Tuesday 11 November 2014

အမြန်လမ်းတွင် ခရီးသည်တင်ယာဉ် မှောက်ပြန်

Photo: အမြန်လမ်းတွင် ခရီးသည်တင်ယာဉ် မှောက်ပြန်
Tuesday, November 11, 2014

နေပြည်တော် အမြန်လမ်းတွင် စိန်အိုးစည် ဘုရားဖူးယာဉ်တိမ်းမှောက်ပြီး လူ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၀ ရက် နံနက် ၄ နာရီတွင် မိုင်တိုင် ၁၂၄ ၌ တိမ်းမှောက်ရာ ယာဉ်ပေါ်၌လိုက်ပါလာသည့် ခရီးသည် ၁၁ ဦးနှင့်ယာဉ်အကူတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။ ဒဏ် ရာရရှိသူများသည် ကျောင်းဆရာမ အများစုဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

‘‘ယာဉ်အကူနဲ့ သူ့သူငယ် ချင်းတစ်ယောက် ဒဏ်ရာရ တယ်။ ကျန်တာက အမျိုးသမီးတွေပဲ။တောင်ဥက္ကလာပက ကျောင်းဆရာမတွေဖြစ်တယ်။ ဒဏ်ရာရရှိသူထဲက အမျိုးသားတစ်ဦးပဲ စိုးရိမ်ရတာပါ။ ကျန်တာက မစိုးရိမ်ရပါဘူး’’ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘စိန်အိုးစည်ကားပိုင်ရှင်က ဒဏ်ရာရတဲ့သူတွေကို ဆေးကုသ မှုတွေပြုလုပ်ပေးနေပါတယ်။ ဒဏ်ရာကလည်း ကြီးကြီးမားမား ရတာသိပ်မရှိပါဘူး။ တချို့သူ တွေလည်း ရန်ကုန်ပြန်ခေါ်လာနေ ပါပြီ’’ဟု ပြည်တွင်းဘုရားဖူးပို့ ဆောင်ရေးနှင့် အပန်းဖြေအသင်း ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။

နိုဝင်ဘာ ၉ ရက်ကလည်း အမြန်လမ်း မိုင်တိုင် ၁၂၃ တွင် လိုက်ထရပ်ယာဉ်တစ်စီးတိမ်း မှောက်မှုဖြစ်ပွားရာ ခရီးသည် ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်တွင် ယခုနှစ် ၁၀ လကျော်ကာလအတွင်း ယာဉ် တိုက်မှုစုစုပေါင်း ၃၀၀ ကျော်ဖြစ် ပွားခဲ့ပြီး ၁၂၄ ဦး သေဆုံးခဲ့သည်။

အမြန်လမ်းတွင် ယာဉ်တိုက် မှုနှင့် ယာဉ်တိမ်းမှောက်မှုဖြစ်စဉ် အများစုမှာ အရှိန်ပြင်းစွာမောင်း နှင်ခြင်း၊ ယာဉ်မောင်းအိပ်ငိုက် ခြင်း၊ ပေါ့ဆမှုနှင့် လမ်းလိုအပ် ချက်များကြောင့် အများဆုံးဖြစ် ပွားနေကြောင်း အမြန်လမ်းရဲတပ် ဖွဲ့မှူးရုံးမှ ရဲမှူးကြီးနေဝင်းက ပြောကြားထားသည်။

တိမ်းမှောက်သွားသော စိန်အိုးစည်ဘုရားဖူးယာဉ်
7Day Daily
နေပြည်တော် အမြန်လမ်းတွင် စိန်အိုးစည် ဘုရားဖူးယာဉ်တိမ်းမှောက်ပြီး လူ ၁၂ ဦးဒဏ်ရာရရှိ ခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၀ ရက် နံနက် ၄ နာရီတွင် မိုင်တိုင် ၁၂၄ ၌ တိမ်းမှောက်ရာယာဉ်ပေါ်၌လိုက်ပါလာသည့် ခရီးသည် ၁၁ ဦးနှင့်ယာဉ်အကူတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။ ဒဏ် ရာရရှိသူများသည် ကျောင်းဆရာမ အများစုဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

‘‘ယာဉ်အကူနဲ့ သူ့သူငယ် ချင်းတစ်ယောက် ဒဏ်ရာရ တယ်။ ကျန်တာက အမျိုးသမီးတွေပဲ။တောင်ဥက္ကလာပက ကျောင်းဆရာမတွေဖြစ်တယ်။ ဒဏ်ရာရရှိသူထဲက အမျိုးသားတစ်ဦးပဲ စိုးရိမ်ရတာပါ။ ကျန်တာက မစိုးရိမ်ရပါဘူး’’ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘စိန်အိုးစည်ကားပိုင်ရှင်က ဒဏ်ရာရတဲ့သူတွေကို ဆေးကုသ မှုတွေပြုလုပ်ပေးနေပါတယ်။ ဒဏ်ရာကလည်း ကြီးကြီးမားမား ရတာသိပ်မရှိပါဘူး။ တချို့သူ တွေလည်း ရန်ကုန်ပြန်ခေါ်လာနေ ပါပြီ’’ဟု ပြည်တွင်းဘုရားဖူးပို့ ဆောင်ရေးနှင့် အပန်းဖြေအသင်း ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။

နိုဝင်ဘာ ၉ ရက်ကလည်း အမြန်လမ်း မိုင်တိုင် ၁၂၃ တွင် လိုက်ထရပ်ယာဉ်တစ်စီးတိမ်း မှောက်မှုဖြစ်ပွားရာ ခရီးသည် ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်တွင် ယခုနှစ် ၁၀ လကျော်ကာလအတွင်း ယာဉ် တိုက်မှု စုစုပေါင်း ၃၀၀ ကျော်ဖြစ် ပွားခဲ့ပြီး ၁၂၄ ဦး သေဆုံးခဲ့သည်။

အမြန်လမ်းတွင် ယာဉ်တိုက် မှုနှင့် ယာဉ်တိမ်းမှောက်မှုဖြစ်စဉ် အများစုမှာ အရှိန်ပြင်းစွာမောင်း နှင်ခြင်း၊ ယာဉ်မောင်းအိပ်ငိုက် ခြင်း၊ ပေါ့ဆမှုနှင့် လမ်းလိုအပ် ချက်များကြောင့် အများဆုံးဖြစ် ပွားနေကြောင်း အမြန်လမ်းရဲတပ် ဖွဲ့မှူးရုံးမှ ရဲမှူးကြီးနေဝင်းက ပြောကြားထားသည်။

တိမ်းမှောက်သွားသော စိန်အိုးစည်ဘုရားဖူးယာဉ်
7Day Daily

No comments:

Post a Comment