Wednesday 12 November 2014

နေပြည်တော် အာဆီယံထိပ်သီးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် အစောဆုံးရောက်ရှိခဲ့ပြီး အမေရိကန်သမ္မတ အိုဘားမား နိုဝင်ဘာ ၁၂ ရက် ညဥ့်ဦးပိုင်းတွင် ရောက်ရှိမည်

(၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် နိုဝင်ဘာ ၁၁ ရက်တွင် နေပြည်တော်သို့ အစောဆုံးရောက်ရှိ လာခဲ့ သည်။

ဝန်ကြီးချုပ်ဟွန်ဆန်ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၁ ရက် နံနက် ၉ နာရီ ၃၅ မိနစ်က နေပြည်တော်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါနေ့ မွန်းလွဲပိုင်း၌ အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ထပ်မံရောက်ရှိ ခဲ့ပြီး ညနေပိုင်းတွင် ဗီယက်နမ်ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့၊ လာအိုဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့တို့ ရောက်ရှိခဲ့သည်။ နိုဝင်ဘာ ၁၁ ရက် ညဥ့်ဦးပိုင်း၌ အင်ဒိုနီးရှားသမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့၊ ထိုင်းဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့၊ မလေးရှား ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့၊ စင်ကာပူဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့၊ ဘရူနိုင်းဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့တို့ ထပ်မံရောက်ရှိခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ကိုယ်စားလှယ်အဖွဲ့၊ ဖိလစ်ပိုင်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့တို့မှာ နိုဝင်ဘာ ၁၁ ရက် ည ၁ဝ နာရီနောက်ပိုင်းတွင် ဆက်လက်ရောက်ရှိခဲ့သည်။

အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲနှင့် အာဆီယံ-အမေရိကန် ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်မည့် အမေရိကန်သမ္မတ အိုဘားမားမှာ နိုဝင်ဘာ ၁၂ ရက် ညဥ့်ဦးပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိ လာမည်ဖြစ်သည်။ သမ္မတအိုဘားမား လိုက်ပါနိုင်ဖွယ်ရှိသော အထူးလေယာဉ်မှာ နိုဝင်ဘာ ၁၂ ရက် ည ၇ နာရီ ၁၅ မိနစ်တွင် နေပြည်တော်သို့ ဆင်းသက်မည်ဖြစ်ပြီး ည ၇ နာရီ ၄၅ မိနစ်နှင့် နိုဝင်ဘာ ၁၃ ရက် နံနက် ၁ နာရီ ၄၅ မိနစ် အချိန်များတွင်လည်း အမေရိကန်ကိုယ်စားလှယ်များ၏ လေယာဉ်များ နေပြည်တော်သို့ ဆင်းသက်မည်ဖြစ်သည်။

နိုဝင်ဘာ ၁၂ ရက်တွင် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် အတွက် ရုရှား၊ ဩစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်တို့ ဆက်တိုက်ရောက်ရှိမည်ဖြစ်သည်။

တရုတ်ဝန်ကြီးချုပ်ဦးဆောင်သော ကိုယ်စားလှယ်များ လိုက်ပါလာမည့် လေယာဉ်သည် အမေရိကန် သမ္မတအိုဘားမား လိုက်ပါလာသောလေယာဉ် မဆင်းသက်မီ နာရီပိုင်းအလို နိုဝင်ဘာ ၁၂ ရက် ညနေ ၆ နာရီ ၃၅ မိနစ်တွင် နေပြည်တော်လေဆိပ်သို့ ဆင်းသက်မည်ဖြစ်သည်။

နေပြည်တော်သို့ လာရောက်သည့် အာဆီယံနှင့် အရှေ့အာရှ ဒေသတွင်း ခေါင်းဆောင်များ၊ အမေရိကန်ခေါင်းဆောင်များသည် တရုတ်နိုင်ငံတွင်ပြု လုပ်သည့် APEC အစည်းအဝေးမှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ် သည်။ ၎င်းတို့အနက် အများစုသည် နိုဝင်ဘာ ၁၃ ရက်တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာပြီး နိုဝင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တွင် ဩစတြေးလျ၌ပြု လုပ်မည့် G-20 ထိပ်သီးဆွေးနွေးပွဲသို့ ဆက်လက်သွားရောက်ကြမည်ဖြစ် ကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment