Thursday 13 November 2014

ဒေါ်လာဈေးတက်ပေးမယ့် ကုန်ဈေးနှုန်း လိုက် မတက်အောင် ဗဟိုဘဏ်က ထိန်းချူပ်နေ

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တစ်ဒေါ်လာကို မြန်မာငွေတစ်ထောင်ကျော် ဈေးပေါက်ပြီး ဒေါ်လာဈေး တက်လာခဲ့တာမှာ အဆမတန် ထိုးတက် မသွားဖို့ ဗဟိုဘဏ်က ထိန်းချူပ် နေတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဈေးကွက် အခြေအနေမှာလည်း ဒေါ်လာတန်ဖိုး အားကောင်း နေတာကတစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ သွင်းကုန် ပမာဏက ပို့ကုန်အားထက် များနေတာက တစ်ကြောင်း အခုလို မြန်မာငွေ တန်ဖိုးကျရတာ ဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းသော်က ဘီ⁠ဘီစီကို ပြောပါတယ်။

ဒေါ်လာဈေးတွေ တက်ရင် ကုန်ဈေးနှုန်းတွေ လိုက်တက် လာလေ့ ရှိတာမို့ ဗဟိုဘဏ် အနေနဲ့ ငွေလဲနှုန်းကို သတ်မှတ် ပေးတာမျိုး၊ ဒေါ်လာဝယ်လိုတဲ့ ပုဂ္ဂလိက ဘဏ်တွေကို ငွေပမာဏ ထိန်းချူပ်ပြီး ရောင်းပေး တာမျိုး တွေနဲ့ ကိုင်တွယ
် ပေးနေတယ် ဆိုပြီး ဦးဝင်းသော်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒေါ်လာငွေ လဲနှုန်းကို ၂၀၁၂ ခုနှစ်လောက် ကစပြီး အစိုးရက၈⁠၈၅ ကျပ် စ သတ်မှတ်ပြီး နောက်ပိုင်း အခု တစ်ထောင်ကျော် ကို ပထမဆုံးရောက်လာတာ ဖြစ်ပါတယ်။

BBC

No comments:

Post a Comment