Monday, 24 November 2014

တိုင်းရင်းသား လက်နက်ကိုင်များသေဆုံးခြင်း အတွက် စိတ်မကောင်းဖြစ်ရ ကြောင်း ဗိုလ်ချုပ်မှူးကြီးပြောကြား

ကေအိုင်အေ စစ်သင်တန်းကျောင်း ၌ လက်နက်ကြီး ကျရောက်မှုကြောင့် တိုင်းရင်းသား လက်နက်ကိုင် ၂၃ ဦး သေဆုံးခဲ့သည့်အတွက် စိတ်မကောင်း ဖြစ်ရသည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုကြောင်း မြန်မာနိုငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ တာဝန်ရှိသူများက ပြောဆိုသည်။

Sunday, 23 November 2014

ဆရာ/ဆရာမများအတွက် ၀န်ထမ်းအိမ်ရာတည်ဆောက်ရေးအဆို ရခိုင်လွှတ်တော်တွင် မှတ်တမ်းတင်အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ

Photo: ဆရာ/ဆရာမများအတွက် ၀န်ထမ်းအိမ်ရာတည်ဆောက်ရေးအဆို ရခိုင်လွှတ်တော်တွင် မှတ်တမ်းတင်အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ
Sunday, November 23, 2014

ကျေးလက်တောရွာများတွင် တာဝန်ကျနေသော ဆရာ/ ဆရာမများအနေဖြင့် ၀န်ထမ်းအိမ်ရာမရှိ၍ တည်းခိုနေထိုင်ရန် အခက်အခဲများကြုံတွေ့နေရသဖြင့် မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းမှ ရခိုင်ပြည်နယ် လွှတ်တော်တွင် ဆရာ/ဆရာမများအတွက် ၀န်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန်  အဆိုတင်သွင်းရာ အဆိုမှာ မအောင်မြင်ဘဲ မှတ်တမ်းတင် အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်ဟု သိရသည်။

မြေပုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းမှ ကျင်းပနေဆဲဖြစ်သော ရခိုင်ပြည်နယ် လွှတ်တော်တွင် ယခုလ ၂၀ နေ့က “ ကျေးလက်ဒေသများမှာ တာဝန်ထမ်းဆောင်နေကြသော ပညာရေးဝန်ထမ်း ဆရာ/ဆရာမများ အတွက် နေထိုင်မည့် အဆောင်များကို ပြည်နယ် အစိုးရရန်ပုံငွေမှ ကူညီဆောင်ရွက် တည်ဆောက် ပေးပါရန် ရခိုင်ပြည်နယ် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့သည်။

“ ကျေးလက် ဒေသတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ/ဆရာမတွေဟာ နေထိုင်တည်းခိုမယ့် အဆောင်တွေ မရှိတဲ့ အတွက် အခက်အခဲတွေအများကြီးနဲ့ ဒုက္ခ ကြုံတွေ့နေကြရပါတယ်။ ရခိုင်ပြည်နယ် ပညာရေးကို အမှန်တကယ် တိုးမြှင့်လိုတယ်ဆိုရင် ဆရာဆရာမတွေ စိတ်ချမ်းသာသာနဲ့ နေထိုင်နိုင်ဖို့ အဆောင်တွေကို ပြည်နယ် အစိုးရရံပုံငွေထဲမှ ထည့်သုံးရင် မရနိုင်ဘူးလားဆိုပြီး ကျွန်တော်က တင်ပြပါတယ်။ ဒါပေမယ့် ပြည်နယ် လူမှုရေး ၀န်ကြီး ဦးအောင်ကျော်မင်းက ဒီလို အဆောက်အဦးတွေဆောက်ဖို့ ပြည်နယ် အစိုးရမှာ ဘတ်ဂျက် မလုံလောက်ဘူး။ ငွေကြေး မရှိဘူးဆိုပြီး အဆိုကို ပြန်လည် သုံးသပ်ဆင်ခြင်ဖို့ ပြန်လည် ပြောဆိုပါတယ်” ဟု မြေပုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောဆိုသည်။

ရခိုင်ပြည်နယ် ကျေးလက်ဒေသများတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာ ဆရာမများ အနေဖြင့် သူတို့ တည်းခို နေထိုင်ရန် အဆောင်များ မရှိ၍ ဒေသခံ ကျေးရွာသားများ၏ နေအိမ်များတွင် နေထိုင်ကြရသဖြင့် မလိုလားအပ်သော လူမှုရေး ပြသနာများနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရသည်ဟု သူက ဆိုသည်။

“ ကျေးလက်ဒေသတွေမှာ ဆရာ/ ဆရာမတွေ အတွက် အမှန်တကယ် ပြသနာ တက်နေတာက ဒီကိစ္စဘဲ။ ကျေးလက် တောရွာတွေကို တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိလာတဲ့ အခါ ဆရာ ဆရာမတွေအနေနဲ့ ၀န်ထမ်းအိမ်ရာ မရှိတဲ့အတွက် ကျေးရွာတွေက အိမ်တွေမှာ တည်းခိုနေထိုင်ကြရတယ်။ အဲသလို နေထိုင်ရတဲ့အခါ မိသားစုပြသနာ၊ လူမှုရေး ပြသနာတွေဟာ ဆရာ/ဆရာမတွေအပေါ်မှာ ရိုက်ခတ်မူရှိတယ်။ ဒါဟာ ဆရာ ဆရာမတွေအတွက် အဓိက ဒုက္ခပါဘဲ။ ဒါကြောင့် အဆောင်တွေ ဆောက်ပေးဖို့ တင်ပြရတာ ဖြစ်ပါတယ်” ဟု ဦးအောင်ဝင်းက ဆက်ဆိုသည်။

ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ဆရာ/ဆရာမများအတွက် အဆောင်များ ဆောက်လုပ်ပေးလိုသော်လည်း ဘတ်ဂျက် မရှိသဖြင့် ငြင်းပယ်ရခြင်း ဖြစ်ကြောင်း ပြည်နယ်လူမှုရေး ၀န်ကြီး ဦးအောင်ကျော်မင်းက နိရဉ္စရာသို့ ပြောဆိုသည်။

“ ကျန်းမာရေးနဲ့ပညာရေး ဘတ်ဂျက်ကို ပြည်ထောင်စုအစိုးရ တိုက်ရိုက်စီမံခန့်ခွဲတယ်။ ပြည်နယ် အစိုးရ ဘတ်ဂျက်ထဲမှာ ဒီလိုသုံးဖို့လည်း ချပေးထားတာ မရှိဘူး။ အဲဒီဘတ်ဂျက်တွေ အထဲမှာ  ဆရာ/ ဆရာမတွေ နေထိုင်ဖို့ အဆောင်တွေထက် အရေးကြီးတဲ့ ကျောင်းတွေကို ပြန်ဆောက်နေရတယ်။ ပြုပြင်မွန်းမံတာတွေ ပြုလုပ်နေရတယ်။ ဒါကြောင့် ဒီအဆိုကို ပြန်ရုတ်သိမ်းဖို့ ပြောဆိုရတာ ဖြစ်ပါတယ်” ဟု ၀န်ကြီးက ဆိုသည်။

ယခုအခါ ရခိုင်ပြည်နယ် အတွင်း ကျောင်းသစ်များ တည်ဆောက်ခြင်း၊ ပြိုပျက်နေသော ကျောင်းဟောင်းများကို ပြန်လည် ပြုပြင်ခြင်း၊ လိုအပ်နေသော ကျောင်းသုံး ပရိဘောဂများကို ဖြည့်ဆည်းခြင်း၊ အိမ်သာများ တည်ဆောက်ခြင်းတို့ကို ဦးစားပေးအဆင့်ဖြင့် ပြည်နယ် အစိုးရက ဆောင်ရွက် နေကြောင်း ၀န်ကြီးကဆိုသည်။

“ နောက်တော့ တဖြည်းဖြည်းနဲ့ ဖြစ်လာမှာပါ။ အခုကျွန်တော်တို့ ပြောတာက ကျောင်းဟောင်းတွေကို ဖြိုဖျက်လိုက်တဲ့ အတွက် ထွက်ကျလာတဲ့ သစ်တွေ၊ သွပ်ပြားတွေနဲ့ ဆရာ ဆရာမတွေ အတွက် အဆောင်တွေ ဆောက်လို့ မရဘူးလား။ အဲသလို ဆောက်မယ်ဆိုရင် ရွာသားတွေဆီကလည်း ကျခံ၊ ပြည်နယ် အစိုးရက ကုန်ကျစရိတ် ကျခံမယ်ဆိုရင် မဖြစ်နိုင်ဘူးလားလို့ ဆွေးနွေးတာတို့ရှိပါတယ်။ လုံးဝ ဆောက်ပေးမယ်လို့ အာမခံလိုက်ရင် အားလုံးက တောင်းလာရင် ပြသနာ ကြုံရနိုင်ပါတယ်” ဟု ပြောသည်။

ယင်းပြင် ရခိုင်ပြည်နယ် အတွက် ပြည်ထောင်စု အစိုးရက ကျပ်ငွေ (၁၅) ဘီလျံ အပိုဘတ်ဂျက်ချပေးထားရာ ယင်းငွေဖြင့် ရေတွင်းရေကန်များနှင့် လမ်းတံတားတည်ဆောက်ရေးကို ပြည်ထောင်စု အစိုးရမှ ညွှန်ကြားချက်နှင့် အညီ ဦးစားပေး တည်ဆောက်နေကြောင်း၊ ပညာရေးအတွက် ဘတ်ဂျက်ငွေမှာ ပြည်နယ် အစိုးရသို့ ခွင့်ပြုထားပြီ ဖြစ်သဖြင့် ယခု ချပေးသော (၁၅) ဘီလျံမှ ငွေဖြင့် ပညာရေး ကဏ္ဍအတွက် သုံးစွဲ၍ မရနိုင်ကြောင်း ၀န်ကြီးက ဆက်လက် ပြောကြားသည်။

ပေါက်တောမြို့နယ် ကျေးရွာ တစ်ခုတွင် တာဝန် ထမ်းဆောင်နေသော ဆရာမ နွယ်ကလည်း ဆရာ ဆရာမများအတွက် နေအိမ်အဆောင်များ မရှိသဖြင့် အခက်တွေ့နေရပုံကို ယခုလို ပြောဆိုသည်။

“ ဆရာ ဆရာမတွေအတွက် ရွာတွေမှာ ၀န်ထမ်းအိမ်ရာတွေ မရှိတဲ့ အတွက် အထူးအခက်အခဲရှိပါတယ်။ နယ်မှာ တာဝန်ထမ်းဆောင်တဲ့ ဆရာ ဆရာမတွေအတွက် အဓိက အခက်အခဲက ဆရာ/ ဆရာမတွေအတွက် အဆောင်မရှိတဲ့ ပြသနာ ဖြစ်ပါတယ်။ အထူးသဖြင့် ဆရာမတွေအနေနဲ့ တစ်ခြားမိသားစုတွေနဲ့ ရောနှောနေထိုင်ရတဲ့ အတွက် အထူး ဒုက္ခရောက်ကြရပါတယ်။ နောက်လာမယ့် နှစ်မှာလည်း ဘယ်မှာ တည်းခိုနေထိုင်ရမယ်ဆိုတာတောင် မသိရသေးပါဘူး” ဟု ဆိုသည်။

ပေါက်တောမြို့နယ် ကံဆိပ်ကျေးရွာမှ အမည် မဖေါ်လိုသူ ဆရာတစ်ဦးမှလည်း ဒေသခံ ကျေးရွာသားများ၏ အိမ်တွင်နေထိုင်ရသဖြင့် ကျောင်းသင်ခန်းစာများကို ကြိုတင် မလုပ်နိုင်ခြင်း၊ အိမ်ငယ်၍ ကျောင်းသားကျောင်းသူများကို အခါအားလျော်စွာ စာသင်ပြရန် ခက်ခဲခြင်း၊ ကျောင်းသား ကျောင်းသူများနှင့် နွေးနွေးထွေထွေး မနေနိုင်ခြင်း၊ ရေချိုး၊ အိမ်သာတက်ရာမှ အစ အခက်အခဲမျိုးစုံနှင့် ကြုံတွေ့နေရသဖြင့် ဆရာ/ ဆရာမများအတွက် အစိုးရမှ  အဆောင်များ သီးသန့် ဆောက်လုပ်ပေးနိုင်ပါက အထူးသင့်တော်ကောင်းမွန်မည် ဖြစ်ကြောင်း ပြောကြားသည်။

နိရဉ္စရာ 

ဒီကလေးတွေ ပညာရေးကောင်းဖို့ ဆရာ/ဆရာမတွေ စိတ်ချမ်းသာဖို့ လိုပါသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
ဒီကလေးတွေ ပညာရေးကောင်းဖို့ ဆရာ/ဆရာမတွေ စိတ်ချမ်းသာဖို့လိုပါသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
ကျေးလက်တောရွာများတွင် တာဝန်ကျနေသော ဆရာ/ ဆရာမများအနေဖြင့် ၀န်ထမ်းအိမ်ရာမရှိ၍ တည်းခိုနေထိုင်ရန် အခက်အခဲများကြုံတွေ့နေရသဖြင့် မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း မှ ရခိုင်ပြည်နယ် လွှတ်တော်တွင် ဆရာ/ဆရာမများအတွက် ၀န်ထမ်းအိမ်ရာများ ဆောက် လုပ် ပေးရန်  အဆိုတင်သွင်းရာ အဆိုမှာ မအောင်မြင်ဘဲ မှတ်တမ်းတင် အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ သည်ဟု သိရသည်။

ဟောင်ကောင်တွင် ဒီမိုကရေစီ လိုလားသော လှုပ်ရှားမှုများ သဘောထား ကွဲလွဲမှုများ ရှိလာ


Photo: ဟောင်ကောင်တွင် ဒီမိုကရေစီ လိုလားသော လှုပ်ရှားမှုများ သဘောထား ကွဲလွဲမှုများ ရှိလာ
Sunday, November 23, 2014

ဟောင်ကောင်၊ နိုဝင်ဘာ၂၃။ ဟောင်ကောင်တွင် ဒီမိုကရေစီ လိုလားသော ဆန္ဒပြသူ များသည် ထိုင်သပိတ် ဆင်နွဲမှုများနှင့် လမ်းများအား ပိတ်ဆိုခြင်း များကို   နှစ်လနီးပါးခန့် ပြုလုပ်ခဲ့ပြီးနောက် ပြည်သူများ၏ ထောက်ခံမှုများ လျော့ကျ လာပြီး နောက်ပိုင်းတွင် ဆန္ဒပြ တိုက်ပွဲများကို ဆက်လက် လုပ်ဆောင်သွားခြင်း သို့မဟုတ် နောက်ကြောင်း ပြန်ဆုတ်ခြင်း ရှိမရှိနှင့် စပ်လျဉ်း၍ သဘောထားများ ကွဲလွဲလျက် ရှိသည်။

ဆန္ဒပြသူ များနှင့် အစိုးရအဖွဲ့ တို့အကြား ဆွေးနွေးမှု မျှော်လင့်ချက်များ မရှိသလောက် ဖြစ်နေပြီး နိုဝင်ဘာ ၁၉ ရက်က ဟောင်ဟောင် ဥပဒေပြု လွှတ်တော် ရုံးဝင်ပေါက်ကို ရိုက်ချိုးမှုများက ဟောင်ကောင် မြို့တွင် ဆိုးရွားသော ဖြစ်ရပ်များကို ဖြစ်ပေါ်စေ ခဲ့သည်။ ကျောင်းသား ခေါင်းဆောင်များက ပေကျင်းသို့ သွား ကာ တရုတ်အာဏာပိုင် များအား လွှတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပပေးရေး အတွက် တောင်းဆိုမှုများ ပြုလုပ်မှုသည် ပြည်သူလူထု အမြင်ကို ပြောင်း လဲရန် အနည်းငယ်သာ လုပ်ဆောင် နိုင်ခဲ့သည်။

"အများစုက ယင်းလုပ်ဆောင်ချက် အပေါ် ဆန့်ကျင်ခဲ့ ပါတယ်။ သူတို့တွေရဲ့ တောင်းဆိုမှု တွေဟာ လက်ခံနိုင်တဲ့ အရာ ဖြစ်ပါတယ်။ဒါပေမဲ့လည်း အနှောင့်အ ယှက်များ ဖြစ်ပေါ်ခဲ့ ပါတယ်"ဟု မျိုးရိုးအမည် မိုဟုခေါ်သည့် အသက် ၆၅ နှစ် အရွယ် ဥယျဉ်မှူး က အက်ဒ်မီရာလ်တီ ခရိုင် အဓိက ဆန္ဒပြ နေရာ အနီးရှိ ဥယျဉ် အတွင်း ပန်းပင်များကို ရေဖြန်းနေစဉ် ပြောကြားခဲ့သည်။ "ဒီကိစ္စကို ဆောင်ရွက်တဲ့ နေရာမှာ လုပ်စရာ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ပြည်သူတွေဟာ အသက်ရှင် နေထိုင်မှု အတွက် လုပ်ဆောင် နေရတယ်။ ကျွန်တော် အနေနဲ့ အများကြီး မသိပေမဲ့ ပြည်သူ အများအပြားဟာ ကျွန်တော်နဲ့ သဘောထားချင်း တူ ပါလိမ့်မယ်"ဟု ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

ဒေသခံများ၏ အားမလို အားမရ ဖြစ်မှုများ တိုးပွားလာမှုက ဆန္ဒပြသူများ အပေါ် ထောက်ခံမှုများ ကျဆင်းလာခဲ့ပြီး ဟောင်ကောင် တက္ကသိုလ်တွင် ပြည်သူ ၅၁၃ ဦးကို မဲကောက် ယူမှု ပြုလုပ် ခဲ့ရာ ၈၃ ရာခိုင်နှုန်းက သိမ်းပိုက်မှု များကို အဆုံး သတ်ရန် အလို ရှိကြောင်း ယခုသီ တင်းပတ်က ပြောကြား ခဲ့ပြီး ၆၀ ရာခိုင်နှုန်းက အစိုးရ အဖွဲ့သည် ဆန္ဒပြ နေရာများကို ရှင်းလင်းမှုများ လုပ်ဆောင်သင့်ကြောင်း ပြောကြား ခဲ့သည်။ ဟောင်ကောင် တရုတ် တက္ကသိုလ်က ပြီးခဲ့သည့် လက အလားတူ လေ့လာမှုများကို ပြုလုပ်ခဲ့ရာ ဖြေကြားသူ ၈၀၂ ဦး အနက် ၃၅ ဒသမ ၅ ရာခိုင်နှုန်းက သိမ်းပိုက်မှု များကို ဆန့်ကျင်ကြောင်း ဖော်   ပြ ထားသည်။

Ref: AFP
Mizzima - News in Burmese 

ဟောင်ကောင်မြို့အက်မာရယ်တီရပ်ကွက်ရှိ ဆန္ဒပြသူများကို နိုဝင်ဘာ ၂၁ ရက် တွေ့ရစဉ်။ ဓာတ်ပုံ - AFP

ဟောင်ကောင်မြို့အက်မာရယ်တီရပ်ကွက်ရှိ ဆန္ဒပြသူများကို နိုဝင်ဘာ ၂၁ ရက် တွေ့ရစဉ်။ ဓာတ်ပုံ - AFP

ဟောင်ကောင်၊ နိုဝင်ဘာ၂၃။ ဟောင်ကောင်တွင် ဒီမိုကရေစီ လိုလားသော ဆန္ဒပြသူ များသည် ထိုင်သပိတ် ဆင်နွဲမှုများနှင့် လမ်းများအား ပိတ်ဆိုခြင်း များကို   နှစ်လနီးပါးခန့် ပြုလုပ်ခဲ့ပြီးနောက် ပြည်သူများ၏ ထောက်ခံမှုများ လျော့ကျ လာပြီး နောက်ပိုင်းတွင် ဆန္ဒပြ တိုက်ပွဲများကို ဆက်လက် လုပ်ဆောင်သွားခြင်း သို့မဟုတ် နောက်ကြောင်း ပြန်ဆုတ်ခြင်း ရှိမရှိနှင့် စပ်လျဉ်း၍ သဘောထားများ ကွဲလွဲလျက် ရှိသည်။

မြန်မာလူငယ် ၂ ဦးအရေး ဦးခင်အောင်မြင့်နှင့်အဖွဲ့ ဘန်ကောက်ရောက်ရှိ


Photo: မြန်မာလူငယ် ၂ ဦးအရေး ဦးခင်အောင်မြင့်နှင့်အဖွဲ့ ဘန်ကောက်ရောက်ရှိ
ဦးခင်အောင်မြင့် ပြောကြားနေစဉ် ဦးခင်အောင်မြင့် ပြောကြားနေစဉ်
Sunday, November 23, 2014

မြန်မာလူငယ် ၂ ဦး ဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ ပတ်သက်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ခေါင်းဆောင်တဲ့ ၁၂ ဦးပါ ကိုယ်စားလှယ်အဖွဲ့ ဒီနေ့ညနေပိုင်း ဘန်ကောက်ရောက်ပါတယ်။

ဦးခင်အောင်မြင့်တို့ အဖွဲ့ဟာ မြန်မာလူငယ် ၂ ဦးကိစ္စ လိုက်ပါလုပ်ဆောင်ပေးနေတဲ့ အထူးအဖွဲ့နဲ့ တွေ့ ဆုံဆွေးနွေးကြမှာဖြစ်ပြီး အဖွဲ့မှာ ဥပဒေပညာကျွမ်းကျင်သူတွေနဲ့ မှုခင်းဆေးပညာရှင်တွေ လိုက်ပါလာတယ်လို့ သိရပါတယ်။

မြန်မာလူငယ် ၂ ဦးအရေးနဲ့ ပတ်သက်ပြီး တရားမျှတ စွာ ဆောင်ရွက်ပေး ဖို့ ပြည်ထောင်စုလွှတ်တော်က ထိုင်းနိုင်ငံ အမျိုးသားဥပဒေပြုညီလာခံဥက္ကဋ္ဌထံ သ၀ဏ်လွှာပေးပို့ တောင်းဆိုထားပါတယ်။

ခိုတောင်ကျွန်းလူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ မြန်မာလူငယ် ၂ ဦး အာမခံရရှိရေးအတွက် ဘန်ကောက်မြန်မာသံရုံးက ငွေကြေးစိုက်ထုတ်ပေးမှာဖြစ်ပြီး အခုအပတ်အတွင်း လုပ်ဆောင်သွားမယ်လို့ အမှုကိစ္စ လိုက်ပါလုပ်ဆောင်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

 ဒီဗွီဘီ
မြန်မာလူငယ် ၂ ဦး ဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ ပတ်သက်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ခေါင်းဆောင်တဲ့ ၁၂ ဦးပါ ကိုယ်စားလှယ်အဖွဲ့ ဒီနေ့ညနေပိုင်း ဘန်ကောက်ရောက်ပါတယ်။

အကြမ်းဖက်အဖွဲ့နဲ့ အဆက်အသွယ်ရှိသူ ရိုဟင်ဂျာတစ်ဦးကို ဖမ်းဆီး

Photo: အကြမ်းဖက်အဖွဲ့နဲ့ အဆက်အသွယ်ရှိသူ ရိုဟင်ဂျာတစ်ဦးကို ဖမ်းဆီး
Sunday, November 23, 2014

အိန္ဒိယအမျိုးသား ထောက်လှမ်းရေး အေဂျင်စီက ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ဖမ်းမိထားတဲ့ ရိုဟင်ဂျာလူမျိုး ခါလစ်မိုဟာမက် ဆိုသူဟာ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့ တွေနဲ့ အဆက်အသွယ်ရှိ သူဖြစ်တယ်လို့  ဒီနေ့ထုတ် ဟင်ဒူစတန်တိုင်းမ်စ်း သတင်းတစ်ပုဒ်မှာ ဖေါ်ပြထား ပါတယ်။

ခါလစ်မိုဟာမက်ဟာ လက်ရှကာအီးတိုင်ဘာ အကြမ်းဖက်အဖွဲ့ ဝင်တွေနဲ့အတူ စစ်သွေးကြွတွေကို မြန်မာနိုင်ငံ ထဲမှာ သင်တန်းပေးခဲ့တယ်လို့လည်းဆိုပါတယ်။ သူ့အိမ်ကိုရှာဖွေတဲ့အခါမှာ အူရဒူဘာသာနဲ့ ရေးထားတဲ့ ဖေါက် ခွဲရေးနည်းပညာတွေကို ကွန်ပျူတာမှတ်တမ်းထဲကနေတွေ့ရပြီး၊ ဒီနည်းပညာတွေကို မြန်မာ နယ်စပ်က စစ်သွေး ကြွစခန်းတွေမှာပြုလုပ်တဲ့ ၁၅ ရက် သင်တန်းတွေမှာ ပို့ချခဲ့တယ်လို့ဆိုပါတယ်။ထောက်လှမ်းရေးဌာနရဲ့ ကနဦး စစ်ဆေးတွေ့ရှိချက်တွေအရ သူဟာ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့  မြန်မာ ၄ နိုင်ငံကို သွားလာနေခဲ့တယ် လို့ သိရပါတယ်။

ခါလစ်မိုဟာမက်ဟာ စစ်သွေးကြွအဖွဲ့ဝင် အယောက် ၄၀ ကို ၈ ကြိမ်ခွဲပြီး သင်တန်းပို့ချခဲ့တယ်လို့ ဝန်ခံထွက်ဆို တဲ့အကြောင်း အိန္ဒိယ ထောက်လှမ်းရေး အရာရှိတစ်ဦးကပြောပါတယ်။ဒါ့အပြင် ကရာချိမြို့ပြင်နဲ့ ဆော်ဒီအာရေး ဗီယားမှာ အခြေစိုက်ထားတဲ့ ရိုဟင်ဂျာတွေဆီကနေ ရန်ပုံငွေအမြောက်အများရခဲ့တယ်လို့  ခါလစ်မိုဟာမက်က ထွက်ဆိုတဲ့အကြောင်းနဲ့  အဲဒီငွေတွေကိုဘင်္ဂလားဒေ့ရှ်ဘက်ကို ပို့ခဲ့တဲ့အကြောင်း၊ Viber, WeChat, Tangoe နဲ့  Skype တို့ကနေတဆင့် သူ့အဖွဲ့တွေကို ဆက်သွယ်ခဲ့တဲ့အကြောင်း သိရတယ်လို့ဆိုပါတယ်။

သူ့ကို ပထမဆုံးစည်းရုံးခဲ့သူက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အက်ဗ်ဒူရာမန် ဆိုသူဖြစ်ပြီး၊ အဲဒီပုဂ္ဂိုလ်က လက်ရှကာ အီးတိုင်ဘာအဖွဲ့ ဝင်တွေဖြစ်တဲ့ အလီနဲ့  ဟေဒါဆိုသူ နှစ်ဦးနဲ့ သူ့ကို ထပ်မံမိတ်ဆက်ပေးခဲ့သလို၊ အဲဒီနှစ်ယောက် နဲ့အတူ သင်တန်းတွေပေးဖို့  မြန်မာနယ်စပ်ကို သွားခဲ့တဲ့အကြောင်း ထွက်ဆိုတယ်လို့  အိန္ဒိယထောက်လှမ်းရေး ကပြောပါတယ်။ခါလစ်မိုဟာမက်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အိန္ဒိယကို ဝင်ရောက်ပြီးတဲ့နောက်မှာတော့ ဒေလီ၊ လပ်နောနဲ့  ဂျမ်မူမြို့ တွေမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဖို့သွားခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
အိန္ဒိယအမျိုးသား ထောက်လှမ်းရေး အေဂျင်စီက ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ဖမ်းမိထားတဲ့ ရိုဟင်ဂျာလူမျိုး ခါလစ်မိုဟာမက် ဆိုသူဟာ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့ တွေနဲ့ အဆက်အသွယ်ရှိ သူဖြစ်တယ်လို့  ဒီနေ့ထုတ် ဟင်ဒူစတန်တိုင်းမ်စ်း သတင်းတစ်ပုဒ်မှာ ဖေါ်ပြထား ပါတယ်။

ကင်ဆာရောဂါဆဲလ်များကို တိုက်ဖျက်နိုင်တဲ့ ဒူးရင်းသြဇာ

Photo: ကင်ဆာရောဂါဆဲလ်များကို တိုက်ဖျက်နိုင်တဲ့ ဒူးရင်းသြဇာ

နိုဝင်ဘာလ ၂၃ရက်၊ ၂၀၁၄

ဒူးရင်းသြဇာသီးဟာ ကင်ဆာရောဂါဖြစ်စေတဲ့ ဆဲလ်များကို တိုက်ဖျက်ပေးနိုင်စွမ်းရှိတယ်လို့ နိုင်ငံတကာ ကျန်းမာရေးသတင်းများမှာ ဖော်ပြထားကြပါတယ်။

မြန်မာ့တိုင်းရင်းဆေးအချို့မှာလည်း ဒူးရင်းသြဇာ၏ ဆေးဖက်ဝင်ပုံများကို လေ့လာဖတ်ရှုရပါတယ်။ တိုင်းရင်းဆေးအမျိုးမျိုးတို့မှာလည်း ဒူးရင်းသြဇာကို ထည့်သွင်း၍ ဖော်စပ်ထားကြပါတယ်။

ကင်ဆာရောဂါဖြစ်ပြီဆိုတာနဲ့ ရှိသမျှစည်းစိမ်အကုန်ခံပြီး ကုသကြပေမယ့် ရှိသမျှသာကုန်သွားမယ် နောက်ဆုံးတော့ လက်မြှောက်အရှုံးကြတာ များနေပါတယ်။ သို့သော် အနာသိလျှင် ဆေးရှိသည်ဆိုသလို အနာဆိုတာကလည်း ကုသလို့ရသည့် အချိန်နှင့် ကုလို့မရတော့သည့် အချိန်၊ အနာလွန်၊ အနာကျွမ်းချိန်ဆိုတာမျိုး ရှိနေတာမို့ ရောဂါမကျွမ်းခင် ကိုယ်ကဦးအောင် အရင်ကုသနိုင်လျှင် ပျောက်ကင်းနိုင်သည့် သာဓကများ ရှိနေပါတယ်။

အမေရိကားမှ အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦးဟာ ကျန်းမာရေးမကြာခဏ ချို့ယွင်းလာသလို ခံစားရတဲ့အတွက် နာမည်ကြီး ဆေးရုံတစ်ခုမှာ ဆေးစစ်ကြည့်ရာ အစာအိမ်မှာ ကင်ဆာရောဂါလက္ခဏာများ စဖြစ်နေပြီလို့ ဆရာဝန်က စိတ်မကောင်းစွာ ဖွင့်ဟပါတယ်။ သို့သော်လည်း ကုလို့မရတော့တဲ့ အဆင့်လွန်များ မဟုတ်သေးပဲ အခုမှ Cancer Sign များ စတင်ပြလာတာမို့ ကုသမယ်ဆိုရင် ပျောက်ကင်းနိုင်ကြောင်း သိရတဲ့အတွက် ကင်ဆာဆရာဝန်များနှင့် ဆွေးနွေးကြည့်ပါတယ်။

ကင်ဆာဆေးဝါးများဟာ အင်မတန်ဈေးကြီးနေသည့်အတွက်
ပျောက်ကင်းသည့်အထိ ကုသမှုခံယူဖို့ သာမန်ဝန်ထမ်းသမားသူမအတွက် ဘယ်လိုမှ အဆင်ပြေတာကြောင့် သဘာဝဆေးမြီးတိုနည်းဖြင့် အရင်ကုသရန် ဆေးနည်းများကို လေ့လာပါတော့တယ်။
ဆေးနည်းများစွာထဲမှ လွယ်ကူပြီး ထိရောက်တဲ့ ဆေးနည်းတစ်ခုကို
တွေ့ရသည့်အတွက် ဆေးဆရာကြီးများ၊ ဆရာဝန်များနှင့် ထပ်မံတိုင်ပင်ပြီး ကုသကြည့်ခဲ့ပါတယ်။

၎င်းအမျိုးသမီးကလည်း ဆေးဆရာကြီးများ၏ လမ်းညွန်ချက်အတိုင်း လိုက်နာပြီး သဘာဝဆေးနည်းဖြင့် ကုသလာခဲ့ရာ ယခုဆိုလျှင် ကင်ဆာလက္ခဏာများ ပျောက်ကင်းနေပြီဖြစ်ကြောင်း သူမ၏ ကိုယ်တွေ့ကို အများသိအောင် မျှဝေထားပါတယ်။

ဆေးသောက်ရန် အညွန်း-

(၁) ဒူးရင်းသြဇာ၏ အရွက်ခပ်သန့်သန့် ၁၅ ရွက်ခန့်ကို ရေ ၈ ခွက်ဖြင့် မီးအရှိန်လျှော့ပြီး ၁ နာရီခန့် ကျိုလိုက်ပါ။

(၂) ၄င်းဆေးပြုတ်ရည်ကို တစ်နေ့ ၃ ကြိမ် (မနက်၊ နေ့၊ ည) တစ်ခွက်စီ သောက်ပါ။

(၃) တစ်ပတ်တိတိ တစ်နေ့ ၃ ကြိမ်သောက်ပြီးပါက တစ်နေ့ ၁ ခွက်သာ တစ်လခန့်ထိ ဆက်၍ သောက်သွားနိုင်ပါတယ်။

(၄) ဒူးရင်းသြဇာအသီးကိုလည်း မကြာခဏ စားပေးနိုင်ပါတယ်။ အသီးရဲ့ အရသာကတော့ ချဉ်ပြုံးပြုံးလေး ရှိပါတယ်။

ဒူးရင်းသြဇာသီးသည် အူမကြီးကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ လည်ချောင်းကင်ဆာ စတဲ့ ကင်ဆာအမျိုးမျိုးကိုဖြစ်စေတဲ့ ဆဲလ်များကို တိုက်ဖျက်ပေးနိုင်ပြီး ဆေးဖက်ဝင် သဘာဝအသီးတစ်ခုမို့ ယုံကြည်စွာ သောက်သုံးနိုင်ပါတယ်။

ကင်ဆာဝေဒနာရှင်များ ရောဂါကင်းဝေးပြီး သက်တမ်းပြည့်တဲ့အထိ ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။

ကျန်းမာရေးသတင်းများ
ဒူးရင်းသြဇာသီးဟာ ကင်ဆာရောဂါဖြစ်စေတဲ့ ဆဲလ်များကို တိုက်ဖျက်ပေးနိုင်စွမ်းရှိတယ်လို့ နိုင်ငံတကာ ကျန်းမာရေးသတင်းများမှာ ဖော်ပြထားကြပါတယ်။

ဟစ်တလာ၏ ရေဆေး ပန်းချီကားကို စတာလင် ပေါင် ၄ဝဝဝဝ ဖြင့် လေလံတင် ရောင်းချမည်

Photo: ဟစ်တလာ၏ ရေဆေး ပန်းချီကားကို စတာလင် ပေါင် ၄ဝဝဝဝ ဖြင့် လေလံတင် ရောင်းချမည်
Sunday, November 23, 2014

နှစ်ပေါင်း ၁ဝဝ သက်တမ်းရှိ နာဇီခေါင်းဆောင် ဟစ်တလာ၏ ရေဆေးပန်းချီကား တစ်ချပ်ကို ယခု ရက်သတ္တပတ် အကုန်တွင် ပြုလုပ်မည့် လေလံပွဲ၌ စတာလင်ပေါင် ၄ဝဝဝဝ ဖြင့် လေလံတင် ရောင်းချရန် စီစဉ်ထားကြောင်း Nuremberg's Weidler လေလံ ကုမ္ပဏီက ပြောကြားခဲ့သည်။ အဆိုပါ ပန်းချီကားသည် မြူးနစ်မြို့ရှိ မြို့တော်ခန်းမဟောင်း တစ်ခု၏ ပုံတူကို ရေးဆွဲထားသော ရေဆေးပန်းချီကား ဖြစ်ပြီး ပန်းချီကား၏ လက်ဝဲဘက် အောက်ခြေတွင် "A.Hitler"ဟု ရေးထိုး ထားကြောင်း၊ ယင်း ပန်းချီကားသည် ဟစ်တလာ ရေးဆွဲခဲ့သော ပန်းချီကား အချပ် ၂ဝဝဝ အနက် တစ်ခုဖြစ်ပြီး ၁၉၁၄ ခုနှစ်က ရေးဆွဲခဲ့သည်ဟု ယူဆရကြောင်း လေလံကုမ္ပဏီက ပြောကြားခဲ့သည်။ 

၎င်း ပန်းချီကား၏ အရွယ်အစားမှာ ၂၈x၂၂ စင်တီမီတာ (၁၁x၈ ဒသမ ၅ ) လက်မရှိပြီး "The Old City Hall" ဟု အမည် ပေးထားကြောင်း သိရသည်။ ဟစ်တလာသည် နာဇီခေါင်းဆောင်အဖြစ် အာဏာမရမီ ဆယ်စုနှစ် နှစ်ခုနီးပါးကြာ ပန်းချီဆရာတစ်ဦး အဖြစ် နေထိုင်ခဲ့စဉ်တွင် ကမ္ဘာအနှံ့ရှိ စိတ်ဝင်စားဖွယ် ကောင်းသော အရာများကို ပန်းချီကားများ ရေးဆွဲ ခဲ့သည်ဟု သိရသည်။

မြ၀တီ
နှစ်ပေါင်း ၁ဝဝ သက်တမ်းရှိ နာဇီခေါင်းဆောင် ဟစ်တလာ၏ ရေဆေးပန်းချီကား တစ်ချပ်ကို ယခု ရက်သတ္တပတ် အကုန်တွင် ပြုလုပ်မည့် လေလံပွဲ၌ စတာလင်ပေါင် ၄ဝဝဝဝ ဖြင့် လေလံတင် ရောင်းချရန် စီစဉ်ထားကြောင်း Nuremberg's Weidler လေလံ ကုမ္ပဏီက ပြောကြားခဲ့သည်။

ဆိုမာလီ စစ်သွေးကြွအုပ်စုက လိုင်းကားပေါ်တွင် ခရီးသည် ၂၈ ဦးကို ပစ်သတ်


Photo: ဆိုမာလီ စစ်သွေးကြွအုပ်စုက လိုင်းကားပေါ်တွင် ခရီးသည် ၂၈ ဦးကို ပစ်သတ်
Sunday, November 23, 2014

ဆိုမာလီ အစ္စလာမ္မစ် စစ်သွေးကြွအုပ်စု အယ်ရှာဘတ် အဖွဲ့ဟာ မနေ့မနက်ပိုင်းက မွတ်စလင် မဟုတ်သူ ၂၈ ယောက်ကို လိုင်းကားပေါ်မှာ သေနတ်နဲ့ ပစ်သတ်လိုက်ပါတယ်။

Kenya Attackအယ်ရှာဘတ်အဖွဲ့ဝင်တွေဟာ မန်ဒီရာဆိုတဲ့ မြို့အပြင်ဘက်မှာ  နိုင်ရိုဘီသွားတဲ့ ကားကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်တဲ့ နေရာဟာ ဆိုမာလီယားနဲ့ အီသီယိုးပီးယား နယ်စပ်မှာ ရှိပါတယ်။

မွတ်စလင် မဟုတ်သူတွေကို ဒီလို သတ်ဖြတ်တာဟာ မွမ်ဘာစာ မြို့က ဗလီကို ရဲတွေ ၀င်စီးခဲ့တာကို လက်စားခြေတာလို့လည်း အယ်ရှာဘတ်အဖွဲ့က ဆိုပါတယ်။

နိုဝင်ဘာလ ၁၇ ရက်နေ့က ပင်လယ်ကမ်းခြေမြို့မှာ ရဲအဖွဲ့ဟာ ဗလီ လေးလုံးကို ၀င်စီးခဲ့ပြီး လူ ၁ ဦးကို သေနတ်နဲ့ပစ်သတ်ပြီး အယောက် ၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

ဗလီတွေဟာ စစ်သွေးကြွ စုဆောင်းရာ နေရာ၊ လက်နက်တွေ ၀ှက်ထားရာ နေရာတွေဖြစ်နေတယ်လို့ ရဲအဖွဲ့က ဆိုပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့ လိုင်းကား တိုက်ခိုက်ခံရမှုမှာ အမျိုးသား ၁၉ ဦးနဲ့ အမျိုးသမီး ၉ ဦး အသတ်ခံရတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက်မှာ ကင်ညာ စစ်တပ်ကလည်း မြေပြင်နဲ့ ဝေဟင် စစ်ဆင်ရေးတွေကို စတင်လိုက်ပြီး အယ်ရှာဘတ်စခန်းတွေလို့ ယူဆရတဲ့နေရာတခုကိုလည်း ဖျက်ဆီးခဲ့ပါတယ်။

တရားခံတွေကို ဖမ်းမိတဲ့အထိ စစ်ဆင်ရေးကို ဆက်လုပ်သွားမယ်လို့ စစ်တပ် ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

အယ်ရှာဘတ်အဖွဲ့ဟာ မနှစ်တုန်း နိုင်ရိုဘီမြို့က ၀က်ဂိတ် ဈေးဝယ်ကုန်တိုက်ကိုလည်း တိုက်ခိုက်ခဲ့ပြီး လူ ၆၇ ဦး သေဆုံးခဲ့ပါတယ်။

ဒီဗွီဘီ
ဆိုမာလီ အစ္စလာမ္မစ် စစ်သွေးကြွအုပ်စု အယ်ရှာဘတ် အဖွဲ့ဟာ မနေ့မနက်ပိုင်းက မွတ်စလင် မဟုတ်သူ ၂၈ ယောက်ကို လိုင်းကားပေါ်မှာ သေနတ်နဲ့ ပစ်သတ်လိုက်ပါတယ်။

အမြဲတမ်း အထီးကျန်နေသူ တစ်ယောက်တည်းသမား(Single) ဖြစ်စေတဲ့ ဗီဇ (Gene)

Photo: အမြဲတမ်း အထီးကျန်နေသူ တစ်ယောက်တည်းသမား(Single) ဖြစ်စေတဲ့ ဗီဇ (Gene)
Sunday, November 23, 2014
 
အကယ်၍ သင့်ပတ်ဝန်းကျင် ကလူတွေအားလုံး က အချစ်ရေးမှာ အဆင်ပြေနေချိန် သင်ဟာ အမြဲတမ်း တစ်ယောက်တည်း အထီးကျန်နေရတယ်ဆိုရင် သင့်ရဲ့ DNA ကိုပြန် အပြစ်တင်လိုက်ပါ။

သုတေသီတွေဟာ အထီကျန်စေတဲ့ ဗီဇတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ထို ဗီဇ ရှိသူတွေဟာ အခြားသူတွေထက်ပိုပြီး တစ်ကိုယ်ရည် အထီးကျန်ရဖို့ ၂၀ ရာခိုင်နှုန်း အခွင့်ပိုများပါတယ်။

အကြောင်းကတော့ ထိုဗီဇဟာ ဦးနှောက်မှာရှိတဲ့ ဓာတုဗေဒ တစ်မျိုးဖြစ်တဲ့ Serotonin အာရုံကြောရဲ့ ကောင်းစွာခံစားနိုင်တဲ့ ပမာဏကို လျော့ကျစေတဲ့ အတွက် လူတွေကို နီးကပ်တဲ့ အချစ်ရေးတွေ မှာ သက်တောင့်သက်သာ မရှိစေပါဘူး။

တရုတ်နိုင်ငံ ပီကင်းတက္ကသိုလ်က ကျောင်းသား ၆၀၀ ရဲ့ ဆံပင်တွေကိုယူပြီး 5-HTA1 လို့ခေါ်တဲ့ ဗီဇ တစ်မျိုးအတွက် စမ်းသပ်ခဲ့ပါတယ်။ 5-HTA1 ဗီဇမှာ  G အမျိုးအစားနဲ့ C အမျိုးအစား ဆိုပြီး ၂ မျိုးရှိပါတယ်။ G အမျိုးအစားတွေက C အမျိုးအစားတွေထက် ပိုပြီး အထီးကျန် ဖို့ ပိုများပါတယ်။

အထီးကျန်စေတဲ့ ဗီဇ G အမျိုးအစားတွေဟာ ခံစားမှုနဲ့ ပျော်ရွှင်မှုကို ဖြစ်စေတဲ့ ဦးနှောက်ရဲ့ ဓါတုဗေဒ တစ်မျိုးဖြစ်တဲ့ Serotonin အာရုံကြောကို လျော့နည်းစေတာကိုတွေ့ရပါတယ်။ ထို G အမျိုးအစား 5-HTA 1 ဗီဇ ရှိသူတွေကို အခြားလူတစ်ယောက်နဲ့ နီးနီးကပ်ကပ် ရင်းနှီးနေဖို့ ခက်ပါတယ်။ ဒါ့အပြင် ထို ဗီဇ ရှိသူတွေဟာ စိတ်ဖိစီးမှုတွေနဲ့ အမြဲကြုံတွေ့နေရ တတ် ပါတယ်။

Ref:dailymail.co.uk
Trend Myanmar
အကယ်၍ သင့်ပတ်ဝန်းကျင် ကလူတွေအားလုံး က အချစ်ရေးမှာ အဆင်ပြေနေချိန် သင်ဟာ အမြဲတမ်း တစ်ယောက်တည်း အထီးကျန်နေရတယ်ဆိုရင် သင့်ရဲ့ DNA ကိုပြန် အပြစ်တင်လိုက်ပါ။

စွပ်စွဲဖမ်းဆီးခံ မြန်မာ ၂ ဦးအတွက် အာမခံကြေး မြန်မာသံရုံး ပေးမည်

Photo: စွပ်စွဲဖမ်းဆီးခံ မြန်မာ ၂ ဦးအတွက် အာမခံကြေး မြန်မာသံရုံး ပေးမည်
Sunday, November 23, 2014

ခိုတောင်ကျွန်းလူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ မြန်မာလူငယ် ၂ ဦး အာမခံရရှိရေးအတွက် ဘန်ကောက်မြန်မာသံရုံးက ငွေကြေးစိုက်ထုတ် လုပ်ဆောင်ပေးသွားမယ်လို့ အမှုကိစ္စ လိုက်ပါလုပ်ဆောင်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“ကျနော်တို့ ဒီနေ့မနက်ပိုင်းကပဲ သံအမတ်ကြီးနဲ့ ကျနော်တို့တွေ့ဆုံပြီး အစည်းအဝေး လုပ်ကြပါတယ်။ အစည်းအဝေးဆုံးဖြတ်ချက်ကတော့ အာမခံယူဖို့ပါ။ သံအမတ်ကြီးက အာမခံယူဖို့ ငွေရေးကြေးရေး ကိစ္စလည်း သူဆောင်ရွက်ပေး မယ်လို့ ပြောပါတယ်။ နိုင် ငံတော်အစိုးရအစီအစဉ်နဲ့ အာမခံတင်မယ်ဆိုတဲ့ သဘောပေါ့။ ဥပဒေရေးရာအရတော့ ထိုင်းရှေ့နေများကောင်စီက စာတင်ရမှာပါ။ ကလေးတွေ ထွက်မပြေးကြောင်းတို့၊ အမှုချိန်း မှန်မှန်လာဖို့ ဆိုတာတို့ သူတို့ ရေးမှာပါ။”

လူငယ် ၂ ဦးကို အာမခံနဲ့ထုတ်ဖို့ ဒီအပတ်ထဲ လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

အာမခံကြေးပေးဖို့ကိစ္စ၊ တရားရုံးတင်မယ့်ကိစ္စ၊ မြန်မာလူငယ် ၂ ဦးကို အကျဉ်းထောင်က ထုတ်ဖို့ကိစ္စတွေကိုတော့ မြန်မာသံရုံးကဖွဲ့ထားတဲ့ အထူးအဖွဲ့က လုပ်ဆောင်ရမှာဖြစ်ပါတယ်။

မြန်မာလူငယ်  ၂ ဦး အာမခံလျှောက်ခွင့်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ ၁ ဦးကို ဘတ်ငွေ ၅ သိန်း ပေးဆောင်ပြီး အကျဉ်းထောင်ကနေ အာမခံနဲ့ ထုတ်ယူရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာလူငယ် ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ နှစ်ဦး  စွပ်စွဲဖမ်းဆီးခံထားရတာပါ။

DVB 

စွပ်စွဲဖမ်းဆီးခံ လူငယ် ၂ ဦး (ဓာတ်ပုံ – CSI LA)

စွပ်စွဲဖမ်းဆီးခံ လူငယ် ၂ ဦး (ဓာတ်ပုံ – CSI LA)

ခိုတောင်ကျွန်းလူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ မြန်မာလူငယ် ၂ ဦး အာမခံရရှိရေးအတွက် ဘန်ကောက်မြန်မာသံရုံးက ငွေကြေးစိုက်ထုတ် လုပ်ဆောင်ပေးသွားမယ်လို့ အမှုကိစ္စ လိုက်ပါ လုပ်ဆောင် ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

ဘန်ကီမွန်းကို ရခိုင်ပြည်နယ်မှာ ဆန္ဒပြပြီ

Photo: ဘန်ကီမွန်းကို ရခိုင်ပြည်နယ်မှာ ဆန္ဒပြပြီ
Sunday, November 23, 2014

မြန်မာနိုင်ငံက ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ပဲ ဆက်လက်ခေါ်ဝေါ်မယ်ဆိုတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို စစ်တွေမြို့ အပါအဝင် ရခိုင်ပြည်နယ် မြို့တချို့မှာ ကန့်ကွက်ဆန္ဒပြမှု တွေ ဒီကနေ့ ပြုလုပ်နေကြပါတယ်။

ဒီကနေ့ မွန်းလွဲ တစ်နာရီကနေ စစ်တွေမြို့ ဝင်္ကပါကွင်းမှာ စုရပ်လုပ်ပြီး သံဃာတော်နှင့် လူပေါင်း ထောင်နဲ့ချီဟာ တစ်နာရီ ဝန်းကျင်ကြာ လမ်းလျှောက် ဆန္ဒပြခဲ့ကြတယ်လို့ မြို့ခံတွေဆီကနေ သိရှိရပါတယ်။ အလားတူ မောင်တောနဲ့ မင်းပြားမြို့တွေမှာလည်း ဆန္ဒပြမှုတွေက ပြုလုပ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံအစိုးရနဲ့ ပြည်သူတွေက မြန်မာနိုင်ငံမှာ မရှိဘူးဆိုတဲ့ အသုံးအနှုန်းတစ်ခုကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အနေနဲ့ ခေါ်ဝေါ်သုံးစွဲခဲ့တာဟာ မြန်မာအစိုးရနဲ့ ပြည်သူတွေကို မလေးစားရာ ရောက်တယ်လို့ မောင်တောမြို့မှာ ဆန္ဒပြရတဲ့အကြောင်းကို ရခိုင်လူမှုကွန်ယက်အဖွဲ့က ဦးမောင်ကျော်ဝင်းက ရှင်းပြပါတယ်။

“ပြည်တွင်းအရေးကို ဝင်ရောက် စွက်ဖက်တာ။ ရည်ရွယ်ချက်ရှိရှိ သုံးသွားတယ်လို့ ထင်တယ်။ ဒါကို လုံးဝ မကျေနပ်လို့ အခုလို ဆန္ဒပြရခြင်း ဖြစ်တယ်”လို့ သူက ဆိုပါတယ်။

ဘန်ကီမွန်းက မြန်မာနိုင်ငံ ခရီးစဉ်မှာ ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ သုံးနှုန်းပြောဆိုမယ်လို့ ပြောဆိုခဲ့မှုနဲ့ ပတ်သက်လို့ ဆန္ဒပြမယ့် အစီအစဉ်ကို နိုဝင်ဘာလ ၁၆ ရက်နေ့က စစ်တွေမြို့တွင် မြို့မိမြို့ဖတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီ စတဲ့အဖွဲ့ပေါင်း ၄၀ကျော်က လူပေါင်း ၂၀၀ကျော် အစည်းအဝေး ပြုလုပ်ပြီး ဆုံးဖြတ်ခဲ့တာပါ။

ဆန္ဒပြတဲ့နေ့မှာ ဘန်ကီမွန်း ပြောဆိုချက်ကို ကန့်ကွက်ကြောင်း အပါအဝင် အချက်လေးချက် ပါဝင်တဲ့ ကြေညာချက်တစ်စောင်ကို နိုင်ငံတော်သမ္မတ၊ လွှတ်တော်တွေနဲ့ ဘန်ကီမွန်းဆီသို့ ပေးပို့မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြတယ်လို့ စစ်တွေမြို့ မြို့မိမြို့ဖဖြစ်တဲ့ ဦးဦးသာပွင့်က The Voice သို့ ပြောဆိုထားပါတယ်။

The Voice Weekly
မြန်မာနိုင်ငံက ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ပဲ ဆက်လက်ခေါ်ဝေါ်မယ်ဆိုတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို စစ်တွေမြို့ အပါအဝင် ရခိုင်ပြည်နယ် မြို့တချို့မှာ ကန့်ကွက် ဆန္ဒပြမှု တွေ ဒီကနေ့ ပြုလုပ်နေကြပါတယ်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ပြန်ရွေးချယ်ရန် သံဃာလက်မှတ် လေးသိန်းကျော်ဖြင့် သမ္မတထံ တောင်းဆိုမည်

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို သံဃာတော်အများစု၏ ဆန္ဒသဘောထားနှင့်အညီ ပြန်လည် ရွေး ချယ်နိုင်ရေး သဘောထား ဆန္ဒပြုလက်မှတ်များကို သံဃာတော် လေးသိန်းကျော်ထံမှ ကောက်ခံသွားမည် ဖြစ်ကာ ယင်းလက်မှတ်များဖြင့် နိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း အဆိုပါ လက်မှတ် ကောက်ယူသည့် သံဃာတော်များထံမှ စုံစမ်းသိရှိရသည်။

ကချင်တွင် နှစ်ဖက်တပ်နေရာများ ရုပ်သိမ်းရေး ပွင့်လင်းစွာ ဆွေးနွေးရမည်ဟုဆို

လိုင်ဇာရှိ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချုပ်အနီး ဖြန့်ကြက်ထား သည့် တပ်မတော် စစ်စခန်းများ ရုပ်သိမ်းပေးရန် ကေအိုင်အို က တောင်းဆို ထားရာ နှစ်ဖက် တပ်များ ချထားရေးအတွက် အပစ်အခတ်ရပ်စဲရေးတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

သွေးဆာနေသော စိတ္တဇလူသတ်သမားနဲ့ အလိုတူအလိုပါ ချစ်သူ

Photo: သွေးဆာနေသော စိတ္တဇလူသတ်သမားနဲ့ အလိုတူအလိုပါ ချစ်သူ
Sunday, November 23, 2014

ဟဲဗီးမက်တယ်လ်တေးဂီတကို ကျယ်လောင်စွာ ဖွင့်ထား တတ်တဲ့ အိမ်တစ်အိမ်။ 
အိမ်ထဲက ဝတ်လစ် စားလစ်နဲ့ လျှောက်သွားနေသူတစ်ဦး။ သူ ဟာ အမြဲတမ်း မကောင်းဆိုးဝါးတွေကို ဝတ် ပြုခစားဖို့အကြောင်း အမြဲပြောတတ်ပါ တယ်။ 

အခုလို မူမမှန်သူတစ်ဦးဟာ တစ်လ တစ်ခါ ယုန်ငယ်လေးတစ်ကောင် ဒါမှမဟုတ် တိရစ္ဆာန်တစ်ကောင်ကောင်ရဲ့ သွေးကို သောက်သုံးရမှ နေသာထိုင်သာရှိသလို အရှင်လတ်လတ်ခုန်နေတဲ့ နှလုံးကို ကိုက် စားရမှ စိတ်အာသီသရှိသူတစ်ဦးလည်းဖြစ် ပါတယ်။

သူကတော့ ဂျွန်အလက်ဇန္ဒား လော်ဆန်(၃၅နှစ်)ပါ။ လော်ဆန်ဟာ သူ့ရဲ့ အိမ်ရှေ့တံခါးဝမှာ အရိုးခေါင်းပုံနဲ့ ထိတ်လန့်ချောက်ချားဖွယ်စာ တန်းအချို့ကိုလည်း ရေးခြစ်ထားပြီး သူဟာ မကောင်းဆိုးရွားတစ်ယောက် ဆိုတာကို အရိပ်အယောင်ပြသလို့ ထားခဲ့ပါတယ်။ 

လော်ဆန်ဟာ အမှုပေါင်းများ စွာမှာ တရားစွဲဆိုခံခဲ့ရပြီး အကြိမ်ပေါင်း များစွာ အဖမ်းခံခဲ့ရသူဖြစ်ပါတယ်။ ဒါပေ မဲ့ တစ်ခါမှ ထောင်ကျခြင်းမရှိခဲ့ပါဘူး။ ရဲ တပ်ဖွဲ့ဝင်တွေက ဒီတစ်ကြိမ်မှာတော့ လော် ဆန်ကို ထောင်ထဲပို့နိုင်မယ့် သဲလွန်စတစ်ခု ကို ရရှိသွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ လော်ဆန် ရဲ့ခြံဝင်းထဲက လူအရိုးခေါင်းတစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ချိန်မှာတော့ လူသတ်မှုနှစ်မှု အတွက် ခိုင်လုံတဲ့ သက်သေအထောက် အထားတွေကို ရရှိခဲ့ကြပါတယ်။ 

တာဝန် ရှိအာဏာပိုင်တွေက လော်ဆန်ရဲ့ခြံဝင်းထဲ က အလောင်းနှစ်လောင်းက ကြွင်းကျန်ရစ် တဲ့အစိတ်အပိုင်းတွေကို တူးဖော်တွေ့ရှိခဲ့ ကြပြီး သေဆုံးခဲ့သူ ဘယ်သူဘယ်ဝါဖြစ် တယ်ဆိုတာကိုလည်း အတည်ပြုနိုင်ခဲ့ကြ ပါတယ်။

ပျောက်ဆုံးနေသူနှစ်ဦးကို သတ် ဖြတ်ခဲ့ကြတာက လော်ဆန်နဲ့ ချစ်သူ အမ် ဘာနီကိုးလ်ဘက်ခ်ျတို့ ဖြစ်ကြပါတယ်။

လော်ဆန်ကို အာဏာပိုင်တွေ က ဖမ်းဆီးခဲ့ချိန်မှာ လော်ဆန်ဟာ အဲလ်ဂါ ရက် ဖြစ်နေပါတယ်။ အကြောင်းက လော် ဆန်ဟာ သူ့ရဲ့နာမည်ကို လူသတ်မှုကျူး လွန်ခဲ့ပြီးနောက်မှာ ပါဇူဇူအီလာအဲလ်ဂါ ရက်လို့ တရားဝင် အမည်ပြောင်းလဲခဲ့လို့ပါ။ 

သက်ဆိုင်ရာအာဏာပိုင်တွေက လော်ဆန် ခေါ် အဲလ်ဂါရက်ရဲ့ခြံထဲမှာ အခြားအလောင်း တွေကိုပါ ထပ်မံတွေ့ရှိနိုင်တယ်လို့ ယူဆ နေကြပါတယ်။ လူသတ်မှုအတွက် အာဏာ ပိုင်တွေက လော်ဆန်နဲ့ ချစ်သူအမ်ဘာ အပြင် ခရစ္စတဲလ်နီကိုးလ်မက်ယော့ခ် (၂၈ နှစ်)ကိုလည်း အမှုမှာ ပူးပေါင်းပါဝင်မှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။

ရဲအရာရှိတွေရဲ့ပြောကြားချက် အရ တူးဖော်တွေ့ရှိခဲ့တဲ့ အလောင်းနှစ် လောင်းဟာ ဂျိုရှာဖရက်ဒရစ်ဝက်ဇလာ (၃၇နှစ်ခန့်)နှင့် တွမ်မီဒန်းဝက်ခ်ျ(၃၆နှစ်)တို့ ဖြစ်ကြတယ်လို့သိရပြီး ဂျိုရှာကို လော် ဆန်က သတ်ခဲ့ပြီး တွမ်မီကို နောက်သုံးလ အကြာမှာ လော်ဆန်ချစ်သူအမ်ဘာက သတ် ခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ယောက်စလုံး ကို သေနတ်နဲ့ပစ်သတ်ခဲ့ကြတာဖြစ်ပြီး လူ သတ်မှုနှစ်မှု စလုံးမှာ လော်ဆန်နဲ့အမ်ဘာ တို့ဟာ အပြန်အလှန် ကူညီမှုရှိခဲ့ကြတယ် လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။

ခရစ္စတဲလ်နီကိုးလ်မက်လော့စ် ကတော့ အမ်ဘာလူသတ်မှုမှာ အလောင်း ဖျောက်ပေးဖို့ ဝင်ရောက်ကူညီခဲ့တဲ့အတွက် အဖမ်းခံရခြင်းဖြစ်တယ်လို့ သိရပါတယ်။ နီးစပ်ရာမိတ်ဆွေတွေက လော်ဆန်ဟာ မကောင်းဆိုးဝါး လူသတ်သမားတစ်ဦးဖြစ် တယ်လို့ ဆိုကြပါတယ်။ မျက်နှာပါမကျန် တစ်ကိုယ်လုံးကို တက်တူးဖုံးလွှမ်းနေတဲ့ လော်ဆန်ဟာ အကြိမ်ပေါင်းများစွာ အဖမ်း ခံရဖူးပြီး မိခင်ကိုတိုက်ခိုက်မှုနဲ့ မျက်မမြင် တစ်ဦးသေဆုံးမှုမှာ ပါဝင်ခဲ့မှုတွေလည်း ပါ ဝင်တယ်လို့ ဆိုပါတယ်။ 

အချို့ကလည်း လော်ဆန်ဟာ စိတ်ရောဂါသည်တစ်ဦးလို့ ဆိုကြပါတယ်။

လော်ဆန်မှာ ထူးခြားချက် တစ်ခုရှိတာက အလွန်အမင်း ညစ်တေမှုပါ။ 
သူဟာ တစ်နှစ်နေလို့ ရေတစ် ခါချိုးတဲ့လူတစ်ယောက် မဟုတ်သလို နှစ် ပေါင်းများစွာ သွားမတိုက်ဘဲနေခြင်းဖြစ်ပါ တယ်။ လော်ဆန်က အခုလိုနေမှ သဘာဝ ဘေးရောဂါပိုးကူးစက်တဲ့အန္တရာယ်က ကာ ကွယ်နိုင်မယ်လို့ ယူဆတယ်လို့သိရပါတယ်။ အချို့က လော်ဆန်ဟာ အကြောက်လွန် တဲ့စိတ်ဝေဒနာကို ခံစားနေရတယ်လို့လည်း ဆိုကြပါတယ်။ 

အမ်ဘာနဲ့ပတ်သက်လို့တော့ မိတ်ဆွေတွေက အကောင်းဘက်က ရပ် တည်ပြောဆိုပေးကြပါတယ်။

အမ်ဘာဟာ စိတ်ကောင်းနှလုံးကောင်းရှိသူတစ်ဦးဖြစ်ပြီး လော်ဆန် ရဲ့အယူဝါဒ လွှမ်းမိုးခံရတဲ့သားကောင်ဖြစ်တယ်လို့ ကာကွယ်ပြောဆိုကြပါတယ်။ ဒါပေမဲ့ မိတ်ဆွေတချို့က အမ်ဘာဟာ လော်ဆန်နဲ့ချစ်သူဖြစ်ပြီး တစ်လခန့်အကြာ မှာတော့ ရေချိုးခြင်းမရှိတော့ဘူးလို့ ဆိုပါ တယ်။ 

လူသတ်မှုမှာ ကြံရာပါအနေနဲ့အဖမ်း ခံခဲ့ရတဲ့ ခရစ္စတဲလ်နီကိုးလ်ဟက်ကော့က တော့ တရားရုံးမှာအစစ်ခံချိန်မှာတော့ ပိုး ပိုးပေါက်ပေါက်ကျလာတဲ့ မျက်ရည်တွေကို သုတ်တစ်ခါဖယ်တစ်လှည့်နဲ့ပါ။ 

၂ဝဝ၅ခုနှစ်မှာ လော်ဆန်နဲ့အတူ နေခဲ့ဖူးတဲ့ ဘိုင်ယန်ကာဟက်ပင်က လော် ဆန်ဟာ မိန်းမပျက်နှစ်ဦးကို သတ်ဖြတ်မီး ရှို့ အလောင်းဖျောက်ခဲ့တယ်လို့ ပြောပြဖူး ပေမယ့် ရယ်ရယ်မောမောပြောနေခဲ့တာ ကြောင့် မယုံကြည်ခဲ့ဘူးလို့ဆိုပါတယ်။

လော် ဆန်နဲ့ အမ်ဘာတို့ဟာ ကျူးလွန်ခဲ့တဲ့ ရာဇ ဝတ်မှုအတွက် ပြစ်ဒဏ်ကျခံဖို့ အခုဆို အချုပ်ခန်းထဲက စောင့်မျှော်နေကြပါတယ်။

Ref: Daily Mail
Yangon Media Group
ဟဲဗီးမက်တယ်လ်တေးဂီတကို ကျယ်လောင်စွာ ဖွင့်ထား တတ်တဲ့ အိမ်တစ်အိမ်။ အိမ်ထဲက ဝတ်လစ် စားလစ်နဲ့ လျှောက်သွားနေသူတစ်ဦး။ သူဟာအမြဲတမ်း မကောင်းဆိုးဝါးတွေကို ဝတ်ပြုခစားဖို့အကြောင်း အမြဲပြောတတ်ပါတယ်။

အလုပ်ရှင်နှင့်လုပ်သား တိုက်ရိုက်ချိတ်ဆက်နိုင်မည့် အင်တာနက်စာမျက်နှာ လွှင့်တင်

Photo: အလုပ်ရှင်နှင့်လုပ်သား တိုက်ရိုက်ချိတ်ဆက်နိုင်မည့် အင်တာနက်စာမျက်နှာ လွှင့်တင်
Saturday, November 23, 2014

အလုပ်ရှာနေသူများနှင့် အလုပ်ရှင်တို့ တိုက်ရိုက်ချိတ်ဆက်နိုင်မည့် စာမျက်နှာတစ်ခုကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် နိုဝင်ဘာလ ၂၂ ရက်က လွှင့်တင်လိုက်ပြီ ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

အလုပ်ရှင်များအနေနှင့် အဆိုပါ ဝက်ဘ်ဆိုက်သို့ မှတ်ပုံတင်လိုပါက နီးစပ်ရာ အလုပ်သမားရုံးများတွင် လုပ်ငန်းရှင် မှတ်ပုံတင်ပုံစံ ဖြည့်ကာ အခမဲ့ ဝင်ရောက်နိုင်ပြီး အလုပ်သမားများ အနေနှင့်မူ အဆိုပါ ဝက်ဘ်ဆိုက်တွင် ကိုယ်ရေးအကျဉ်းကို ဖြည့်ကာ မှတ်ပုံတင်နိုင်မည် ဖြစ်ကြောင်း အဆိုပါ ဝက်ဘ်ဆိုက်ကို ရေးဆွဲသည့် Trust Link ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသူရိန်ထွန်းက ပြောကြားသည်။

အလုပ်လျှောက်ထားလိုပါက လျှောက်ထားရန်ဆိုသည့် နေရာကို နှိပ်လိုက်ရုံဖြင့် အလုပ်ရှင်ထံသို့ လျှောက်လွှာရရှိသွားမည် ဖြစ်ပြီး အလွယ်တကူ အလုပ်လျှောက်ထားနိုင်မည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

“အလုပ်သမားတွေအနေနဲ့ အလုပ်သမား ရှာဖွေရေးရုံးကို သွားစရာ မလိုတော့ဘူး။ အလုပ်ရှင်တွေကလည်း ဝက်ဘ်ဆိုက်မှာတင် လိုအပ်တဲ့ အလုပ်ကို တင်လို့ရတယ်” ဟု ဦးသူရိန်ထွန်းက ဆိုသည်။

အဆိုပါ အင်တာနက်စာမျက်နှာကို ဝင်ရောက်လိုပါက www.myanmarjob.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly
အလုပ်ရှာနေသူများနှင့် အလုပ်ရှင်တို့ တိုက်ရိုက်ချိတ်ဆက်နိုင်မည့် စာမျက်နှာတစ်ခုကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် နိုဝင်ဘာလ ၂၂ ရက်က လွှင့်တင် လိုက်ပြီ ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

မကာအိုမှ မြန်မာလုပ်သားခေါ်ယူရာတွင် အရပ် ၅ ပေ ၆ လက်မအထက်ရှိသူ၊ ရုပ်ရည်ပြေပြစ်သူကို ဦးစားပေးခေါ်ယူ

မကာအိုမှ မြန်မာ အလုပ်သမားများအလုပ်ခေါ်ယူ ကမ်းလှမ်းမှုတွင် အရပ် ၅ ပေ ၆ လက်မအထက်ရှိသူနှင့် ရုပ်ရည်ပြေပြစ်သူတို့ကို ဦးစားပေးခေါ်ယူခန့်အပ် သွားမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းချုပ် (MOPEAF) ဥက္ကဋ္ဌဦးမင်းလှိုင်က ပြောသည်။

လေးပွင့်ဆိုင်ဆွေးနွေးရန်မှာ အနည်းငယ်ကျဉ်းကြောင်း ကာချုပ်ပြော ၅၉(စ)ကိစ္စ အမျိုးသားရေးနှင့် ချိန်ထိုး၍ပြော

Photo: လေးပွင့်ဆိုင်ဆွေးနွေးရန်မှာ အနည်းငယ်ကျဉ်းကြောင်း ကာချုပ်ပြော
၅၉(စ)ကိစ္စ အမျိုးသားရေးနှင့် ချိန်ထိုး၍ပြော

Sunday, November 23, 2014

 ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသော လေးပွင့် ဆိုင် တွေ့ဆုံဆွေးနွေးရန် တောင်း ဆိုမှုသည် အနည်းငယ်ကျဉ်းပြီး တိုင်းရင်းသားများ အပါအ၀င် ကိုယ်စားပြုသူများနှင့်ပါ ပြော ဆိုရပါက အကျိုးရှိမည်ထင်ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ပြောကြားလိုက် သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ဗီအိုအေ မြန်မာပိုင်းနှင့် နိုဝင်ဘာ၂၂ ရက် သီးသန့်တွေ့ဆုံမှုတွင်အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘လေးပွင့်ဆိုင်ဆိုတာ ကျွန် တော့်အမြင်ကတော့လေ နည်း နည်းကျဉ်းပါတယ်။  ဒီလေးယောက်တွေ့ဆုံပြီး ဆွေးနွေးမှဖြစ်မယ်ဆိုတာ တိုင်းရင်းသားတွေ လည်း အများကြီးရှိပါတယ်။ ကျွန်တော်ကတော့ ခြုံငုံပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လေးပေါ့။ ဖြစ်နိုင်သလောက်ပေါ့။ ကျယ်ကျယ် ပြန့်ပြန့်ဆိုတော့လည်း လူတွေအများကြီးဖိတ်ပြန်တော့လည်း အဲဒါကျထိန်းရ၊ ပြောရ၊ဆိုရတာလည်း တစ်ယောက်တစ်ပေါက်နဲ့ ဆိုရင်လည်းမဖြစ်ပြန်ဘူး။ သို့ သော် ကိုယ်စားပြုတဲ့လူတွေနဲ့ ပြောရ၊ ဆိုရမယ်ဆိုရင်တော့ ပိုပြီးတော့ အကျိုးရှိမယ်လိုထင် တယ်’’ဟု ဖြေကြားခဲ့သည်။

ထို့အပြင်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉(စ)နှင့် ပတ်သက် ၍လည်း လူတစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခုအတွက်ရည် ရွယ်တာမဟုတ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြားခဲ့သည်။

‘‘ကျွန်တော်တို့ ၅၉(စ) သည်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ရည်ရွယ်ခြင်းမဟုတ်ပါဘူး။ တစ် နိုင်ငံလုံးအတွက် အမျိုးသားရေး ကို ရည်ရွယ်ပြီးတော့မှလုပ်ထားရ တာဖြစ်ပါတယ်။ ဒါကျွန်တော်ခိုင် ခိုင်မာမာပြောရဲတယ်။ ကျွန်တော် တို့အနေနဲ့ အမျိုးသားရေးကိုတော့ ကြည့်ဖို့လိုအပ်ပါတယ်လို့မြင်ပါ တယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

7Day DAILY

ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ
 ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသော လေးပွင့် ဆိုင် တွေ့ဆုံဆွေးနွေးရန် တောင်း ဆိုမှုသည် အနည်းငယ်ကျဉ်းပြီး တိုင်းရင်းသားများ အပါအ၀င် ကိုယ်စားပြုသူများနှင့်ပါ ပြောဆိုရပါက အကျိုးရှိမည် ထင်ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ပြောကြားလိုက်သည်။

သီးသန့်ကျောင်းကားများဖြင့် လက်ရှိကြိုပို့စနစ်ကို ပြင်ဆင်မည်

Photo: သီးသန့်ကျောင်းကားများဖြင့် လက်ရှိကြိုပို့စနစ်ကို ပြင်ဆင်မည်
Sunday, November 23, 2014

 ကျောင်းကြိုပို့ကားများ ကြောင့် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားစေ၍ လာမည့်နှစ်မှ စတင်ကာ လမ်းမများပေါ်ရှိ ကျောင်းများကို အဓိကထားပြီး ကျောင်းကား(School Bus)များအစားထိုးပြေးဆွဲနိုင်ရန် စီစဉ်နေကြောင်း မြို့နယ်ပညာရေးမှူးတစ်ဦးက ပြောကြားသည်။

‘‘ရန်ကုန်မြို့က လမ်းတွေက တချို့နေရာတွေက ကျဉ်းတယ်။ ကျောင်းချိန်ရောက်ပြီ ဆိုတာနဲ့ ကျောင်းကားတွေရော အိမ်ကား တွေပါ လမ်းပေါ်မှာ ရပ်ချင်သလို ရပ်တယ်။ ယာဉ်ထိန်းရဲလည်း မဖမ်းရဲဘူး။ ကျောင်းကားဆိုရင် တော့ ကားအစီးရေနည်းသွားမှာ ဖြစ်သလို ယာဉ်ကြောပိတ်ဆို့မှု လည်း နည်းသွားမယ်။ ဒီအတွက် ကျောင်းတွေမှာ လိုက်ပြီးတော့ ပြောပြနေတာပါ’’ဟု ၎င်းကပြော သည်။ကျောင်းကားများစတင်ပြေး ဆွဲသည့်ကျောင်းများတွင်  တစ်ဦးချင်းစီ သီးသန့်ကြိုသည့် အိမ် ကားများကို လာကြိုခွင့်ပြုတော့ မည်မဟုတ်သည့်အပြင် အပြင် ကြိုပို့ကားများ အသစ်လဲပြီး သတ် မှတ်ဘတ်စ်ကားများ တင်သွင်းရ မည်ဖြစ်သည်။

ကျောင်းကားများ လဲလှယ် ရာတွင်လည်း အနည်းဆုံး ၂၅ ဦးစီးနိုင်သည့် ကားများဖြင့် အစား ထိုးနိုင်ရန် စီစဉ်ထားကြောင်း ထို ကားများ မှာယူတင်သွင်းရာတွင် လည်း မူလပြေးဆွဲနေသည့် ကျောင်းကားများကို ဦးစားပေး မည်ဖြစ်ကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကိုလည်း လုံခြုံရေးသင်တန်း ပေးသွားရန် ရှိကြောင်း သိရသည်။

‘‘ဆရာမကြီးကတော့ ကျွန် တော်တို့ ကားသမားတွေကို ခေါ် ပြောတယ်။ လာမယ့်နှစ်တော့ ကျွန်တော်တို့ ကျောင်းကားတွေ ကို ပေးမဆွဲတော့ဘူး။ ကား အသစ်တွေနဲ့ လဲလှယ်ဆွဲရမယ် ပြောတယ်။ ဒါပေမဲ့ ကျွန်တော် တို့ကားတွေ ခုချိန်ရောင်းရင် ပိုက် ဆံသိန်းလေးငါးဆယ်ပဲရမှာလေ။ ပြန်ဝယ်ရမယ့် ကားတွေက သိန်း နှစ်ရာကျော် ဈေးပေါက်တယ်။ ဘယ်လိုသွားဝယ်မလဲ။ ပြီးတော့ လစာကိုလည်း ကျောင်းက သတ် မှတ်ပေးတဲ့ ဈေးနဲ့ မောင်းရမှာ’’ဟု အထက(၂) ကမာရွတ်တွင် ကျောင်းကားမောင်းသူတစ်ဦးက ပြောသည်။

ကျောင်းတစ်ကျောင်းတည်း တွင် မနက်၊ ညနေ ပြေးဆွဲသော ကားများမှာ တစ်လလျှင် ကျပ်ခြောက်သိန်းနီးပါးရရှိပြီး နံနက်၊ နေ့လယ်၊ ညနေလိုက်သည့် ကျောင်းကားဝင်ငွေသည် ကျပ်ဆယ်သိန်းအထက်တွင် ရှိသည်။ သို့သော် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ဆီဖိုး၊ ကားပြင်ဆင်စရိတ်များအတွက် ကုန်ကျမှုများရှိ သည်ဟု ကျောင်းကားပိုင်ရှင်များ က ဆိုသည်။

‘‘ကျောင်းကားတွေကို ဒီလို လုပ်မယ်ဆိုရင်တော့ ကောင်း တယ်။ ဒါပေမဲ့ ကွက်ကျားမိုးတော့ မရွာစေချင်ဘူး။ ဘယ်သူ့မြေးမို့လို့၊ ဘယ်သူ့သားမို့ သူတို့ကားတွေ လာကြိုခွင့်တော့ရတယ် ဆိုတာမျိုးပေါ့ဗျာ။ ကျောင်းသား တိုင်း ကားစီးရမယ်ဆိုရင် အကုန် လုံးလုပ်ပါ။ ဒဂုံ(၁)ရဲ့ ကျောင်း ဆင်း၊ ကျောင်းတက်ချိန်ဆို မြင် ဖူးတယ်ရှိအောင် လာကြည့်ပါ။  ကားတွေပိတ်လို့ မြို့ထဲ ဘယ်အချိန်ရောက်လဲဆိုတာ သွားဖူးသူတိုင်းသိတယ်’’ဟု မြောက်ဥက္ကလာပတွင် နေထိုင်သူ ကိုညီညီက ပြောသည်။ ကျောင်းဆင်းချိန်တွင် ကျောင်းကားများထက် အိမ်ကား များကပိုမိုများပြားပြီး တစ်ဦးနှင့် တစ်ဦး အပြိုင်အဆိုင် လာကြို သည့် မိဘများလည်းရှိကြောင်း လာကြိုသည့် ကားများသည် လမ်းမပေါ်တွင် နှစ်ထပ်၊သုံးထပ် ပိတ်ဆို့ရပ်တန့်နေပြီး လာရောက် ဖမ်းဆီးသည့် ယာဉ်ထိန်းရဲများ လည်း မတွေ့ရကြောင်း ကမာရွတ်မြို့နယ်အတွင်း နေထိုင်သူအချို့က ပြောသည်။

ယခုအစီအစဉ်ကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနတို့ ဆွေးနွေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ကျောင်းကားပိုင်ရှင်များနှင့် ယာဉ် မောင်း၊ ယာဉ်နောက်လိုက်အများ စုမှာ ပြောင်းလဲမည့်အစီအစဉ်ကို မကျေနပ်၍ ဆန္ဒထုတ်ဖော်သွား ရန် စီစဉ်နေကြောင်း သိရသည်။

7Day DAILY 

ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် ကျောင်းဆင်းချိန်၌တွ့ရသော ကျောင်းကြိုပို့ ယာဉ်များ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် ကျောင်းဆင်းချိန်၌တွ့ရသော ကျောင်းကြိုပို့ ယာဉ်များ

 ကျောင်းကြိုပို့ကားများ ကြောင့် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားစေ၍ လာမည့်နှစ်မှ စတင်ကာ လမ်းမများ ပေါ်ရှိ ကျောင်းများကို အဓိကထားပြီး ကျောင်းကား(School Bus)များအစားထိုးပြေးဆွဲနိုင်ရန် စီစဉ်နေ ကြောင်း မြို့နယ်ပညာရေးမှူးတစ်ဦးက ပြောကြားသည်။

ပျားရည်စစ်စစ်၏ ကျန်းမာရေး အာနိသင်များ

Photo: ပျားရည်စစ်စစ်၏ ကျန်းမာရေး အာနိသင်များ
Saturday, November 23, 2014

ပျားရည်ရဲ့ ချိုမြမှုက သဘာဝအချို ဖြစ်တာကြောင့် သကြား အစားထိုး သုံးနိုင် ပါတယ်။ ပျားရည်ဟာ အရသာ ရှိရုံသာမက အနာ ကောင်းကောင်း ကျက်စေတဲ့ အစွမ်းလည်း ရှိပါတယ်။

ပျားရည်မှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နိုအက်စစ်၊ အင်ဇိုင်း တွေနဲ့ ဖိုင်တိုနျူးထရီး ရန့်တွေ ပါဝင် နေတဲ့အပြင် ကာဗို ဟိုက်ဒရိတ်လည်း ပါဝင် တာကြောင့် စွမ်းအင် ကောင်းကောင်း ရရှိ စေပါတယ်။ ကိုယ်ခံ စွမ်းအား စနစ်ကိုလည်း ကောင်းမွန် စေပါ တယ်။

(၁) ပျားရည်ဟာ အားရှိစေတဲ့ သဘာဝ အရာ ဖြစ်ပြီး စွမ်းအင်ကို ချက်ချင်း ရရှိ စေပါတယ်။ ပျားရည် မှာပါတဲ့ ကာဗိုလ် ဟိုက်ဒရိတ်ကြောင့် ခန္ဓာကိုယ်က သန်စွမ်းမှု ရရှိ စေပါတယ်။ ပျားရည် မှာပါတဲ့ ကာဗိုလ်ဟိုက် ဒရိတ် ကြောင့် ခန္ဓာကိုယ်က သန်စွမ်းမှု ရရှိပြီး ကြွက်သား တောင့်တင်း ညောင်းညာမှု လျော့ကျ စေပါတယ်။ ကိုယ်ဝန် ဆောင်ချိန်မှာ မူးဝေ တာမျိုး ကိုလည်း သက်သာ စေပါတယ်။

(၂)လည်ချောင်း နာနေရင် ပျားရည်ကို ရေနွေးနဲ့ ရောပြီး သောက်ပေးပါက သက်သာ စေပါတယ်။

(၃) ပျားရည်ကို ရှလကာရည်နဲ့ ရောပြီး သောက်ပေးရင် ဝမ်းချုပ်တာကို သက်သာစေပြီး ဗိုက်နာတာနဲ့ ခေါင်းကိုက်တာကို သက်သာ စေပါတယ်။

(၄)ပျားရည်မှာ ကိုလက်စထရော မပါဝင်တဲ့အပြင် သွေးထဲက မကောင်းတဲ့ ကိုလက်စထရော တွေကို လျော့ကျစေကာ နှလုံးရောဂါထတဲ့ အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။

(၅)ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်တို့ကို ရောမွှေပြီး ဆံပင်သားပေါ် လိမ်းပေးရင် ဆံပင်ကျွတ် တာကို လျော့ကျစေနိုင်ပါတယ်။

(၆)ပျားရည်နဲ့ သံပရာရည်တို့ကို ရောပြီး ပုံမှန်သောက်ရင် အဆီပိုတွေကို လျော့ကျစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းရေးမှာ အသုံးဝင်ပါတယ်။

(၇) ပျားရည်ကို နှင်းခူလို အရေပြားယားနာတွေပေါ် လိမ်းပေးရင် သက်သာစေပါတယ်။ အရေပြား ခြောက်သွေ့နေရင် ပျားရည်ကို အကောင်းဆုံး အစိုဓာတ်ထိန်း ခရင်မ်အဖြစ် သုံးနိုင် ပါတယ်။ ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်းကို ကြက်သီးနွေးရေနဲ့ ရောကာ မျက်နှာပေါ်ကို ညင်ညင်သာသာ သုတ်လိမ်း ပေးပါ။ နေ့စဉ် မှန်မှန် သုတ်လိမ်း ပေးပါက တစ်ပတ် အတွင်းမှာ နူးညံ့ပြီး ကြည်လင် တောက်ပတဲ့ အသားအရေကို ရရှိ စေပါတယ်။ သင့်အသားအရေက ဝက်ခြံပေါက်လွယ်တဲ့ အမျိုးအစားဖြစ်ရင်တောင်မှ ပျားရည်ကိုလိမ်းပေးရင် ဝက်ခြံတွေရဲ့ အနာကျက်စေတဲ့ အာနိသင်ကို ရရှိစေပါတယ်။

(၈)နံနက်တိုင်း ပျားရည် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက်သီး နွေးရေကို ရောပြီး သောက်ပေးရင် ဝမ်းမှန်စေပြီး အစာခြေ စနစ် ကျန်းမာရေးကို ကောင်းမွန် စေပါတယ်။ ဒါပေမဲ့ အသက်တစ်နှစ် အောက် ကလေးတွေကိုပျားရည် လုံးဝ မတိုက်သင့်ပါ။ ပျားရည်မှာ သဘာဝအတိုင်း botulinum endospores ဆိုတဲ့ ဘက်တီးရီးယားပိုး ပါဝင် တာကြောင့် ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်က ဒီဘက်တီးရီးယား ကြီးထွားမှုကို ရပ်တန့် သွားအောင် လုပ်နိုင်တဲ့ အထိ အလုံအလောက် မဖွံ့ဖြိုး သေးပါဘူး။ ဒါကြောင့် ကလေးရဲ့ အူကို ပိုးဝင် ကူးစက်မှု ဖြစ်စေနိုင်ပါတယ်။

မြ၀တီ
ပျားရည်ရဲ့ ချိုမြမှုက သဘာဝအချို ဖြစ်တာကြောင့် သကြား အစားထိုး သုံးနိုင် ပါတယ်။ ပျားရည်ဟာ အရသာ ရှိရုံသာမက အနာ ကောင်းကောင်း ကျက်စေတဲ့ အစွမ်းလည်း ရှိပါတယ်။

သတ်မှတ်ထားသော စည်းကမ်းချက်များ မပါဘဲ အလှူခံသည့်သူများအား တိုင်ကြားလျှင် ဖမ်းဆီးနိုင်

အလှူခံ လုပ်ဆောင်သူ များအား သံဃနာယက အဖွဲ့က သတ်မှတ် ထားသော စည်းကမ်းချက် နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံစာ မပါလျှင် တိုင်ကြား နိုင်ကြောင်း ကလျာဏမိတ္တ လူမှုကူညီရေး အသင်း ဥက္ကဌ ဦးခင်မောင်တင့် ထံမှ သိရသည်။