Thursday 13 November 2014

အမေရိကန်သမ္မတ ဘားရတ်အိုဘားမား နိုဝင်ဘာ ၁၂ ရက် ညပိုင်းတွင် နေပြည်တော်သို့ရောက်ရှိပြီး အာဆီယံ ဆွေးနွေးဖက်နိုင်ငံများ၏ ညစာစားပွဲ တက်ရောက်

Photo: အမေရိကန်သမ္မတ ဘားရတ်အိုဘားမား နိုဝင်ဘာ ၁၂ ရက် ညပိုင်းတွင် နေပြည်တော်သို့ရောက်ရှိပြီး အာဆီယံ ဆွေးနွေးဖက်နိုင်ငံများ၏ ညစာစားပွဲ တက်ရောက် 
Thursday, November 13, 2014

(၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေး  နွေးပွဲနှင့် ဆက်စပ်အစည်းအဝေး များသို့ တက်ရောက်ရန်အတွက် အမေရိကန်သမ္မတ ဘားရတ်အိုဘားမားသည် နိုဝင်ဘာ ၁၂ ရက် ည ၇ နာရီ ၃၆ မိနစ်ခန့်တွင် နေပြည် တော်သို့ ရောက်ရှိ ခဲ့သည်။

သမ္မတအိုဘားမားသည် တရုတ်နိုင်ငံ တွင် ပြုလုပ်ခဲ့သော အာရှ-ပစိဖိတ်စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို တက် ရောက်ခဲ့ပြီးနောက် တရုတ်နိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
(၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေး  နွေးပွဲနှင့် ဆက်စပ်အစည်းအဝေး များသို့ တက်ရောက်မည့် အာဆီယံ၊ အရှေ့အာရှ ခေါင်းဆောင်များအပါအဝင် အာဆီယံဆွေး နွေးဖက်နိုင်ငံများ၏ ညစာစားပွဲကို နိုဝင်ဘာ ၁၂ ရက် ည ၉ နာရီ ၃ဝ မိနစ်က နေပြည် တော်ရှိMICCခန်းမ၌ ပြုလုပ်ခဲ့ပြီး ထိုညစာ စားပွဲသို့ အမေရိကန်သမ္မတအိုဘားမားတက် ရောက်ခဲ့သည်။

ညစာစားပွဲတွင် သမ္မတအိုဘားမားက သမ္မတ ဦးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်းနှင့် ဘေးချင်းကပ်ထိုင်ခဲ့ပြီး သမ္မတဦးသိန်းစိန် နှင့် သမ္မတအိုဘားမားအကြားတွင် ဒေါ်ခင် ခင်ဝင်းက ထိုင်ခဲ့ခြင်းဖြစ်သည်။

ညစာစားပွဲ၌ သမ္မတဦးသိန်းစိန်ကဂုဏ် ပြုစကားပြောကြားခဲ့ပြီး အာဆီယံအလှည့် ကျဥက္က| တာဝန်ယူထားချိန်လုပ်ဆောင်ခဲ့ သည်များကို ပြောကြားခဲ့သည်။

“မိမိတို့အနေနဲ့ ဒီနှစ်မှာအာဆီယံဥက္က|  တာဝန်ယူရတာကို အထူးပင် ဂုဏ်ယူပါတယ်။ ဒီနှစ်အတွင်းမှာ အာဆီယံအသိုင်းအဝန်းထူ ထောင်ရေး၊ ဒေသတွင်းငြိမ်းချမ်းရေးနဲ့တည် ငြိမ်ရေးဆက်လက်ထိန်းသိမ်းရေးနဲ့ အာဆီ ယံမိတ်ဖက်နိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးမှု တွေ ပိုခိုင်မြဲလာစေရေးတို့ကို ဦးစားပေး ဆောင်ရွက်ခဲ့ပါတယ်”ဟု သမ္မတဦးသိန်းစိန် က ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံက အာဆီယံအ လှည့်ကျဥက္က| တာဝန်ယူထားချိန်၌ လုပ်ငန်း စဉ်အသီးသီး အောင်မြင်စေရေးအတွက် ကူ ညီခဲ့သူများကို ကျေးဇူး တင်ကြောင်း ပြော ကြားခဲ့သည်။

“မြန်မာနိုင်ငံက အာဆီယံဥက္က|တာဝန် ယူစဉ်မှာ လုပ်ငန်းစဉ်အသီးသီး အောင်မြင် ချောမွေ့ရေးအတွက် လက်တွဲဆောင်ရွက်ခဲ့ ကြတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေး ဖက်နိုင်ငံများအားလုံးကိုပါ အထူးကျေးဇူး တင်ရှိကြောင်း ပြောကြားလိုပါတယ်။ မြန်မာ နိုင်ငံအနေနဲ့ အာဆီယံလုပ်ငန်းစဉ်တွေ ပိုမို တိုးတက်ရေး၊ ဆွေးနွေးဖက်မိတ်ဆက်များနဲ့ ဆက်ဆံရေးတွေ ပိုမိုမြင့်တက်ရေးနဲ့  ကမ္ဘာ့ အသိုင်းအဝန်းမှာ အာဆီယံအသိုက်အဝန်း ကြီး အောင်မြင်စွာ ရှင်သန်ရပ်တည်ရေးတို့ အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်”ဟု သမ္မတဦးသိန်းစိန် က ပြောကြားသည်။

သမ္မတအိုဘားမားသည် နေပြည်တော် သို့ရောက်ရှိစဉ် (၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲပြုလုပ်ရာMICC ခန်းမ အနီးရှိ Kempinski  ဟိုတယ်၌ တည်းခိုခဲ့ကာ နေပြည်တော်သို့ ရောက်ရှိအပြီး မိနစ်ပိုင်း အတွင်းမှာပင်MICCခန်းမ၌သမ္မတဦးသိန်း စိန်တည်ခင်းသော  အာဆီယံနှင့် အရှေ့အာရှ ထိပ်သီးခေါင်းဆောင်များ၏ ညစာစားပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ 

 နိုဝင်ဘာ ၁၃ ရက်တွင် ပြုလုပ်မည့်  (၉)ကြိမ်မြောက် အရှေ့အာရှထိပ်သီးဆွေး  နွေးပွဲ၊ ဒုတိယအကြိမ်မြောက် အာဆီယံ- အမေရိကန် ထိပ်သီးဆွေးနွေးပွဲများသို့  သမ္မတအိုဘားမား တက်ရောက်မည်ဖြစ်ကာ ထိုနေ့မှာ သမ္မတဦးသိန်းစိန်၊ လွှတ်တော် အမတ်အချို့နှင့် သီးခြားစီတွေ့ဆုံရန် အစီ အစဉ်ရှိကြောင်း သိရသည်။ ၎င်းသည် နိုဝင် ဘာ ၁၄ ရက် နံနက် ၈ နာရီအချိန်တွင် နေ ပြည်တော်မှထွက်ခွာပြီး ရန်ကုန်မြို့သို့ဆက် လက်သွားရောက်မည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်မြို့၌ သမ္မတအိုဘားမားသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင်အရှေ့  တောင်အာရှ လူငယ်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။ ရန်ကုန်ခရီးစဉ်အပြီးတွင် မြန်မာနိုင်ငံမှတစ်ဆင့် ဩစတြေးလျနိုင်ငံသို့ ထွက်ခွာပြီး နိုဝင်ဘာ ၁၅ ရက်နှင့် ၁၆ ရက် တွင် ပြုလုပ်မည့်G 20 ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်မည် ဖြစ်သည်။

သမ္မတအိုဘားမားသည် မြန်မာနိုင်ငံ သို့ ဒုတိယအကြိမ် ရောက်ရှိခဲ့ခြင်းဖြစ်ကာ နေပြည်တော်သို့ ပထမဆုံးရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလအတွင်း  မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိချိန်က ရန်ကုန်မြို့၌သာနေထိုင်ခဲ့ပြီး သမ္မတဦးသိန်း စိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြား စီတွေ့ဆုံခဲ့ကာ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမတွင်မိန့်ခွန်းပြောကြားခဲ့သည်။

Eleven Media Group
(၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေး နွေးပွဲနှင့် ဆက်စပ်အစည်းအဝေး များသို့ တက်ရောက်ရန်အတွက် အမေရိကန်သမ္မတ ဘားရတ်အိုဘားမားသည် နိုဝင်ဘာ ၁၂ ရက် ည ၇ နာရီ ၃၆ မိနစ်ခန့်တွင် နေပြည် တော်သို့ ရောက်ရှိ ခဲ့သည်။

သမ္မတအိုဘားမားသည် တရုတ်နိုင်ငံ တွင် ပြုလုပ်ခဲ့သော အာရှ-ပစိဖိတ်စီးပွား ရေးပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို တက် ရောက်ခဲ့ပြီးနောက် တရုတ်နိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
(၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေး နွေးပွဲနှင့် ဆက်စပ်အစည်းအဝေး များသို့ တက်ရောက်မည့် အာဆီယံ၊ အရှေ့အာရှ ခေါင်းဆောင်များအပါအဝင် အာဆီယံဆွေး နွေးဖက်နိုင်ငံများ၏ ညစာစားပွဲကို နိုဝင်ဘာ ၁၂ ရက် ည ၉ နာရီ ၃ဝ မိနစ်က နေပြည် တော်ရှိMICCခန်းမ၌ ပြုလုပ်ခဲ့ပြီး ထိုညစာ စားပွဲသို့ အမေရိကန် သမ္မတအိုဘားမားတက် ရောက်ခဲ့သည်။

ညစာစားပွဲတွင် သမ္မတအိုဘားမားက သမ္မတ ဦးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်းနှင့် ဘေးချင်းကပ်ထိုင်ခဲ့ပြီး သမ္မတဦးသိန်းစိန် နှင့် သမ္မတအိုဘားမားအကြားတွင် ဒေါ်ခင် ခင်ဝင်းက ထိုင်ခဲ့ခြင်းဖြစ်သည်။

ညစာစားပွဲ၌ သမ္မတဦးသိန်းစိန်ကဂုဏ် ပြုစကားပြောကြားခဲ့ပြီး အာဆီယံအလှည့် ကျဥက္က| တာဝန်ယူထားချိန်လုပ်ဆောင်ခဲ့ သည်များကို ပြောကြားခဲ့သည်။

“မိမိတို့အနေနဲ့ ဒီနှစ်မှာအာဆီယံဥက္က| တာဝန်ယူရတာကို အထူးပင် ဂုဏ်ယူပါတယ်။ ဒီနှစ်အတွင်းမှာ အာဆီယံအသိုင်းအဝန်းထူ ထောင်ရေး၊ ဒေသတွင်းငြိမ်းချမ်းရေးနဲ့တည် ငြိမ်ရေးဆက်လက်ထိန်းသိမ်းရေးနဲ့ အာဆီ ယံမိတ်ဖက်နိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးမှု တွေ ပိုခိုင်မြဲလာစေရေးတို့ကို ဦးစားပေး ဆောင်ရွက်ခဲ့ပါတယ်”ဟု သမ္မတဦးသိန်းစိန် က ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံက အာဆီယံအ လှည့်ကျဥက္က| တာဝန်ယူထားချိန်၌ လုပ်ငန်း စဉ်အသီးသီး အောင်မြင်စေရေးအတွက် ကူ ညီခဲ့သူများကို ကျေးဇူး တင်ကြောင်း ပြော ကြားခဲ့သည်။

“မြန်မာနိုင်ငံက အာဆီယံဥက္က|တာဝန် ယူစဉ်မှာ လုပ်ငန်းစဉ်အသီးသီး အောင်မြင် ချောမွေ့ရေးအတွက် လက်တွဲဆောင်ရွက်ခဲ့ ကြတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေး ဖက်နိုင်ငံများအားလုံးကိုပါ အထူးကျေးဇူး တင်ရှိကြောင်း ပြောကြားလိုပါတယ်။ မြန်မာ နိုင်ငံအနေနဲ့ အာဆီယံလုပ်ငန်းစဉ်တွေ ပိုမို တိုးတက်ရေး၊ ဆွေးနွေးဖက်မိတ်ဆက်များနဲ့ ဆက်ဆံရေးတွေ ပိုမိုမြင့်တက်ရေးနဲ့ ကမ္ဘာ့ အသိုင်းအဝန်းမှာ အာဆီယံအသိုက်အဝန်း ကြီး အောင်မြင်စွာ ရှင်သန်ရပ်တည်ရေးတို့ အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်”ဟု သမ္မတဦးသိန်းစိန် က ပြောကြားသည်။

သမ္မတအိုဘားမားသည် နေပြည်တော် သို့ရောက်ရှိစဉ် (၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေး ပွဲပြုလုပ်ရာMICC ခန်းမ အနီးရှိ Kempinski ဟိုတယ်၌ တည်းခိုခဲ့ကာ နေပြည်တော်သို့ ရောက်ရှိအပြီး မိနစ်ပိုင်း အတွင်းမှာပင်MICCခန်းမ၌သမ္မတဦးသိန်း စိန်တည်ခင်းသော အာဆီယံနှင့် အရှေ့အာရှ ထိပ်သီးခေါင်းဆောင်များ၏ ညစာစားပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၁၃ ရက်တွင် ပြုလုပ်မည့် (၉)ကြိမ်မြောက် အရှေ့အာရှထိပ်သီးဆွေး နွေးပွဲ၊ ဒုတိယအကြိမ်မြောက် အာဆီယံ- အမေရိကန် ထိပ်သီးဆွေးနွေးပွဲများသို့ သမ္မတအိုဘားမား တက်ရောက်မည်ဖြစ်ကာ ထိုနေ့မှာ သမ္မတဦးသိန်းစိန်၊ လွှတ်တော် အမတ်အချို့နှင့် သီးခြားစီတွေ့ဆုံရန် အစီ အစဉ်ရှိကြောင်း သိရသည်။ ၎င်းသည် နိုဝင် ဘာ ၁၄ ရက် နံနက် ၈ နာရီအချိန်တွင် နေ ပြည်တော်မှထွက်ခွာပြီး ရန်ကုန်မြို့သို့ဆက် လက်သွားရောက်မည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်မြို့၌ သမ္မတအိုဘားမားသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင်အရှေ့ တောင်အာရှ လူငယ်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။ ရန်ကုန်ခရီးစဉ်အပြီးတွင် မြန်မာနိုင်ငံမှတစ်ဆင့် ဩစတြေးလျနိုင်ငံသို့ ထွက်ခွာပြီး နိုဝင်ဘာ ၁၅ ရက်နှင့် ၁၆ ရက် တွင် ပြုလုပ်မည့်G 20 ထိပ်သီးဆွေးနွေး ပွဲသို့ တက်ရောက်မည် ဖြစ်သည်။

သမ္မတအိုဘားမားသည် မြန်မာနိုင်ငံ သို့ ဒုတိယအကြိမ် ရောက်ရှိခဲ့ခြင်းဖြစ်ကာ နေပြည်တော်သို့ ပထမဆုံးရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိချိန်က ရန်ကုန်မြို့၌သာနေထိုင်ခဲ့ပြီး သမ္မတဦးသိန်း စိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြား စီတွေ့ဆုံခဲ့ကာ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမတွင်မိန့်ခွန်းပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment