မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တစ်ဒေါ်လာကို မြန်မာငွေတစ်ထောင်ကျော် ဈေးပေါက်ပြီး ဒေါ်လာဈေး တက်လာခဲ့တာမှာ အဆမတန် ထိုးတက် မသွားဖို့ ဗဟိုဘဏ်က ထိန်းချူပ် နေတယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့သို့ဝင်ခွင့်ရ သည့် ရဲမေများကို ဓာတုဗေဒဝန် ရုံးမှ ဆရာဝန်က ကျန်းမာရေး ဆေးစစ်ချက်ယူရာတွင် လိင်ပိုင်း ဆိုင်ရာထိခိုက်စေသော စစ်ဆေး မှုများပါဝင်နေကြောင်း သတင်း ထွက်ပေါ်မှုများအပေါ် စုံစမ်းမှု များ စတင်ပြုလုပ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။
ရဲတပ်ဖွဲ့သင်တန်းဝင်ခွင့်ရ အမျိုးသမီးရဲမေများကို ဓာတု ဗေဒဝန်ရုံးမှ ဒုတိယညွှန်ကြားရေး မှူးအဆင့်ရှိ အမျိုးသားဆရာဝန် တစ်ဦးက အဝတ်အစားများချွတ် ၍ စစ်ဆေးခြင်း၊ မဖွယ်မရာအနေ အထားများပြုလုပ်၍ ကျန်းမာရေး ဆေးစစ်ခြင်းပြုလုပ်သဖြင့် လိင် ပိုင်းဆိုင်ရာထိခိုက်မှုများဖြစ် ပေါ် ခဲ့ကြောင်း အွန်လိုင်းတွင် ပျံ့နှံ့ နေသည်။




