Saturday, 6 December 2014

ပင်တဂွန်အကြီးအကဲအဖြစ် အက်ရှ်တွန်ကာတာကို အိုဘားမား ရွေးချယ်

Photo: ပင်တဂွန်အကြီးအကဲအဖြစ် အက်ရှ်တွန်ကာတာကို အိုဘားမား ရွေးချယ်
Saturday, December 6, 2014
 
အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားက နိုင်ငံရေး၊ စက်မှုလုပ်ငန်း ကဏ္ဍမှာ အရှိန်အဝါကြီးတဲ့ အက်ရှ်တွန်ကာတာကို ကာကွယ်ရေး ၀န်ကြီးအဖြစ် ရွေးချယ်လိုက်ပါတယ်။

အသက် ၆၀ နှစ်အရွယ်ကာတာကို အိုဘားမားက ချီးကျူးပြောဆိုလိုက်ပြီး လွှတ်တော်က အတည်ပြုရင်တော့ ၀န်ကြီးဟောင်း ချပ်ဟေဂယ်လ်နေရာကို အစားထိုးနိုင်မှာ ဖြစ်ပါတယ်။

ချပ်ဟေဂယ်လ်ကတော့ ဖိအားတွေများတဲ့အတွက် အရင်သီတင်းပတ်က ရာထူးက နုတ်ထွက် သွားခဲ့ပါတယ်။

ရင်ဆိုင်နေရတဲ့ ဗျူဟာကျ စိန်ခေါ်မှုတွေရဲ့ လေးနက်မှုနဲ့ အမေရိကန်တွေအတွက် ရှိနေတဲ့ တောက်ပတဲ့ အခွင့်အရေး အတွက် အိုဘားမားကမ်းလှမ်းချက်ကို လက်ခံတာလို့ ကာတာက ပြောပါတယ်။

ကာတာကို ရွေးချယ်ခဲ့ပြီး  ချောမွေ့တဲ့ ပြောင်းလဲမှု ဖြစ်ဖို့ အတွက် ဟေဂယ် ဖုန်းကနေတဆင့် ဆက်သွယ်ခဲ့ပါတယ်။ ကာတာကိုရွေးချယ်တာကို ထောက်ခံတယ်လို့လည်း သူက ပြောပါတယ်။

ရွေးချယ်ခံရရင်တော့ အစ္စလာမ်မစ်စစ်သွေးကြွတွေအပေါ် ဆင်နွဲနေတဲ့ လေကြောင်းတိုက်ပွဲ အာဖဂန်နစ္စတန်က အမေရိကန် စစ်တပ်တွေ ပြန်လည် နောက်ဆုတ်ရေး အီရန် နျူကလီးယားအရေးနဲ့ တရုတ်ရဲ့ ကြီးထွားလာတဲ့ စစ်ရေးတွေနဲ့ ပတ်သက်ပြီး ကာတာက တာဝန်ယူ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

အဆင်မြင့် လက်နက်တွေ ကျွမ်းကျင်မှုနဲ့ စစ်ရေး အသုံးစရိတ်တွေနဲ့ပတ်သက်ပြီး ကာတာက နာမည်ကောင်းရထားသလို အပြောင်းအလဲသမားအဖြစ်သူကိုယ်သူ ကာတာက ပုံဖော်လေ့ရှိပါတယ်။

၂၀၁၁-၁၃ ခုနှစ်အထိ လက်ထောက် ကာကွယ်ရေး ၀န်ကြီးအဖြစ် ထမ်းဆောင်ခဲ့သလို တခြား ပင်တဂွန်က ထိပ်တန်းရာထူးတွေကိုလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူတဦးဖြစ်ပါတယ်။ ဒါပေမယ်မယ့်လည်း စစ်ပွဲ ဗျူဟာတွေနဲ့ ပတ်သက်ရင်တော့ အတွေ့အကြုံနည်းသလို စစ်တပ်မှာ တာဝန်မထမ်းဆောင်ခဲ့ဖူးဘူးလို့ ဆိုပါတယ်။

ဒီဗွီဘီ 

သမ္မတ အိုဘားမားနှင့် အက်ရှ်တွန်ကာတာ
သမ္မတ အိုဘားမားနှင့် အက်ရှ်တွန်ကာတာ
အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားက နိုင်ငံရေး၊ စက်မှုလုပ်ငန်း ကဏ္ဍမှာ အရှိန် အဝါကြီး တဲ့ အက်ရှ်တွန်ကာတာကို ကာကွယ်ရေး ၀န်ကြီးအဖြစ် ရွေးချယ်လိုက်ပါတယ်။

မြန်မာနိုင်ငံတွင် ဆယ်ကျော်သက် နှစ်ဆယ်ရာခိုင်နှုန်း စိတ်ကျန်းမာရေး ပြဿနာနှင့် ရင်ဆိုင်နေရဟုဆို

Photo: မြန်မာနိုင်ငံတွင် ဆယ်ကျော်သက် နှစ်ဆယ်ရာခိုင်နှုန်း စိတ်ကျန်းမာရေး ပြဿနာနှင့် ရင်ဆိုင်နေရဟုဆို
Friday, December 5, 2014 

မြန်မာနိုင်ငံရှိ ဆယ်ကျော်သက် လူငယ်များ၏ ၂၀ ရာခိုင်နှုန်းသည် နှစ်စဉ် စိတ်ကျန်းမာရေး ပြဿနာများဖြင့် ရင်ဆိုင်နေရသည်ဟု ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သိန်းသိန်းဌေးက ပြောသည်။

ဒု-၀န်ကြီးက “စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး နှစ်စဉ် ဆယ်ကျော်သက်များရဲ့ ၂၀ ရာခိုင်နှုန်းခန့်ဟာ စိတ်ကျန်းမာရေး ပြဿနာများနဲ့ ရင်ဆိုင်နေရတယ်လို့ ခန့်မှန်းရပါတယ်။ အဖြစ်များတဲ့ ရောဂါတွေကတော့ စိတ် ကျဝေဒနာနဲ့ အခြားသော စိတ်ခံစားမှု ပြဿနာ များပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

နေပြည်တော် မြတ်နန်းယုံ ဟိုတယ်တွင် ဒီဇင်ဘာ ၄ ရက်နှင့် ၅ ရက်က ပြုလုပ်သည့် ကျန်းမာရေးဝန်ထမ်း များကို လူငယ်အချင်းချင်း ဆက်သွယ်ကာ ပညာပေးဆိုင်ရာ ကျွမ်းကျင်မှု အရည်အသွေး ပိုမိုတိုးတက်စေ ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ ပူးပေါင်းပြီးပြုလုပ်သည့် သင်တန်း တွင် ဒု-၀န်ကြီးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

အဆိုပါစိတ်ကျန်းမာရေး ပြဿနာ များသည် အဓိကအားဖြင့် ကျန်းမာရေးဌာန အဆင့်ဆင့်များတွင် လူငယ်များ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ပြည့်စုံသည့်နည်းပညာများမရှိခြင်း၊ ဆေးဝါးပစ္စည်းများ မရှိခြင်း၊ လူငယ်များ သွားလာရ လွယ်ကူသော နေရာများမရှိခြင်း၊ လူငယ်များ လာ ရောက်နိုင်သောနေရာ များတွင် ကျန်းမာရေးဌာနများ မရှိခြင်းနှင့် နွေးထွေးစွာကြိဆို၍ လုံခြုံစွာ သတင်းလျှို့ဝှက် ထိန်းသိမ်းပေးမှုအား နည်းနေခြင်းများကြောင့် ဖြစ်သည်ဟုဆိုသည်။

ယင်းအပြင် လူငယ်များတွင် ကျန်းမာရေးနှင့်ပတ်သက်သော ဗဟုသုတ နည်းပါးခြင်း၊ ပြည်သူလူထုက လူငယ်များ၏ ကျန်းမာရေး စောင့်ရှောက်မှုကို ၀ိုင်းဝန်းကူညီ ပံ့ပိုးမှု အားနည်းခြင်း၊ ကျန်းမာရေးဝန်ထမ်းများက လူငယ်များလိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု နည်းပါးခြင်းနှင့် လူငယ်များကို ထိရောက်စွာ ပြောဆို ဆက်ဆံရာတွင် လေးစားမှု အလေးအနက် ထားမှုနည်းပါး ခြင်းမျာကြောင့်လည်း ယင်းသို့ဖြစ်ရသည်ဟု ဒု-၀န်ကြီးက ပြောသည်။

ဆယ်ကျော်သက် လူငယ်လူရွယ် ကျန်းမာရေးဖွံ့ဖြိုးမှုအစီအစဉ်များသည် ကျန်းမာရေး စောင့်ရှောက်မှု စီမံ ကိန်းများ၊ ဆက်စပ်လျက်ရှိသည့် ၀န်ကြီးဌာနများ၊ ပြည်တွင်းပြည်ပ လူမှုရေးအဖွဲ့ အစည်းများနှင့်လည်း ချိတ်ဆက်ဆောင် ရွက်ရန်လိုသည်ဟု ၎င်းကပြောသည်။

ဆယ်ကျော်သက်မိခင်များတွင် အသေမွေးနှင့် မွေးကင်းစကလေး သေဆုံးခြင်း ၅၀ ရာခိုင်နှုန်းဖြစ်နေယင်း အပြင် မြန်မာနိုင်ငံ၏ ဆယ်ကျော်သက်အရွယ်မိခင်များတွင် ကလေးအသေမွေးဖွားခြင်းနှင့် မွေးကင်းစ ကလေး သေဆုံးခြင်းသည် ၅၀ ရာခိုင် နှုန်းအထိရှိသည်ဟု ဒု-၀န်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေးက ပြောသည်။ ယင်းကဲ့သို့ မွေးဖွားခြင်းမှာ ဆယ်ကျော်သက်အရွယ် မိခင်များသည် အသက် ၂၀-၂၉ နှစ်အရွယ်ရှိ မိခင်များ ထက် ပိုမိုများပြားနေခြင်း ကြောင့်ဖြစ်သည်။

ဒု-၀န်ကြီး ဒေါက်တာသိန်းသိန်းဌေးက “ဆယ်ကျော်သက်အရွယ်မိခင်များတွင် အလိုအလျောက်သားပျက်၊ မွေးကင်းစကလေးများ လမစေ့ခြင်း၊ ပေါင်မပြည့်ခြင်းနှင့် သန္ဓေသားဘ၀တွင် ဖွံ့ဖြိုးမှုနှေးကွေးစေခြင်း စတဲ့ နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားရခြင်းပိုမို များပြားပါတယ်”ဟု ပြောသည်။

၂၀၁၂ ခုနှစ် ကျန်းမာရေး သတင်းစနစ်အစီရင်ခံစာအရ ကိုယ်ဝန်ဆောင် မိခင်စုစုပေါင်း ၁၇ ရာခိုင်နှုန်း သည် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်များ ဖြစ်ပြီး အသက် ၁၅ နှစ်မှ ၂၄ နှစ် အတွင်း အမျိုးသမီးငယ်များ၏ ၂၆ ရာခိုင်နှုန်းက သွေးအားနည်းသည် ကို တွေ့ရှိရသည်ဟု ဒု-၀န်ကြီးက ဆိုသည်။

မြန်မာနိုင်ငံတွင် အသက် ၁၀ နှစ်မှ အသက် ၂၄ နှစ်အတွင်း လူငယ်လူရွယ် စုစုပေါင်း ၁၅ သန်းခန့် အထိရှိပြီး ဆယ်ကျော်သက်ဆိုသည်မှာ အသက် ၁၁ နှစ်မှ ၁၉ နှစ်အတွင်း ရှိသူများကို ဆိုလိုခြင်းဖြစ် သည်။ ယင်းအပြင် လူငယ်ထုများအကြားတွင် အရက်သေစာ သောက်သုံး မှုနှုန်းများကို ခန့်မှန်းတွက်ချက်နိုင်သည့် အချက်အလက် မရှိသော်လည်း မြို့ပေါ် နှင့် ကျေးရွာများတွင် အလွယ်တကူ ရရှိနိုင်ခြင်းကြောင့် သောက် သုံးမှုများ ပိုမိုများပြားလျက် ရှိသည်ဟု ဆိုသည်။

Mizzima - News in Burmese 

မြန်မာနိုင်ငံတွင် ဆယ်ကျော်သက် ၁၅ သန်းခန့် ရှိပြီး ၎င်းတို့အနက် ၂၀ ရာခိုင် နှုန်း သည် စိတ်ကျန်းမာရေး ပြဿနာများနှင့် ရင်ဆိုင်နေရသည်။ ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

မြန်မာနိုင်ငံတွင် ဆယ်ကျော်သက် ၁၅ သန်းခန့် ရှိပြီး ၎င်းတို့အနက် ၂၀ ရာခိုင် နှုန်း သည် စိတ်ကျန်းမာရေး ပြဿနာများနှင့် ရင်ဆိုင်နေရသည်။ ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

မြန်မာနိုင်ငံရှိ ဆယ်ကျော်သက် လူငယ်များ၏ ၂၀ ရာခိုင်နှုန်းသည် နှစ်စဉ် စိတ်ကျန်းမာရေး ပြဿနာ များဖြင့် ရင်ဆိုင်နေရသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သိန်းသိန်းဌေးက ပြောသည်။

ဖိလစ်ပိုင်သို့ ၀င်ရောက်မည့် မုန်တိုင်းဟာဂူပစ်အတွက် စစ်တပ်က အနီရောင် အဆင့် အရေးပေါ်ကြေညာချက် ထုတ်ပြန်

Photo: ဖိလစ်ပိုင်သို့ ၀င်ရောက်မည့် မုန်တိုင်းဟာဂူပစ်အတွက် စစ်တပ်က အနီရောင် အဆင့် အရေးပေါ်ကြေညာချက် ထုတ်ပြန်
Friday, December 5, 2014 

ဖိလစ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့(အေအပ်ဖ်ပီ)သည် ဖိလစ်ပိုင်သို့ဝင်ရောက်
မည့်ပတ်္တမြားမုန်တိုင်း ခေါ် တိုင်ဖွန်းဟာဂူပစ်အတွက် အမြင့်ဆုံးအရေးပေါ်ကြေ
ညာချက်ထုတ်ပြန်ထားပြီး ဒီဇင်ဘာလ ၆ရက်တွင်ဝင်ရောက်မည်ဟု ခန့်မှန်းထား ကာ ဖိလစ်ပိုင် အရှေ့ပိုင်းတွင် မြေပြိုမှုများကိုဖြစ်ပေါ်စေမည်ဟု မျှော်မှန်းရသည်။ 

ဖိလစ်ပိုင်စစ်တပ်၏ဗဟိုကွပ်ကဲရေးဌာနကထုတ်ပြန်ခဲ့သောအနီရောင်အဆင့်
အရေးပေါ်ကြေညာချက်သည်  အမျိုးသားသဘာဝဘေးအန္တရာယ် လျှော့ချရေး အဖွဲ့၊ ပြည်သူ့ကာကွယ်ရေးရုံးနှင့် စီမံခန့်ခွဲရေးကောင်စီတို့နှင့် အတူ ပူးတွဲလုပ်ဆောင်ကြရန်ဖြစ်ပြီး ဖိလစ်ပိုင်စစ်တပ်အကြီးအကဲဂ
ရီဂိုရီယိုပီယိုကာတာပန်က အနီရောင်အဆင့်အရေးပေါ်ကြေညာချက်ကိုထုတ်ပြန်
ခဲ့ခြင်းဖြစ်သည်။ ၎င်းင်းကြေညာချက်ကြောင့်အဓိကကျသည့်ဒေသများတွင် ဖိလစ်ပိုင်စစ်တပ်အား တပ်ဖြန့်ချထားကာ ကယ်ဆယ်ရေးလုပ်ငန်းများ
လုပ်ဆောင်သွားမည်ဖြစ်သည်။ ၎င်းင်းက““မုန်တိုင်းတိုက်ခတ်
ပြီးတာနဲ့ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်မှုတွေလုပ်နိုင်မယ်လို့ ကျွန်တော်တို့ အာမခံပါတယ်။ ယိုလန်ဒါတိုင်ဖွန်းတိုက်ခတ်စဉ်ကလို တုံ့ပြန်မှုတွေကိုလက်တွေ့
ကျ ကျလုပ်ဆောင်သွားနိုင်မှာပါ””ဟု ဆိုခဲ့သည်။တိုင်ဖွန်းယိုလန်ဒါ
သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံနေရာအနှံ့အပြားသို့
ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး လူပေါင်း၆၀၀၀ ကျော်သေဆုံးစေခဲ့သည်။

Pyimyanmar
ဖိလစ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့(အေအပ်ဖ်ပီ)သည် ဖိလစ်ပိုင်သို့ဝင်ရောက်မည့်ပတ်္တမြားမုန်တိုင်းခေါ် တိုင်ဖွန်း ဟာဂူပစ်အတွက် အမြင့်ဆုံးအရေးပေါ် ကြေညာချက်ထုတ်ပြန်ထားပြီး ဒီဇင်ဘာလ ၆ရက်တွင် ၀င်ရောက်မည်ဟု ခန့်မှန်းထား ကာဖိလစ်ပိုင် အရှေ့ပိုင်းတွင် မြေပြိုမှုများကိုဖြစ်ပေါ်စေမည်ဟု မျှော်မှန်း ရသည်။

3D Printing နည်းပညာဖြင့် ပုံတူပန်းပု သွန်းလုပ်ခံရသည့် ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာသည့် အိုဘားမား

Photo: 3D Printing နည်းပညာဖြင့် ပုံတူပန်းပု သွန်းလုပ်ခံရသည့် ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာသည့် အိုဘားမား
Friday, December 5, 2014

ဘားရတ်အိုဘားမားသည် 3D Printing နည်းပညာကို အသုံးပြုပြီး ပုံတူပန်းပုရုပ် သွန်းလုပ်ခံရသည့် ပထမဆုံး အမေရိကန် သမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။

3D Printing နည်းပညာကို အသုံးပြုကာ ထုလုပ်ထားသည့် အိုဘားမား၏ ရုပ်တုကို ဝါရှင်တန်ဒီစီရှိ စမစ်သ်ဆိုနီယမ် ရဲတိုက် အဆောက်အအုံတွင် ပြသထားသည်။ အဆိုပါ ရုပ်တုသည် အိုဘားမား၏ ဦးခေါင်းနှင့် ရင်ဘတ် အထက်ပိုင်းကို ပုံတူထုထားပြီး အမေရိကန် သမ္မတ၏ ခန္ဓာကိုယ်နှင့် အချိုးအစား အရွယ်တူ ပြုလုပ်ထားသည်။

အမေရိကန် သမ္မတဟောင်း အေဗရာဟမ်လင်ကွန်း၏ ပုံတူပလာစတာရုပ် သွန်းလုပ်ခဲ့ဖူးသကဲ့သို့ပင် အိုဘားမားကိုလည်း ပုံတူပန်းပု ထုဆစ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အမေရိကန်၏ (၄၄)ဆက်မြောက် သမ္မတသည် ခုံတစ်ခုံပေါ် အခန့်သင့် ဝင်ထိုင်ပြီး ၎င်း၏ ပုံရိပ်ကို Scanဖတ်မှု ခံယူရုံဖြင့် ပန်းပုထုနိုင်သည့် နောက်ဆုံးပေါ် နည်းပညာနှင့် နီးစပ်ခွင့် ရခဲ့သည်။

အိုဘားမားသည် ထောင့်ကျယ်(၆)ခုမှ ဝန်းရံထားပြီး တစ်ခုလျှင် LED မီးလုံး(၅၀)စီ တပ်ဆင်ထားသည့် မီးအလင်းပေး ဘုတ်ပြားကြီးများ အလယ်တွင် ဝင်ထိုင်ကာ ရုပ်သွင်Scanဖတ်မှုကို ခံယူခဲ့သည်။ ထို့နောက်တွင်မူ 3D Printing နည်းပညာဖြင့် ၎င်း၏ ပုံတူရုပ်တုကို အလိုလို ဖန်တီးပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

“ဒါဟာ ဒီဂျစ်တယ် ကမ္ဘာနဲ့ ရူပနည်းပညာ ကမ္ဘာကို ပေါင်းစပ်လိုက်ခြင်းပဲ။ 3D Printing နည်းပညာဟာ ကျောင်းသူကျောင်းသားတွေ၊ စွန့်ဦးတီထွင်သူတွေ ရုတ်တရက် တွေးမိလိုက်တဲ့ စိတ်ကူးတိုင်းကို စမ်းသပ်ဆဲအဆင့် ပုံစံငယ်တစ်ခု ဖော်ဆောင်ဖို့ အမြန်ဆုံး နည်းလမ်းလည်း ဖြစ်ပါတယ်”ဟု အိမ်ဖြူတော်၏ သိပ္ပံနှင့် နည်းပညာ မူဝါဒ ဌာနမှ တွမ်ကာလီက ဆိုသည်။

အိုဘားမား အနေဖြင့် 3D Printing နည်းပညာဖြင့် Scanဖတ် ပုံရိပ်ဖမ်းယူမှု ခံယူနေခြင်းကို ဗီဒီယို မှတ်တမ်းယူထားပြီး ၎င်း၏ ရုပ်တုကို ပုံဖော်သွန်းလုပ်မှုနှင့် တွဲဖက်ကာ သတင်းများက ဖော်ပြခဲ့ကြသည်။

Ref: CNN
7Day DAILY
ဘားရတ်အိုဘားမားသည် 3D Printing နည်းပညာကို အသုံးပြုပြီး ပုံတူပန်းပုရုပ် သွန်းလုပ်ခံရသည့် ပထမဆုံး အမေရိကန် သမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။

"ရှားပါးသမင်ဖြူတစ်ကောင်ကို ဖမ်းမိသည့်ပုံ ဖေ့ဘွတ်ပေါ်တင်သည့် မုဆိုး အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရ"

Photo: "ရှားပါးသမင်ဖြူတစ်ကောင်ကို ဖမ်းမိသည့်ပုံ ဖေ့ဘွတ်ပေါ်တင်သည့် မုဆိုး
အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရ"
Saturday, December 6, 2014

အမေရိကန် အနောက်အလယ်ပိုင်း မစ်ဆူရီပြည်နယ်တွင် ရှားပါးသမင်ဖြူ တစ်ကောင်ကို ပစ်ခတ်ပြီး ယင်းပုံအား ဖေ့ဘွတ် လူမှုကွန်ယက်သို့ တင်ခဲ့သော မုဆိုးမှာ အသက် အန္တရာယ် ခြိမ်းခြောက်မှုနှင့် ကြုံတွေ့နေရသည်ဟု မီဒီယာ များက ရေးသားဖေါ်ပြကြသည်။

နာမည်ကျော် ၀ါရှင်တန်ပို့စ်တ် သတင်းစာ၏ ဖေါ်ပြချက်အရ ဂျယ်ရီ ကီနာမန်း ဆိုသော မုဆိုးသည် တောတွင်း တစ်နေရာတွင် အဖြူဆွတ်ဆွတ် သမင် ကို မြားနှင့် ပစ်ခတ်ဖမ်းဆီးမိအပြီး ယင်းပုံကို ဖေ့စ်ဘွတ်တွင် တင်ခဲ့ရာ ယခုအခါ ပစ်မှတ်ထား ခြိမ်းခြောက်မှု ခံနေရသည်ဟု သိရသည်။

ယင်းဒေသတွင် သမင်ဖြူမှာ ကျေးလက်ရိုးရာပုံပြင်များက ဖေါ်ကျူးထားခဲ့သလို တန်ဖိုးထားစရာ တစ်ခုအဖြစ် သတ်မှတ်လက်ခံထားကြရာ ယင်းဓါတ်ပုံကို လူမှုကွန်ယက်တွင်တင်ခဲ့သော မုဆိုး၏ လုပ်ရပ်သည် ရှေးရိုးစွဲလူမှု အသိုင်း အ၀န်းကို ဒေါသူပုန်ထစေခဲ့သည်။

သို့ရာတွင် ဂျယ်ရီက ယင်းအမဲလိုက်သော နေရာသည် တရားဝင်အမဲလိုက် ခွင့်ပြုထားသော နေရာသာဖြစ်ပြီး သမင်ဖြူကို ပစ်ခတ်ဖမ်းဆီးခြင်းမှာ မိမိကိုယ်ကျိုးအတွက်မဟုတ်ဟု ဆိုသည်။

ကျနော် သူ့ကို ဖမ်းမိအပြီး သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဌာနကို အကြောင်း ကြားတယ်။ အားလုံးကို မှတ်တမ်း တင်ထားပြီးသာ။ ကျနော် ဒါကို မှောင်ခိုလုပ်ဖို့ ပစ်တာမဟုတ်ဘူး ဟု သူက ဆိုသည်။

Ref ; Daily Mail
Popular Myanmar News Journal
အမေရိကန် အနောက်အလယ်ပိုင်း မစ်ဆူရီပြည်နယ်တွင် ရှားပါးသမင်ဖြူ တစ်ကောင်ကို ပစ်ခတ်ပြီး ယင်းပုံအား ဖေ့ဘွတ် လူမှုကွန်ယက်သို့ တင်ခဲ့သော မုဆိုးမှာ အသက် အန္တရာယ် ခြိမ်းခြောက်မှုနှင့် ကြုံတွေ့နေ ရသည်ဟု မီဒီယာ များက ရေးသားဖေါ်ပြကြသည်။

ကယားစာပေ(ကျယ်ဖိုးကြီး) အဘိဓာန်ထုတ်တော့မယ်

ကယားလူမျိုးတွေ ကယားစာပေကို ကျယ်ပြန့်စွာ အသုံးပြုနိုင်ဖို့ ကယားစာပေ(ကျယ်ဖိုးကြီးစာပေ)ကို အဘိဓာန်အဖြစ် ဒီဇင်ဘာလအတွင်း ထုတ်ဝေတော့မယ်လို့ ကယားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အတွင်းရေး မှူး ဦးမိုးဇက်အောင်လင်းက ဆိုပါတယ်။

တရုတ်ထုတ် ရှောင်မီဖုန်းများနှင့် အိုင်ဖုန်းများကြောင့် ဆမ်ဆောင်း စမတ်ဖုန်း များ ဈေးကွက်ဝေစုကျဆင်းလာသဖြင့် အမှုဆောင်အရာရှိ သုံးဦး နုတ်ထွက် ရတော့မည်

ဆမ်ဆောင်းအီလက်ထရွန်နစ် ကုမ္ပဏီလီမိတက်၏ မိုဘိုင်းဌာနမှ အမှုဆောင်အရာရှိသုံးဦးတို့သည် အလုပ် မှ နုတ်ထွက်ကြမည်ဟု ဒီဇင်ဘာ ၄ ရက်၌ဆိုသည်။

တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဆောက်အဦ ပြန်ဆောက်ခွင့်ပေးရန် ဆန္ဒပြ

Photo: တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဆောက်အဦ ပြန်ဆောက်ခွင့်ပေးရန် ဆန္ဒပြ
Saturday, December 6, 2014

ဦးနေဝင်း အစိုးရလက်ထက်က ဒိုင်းနမိုက်ဖြင့် ဖြိုခွဲဖျက်ဆီးခြင်းခံခဲ့ရသော တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဆောက်အဦနေရာတွင် အဆောက်အဦသစ် ဆောက်လုပ်ခွင့်ပေးရန် အမျိုးသားစာပေဆုရှင် ဒေါက်တာ အောင်ခင်ဆင့်က တာမွေမြို့နယ်ရှိ လူထုဟစ်တိုင်တွင် ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းက ဆန္ဒပြခဲ့သည်။

“အဆောက်အဦ ဆောက်လုပ်ရေးက အဓိကကျတယ်။ ဒီအဆောက်အဦ ဆောက်လုပ်ခြင်းအားဖြင့် ကျောင်းသားများ လုပ်ပိုင်ခွင့်ကို တရားဝင်လုပ်ချင်လို့ အဆောက်အဦ ပြန်လည်ပေါ်ပေါက်ဖို့ ဆန္ဒပြတာပါ” ဟု ဒေါက်တာ အောင်ခင်ဆင့်က ပြောသည်။

ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် ၁၉၆၂ ခုနှစ်၊ ဇူလှိုင် ၈ ရက်နေ့ နံနက်ပိုင်းက ဒိုင်းနမိုက်ဖြင့် ဖြိုခွဲဖျက်ဆီးခြင်းခံခဲ့ရသော သမဂ္ဂ အဆောက်အဦ နေရာတွင် ပြန်လည်ဆောက်လုပ်ခွင့်ပြုရန် ဆန္ဒပြ တောင်းဆိုခြင်းဖြစ်သည်။

အစိုးရကသာ သမဂ္ဂအဆောက်အဦသစ် ပြန်ဆောက်ခွင့်ပေးပါက ကော်မတီဖွဲ့ပြီး အများသဘောဖြင့် တည်ဆောက်သွားမည်ဟု လည်း ဒေါက်တာ အောင်ခင်ဆင့်က ပြောသည်။

“အစိုးရက ဆောက်ခွင့်သာပေးခဲ့ရင် ပုံအောပြီးလှူမယ့် အလှူရှင်တွေရှိပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

Mizzima - News in Burmese

ဦးနေဝင်း အစိုးရလက်ထက်က မိုင်းခွဲဖျက်ဆီးခံရသော ရန်ကုန် တက္ကသိုလ် အတွင်းရှိ ကျောင်းသား သမဂ္ဂနေရာတွင် အဆောက်အဦသစ် ပြန်လည် ဆောက်လုပ်ပေးရန် အမျိုးသားစာပေဆုရှင် ဒေါက်တာ အောင်ခင်ဆင့် ဦးဆောင်ပြီး ဒီဇင်ဘာ ၅ ရက်က ရန်ကုန်မြို့၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ဟစ်တိုင်ကွင်းတွင် ဆန္ဒထုတ်ဖော်နေစဉ်၊ (ဓာတ်ပုံ- သက်ကို၊ မဇ္ဈိမ)
ဦးနေဝင်း အစိုးရလက်ထက်က မိုင်းခွဲဖျက်ဆီးခံရသော ရန်ကုန်တက္ကသိုလ်အတွင်းရှိ ကျောင်းသားသမဂ္ဂ နေရာတွင် အဆောက်အဦသစ် ပြန်လည်ဆောက်လုပ်ပေးရန် အမျိုးသားစာပေဆုရှင် ဒေါက်တာ အောင်ခင်ဆင့် ဦးဆောင်ပြီး ဒီဇင်ဘာ ၅ ရက်က ရန်ကုန်မြို့၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ဟစ်တိုင် ကွင်းတွင် ဆန္ဒထုတ်ဖော်နေစဉ်၊ (ဓာတ်ပုံ- သက်ကို၊ မဇ္ဈိမ)
ဦးနေဝင်း အစိုးရလက်ထက်က ဒိုင်းနမိုက်ဖြင့် ဖြိုခွဲဖျက်ဆီးခြင်းခံခဲ့ရသော တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဆောက်အဦနေရာတွင် အဆောက်အဦသစ် ဆောက်လုပ်ခွင့်ပေးရန် အမျိုးသားစာပေဆုရှင် ဒေါက်တာ အောင်ခင်ဆင့်က တာမွေမြို့နယ်ရှိ လူထုဟစ်တိုင်တွင် ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းက ဆန္ဒပြခဲ့သည်။

နေပြည်တော် သပြေကုန်းဈေးတွင် တားမြစ် ဓာတုဆေးဝါး ပါဝင်သည့် အစားအသောက်နှင့် အလှကုန်အချို့ တွေ့ရှိ

နေပြည်တော် ကောင်စီနယ်မြေရှိအဓိက အချက်အချာကျသော သပြေကုန်းဈေး၌ တားမြစ် ဓာတုဗေဒဆေး ၀ါးများ ပါဝင်သည့် စားသောက်ကုန်ငါးမျိုးနှင့် အလှကုန်တစ်မျိုး တွေ့ရှိသည်ဟု အစားအသောက်နှင့် ဆေး ၀ါး ကွပ်ကဲရေး ဦးစီးဌာန၊ အစားအသောက်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က မဇ္ဈိမကိုယနေ့ ပြောသည်။

အာရှတိုက်ရဲ့ အလှမယ်ဆုနဲ့ အင်တာနက် ဆုရခဲ့တဲ့ မြန်မာအလှမယ် ဟန်သီ


ဓာတ်ပုံ - Global Beauties
ပိုလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Supranational 2014 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအလှမယ် ဟန်သီက Miss Asia & Oceania Queen ဆုနဲ့ Miss Internet ဆုတို့ကို ရရှိခဲ့ပါတယ်။

အခြေခံဥပဒေသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရန် အဓိကထောက်ပံ့ပေးထားဟု ကာချုပ်ပြော


Photo: အခြေခံဥပဒေသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရန် အဓိကထောက်ပံ့ပေးထားဟု ကာချုပ်ပြော
Saturday, December 6, 2014

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် တည်တည်ငြိမ်ငြိမ် လျှောက် လှမ်းနိုင်ရန် အဓိက အထောက်အပံ့ပေးထားသည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆို လိုက်သည်။

အဆိုပါ အခြေခံဥပဒေကို တိုင်းရင်းသားကိုယ်စားလှယ်များ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များ စုပေါင်းပြီး “စနစ်တကျ” ရေးဆွဲ ခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်စစ်ရေးပြကွင်းတွင် ဒီဇင်ဘာ ၅ရက်က ပြုလုပ်သည့် စစ်တက္ကသိုလ်၊ ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၅၆) သင်တန်းဆင်းပွဲ မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီးက အထက်ပါအတိုင်း ထည့်သွင်းပြော ဆိုသွားခြင်းဖြစ်သည်။

ပြင်ဆင်သင့်သည်ဟု အများစုက ထောက်ပြဝေဖန်နေသည့် အခြေခံဥပဒေသည် ပြည်ပနိုင်ငံများ၏ ဒီမိုကရေစီကို ပုံတူကူးချခြင်း မဟုတ်ဘဲ နိုင်ငံ၏ ပထဝီအနေအထား၊ ရိုးရာယာဉ်ကျေးမှုနှင့် ဓလေ့စရိုက် အစဉ်အလာတို့ကိုပါ စဉ်းစားသုံးသပ်ပြီး စနစ်တကျ ရေးဆွဲခဲ့သည်ဟုဆိုသည်။

သို့သော် အဆိုပါ အခြေခံဥပဒေသည် “၁၀၀ ရာခိုင်နှုန်းပြီးပြည့်စုံသည်ဟူ၍ မရှိဘဲ လိုအပ်ချက်များလည်း ရှိနိုင်ခြင်းကြောင့် ပြင်ဆင်ရမည် အချက်များ ရှိနိုင်လိမ့်မည်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှတ်ချက်ပြုသည်။

တပ်မတော်အနေဖြင့်လည်း အခြေခံဥပဒေပါ ပြင်ဆင်သင့်သည့်အချက်များကို ပြင်ဆင်နိုင်ရန် လွှတ်တော်တွင်း တင်ပြ ဆွေးနွေးနေသည် ဟုလည်း ဆိုသည်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အခရာကျသော ပုဒ်မ ၄၃၆ ကိုမူ ပြင်ဆင်ရန်မသင့်ဟု တပ်မတော်သား အမတ်များက သဘောထားရှိနေသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေအား တစ်နိုင်ငံလုံးတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပကာအတည်ပြုခဲ့သော ၂ဝဝ၈ ခုနှစ် မေလ ၁ဝ ရက်သည် ဖျက်အား ကမ္ဘာ့အဆင့်ရှစ်ရှိပြီး ပြည်သူတစ်သိန်းကျော်ကို သေစေခဲ့သော နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး ရက်သတ္တတစ်ပတ်ကျော်သာ ကြာသေးသည့် အချိန်ဖြစ်သည်။

အဆိုပါ ဆန္ဒခံယူပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြည်သူ ၉၂ ဒဿမ ၄ ရာခိုင်နှုန်းက ထောက်ခံခဲ့သည်ဟု နအဖအစိုးရက ကြေငြာခဲ့သည်။

Mizzima - News in Burmese 

ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်စစ်ရေးပြကွင်းအတွင်း ဒီဇင်ဘာ ၅ ရက်က ပြုလုပ်သည့် ဗိုလင်လောင်းသင်တန်း အမှတ်စဉ်(၅၆) သင်တန်းဆင်းပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီ ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားစဉ်၊ (ဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန၊ ဝက်ဆိုက်ဒ်)
ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်စစ်ရေးပြကွင်းအတွင်း ဒီဇင်ဘာ ၅ ရက်က ပြုလုပ်သည့် ဗိုလင်လောင်း သင်တန်းအမှတ်စဉ်(၅၆) သင်တန်းဆင်းပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားစဉ်၊ (ဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန၊ ဝက်ဆိုက်ဒ်)
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းနိုင်ရန် အဓိကအထောက်အပံ့ပေးထားသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် က ပြောဆို လိုက်သည်။

အမျိုးသား ပညာရေး ဥပဒေကို ၂၀၁၅ အလွန် လွှတ်တော် အသစ်မှ ပြင်ရန် အကြံပြု

Photo: အမျိုးသား ပညာရေး ဥပဒေကို ၂၀၁၅ အလွန် လွှတ်တော် အသစ်မှ ပြင်ရန် အကြံပြု
Saturday, December 6, 2014

၂၀၁၅ ရွေးကောက်ပွဲ နီးနေခြင်းကြောင့် အမျိုးသားပညာရေး ဥပဒေကို ၂၀၁၅ အလွန်ပေါ်ပေါက်လာမည့် လွှတ်တော် သစ်တွင် ပြင်ဆင်ခြင်းဖြင့် ပို၍ကောင်းမွန်သောဥပဒေ ရရှိလာမည်ဖြစ်သည်ဟု မြန်မာနိုင်ငံတွင် ပထမဆုံး ညွှန်ကြားရေးမှူးချုပ် ရာထူးကို စတင်ထမ်းဆောင်ခဲ့သူနှင့် အဏုမြူစွမ်းအင်ဦးစီးဌာန တည်ထောင် သူ ဒေါက်တာတင်လှိုင်က စာတမ်းတင်သွင်း ပြောကြား လိုက်သည်။

“မလိုအပ်တာတွေများနေတဲ့ ဒီဥပဒေကို လွှတ်တော်က အတည်ပြုပြီးဖြစ်တယ်။ ဒီအချိန်မှာ ပြင်ဆင်ချက် များများလုပ်ဖို့ မလွယ်ဘူး။ ဒါကြောင့် အရေးကြီးတဲ့အချက်၊ ပုဒ်မတွေကိုသာ ပယ်ဖျက်ဖို့နဲ့ ဖြည့်စွက်ဖို့ တောင်းဆိုသင့်တယ်။ ၂၀၁၅ ရွေးကောက်ပွဲကြီးလည်း နီးကပ်နေ ပြီဖြစ်လို့ လွှတ်တော်အသစ်က ပြင်ဆင် ရင် ပိုပြီးကောင်းမွန်တဲ့ ဥပဒေကို ရရှိနိုင်မယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါပြောကြားခြင်းမှာ ဒီဇင်ဘာ ၅ ရက်က နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကျင်းပပြုလုပ်သော ပညာရေးပြုပြင်ပြောင်းလဲမှုနှင့် အမျိုးသား ပညာရေး ဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲတွင် အထက်ပါအတိုင်း ထည့်သွင်း တင်သွင်းခဲ့ ခြင်းဖြစ်သည်။

အမျိုးသားပညာရေးဥပဒေကို မူကြမ်းအဆင့်ဆင့်မှာပင် ကန့်ကွက်မှုများစွာရှိခဲ့သည့်အပြင် ကျောင်းသားထု ၏ ဆန္ဒထုတ် ဖော်ကန့်ကွက်မှု များလည်းရှိခဲ့သည်။ ထို့ပြင် ထိုဥပဒေ အတည်ပြုပြီးနောက်တွင်လည်း ကျောင်းသားထုများ၏ ကန့်ကွက်ဆန္ဒ ထုတ်ဖော်မှုများက တက္ကသိုလ် များတွင် လုပ်ဆောင်လျက်ရှိခဲ့သည်။

ပညာရေးဝန်ကြီးဌာနမှ ဖွဲ့စည်းထားသည့် ပညာရေးအကြံပေးပညာရှင် ဦးသိန်းက “အမျိုးသားပညာရေး ဥပဒေက ဘယ်လို ပုဒ်မကို ပြင်ချင်လဲ၊ ဘယ်လိုပုဒ်မကို ဖြုတ်ချင်လဲဆိုတာကို စနစ်တကျနဲ့ ပြုစုထားဖို့ လို အပ်တယ်။ ၂၀၁၅ မှာ ဒီထက် ပိုပြီး ဦးစားပေးရမယ့်ဟာတွေလည်း ရှိနေပါတယ်”ဟု ထိုပွဲတွင် ဆွေးနွေး ပြောကြားသည်။

၎င်း၏ စာတမ်းတွင် စကားရပ် အဓိပ္ပာယ် မလိုအပ်မှုများနေခြင်း၊ မလိုအပ်သည့် စကားလုံး ၃၂ လုံး ကိုပါ အဓိပ္ပာယ်ဖွင့် ထားခြင်း များဖြင့် ဖောင်းပွနေကြောင်း၊ အဆိုပါဥပဒေတွင် နိုင်ငံတော်ဆိုသည်မှာ၊ မိဘ၊ဆရာ အသင်းဆိုသည်မှာ စသဖြင့် ဖောင်းပွနေသည်ဟု ဆိုသည်။ ယင်းဥပဒေတွင် လူမျိုး၊ ကျားမကိုးကွယ် သည့် ဘာသာ၊ မျိုးနွယ်အဆင့်အတန်းတို့ကို အကြောင်းပြု၍ ခွဲခြားဆက်ဆံခြင်း မရှိစေရစသည့် အချက်များ မပါရှိ သဖြင့် ထည့်သွင်းသင့်သည်ဟု အမျိုးသားပညာရေး ဥပဒေ၏ အားနည်းချက်ကို ထောက်ပြထားသည်။

ထို့အပြင် အမျိုးသားပညာရေးကော်မရှင် ဖွဲ့စည်းခြင်းတွင် ပြည်ထောင်စုအဆင့် ပုဂ်္ဂိုလတစ်ဦးဦးက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီးဆိုသော စကားရပ်ကိုလည်း ပြင်ဆင်ရန်လိုသည်ဟု ဒေါက်တာတင်လှိုင်က ဆိုသည်။

အမျိုးသားပညာရေးဥပဒေတွင် သမဂ္ဂဖွဲ့စည်းခွင့် ထည့်သွင်းရန်လိုအပ်ခြင်း၊ ပုဒ်မ (၃) ပုဒ်မခွဲ(ဍ) ပညာရေး ၀န်ထမ်းအားလုံး ကိုယ်ကျင့် တရားကောင်းမွန်ကာ ဗဟိုချုပ်ကိုင်မှုလျှော့ချသည့် စနစ်ကို ကျင့်သုံးရေး၊ ယင်း ပုဒ်မများကို ပယ်ဖျက်သင့်ခြင်းနှင့် ကျောင်းသုံး စာအုပ်ပြုစုရေး ဆိုင်ရာပုဒ်မများ မပါဝင်ခြင်း အစရှိသည်တို့ အားနည်းချက်များရှိနေသည်ဟု ၎င်းက ထောက်ပြသွားမည်။

အဆိုပါစာတမ်းဖတ်ပွဲတွင် ပညာရေး နှင့်ပတ်သက်သော ပညာရှင်များ၊ ပါမောက္ခဟောင်းများ၊ လွှတ်တော် ကိုယ်စားလှယ်များတို့က စာတမ်း ၁၅စောင် ဖတ်ကြားတင်သွင်းခဲ့သည်။

Mizzima - News in Burmese 

အမျိုးသား ပညာရေး ဥပဒေကြမ်းကို ကန့်ကွက် ဆန္ဒပြ နေကြစဉ်။ ဓာတ်ပုံ - ဟိန်းထက်

အမျိုးသား ပညာရေး ဥပဒေကြမ်းကို ကန့်ကွက် ဆန္ဒပြ နေကြစဉ်။ ဓာတ်ပုံ - ဟိန်းထက်။

၂၀၁၅ ရွေးကောက်ပွဲ နီးနေခြင်းကြောင့် အမျိုးသားပညာရေး ဥပဒေကို ၂၀၁၅ အလွန်ပေါ်ပေါက်လာမည့် လွှတ်တော် သစ်တွင် ပြင်ဆင်ခြင်းဖြင့် ပို၍ကောင်းမွန်သောဥပဒေ ရရှိလာမည်ဖြစ်သည်ဟု မြန်မာနိုင်ငံတွင် ပထမဆုံး ညွှန်ကြားရေးမှူးချုပ် ရာထူးကို စတင်ထမ်းဆောင်ခဲ့သူနှင့် အဏုမြူစွမ်းအင်ဦးစီးဌာန တည် ထောင် သူ ဒေါက်တာတင်လှိုင်က စာတမ်းတင်သွင်း ပြောကြား လိုက်သည်။

ရန်ကုန်မြို့တွင်း မျဉ်းဝါတားနေရာများတွင် ဘလောက်တုံးများ ဆက်လက်ချသွားမည်

Photo: ရန်ကုန်မြို့တွင်း မျဉ်းဝါတားနေရာများတွင် ဘလောက်တုံးများ ဆက်လက်ချသွားမည်
Saturday, December 6, 2014

ရန်ကုန်မြို့တွင်း မျဉ်းဝါတားထားသော နေရာတိုင်းတွင် ဘလောက်တုံးများ ချသွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီး အမှတ် (၂) ယာဉ် ထိန်းရဲ တပ်ဖွဲ့ရုံး ဒုတိယရဲမှူးကြီး လင်းထွဋ်က မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ယာဉ်များ ပြဿနာကို ဖြေရှင်းရာတွင် ကွန်ကရစ် တုန်းများဖြင့် ကာရံကာ ဖြေရှင်းမှုကြောင့် ကားကျပ်သည့် ပြဿနာ ထပ်တိုးလာ သည်ဟု ဝေဖန်သူများက ဆိုသည်။ 

ဒီဇင်ဘာ ၅ ရက်က အဆိုပါတပ်ဖွဲ့ရုံးတွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်ပြီး ပြည်လမ်းကဲ့သို့ အဓိက လမ်းမကြီးများတွင် ဘလောက်တုံးများချသွားရန် လိုအပ်နေသည်ဟု ၎င်းက ဆိုသည်။

“ဘယ်လမ်းတွေမှာ ထပ်ချသွားမယ်ဆိုတာ အတိအကျမပြောနိုင်သေးပါဘူး။ ဒါပေမဲ့ မျဉ်းဝါတားထားတဲ့နေ ရာတိုင်းမှာ ဘလောက်တုံးတွေ ချသွားဖို့ ရှိပါတယ်” ဟု ဒုရဲမှူးကြီးလင်းထွဋ်က ဆိုသည်။

ဘလောက်တုံးများ ချထားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ငွေကျပ် ၂ ဘီလီယံ ခန့် အကုန်အကျခံကာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စီးပွားကူးသန်း အကြံပေးပုဂ္ဂိုလ် ဒေါက်တာ မောင်အောင် က မဇ္ဈိမကို အတည်ပြုပြောထားသည်။

“ဒါက ကျွန်တော်တို့ဆီမှာ အခုမှစလုပ်လို့ မျက်စိရိုင်းသလိုဖြစ်နေတာပါ။ နိုင်ငံတကာမှာလည်း အများပြည် သူသုံး လမ်းတွေကို ဒီလိုမျိုးပဲ တစ်လမ်းသီးသန့် ပေးပါတယ်။ နောက်ဆိုရင် တစ်မြို့လုံးမှာ ဘတ်စ်ကား တွေသွားဖို့ အများပြည်သူသုံးဖို့ လမ်းတစ်လမ်းသီးသန့်ဖြစ် သွားမှာဖြစ်ပါတယ်။BRT (Bus Rapid Transmit - ဘတ်စ်ကား အမြန်သယ်ယူပို့ဆောင်ရေး စနစ်) ပုံစံမျိုး ရေရှည်ကြရင်ဖြစ်မှာပါ” ဟု ယာဉ်ထိန်း ရဲ အုပ်ဝင်းလွင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး မထသ ဒု-ဥက္ကဋ္ဌ ဦးမင်းဇော်က “ရန်ကုန်မြို့မှာ ရှိတဲ့လမ်းသွယ်တွေက ပေ ၂၀၀ လောက်ပဲ ရှိတယ်။ ဘေးလမ်း သွယ်တွေကို ကားလေးတွေ ၀င်လာဦးမှာဖြစ်ပါတယ်။ ဒီတော့ ဘေးလမ်းမှာ ကားကြီးတွေပဲရှိမယ်လို့ ယူဆလို့မရတော့ပါဘူး။ ချိုးဝင် ချိုးထွက်ကားတွေရှိနေဦးမှာဖြစ်တဲ့အတွက် သီးခြား တစ်လမ်းထပ်ပေးမှသာ ဒီစနစ် အောင်မြင်မယ်လို့ထင်ပါတယ်” ဟု သုံးသပ်သည်

ဘလောက်တုံးချထားသော နေရာအတွင်း စက်ချို့ယွင်းသောယာဉ်များကို ယာဉ်ထိန်းရုံးက ကရိန်းအသုံးပြု ကာဖယ်ရှားရပါက ကုန်ကျစရိတ် အစအဆုံးကို ယာဉ်ပိုင်ရှင်က ကျခံရမည်ဖြစ်ပြီး ယာဉ်ကြံ့ခိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရန်မှာ ယာဉ်ပိုင်ရှင်၏ တာဝန်သာဖြစ်ကြောင်း ရဲအုပ်ဝင်းလွင်က ပြောသည်။

မော်တော်ယာဉ်ဥပဒေပုဒ်မ ၁၆၇ အရ စက်ပျက်ယာဉ်များကို လမ်းပေါ်ထားခွင့်မရှိဘဲ ပြည်သူတို့ ဆိုင်ရာနေရာတွင် ရပ်ဆိုင်းထားသော ယာဉ်ကို ဥပဒေပုဒ်မ ၁၃၃ ပါ ပြဋ္ဌာန်းချက်အရ ယာဉ်ပိုင်ရှင် သို့မဟုတ် တာဝန် ရှိသူက အမြန်ဖယ်ရှားပေးရမည်။ အမြန်ဖယ်ရှားပေး နိုင်ခြင်း မရှိပါက ကြီးကြပ်ထိန်း သိမ်းသူ ၏အစီအစဉ် အရ လွတ်သောနေရာသို့ဖယ်ရှားနိုင်သည်။ ထိုသို့ဖယ် ရှားခြင်းအတွက်ကုန်ကျစရိတ်ကို ယာဉ်ပိုင်ရှင် သို့မ ဟုတ် တာဝန်ရှိသူက ကျခံစေရမည်ဟု မော်တော်ယာဉ် ဥပဒေတွင်ပြဋ္ဌာန်းထားသည်။

မျဉ်းဝါလိုင်းနှင့် ဘလောက်တုံးချထား သောနေရာများ၏ ကပ်လျက် ကားပါကင်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ယခင်က ကန်ထရိုက်ပေးထား ခြင်းဖြစ်ပြီး ယခုအခါ ကန်ထရိုက်ကြေးများကို ပြန်အမ်းကာ ဖယ်ရှားထားကြောင်း ဒုရဲမှူးကြီး လင်းထွဋ်က ဆိုသည်။

Mizzima - News in Burmese 

(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

ရန်ကုန်မြို့တွင်း မျဉ်းဝါတားထားသော နေရာတိုင်းတွင် ဘလောက်တုံးများ ချသွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီး အမှတ် (၂) ယာဉ် ထိန်းရဲ တပ်ဖွဲ့ရုံး ဒုတိယရဲမှူးကြီး လင်းထွဋ်က မဇ္ဈိမကို ပြောသည်။

နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်ပါက ဆွစ်ဇာလန်ရင်းနှီးမြှုပ်နှံမှုများပိုမို ၀င်ရောက်မည်ဟု ဆွစ်သံအမတ်ပြောကြား

Photo: နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်ပါက ဆွစ်ဇာလန်ရင်းနှီးမြှုပ်နှံမှုများပိုမို ၀င်ရောက်မည်ဟု ဆွစ်သံအမတ်ပြောကြား
Saturday, December 6, 2014

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေ  ပိုမိုတည်ငြိမ်လာပါက လာမယ့်နှစ် မှာ ဆွစ်ဇာလန်ရင်းနှီးမြှုပ်နှံမှုတွေ အများအပြား
ဝင်ရောက်လာဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။
 
 မြန်မာနိုင်ငံအနေနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပေါ်လာပြီး ညီမျှတဲ့ စီးပွားရေးယှဉ်ပြိုင်မှု တွေအတွက် ဥပဒေတွေ ပေါ်ထွက်လာကာ (၂၀၁၅)ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရေးနဲ့ စီးပွားရေး တည်ငြိမ်ရင် ဆွစ်ဇာလန်စီးပွားရေးလုပ်ငန်းတွေဟာ မြန်မာနိုင်ငံကို ၀င်ရောက်ရင်းနှီးမြှုပ်နှံဖို့ရှိတယ် လို့ ဆွစ်ဇာလန်သံအမတ်ကြီးက ဒီဇင်ဘာ (၃)ရက်နေ့က နေပြည်တော်က ကီပင်စကီဟိုတယ်မှာ ကျင်းပတဲ့ ဆွစ်ဇာလန်-မြန်မာ စီးပွားရေးမိတ်ဆက်ပွဲမှာ ပြောပါတယ်။
 
 လက်ရှိအချိန်မှာ ဆွစ်ဇာလန်စီးပွားရေး လုပ်ငန်းအုပ်စုတွေဖြစ်တဲ့ Roche  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းနဲ့ Nestle စားသောက်ကုန်လုပ်ငန်းတို့ဟာ (၂၀၁၃)ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ထားပြီး NESTLE အနေနဲ့ ရန်ကုန်မြို့မှာ စားသောက်ကုန် စက်ရုံကို (၂၀၁၆)ခုနှစ်မှာ ဖွင့်လှစ်မယ်လို့ သိရပါတယ်။ မြန်မာ-ဆွစ်ဇာလန်နှစ်နိုင်ငံကြား စီးပွားရေးဆွေးနွေးပွဲကို (၂၀၁၃)ခုနှစ်က နေပြည်တော်မှာ ကျင်းပခဲ့ပြီး (၂၀၁၅)ခုနှစ် ဇန်န၀ါရီလမှာတော့ ဆွစ်ဇာလန်နိုင်ငံမှာ စီးပွားရေးဆွေးနွေးပွဲ ထပ်မံပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ 

MRTV-4

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေ  ပိုမိုတည်ငြိမ်လာပါက လာမယ့်နှစ်မှာ ဆွစ်ဇာလန် ရင်းနှီးမြှုပ်နှံမှုတွေ အများအပြား ၀င်ရောက်လာဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး က ပြောကြားလိုက်ပါတယ်။

အာဖဂန်နိုင်ငံတည်ငြိမ်တိုးတက်ရေးအကူအညီပေးမယ့် နိုင်ငံတကာအသိုင်း အ၀ိုင်း

Photo: အာဖဂန်နိုင်ငံတည်ငြိမ်တိုးတက်ရေးအကူအညီပေးမယ့် နိုင်ငံတကာအသိုင်း အ၀ိုင်း
Saturday, December 6, 2014

အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာတပ်တွေ အာဖဂန်နိုင်ငံတွင်းကနေ ဒီနှစ် ကုန်ပိုင်းမှာ ထွက်ခွာပြီးရင်တောင် နိုင်ငံတကာအသိုင်းအ၀ိုင်းဟာ အာဖဂန် နိုင်ငံ တည်ငြိမ်တိုးတက်ရေးအတွက် ဆက်လက်အကူအညီပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
အမေရိကန်ဦးဆောင်တဲ့ နိုင်င့တကာတပ်တွေ ဒီနှစ်ကုန်ပိုင်းမှာ အာဖဂန် နိုင်ငံတွင်း ကနေ ထွက်ခွာပြီးရင်တောင် အာဖဂန်နိုင်ငံကို ဆက်လက် အကူအညီပေးသွားမှာဖြစ်တယ်လို့ နိုင်ငံပေါင်း (၆၀) ကျော်က ကိုယ်စားလှယ်တွေက သဘောတူညီလိုက်ပြီဖြစ်ပါတယ်။ အခုလို သဘောတူညီ ချက်ဟာ လန်ဒန်မြို့မှာ ဒီဇင်ဘာလ (၄) ရက်တုန်းက ကျင်းပခဲ့တဲ့ ၀န်ကြီးအဆင့် ညီလာခံမှာ ရရှိခဲ့တာဖြစ်ပါတယ်။
 
အာဖဂန်နိုင်ငံသားတွေဟာ အတိတ်ကိုကျော်လွှားနိုင်ပြီး ယုံကြည်ချက်ရှိရှိ စည်းစည်းလုံးလုံးနဲ့ အနာဂတ်ကို ဦးတည်နေပြီဖြစ်တယ်လို့ အာဖဂန်သမ္မတအာရှက်ဂန္ဒီက အခမ်းအနားမိန့်ခွန်းမှာ ပြောပါတယ်။ အစိုးရသစ်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ စီးပွားရေး တိုးတက်ရေးနဲ့ လုံခြုံရေးပြန်လည်ရရှိရေးတွေကို လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။
 
တိုကျိုမှာ (၂၀၁၂) ခုနှစ် ညီလာခံကျင်းပစဉ်က သဘောတူညီထားခဲ့တဲ့ အာဖဂန်နိုင်ငံကို အမေရိကန် ဒေါ်လာ (၁၆) ဘီလီယံအကူအညီပေးရေးကိုလည်း နောက်နှစ်မတိုင်ခင်အထိ ဆက်လက်ပေးသွားဖို့ ကိုလည်း ညီလာခံကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ထပ်လောင်းသဘောတူညီခဲ့ ပါတယ်။ ဒါ့အပြင် အလှူရှင်နိုင်ငံတွေအနေနဲ့ နောက်ထပ် (၂) နှစ်ကျော်ကြာအောင် အာဖဂန်နစ္စတန် နိုင်ငံကို အကူအညီပေးသွားဖို့ကိုလည်း သဘောတူညီခဲ့ကြပါတယ်။
 
(၁၃)  နှစ်ကြာ တပ်စွဲခဲ့တဲ့ နိုင်ငံတကာ တပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်ရေးလုပ်ငန်းတွေကို အခုနှစ်ကုန်ျွှာ ရပ်တန့်ပြီး အာဖဂန်နိုင်ငံ တွင်းကနေ ထွက်ခွာမှာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ တပ်သားပေါင်း (၁) သောင်းခန့်ဟာ အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေကို လေ့ကျင့်ပေးဖို့ အာဖဂန်နိုင်ငံတွင်းမှာ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ အာဖဂန်နိုင်ငံတွင်းမှာ ဆက်လက်ဖြစ်ပွားနေတာကြောင့် လုံခြုံရေး အခြေအနေတိုးတက်မှုမရှိသေးဘူးလို့သိရပါတယ်။ 

MRTV-4
အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာတပ်တွေ အာဖဂန်နိုင်ငံတွင်းကနေ ဒီနှစ် ကုန်ပိုင်းမှာ ထွက်ခွာပြီး ရင်တောင် နိုင်ငံတကာအသိုင်းအ၀ိုင်းဟာ အာဖဂန်နိုင်ငံ တည်ငြိမ်တိုးတက်ရေးအတွက် ဆက်လက် အကူအညီ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဗြိတိန်အမျိုးသမီးတစ်ဦး နို့ရည်များရောင်းချ


Photo: ဗြိတိန်အမျိုးသမီးတစ်ဦး နို့ရည်များရောင်းချ
Saturday, December 6, 2014

ငွေပြတ်လပ်နေသော ဗြိတိန်အမျိုးသမီးတစ်ဦးသည် သူမ၏ ကလေးငယ်
များအား ခရစ်စမတ်လက်ဆောင်ပေးရန်အတွက် သူမ၏နို့ရည်များကို
တစ်ပုလင်းလျှင် ဒေါ်လာ ၂၀ဖြင့် ရောင်းချခဲ့သည်။

ဟဒ်ဆန်သည် ကနဦးပိုင်းက နို့ထွက်ရန် ကြိုးစားခဲ့ရသော်လည်း သူမ၏ သမီးငယ်
မီလီကို မွေးခဲ့ပြီးသည့်နောက်တွင်တော့ နို့အများအပြားထွက်လာခဲ့သည်။

သူမ၏ သမီးသည် သေးကွေးလွန်းသည့်အတွက် တစ်ပတ်ကို သုံးအောင်စ
ထက် ပိုပြီး မစားနိုင်သောကြောင့် ပိုလျှံနေသောနို့များကို ဆေးရုံနှင့် အိမ်တွင်
သိမ်းဆည်းရန်ကြိုးစားခဲ့သည်။

သို့သော် ဆေးရုံက မလိုအပ်သေးဟု ပြောခဲ့သောကြောင့် ယခုကဲ့သို့ ရောင်းချရန်
ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဟဒ်ဆန် က“ဒီနို့တွေကို အလဟသ မသွန်ပစ်ချင်ဘူး၊ နို့ဖြစ်လာဖို့အတွက်
စွမ်းအင်နဲ့ အချိန်တွေ သုံးထားခဲ့ရတာ” ဟု သတင်းဌာနတစ်ခုကို ပြောသည်။

သူမတွင် ပုံမှန်ဖောက်သည် ၈ ဦးရှိပြီး ၎င်းတို့က နို့ရည်များကို ခန္ဒာကိုယ်
ကြီးထွားရန်၊ ဟင်းချက်ရန် စသည်ဖြင့် အသုံးပြုကြသည်။

The Myanma Age
ငွေပြတ်လပ်နေသော ဗြိတိန်အမျိုးသမီးတစ်ဦးသည် သူမ၏ ကလေးငယ်များအား ခရစ်စမတ်လက်ဆောင် ပေးရန် အတွက် သူမ၏နို့ရည်များကိုတစ်ပုလင်းလျှင် ဒေါ်လာ ၂၀ဖြင့် ရောင်းချခဲ့သည်။

ကလေးတွေကို ကာကွယ်ဖို့ အစီအစဉ် ရုပ်သံကနေ ပြမယ်

ကလေးသူငယ်များဆိုင်ရာ အခွင့်အရေးနဲ့ ပတ်သက်တဲ့ ပညာပေးဆိုင်ရာ ရုပ်သံတွေကို ကျန်းမာရေး ဝန်ကြီးဌာန ပြန်ကြားရေးဝန်ကြီးဌာနနဲ့ UNICEF တို့ပူးပေါင်းပြီး မြန်မာ့အသံရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသ တော့မှာ ဖြစ်ပါတယ်။

နာလန်ထ ဂန္တ၀င်ဘောလုံးသမား ပီလီ ပရိသတ်ကို ကျေးဇူးတင်

Photo: နာလန်ထ ဂန္တ၀င်ဘောလုံးသမား ပီလီ ပရိသတ်ကို ကျေးဇူးတင်
Saturday, December 6, 2014

ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက် ရောဂါကို ဆေးရုံမှာ ကုသခံနေတဲ့ ဘရာဇီလ်းနိုင်ငံ ဂန္တ၀င်ဘောလုံးသမား ပီလီက ဗွီဒီယိုကနေတဆင့် ပရိသတ်ကို ကျေးဇူးတင်ကြောင်း ပြောဆိုလိုက်ပါတယ်။

သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့ ကမ္ဘာတ၀န်းလုံးက ပရိသတ်တွေကို ကျေးဇူးတင် စကား ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ဘုရားသခင်ရဲ့ ကျေးဇူးကြောင့် သက်သာလာပါပြီ၊ ဒီနေရာမှာ ကျနော်မိသားစုနဲ့ အတူ ရှိနေပါတယ်။”

ဗွီဒီယိုမှာ ပီလီက ဂီတာတီးနေတာနဲ့ စတင်ထားပြီး အင်္ဂလိပ် ပေါ်တူဂီ ၂ ဘာသာနဲ့ ပြောဆိုထားပါတယ်။

ကမ္ဘာဖလားကို ၃ ကြိမ်ရယူပေးခဲ့တဲ့ အသက် ၇၄ နှစ် အရွယ် ပီလီကို နိုဝင်ဘာ ၂၄ ရက်နေ့က ဆာပေါ်လိုက အဲလ်ဘတ်အိုင်းစတိုင်း ဆေးရုံကို တင်ခဲ့ရတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့ ကျောက်ကပ်က ကျောက်ကို ဖယ်ရှားဖို့ ခွဲစိတ်ခဲ့ရာကနေ အခုလို ကူးစက်ရောဂါ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဆရာဝန်တွေကလည်း ပီလီအခြေအနေက တိုးတက်လာပြီး ရောဂါ ကူးစက်တဲ့ လက္ခဏာမရှိတော့ဘူးလို့ ထုတ်ပြန်ပါတယ်။

DVB
ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက် ရောဂါကို ဆေးရုံမှာ ကုသခံနေတဲ့ ဘရာဇီလ်းနိုင်ငံ ဂန္တ၀င်ဘောလုံး သမား ပီလီက ဗွီဒီယိုကနေတဆင့် ပရိသတ်ကို ကျေးဇူးတင်ကြောင်း ပြောဆိုလိုက်ပါတယ်။

နော်ဝေဘုရင် မန္တလေးခရီးစဉ် ကြိုဆိုရေးနေရာ သတင်းယူခွင့် ရုပ်သံမီဒီယာ ငါးခုသာ ခွင့်ပြု


Photo: နော်ဝေဘုရင် မန္တလေးခရီးစဉ် ကြိုဆိုရေးနေရာ သတင်းယူခွင့် ရုပ်သံမီဒီယာ ငါးခုသာ ခွင့်ပြု
Saturday, December 6, 2014

မြန်မာဘုရင် နောက်ဆုံးစိုးစံခဲ့သည့် မန္တလေးမြို့သို့ ရှေးဟောင်းယဉ်ကျေးမှု ဒေသ ပုဂံမှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ရောက်ရှိလာမည့် နော်ဝေနိုင်ငံ ဘုရင်ကို မန္တလေး ထုံးဘိုဆိပ်ကမ်းရှိ ကြိုဆိုရေးနေရာတွင် သတင်းရယူရန် ရုပ်သံမီဒီယာ ငါးခုကိုသာ ခွင့်ပြုခဲ့ပြီး အခြားမီဒီယာများကို သတင်းရဲတပ်ဖွဲ့က တားမြစ်ခဲ့ကြောင်း အဆိုပါနေရာသို့ သွားရောက် သတင်းရယူခဲ့သည့် မန္တလေးအခြေစိုက် သတင်းထောက်များက ပြောဆိုသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ ညနေပိုင်းတွင် သတင်းရယူမည့် မီဒီယာများ၏ အမည်စာရင်းကို စတင်ပေးပို့ရန် သတင်းရဲတပ်ဖွဲ့က အကြောင်းကြားခဲ့သဖြင့် နာမည်စာရင်းများ ပေးပို့ခဲ့သော်လည်း နော်ဝေဘုရင် ရောက်ရှိလာသည့် ဒီဇင်ဘာလ ၅ ရက်နေ့တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် အမည်စာရင်း ပေးထားသည့် သတင်းဌာနများသာ သတင်းဓာတ်ပုံ ရယူခွင့် ရှိသည်ဟု ပြောကြားပြီး ကျန်သတင်းသမားများ ရယူခွင့်မရှိဟု သက်ဆိုင်ရာ သတင်းရဲတပ်ဖွဲ့က တားဆီးသဖြင့် သတင်းဓာတ်ပုံ ရယူရန် အခက်အခဲ ရှိခဲ့ကြောင်း အဆိုပါ သတင်းထောက်များက ဆိုသည်။

ဝန်ကြီးချုပ် ခွင့်ပြုခဲ့သည့် သတင်းမီဒီယာများမှာ Skynet၊ MRTV၊ မြဝတီ၊ MRTV 4၊ Channel 7၊ MNTV တို့ဖြစ်ပြီး အခြားမီဒီယာများက ကြိုဆိုရေး နေရာတွင် သတင်းရယူခွင့် မရရှိခဲ့သဖြင့် မြို့ပတ်လမ်းပေါ်မှသာ သတင်းဓာတ်ပုံများ ရိုက်ခဲ့ရသည်ဟု မန္တလေးအခြေစိုက် သတင်းသမားများက ထပ်လောင်းပြောဆိုသည်။

နော်ဝေဘုရင် ရောက်ရှိလာမည့် ဧရာဝတီမြစ်ဆိပ် ထုံးဘိုဆိပ်ကမ်းရှိ ကြိုဆိုရေးနေရာတွင် ဓာတ်ပုံသတင်း ရယူရန်အတွက် ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၇ နာရီတွင် ရောက်ရှိလာသည့် မန္တလေးအခြေစိုက် သတင်းသမားများက တာဝန်ရှိသူများကို အကြောင်းကြား အသိပေးပြီး နေရာတစ်ခု သတ်မှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ယင်းတာဝန်ရှိသူများက ကြိုဆိုရေးနေရာနှင့် ဝေးကွာသော နေရာများသို့ သုံးကြိမ်တိုင်တိုင် နေရာရွှေ့ပြောင်းခြင်းများ လုပ်ဆောင်ခံခဲ့ရသည်။

ယင်းနှင့်ပတ်သက်၍ သတင်းရဲတပ်ဖွဲ့ တာဝန်ကျ အကြီးတန်း အရာရှိတစ်ဦးကို မေးမြန်းရာ ဝန်ကြီးချုပ် ရွေးချယ်ထားသော နိုင်ငံပိုင်သတင်းဌာနများနှင့် Skynet သတင်းဌာန၏ သတင်းသမားများကိုသာ သတင်းရယူခွင့် ရှိကြောင်း ပြန်လည်ဖြေကြားသည်။

နော်ဝေဘုရင်နှင့် ဇနီးဖြစ်သူတို့သည် မန္တလေးမြို့ ဧရာဝတီမြစ် ထုံးဘိုဆိပ်ကမ်းသို့ ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီ ဝန်းကျင်တွင် ရောက်ရှိလာခဲ့ပြီး ယင်းမှတစ်ဆင့် မန္တလေးတောင်တော်၊ ရွှေကျောင်းကြီး၊ ကုသိုလ်တော်ဘုရားနှင့် မြနန်းစံကျော် ရွှေနန်းတော်တို့သို့ သွားရောက်လည်ပတ် လေ့လာမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
မြန်မာဘုရင် နောက်ဆုံးစိုးစံခဲ့သည့် မန္တလေးမြို့သို့ ရှေးဟောင်းယဉ်ကျေးမှု ဒေသ ပုဂံမှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ရောက်ရှိလာမည့် နော်ဝေနိုင်ငံ ဘုရင်ကို မန္တလေး ထုံးဘိုဆိပ်ကမ်းရှိ ကြိုဆိုရေးနေရာတွင် သတင်းရယူရန် ရုပ်သံမီဒီယာ ငါးခုကိုသာ ခွင့်ပြုခဲ့ပြီး အခြားမီဒီယာများကို သတင်းရဲတပ်ဖွဲ့က တားမြစ်ခဲ့ကြောင်း အဆိုပါနေရာသို့ သွားရောက် သတင်းရယူခဲ့သည့် မန္တလေးအခြေစိုက် သတင်းထောက်များက ပြောဆိုသည်။

မလေးရှားရောက် တရားမဝင်မြန်မာလုပ်သားများ နေရပ်ပြန်လိုသော်လည်း မြန်မာနိုင်ငံသားအဖြစ် အထောက်အထားပြုလုပ်ရန် မှတ်ပုံတင်မရှိသဖြင့် အခက်အခဲကြုံရဟုဆို

Photo: မလေးရှားရောက် တရားမဝင်မြန်မာလုပ်သားများ နေရပ်ပြန်လိုသော်လည်း
မြန်မာနိုင်ငံသားအဖြစ် အထောက်အထားပြုလုပ်ရန် မှတ်ပုံတင်မရှိသဖြင့် အခက်အခဲကြုံရဟုဆို
Saturday, December 6, 2014

မလေးရှား နိုင်ငံ၌ တရားမဝင် ဖြစ်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ထဲမှ နေရပ်ပြန်လိုသူများ ရှိနေသော် လည်း မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထား (ဃှု) ပြုလုပ်ရန် နိုင်ငံသားမှတ်ပုံတင် မရှိသည့်အတွက် နေရပ်ပြန်ရန် အခက်ခဲကြုံတွေ့ နေ ကြရကြောင်း မလေးရှားရှိမြန်မာ ရွှေ့ပြောင်းအလုပ်သမား အချို့ထံ မှ သိရသည်။

မလေးရှားနိုင်ငံတွင် သုံးလတစ် ကြိမ်(သို့) ခြောက်လတစ်ကြိမ် ဖမ်း ဆီးလေ့ရှိသည့် သက်တမ်းလွန် အလုပ် သမား(ဥလနမျအပေ) ဖမ်းဆီးနေခြင်း များကိုပြင်းထန်စွာ ပြုလုပ်လျက်ရှိ နေခြင်းနှင့် မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အသတ်ခံနေရမှုများကြောင့် နေ ရပ်ပြန်လိုကြခြင်းဖြစ်ကြောင်း မြန် မာရွှေ့ပြောင်း အလုပ်သမားများက ဆိုသည်။

မလေးရှားနိုင်ငံ ကွာလာလမ် ပူမြို့ပေါ်ရှိ သစ်အချောထည်စက်ရုံ တွင် အလုပ်လုပ်ကိုင်သည့်မြန်မာ ရွှေ့ပြောင်း အလုပ်သမား ကိုသန့်ဇင် က ''ဒီတစ်ခါဖမ်းတာက မလေးအစိုး ရကိုယ်တိုင်က ပြစ်ဒဏ်တွေပါတိုး ပြီး အမိန့်ထုတ်ထားတဲ့အတွက် ရော ဖမ်းတာလည်းနေရာစိတ်လာ တယ်။ အဲ့ဒါအပြင် ဟိုတလောက ဈေးရောင်းတဲ့မြန်မာတစ်ယောက် အသတ်ခံလိုက်ရသေးတယ်။ လူ တစ်စုက ဝင်သတ်သွားတာပဲ သိရ ပြီး ဘယ်သူသတ်သွားမှန်းမသိ လိုက်ဘူး။ အဲ့လိုတွေကြောင့် အရမ်း ကို ကြောက်နေကြတယ်။ ဒါ ကြောင့် ပြန်ချင်နေကြတယ်။ ပြန် ချင်ပေမယ့် မှတ်ပုံတင်တို့အိမ်ထောင် စုစာရင်းတို့ပြနိုင်မှ သရုံးမှ (CI)လျှောက်လို့ရမှာ တရားမဝင်ဖြစ်နေ တဲ့လူအတော်များများမှ အဲ့အထောက် အထား မရှိကြဘူး''ဟု ပြောသည်။

မလေးရှားနိုင်ငံတွင် တရား မဝင် အထောက်အထားမဲ့ မြန်မာ အလုပ်သမား ဖမ်းဆီးနေခြင်းသည် ယခုတစ်ကြိမ်တွင် အပြင်းထန်ဆုံး ဖြစ်ပြီး ယခင်ဖမ်းမိပါက ထောင်ဒဏ် ခြောက်လချမှတ်ပြီး ယခုတွင် ထောင် ဒဏ် ခြောက်လအပြင်၊ ကြိမ်ဒဏ် တစ်ချက်ကိုပါ ပြစ်ဒဏ်အဖြစ် တိုး မြှင့်ထားကြောင်း ပြင်းထန်းစွာဖမ်း ဆီးမှု ပြုလုပ်လျှက်ရှိကြောင်း မလေး ရှားရှိ မြန်မာရွှေ့ပြောင်း အလုပ် သမား ကိုစိုးနိုင်လင်းက ပြောသည်။

''ကျွန်တော်တို့ဆို ကိုယ့်နိုင်ငံ ပဲ ကိုယ်ပြန်ဖို့စိတ်ကူးနေတယ်။ ဒါ ပေမဲ့(CI)လျှောက်ဖို့ အထောက်အ ထားပြစရာမရှိဘူး။ ပွဲစားတွေက အထောက်အထားမရှိလဲ (CI)လျှောက်လို့ရတယ်ဆိုလို့ ပွဲစား အားကိုးလိုက်တယ်။ အလိမ်ခံလိုက် ရရော အဲ့တော့ရှိတဲ့ပိုက်ဆံပါ ကုန် ရော''ဟု ကိုစိုးနိုင်က ယင်းကြုံတွေ့ ခဲ့ရသည်များကို ပြောသည်။

ထိုသို့ အိုဗာစတေးဖမ်းဆီးမှု များကြောင့် တရားမဝင်နိုင်ငံခြား သားလုပ်သားများနှင့် Overstay ဖြစ် နေသည့် နိုင်ငံခြားသားအလုပ် သမားများကို မလေးရှားအစိုးရမှဒီ ဇင်ဘာ ၃၁ရက် နောက်ဆုံးထားကာ မိမိနေရပ်နိုင်ငံများသို့ ပြန်ရန်ကြေ ညာထားပြီး ယင်းကြေညာချက် အပေါ် ပွဲစားများမှအမြတ်ထုတ် လျက်ရှိနေခြင်းဖြစ်ကြောင်း၊ နေရပ် ပြန်ရန် ဆန္ဒပြင်းပြနေကြသည့် မြန် မာနိုင်ငံသားများ အများဆုံး အမြတ် ထုတ်ခံနေရကြောင်း ကိုစိုးနိုင်လင်း က ဆိုသည်။

မလေးရှားနိုင်ငံ ကပုန်းလူမှု ကူညီရေးအသင်းမှ ဦးဆန်းဝင်းက ''(CI) လျှောက်ရင်မှတ်ပုံတင်လို တယ်၊ အိမ်ထောင်စုစာရင်းလိုတယ်။ အဲ့နှစ်ခုနဲ့ Passport စာအုပ်နဲ့သံရုံး မှာ(CI)လျှောက်ရတယ်။ အခုအခက် ခဲဖြစ်နေတာက အထောက်အထား မဲ့ဖြစ်နေတဲ့သူတွေ အားလုံးနီးပါး မှာ အဲဒီ့အထောက်အထား မရှိဘူး။ အထောက်အထားမရှိလို့ သံရုံးက နေအထောက်အထား လုပ်မယ်ဆို ရင်လည်း အနည်းဆုံးလူတစ်ယောက် ကို ခြောက်လလောက်ကြာတယ်။ အဲဒီတော့ ကြားပွဲစားတွေက သူတို့ လုပ်ပေးမယ်။ အထောက်အထားမ ရှိလည်းရတယ်။ မကြာစေရဘူးဆို တဲ့စကားကိုယုံပြီး အလိမ်ခံလိုက် ကျရရော''ဟု ပြောသည်။

မြန်မာရွှေ့ပြောင်း အလုပ်သ မားများအနေဖြင့် မိမိအစီစဉ်ဖြင့် နေရပ်ပြန်လိုပါက ပထမဦးစွာ မြန် မာသံရုံး၌(CI) လျှောက်ထားကာ မလေးရှား လဝကထံတွင် Special Pass အတွက် ကုန်ကျငွေမလေးရှား ငွေ ရင်းဂစ် ၁ဝဝနှင့် Compound ကြေး မလေးရှားငွေ ရင်းဂစ် ၄ဝဝ တို့ ကိုပေးဆောင်ကာ နေရပ်ပြန်နိုင် ကြောင်း၊ ထိုသို့ပြန်လိုသူများအနေ ဖြင့် မိမိတို့၏ သက်ဆိုင်ရာနေရပ်မှ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ မိမိတို့ လက်ဝယ်ရှိ ပတ်စပို့စာအုပ်တို့ဖြင့် သံ ရုံးတွင် CI လျှောက်ထားရမည်ဖြစ် ပြီး CI ရရှိပါက လေယာဉ်လက်မှတ် တစ်ကြောင်းစာဝယ်ကာ လဝကသို့ သွား၍ တုံကင်ယူရမည် ဖြစ်သည်။ 

တုံကင်ရက်ရပါက ၅ ရက်အတွင်း မြန်မာပြည်သို့ ပြန်လည်ထွက်ခွာနိုင် ကြောင်းလည်း မလေးရှားအစိုးရမှ ထုတ်ပြန်ထားသည်။

ZCL
Ref : Straitstimes
Yangon Media Group
မလေးရှား နိုင်ငံ၌ တရားမဝင် ဖြစ်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ထဲမှ နေရပ်ပြန်လိုသူများ ရှိနေသော် လည်း မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထား (ဃှု) ပြုလုပ်ရန် နိုင်ငံသားမှတ်ပုံတင် မရှိသည့်အတွက် နေရပ်ပြန်ရန် အခက်ခဲကြုံတွေ့ နေကြရကြောင်း မလေးရှားရှိမြန်မာ ရွှေ့ပြောင်း အလုပ်သမား အချို့ထံ မှ သိရသည်။