Tuesday 11 November 2014

အမြန်လမ်းတွင် လုယက်ရန် ကြိုးစားသည့် အဖွဲ့ကို ဖမ်းမိ

အမြန်လမ်းပေါ်တွင် ကားများအား အုပ်စုဖွဲ့လုယက် ရန် ကြိုးစားသည့် အဖွဲ့ကို ဖမ်းမိ ထားပြီး တစ်ဦးမှာ ထွက်ပြေးနေ ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေ၀င်းက ပြောကြားသည်။

နိုဝင်ဘာ ၆ ရက်ညနေက အမြန်လမ်း မိုင်တိုင် ၉၉ အနီးတွင် လူတစ်ယောက်က လမ်းပေါ်၌ ရပ်စောင့်နေကာ အိမ်စီးကား တစ်စီးအား ပေါက်တူးဖြင့် လွှဲရိုက်၍ လုယက်ရန် ကြိုးစားခဲ့ခြင်းဖြစ် သည်။

လမ်းဘေးတွင်လည်း လုယက်ရန် အသင့်စောင့်နေသူ များရှိကြောင်း ကိုယ်တိုင်ရင်ဆိုင် ခဲ့ရသူ ကိုသီဟထွန်းက ပြော သည်။ ကိုသီဟထွန်းက အနီးဆုံး အမြန်လမ်းရဲကင်းတစ်ခုသို့ အ ကြောင်းကြားခဲ့ပြီး နောက်တစ် နေ့တွင် တရားခံနှစ်ဦးကို ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

‘‘ရင်ဆိုင်လိုက်ရတဲ့ ကာယ ကံရှင်တွေရော၊ အနီးပတ်ဝန်း ကျင်မှာပါ လေ့လာပြီး ပြစ်မှုကျူး လွန်သူတွေကို ဖမ်းလိုက်တာပါ။ သုံးယောက်လို့ ထွက်ဆိုပါတယ်။ ကျန်တဲ့ တစ်ယောက်ကိုလည်း ပိုက်စိပ်တိုက်ရှာနေ ပါတယ်’’ ဟု ရဲမှူးကြီး နေ၀င်းက ပြောကြားသည်။

ဖမ်းဆီးထားသူများမှာ ကျောက်တံခါးမြို့နယ် ဇာတိများ ဖြစ်ပြီး အမြန်လမ်းဘေးရှိ ရွာတွင် နေထိုင်သူများဖြစ်သည်။ ရဲတပ် ဖွဲ့က ၎င်းတို့နှင့်အတူ အရက် သောက်ခဲ့သူများအား စုံစမ်းမေး မြန်း၍ တရားခံကိုဖော်ထုတ်ခဲ့ပြီး ကိုယ်တိုင် ရင်ဆိုင်ခဲ့ရသူများကို လည်း တရားခံဟုတ်၊ မဟုတ် လာရောက်ကြည့်ရှုစေခဲ့ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးထားသူ နှစ်ဦးနှင့် ထွက်ပြေးနေသူ တစ်ဦးကို မြို့ ချောင်း အမြန်လမ်း ရဲစခန်းတွင် ပြစ်မှုပုဒ်မ-၂၇၉(က)အရ အမှု ဖွင့်အရေးယူထားသည်။

၎င်းတို့သည် နိုဝင်ဘာ ၆ ရက် ညတစ်ညတည်းတွင် ကိုသီဟထွန်း၏ကားသာမက အခြားကား ငါးစီးခန့်ကိုလည်း လုယက်ရန် ကြိုးစားခဲ့ကြောင်း မျက်မြင်တွေ့သူများက ပြောသည်။

7Day Daily

No comments:

Post a Comment