Tuesday 11 November 2014

ရဲမေများကို ကျန်းမာရေးစစ်ချက်ယူရာတွင် လိင်ပိုင်းဆိုင်ရာ ထိခိုက်သော စစ်ဆေးမှုရှိနေသည်ဆိုသည့်သတင်း စုံစမ်းနေ

ရဲတပ်ဖွဲ့သို့ဝင်ခွင့်ရ သည့် ရဲမေများကို ဓာတုဗေဒဝန် ရုံးမှ ဆရာဝန်က ကျန်းမာရေး ဆေးစစ်ချက်ယူရာတွင် လိင်ပိုင်း ဆိုင်ရာထိခိုက်စေသော စစ်ဆေး မှုများပါဝင်နေကြောင်း သတင်း ထွက်ပေါ်မှုများအပေါ် စုံစမ်းမှု များ စတင်ပြုလုပ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

ရဲတပ်ဖွဲ့သင်တန်းဝင်ခွင့်ရ အမျိုးသမီးရဲမေများကို ဓာတု ဗေဒဝန်ရုံးမှ ဒုတိယညွှန်ကြားရေး မှူးအဆင့်ရှိ အမျိုးသားဆရာဝန် တစ်ဦးက အဝတ်အစားများချွတ် ၍ စစ်ဆေးခြင်း၊ မဖွယ်မရာအနေ အထားများပြုလုပ်၍ ကျန်းမာရေး ဆေးစစ်ခြင်းပြုလုပ်သဖြင့် လိင် ပိုင်းဆိုင်ရာထိခိုက်မှုများဖြစ်ပေါ် ခဲ့ကြောင်း အွန်လိုင်းတွင် ပျံ့နှံ့ နေသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမေ သင်တန်းအပတ်စဉ်(၁)မှ (၇၆) အထိ အမျိုးသမီးရဲမေများ၏ ကျန်း မာရေးအခြေအနေကို ပြည်ထဲ ရေးဝန်ကြီးဌာနလက်အောက် မှအထူး တပ်ဖွဲ့က စစ်ဆေးခဲ့ခြင်းဖြစ်ပြီး အပတ်စဉ် (၇၆) နောက်ပိုင်းမှစ၍ ဓာတုဗေဒဝန်ရုံးမှ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူး အဆင့်ရှိ ဆရာဝန်များက စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းအထူးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုလိင်ပိုင်းဆိုင်ရာထိခိုက် မှုရှိသည့် စစ်ဆေးမှုများကို နောက်ဆုံးအပတ်စဉ်ဖြစ်သည့် အပတ်စဉ် (၈၀) ၌ ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်ဟု သတင်းများရရှိထားပြီးစုံစမ်းမှုများပြုလုပ်နေသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အရာရှိကြီးတစ်ဦးက ပြောသည်။

‘‘အဲဒီသတင်းကြားနေရတာ တော့ နည်းနည်းကြာသွားပြီ။ တိုင်ကြားသူလည်း မရှိတော့တကယ်ဟုတ်၊ မဟုတ်တော့ မသိရသေးဘူး။ အခုအွန်လိုင်းမှာ လည်းပြန့်တော့ ဒါရဲတပ်ဖွဲ့ရဲ့ဂုဏ် သိက္ခာကိုလည်း ထိခိုက်ပါတယ်။ ဒါကြောင့် စုံစမ်းမှုလုပ်သွားမှာပါ’’ ဟု ၎င်းက ပြောသည်။

အပတ်စဉ် (၇၆) အထိ အထူးတပ်ဖွဲ့မှ စစ်ဆေးရာတွင် အမျိုးသမီးတပ်ဖွဲ့ဝင်များအပေါ် လိင်ပိုင်းဆိုင်ရာထိခိုက်စေသည့် စစ်ဆေးမှုမျိုးမပြုလုပ်ခဲ့ကြောင်း အထူးတပ်ဖွဲ့မှ အမည်မဖော်လို သည့် အရာရှိကြီးတစ်ဦးက ပြော သည်။

‘‘အရပ် အတိုင်းအတာ၊ ကိုယ်အလေးချိန်မှန်၊ မမှန်၊ မျက် စိအမြင်ကောင်း၊ မကောင်းနဲ့ ကာလာဘလိုင်း (အရောင်ရော ထွေးမှု)ရှိ၊ မရှိလောက်ပဲ စစ် တယ်။ ရင်ဘတ်တောင်မကိုင် ဘူး။ ဒါသင်တန်းတက်ဖို့ အရွေးခံ ရတဲ့အဆင့်ကိုပြောတာ။ သင် တန်းအရွေးခံရရင် အမျိုးသမီး သားဖွားမီးယပ်ဆရာဝန်နဲ့ ထပ်စစ် တယ်။ ကျန်းမာရေးအခြေအနေ နဲ့ပတ်သက်လို့ သက်ဆိုင်ရာဆရာ ဝန်လက်မှတ်ပါရင်ရပြီ။ အသေး စိတ်ကိုမစစ်တော့တာ။ အခုလို လိင်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိတဲ့ စစ်ချက်ကို ကျွန်တော်တို့အသိုင်း အဝိုင်းမှာလည်း ကြားထားပါ တယ်။ ဒီလို တစ်ကိုယ်လုံးချွတ် စစ်ရမယ်လို့လည်း စည်းကမ်းမရှိ ပါဘူး’’ဟု ၎င်းက ပြောသည်။

အမျိုးသမီးရဲမေများ သင် တန်းတက်ရောက်ခွင့်ရပါက ပြင် ဦးလွင်ရှိ ဇီးပင်ကြီးသင်တန်း ကျောင်း၌ အမျိုးသမီးဆရာဝန် တစ်ဦးဖြင့် ထပ်မံစစ်ဆေးမှုရှိပြီး နေပြည်တော်အထူးတပ်ဖွဲ့သို့ ရောက်ရှိပါကလည်း ခုတင် ၁,၀၀၀ ဆံ့ဆေးရုံကြီးတွင် အမျိုး သမီးဆရာဝန်ဖြင့်သာ ဆေးစစ်မှု များပြုလုပ်ကြောင်း ရဲတပ်ဖွဲ့ဌာန ချုပ် ဝန်ထမ်းလေ့ကျင့်ရေးနှင့် စီမံ ရေးရာဌာနမှ အရာရှိကြီးတစ်ဦး က ပြောသည်။

‘‘ကျွန်မတို့တော့ အဲဒီလို တစ်ကိုယ်လုံးချွတ်ပြီး အစစ်ခံခဲ့ရ တာမရှိပါဘူး။ ပြီးတော့ အမျိုး သမီးဆရာဝန်နဲ့ပဲ စစ်ခဲ့တာပါ။ အထူးတပ်ဖွဲ့ရောက်တော့လည်း ခုတင် ၁,၀၀၀ မှာ အိုဂျီနဲ့ပဲစစ်တာ ပါ။ တကယ်တမ်း ကြမ်းကြမ်း တမ်းတမ်းလုပ်နိုင်၊ မလုပ်နိုင်ကို စစ်တာပါ။ အခုနောက်အပတ်စဉ် တွေမှာ အဲဒီလိုအစစ်ခံရတာကြား တော့ စိတ်မကောင်းဖြစ်မိပါ တယ်။ မိန်းကလေးချင်းကိုယ်ချင်း စာပါတယ်’’ဟု ၂၀၀၅ တွင် ရဲသင် တန်းကျောင်းဆင်းခဲ့သည့် အထူး တပ်ဖွဲ့မှ ဒုရဲအုပ်အဆင့်ရှိအမျိုး သမီးတပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။

7Day Daily

No comments:

Post a Comment