်ကို ထိုးစစ်ဆင်မှုသည် ကမ္ဘာ၏ ပျက်ကွက်မှုဖြစ်ကြောင်း အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါအယ်လ်အဘတ်ဒီက ယခင်က ပြောခဲ့သည်။

သို့သော် ဆွေးနွေးပွဲပြီးနောက် ဘလင်ကင်နှင့် ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး လော်ရန့်ဖာဘီရပ်စ်တို့နှင့် တွေ့ဆုံရာတွင် မဟာမိတ်များထံမှ အကူအညီများကို ၎င်းက မျှော်လင့်ကြောင်း ပြောခဲ့သည်။

အိုင်အစ်စ်တို့က အမေရိကန်၏ လေကြောင်း ထိုးစစ်ဆင်မှုများကို ရင်ဆိုင်နေရသည့်ကြားက အီရတ်တွင် တိုက်ပွဲများ အောင်မြင်လျက် ရှိနေသည်။

REF : BBC

No comments:

Post a Comment