Monday, 29 September 2014

ထိုင်းနိုင်ငံထုတ် ဆေးနှစ်မျိုး နှင့် အိန္ဒိယနိုင်ငံထုတ် ဆေးနှစ်မျိုး အပါအ၀င် ဆေးငါးမျိုးကို ကျန်းမာရေး ၀န်ကြီးဌာနမှ မသုံးစွဲသင့်ကြောင်း ကြေညာ

မြန်မာနိုင်ငံ အိမ်သုံးဆေးဝါး ဈေးကွက်အတွင်း မှတ်ပုံတင် ထားခြင်း မရှိဘဲ ရောက်ရှိ နေသည့် ထိုင်းနိုင်ငံထုတ် ဆေးနှစ်မျိုး၊ အိန္ဒိယနိုင်ငံထုတ် ဆေးနှစ်မျိုးနှင့် ထုတ်လုပ်သည့် နိုင်ငံ ဖော်ပြထားခြင်း
မရှိသည့် ဆေးတစ်မျိုး ပေါင်းဆေးငါးမျိုး ကို သုံးစွဲခြင်း မပြုရန် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာ ထားကြောင်း သိရသည်။
တရားမဝင် လမ်းကြောင်းမှ တစ်ဆင့် ပြည်တွင်း ဈေးကွက်အတွင်း

DKBA နဲ့ အစိုးရတပ် ပစ်ခတ်မှုကြောင့် ထိုင်းနယ်စပ် တပ်လှန့်ထား

ထိုင်း မြန်မာနယ်စပ်မှာ ဒီမိုကရေစီ အကျိုးပြု တပ်မတော် DKBA တပ်ဖွဲ့တွေနဲ့ အစိုးရ တပ်ဖွဲ့တွေကြား တိုက်ခိုက် မှုတွေ ဆက်တိုက်ဖြစ်ပွား နေတာကြောင့်၊ မြန်မာနဲ့ နယ်စပ်တပ်ခရိုင်က ထိုင်းစစ်တပ်ကို ထိုင်းအစိုးရက တပ်လှန့်ထားကြောင်း ဘန်ကောက်ပို့စ်သတင်း က ဖေါ်ပြပါတ။
နှစ်ဘက်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဟာ ထိုင်းနယ်စပ် ကနေ နှစ်မိုင် သုံးမိုင်ဝန်းကျင်အကွာမှာ ဖြစ်ပွားခဲ့တာကြောင့် ပစ်ခတ်သံတွေကို အတိုင်းသားကြားနေရ တယ်လို့

ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း ဆိုင်ကယ်ဖမ်းဆီးမှု တစ်ပတ်အတွင်း ၇၅ စီးရှိ

Photo: ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း ဆိုင်ကယ်ဖမ်းဆီးမှု တစ်ပတ်အတွင်း ၇၅ စီးရှိ
Monday, September 29, 2014

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် ၃၁ မြို့နယ်အတွင်း ဆိုင်ကယ်မစီးရ သတ်မှတ်ထားသော်လည်း စက်တင်ဘာ ၁၉ ရက်မှ၂၅ရက်အတွင်းဆိုင်ကယ် ၇၅ စီး ဖမ်းဆီးမိထားသည်ဟု အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးမျိုးအောင်မြင့်က ပြောသည်။

ဖမ်းဆီးရမိသည့် ဆိုင်ကယ် ၇၅ စီးတွင် လိုင်စင်ဖြင့်မောင်းနှင်သည့်ဆိုင်ကယ် ၇၁ စီး၊ လိုင်စင်မဲ့ ဆိုင်ကယ် ၄ စီး ပါဝင်သည်ဟု ဆိုသည်။

ပီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်က မရမ်းကုန်းမြို့နယ်တွင် လူသုံးဦးစီးနင်းလာသည့် ဆိုင်ကယ်တစ်စီး အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ပြီး ဆိုင်ကယ်ပါအမျိုးသ မီး တစ်ဦးသေဆုံးကာ နှစ်ဦး ဒါဏ်ရာရရှိခဲ့သည်။

ထို့ပြင် လှိုင်သာယာမြို့နယ်တွင် ဆိုင်ကယ်အစီးရေ နှစ်သောင်းခန့်ရှိပြီး ရန်ကုန်မြို့တွင်းရှိ ရပ်ကွက်အများစုတွင် ဆိုင်ကယ်စီးနင်းမှုများ ရှိနေသည်။

၂၀၀၀ ခုနှစ်အထိသာ ရန်ကုန်မြို့တွင်း ဆိုင်ကယ်စီးနင်းခွင့် ပေးခဲ့သော်လည်း ၂၀၁၃ ခုနှစ်အတွင်း ဆိုင်ကယ် မတော်တစ်ဆအမှုပေါင်း ၁၇၅ မှု ဖြစ်ပွားကာ ၃၃ ဦးသေဆုံးခဲ့သည်။

Mizzima - News in Burmese 

မော်တော်ဆိုင်ကယ် စီးနင်းရန် ကန့်သတ်ထားသည့် ရန်ကုန် စည်ပင် သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ဆိုင်ကယ်စီး နင်းနေသည် ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)









မော်တော်ဆိုင်ကယ် စီးနင်းရန် ကန့်သတ်ထားသည့် ရန်ကုန်စည်ပင် သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ဆိုင်ကယ်စီး နင်းနေသည် ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)
ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် ၃၁ မြို့နယ်အတွင်း ဆိုင်ကယ်မစီးရ သတ်မှတ်ထားသော်လည်း စက်တင်ဘာ ၁၉ ရက်မှ၂၅ရက်အတွင်းဆိုင်ကယ် ၇၅ စီး ဖမ်းဆီးမိထားသည်ဟု အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးမျိုးအောင်မြင့်က ပြောသည်။

မြန်မာနိုင်ငံသစ်ရှိ ပိုမိုလွတ်လပ်သော သတင်းစာလောကသို့

ယခင်လက ရန်ကုန်မြို့တွင် ကျင်းပခဲ့သော မီဒီယာကွန်ဖရင့်တွင် အဓိက ဆွေးနွေးငြင်းခုံစရာအကြောင်းများ ဖြစ်ခဲ့သည်။ ကုလအေဂျင်စီတစ်ခုဖြစ်သော UNESCO၊ International Media Support နှင့် မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပခဲ့သော မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်မှု တတိယအကြိမ်မြောက် ကွန်ဖရင့် "ရေရှည်တည်တံ့ခိုင်မြဲသည့် မီဒီယာဝန်းကျင် အခြေအနေ တစ်ရပ်ဆီသို့" ဟူသည့် အမည်ဖြင့် ကျင်းပခဲ့သော ထိုကွန်ဖရင့်တွင် ထိုအပြောင်းအလဲများကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ထိုကွန်ဖရင့်သည် တက်ရောက်သူများအား ဘက်ပေါင်းစုံမှ အကျိုးရှိစေခဲ့သည်။ သတင်းလောက ကြီးကြပ်ရေးမူဘောင်အတွင်း အပြုသဘောဆောင်သည့် အပြောင်းအလဲများ၊ ဥပဒေပြုခြင်း၊ လိုင်စင်ထုတ်ပေးခြင်း၊ သတင်းအယ်ဒီတာ၊ လက်ထောက်အယ်ဒီတာ၊ သတင်းထောက် ၄,၀၀၀ ကျော်မှီခိုနေရသည့် သတင်း လောကအဖို့ ပိုမိုလွတ်လပ် သည့် ပုံနှိပ်မီဒီယာ တစ်ရပ်အတွက် အရေးပါသည့် ဝန်းကျင်အခြေအနေတစ်ရပ် ပေါ်ပေါက်ရေးတို့ကို ဤကွန်ဖရင့်၌ ဆွေးနွေးခဲ့ကြသည်။

မြန်မာ့စီးပွားရေးတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

Photo: မြန်မာ့စီးပွားရေးတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Monday, September 29, 2014

မြန်မာ့စီးပွားရေးတွင် အမျိုးသမီးများပါဝင်ဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲကို နယူးယောက်မြို့ mufNrdKUOrrick,Herrington & Sutcliffe ၌ စက်တင်ဘာ၂၅ ရက် နံနက်ပိုင်းတွင် ကျင်းပရာ အဆိုပါ ဆွေးနွေးပွဲသို့ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ခေါင်းဆောင်၍ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးဇေယျာအောင်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက် အောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်နိုင်ဦးနှင့် ပြည်ပရောက် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် အမေရိကန်ပြည်ထောင်စုမှ အမျိုးသမီးရေးရာ ဆိုင်ရာ Ambassador Melanne Verveer ၊ ကမ္ဘောဇအုပ်စု၏ အမှုဆောင် ဒါရိုက်တာနှင့် Chair&Co-founder, Brighter Future Foundational Myanmar မှ ဒေါ်နန်းလန်ခမ်း၊ Inle Princess Co., Ltd. နှင့် Inthar Heritage House ထူထောင်သူ ဒေါ်ယဉ်မျိုးစု၊ Global Responsibility, Human Rights, Gap Inc. မှ Vice President ဖြစ်သူ Wilma Wallace တို့က မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ ပိုမိုကျယ်ပြန့်လာမှု၊ မြန်မာ အမျိုးသမီးများ၏ စွမ်းဆောင်ရည်နှင့် အခွင့် အလမ်းများ၊ မြန်မာ လူမှုအဖွဲ့ အစည်းတွင် အမျိုးသမီးများ၏အခန်းကဏ္ဍအရေးပါမှု စသည်တို့ကို ကျယ်ပြန့်စွာဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးချက်များနှင့် ပတ်သက်၍ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက လက်ရှိ အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး ယန္တရားတွင်အမျိုးသမီးများ အခန်းကဏ္ဍပိုမိုကျယ်ပြန့်လာမှု အခြေအနေများကိုဖြည့်စွက် ဆွေးနွေး ခဲ့ပြီး နောက် အခမ်း အနားကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။

MOI Webportal Myanmar
မြန်မာ့စီးပွားရေးတွင် အမျိုးသမီးများပါဝင်ဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲကို နယူးယောက်မြို့ mufNrdKUOrrick,Herrington & Sutcliffe ၌ စက်တင်ဘာ၂၅ ရက် နံနက်ပိုင်းတွင် ကျင်းပရာ အဆိုပါ ဆွေးနွေးပွဲသို့ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ခေါင်းဆောင်၍ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးဇေယျာအောင်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက် အောင်၊ ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်နိုင်ဦးနှင့် ပြည်ပရောက် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ကာချုပ်၏ ဂျပန်ခရီးစဉ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ရဲဘော်သုံးကျိပ် စစ်ပညာသင်ခဲ့ရာ နေရာသို့ သွားရောက်ကြည့်ရှု

တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် လွတ်လပ်ရေး ကြိုးပမ်းမှုကာလက ဗိုလ်ချုပ် အောင်ဆန်းအပါအ၀င် ရဲဘော်သုံးကျိပ်တို့ကို ဂျပန်နိုင်ငံတွင် စစ်ပညာသင်ကြားပေးရန် ကူညီခဲ့သူ ဂျပန်ဗိုလ်မှူးကြီးဆူဇူကီး၏ ဟာမာမတ်ဆုမြို့ရှိ နေအိမ်သို့သွား ရောက်၍ ဗိုလ်မှူးကြီး၏မိသားစုဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

Sunday, 28 September 2014

မွေးစားအစ်ကိုက အမြွှာညီနှစ်ဦးကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

Photo: မွေးစားအစ်ကိုက အမြွှာညီနှစ်ဦးကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်
Sunday, September 28, 2014

အိုင် ယာလန်နိုင်ငံ ကော့စ်ပြည်နယ်
မြောက်ဘက်ပိုင်းရှိ ချာလ်လီဗီလီမြို့ မှာ အစ်ကိုဖြစ်သူက ညီငယ် အမြွှာ ပူးနှစ်ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တဲ့ ကြေကွဲဆို့နင့်ဖွယ်ရာဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပွားခဲ့ပါတယ်။
ယင်းဖြစ်ရပ်ကတော့ အိုင်ယာလန်နိုင်ငံ ချာလ်လီဗီလီမြို့မှာ လွန်ခဲ့တဲ့သုံးပတ်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

စစ်မှန်တဲ့မေတ္တာတရားတွေနဲ့ ယုံမှားသံသယတွေ စိတ်ထဲမှာ အမြစ်တွယ် ကိန်းအောင်းနေခဲ့လို့ မဖြစ်သင့်တာတွေဖြစ်ခဲ့ရတာပဲဖြစ် ပါတယ်။ အဆိုပါလူသတ်မှုဖြစ်ရပ်ကတော့ အိုင်ယာလန်နိုင်ငံရှိ ချာလ် လီဗီလီမြို့မှာနေထိုင်တဲ့ အိုဒရီစကိုးလ်တို့ လင်မယားနှစ်ဦးဟာ ဂျိုနသန် လို့အမည်ပေးထားတဲ့ ကလေးငယ်တစ်ဦးကိုမွေးစားခဲ့ပြီး သိပ်မကြာခင် မှာပဲ အမြွှာပူးနှစ်ဦးကို မွေးဖွားခဲ့ပါတယ်။ သူတို့မွေးဖွားလာခဲ့တဲ့ အမြွှာ ပူးလေးနှစ်ဦးကိုတော့ သောမတ်နဲ့ ပါထရီအိုဒရီစကိုးလ်လို့ အမည်ပေး ထားခဲ့ပါတယ်။ ယင်းအမြွှာပူးနှစ်ဦးကို ချစ်စနိုးနဲ့ တွန်တွန်နဲ့ ပါဒီလို့ လည်း ခေါ်ကြပါသေးတယ်။ 

သူတို့မိသားစုဟာ စုစုပေါင်းငါးယောက်ဖြစ်ပြီး မွေးစားသား 
ဂျိုနသန်ကတော့
အသက်အရွယ်ကြီးသော်လည်း မိသားစုထဲမှာ ညီငယ်တစ်ယောက်လို သိမ်ငယ်စွာနဲ့ နေရရှာပါတယ်။ ဂျိုနသန်ဟာ အိုဒရီစကိုးလ်မိသားစုမှာ သားအရင်းမဟုတ်တဲ့ မွေးစားသားဆိုတဲ့အသိစိတ်ဟာ သူ့ရဲ့စိတ်ထဲ အမြစ်တွယ်ကိန်းအောင်းနေခဲ့တာ ယခုဆို သူ့ရဲ့အသက် ၂၁နှစ်အရွယ် အထိပါဘဲ။ 

ကြေကွဲဆို့နင့်ဖွယ်ရာတွေနဲ့ ကြောက်မက်ဖွယ်ရာကောင်းတဲ့ နေ့တစ်နေ့ ရောက်လို့လာခဲ့ပါတယ်။ အဲဒီနေ့မှာတော့ စကိုးလ်တို့ဇနီး မောင်နှံနှစ်ဦးဟာ ဈေးဝယ်ထွက်သွားတဲ့အချိန်မှာ ဂျိုနသန်ဟာ ညီငယ် အမြွှာပူးတွန်တွန်နဲ့ ပါဒီတို့နဲ့ ခြံထဲကကစားကွင်းမှာကစားရင်း သတ် ဖြတ်ခဲ့တာပဲဖြစ်ပါတယ်။
ဂျိုနသန်ဟာ ညီငယ်အမြွှာပူးကိုသတ်ဖြတ်ခဲ့ပြီး
မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်လို့ သိရပါတယ်။ ဂျိုနသန်
ရဲ့အလောင်းကိုတော့ အိမ်နားမှာရှိတဲ့တောစပ်မှာ တွေ့ရှိခဲ့တာပဲဖြစ် ပါတယ်။ မိခင် အိုဒရီစကိုးလ်နဲ့ သူမယောက်ျား သောမတ်တို့ဟာ ဈေး ဝယ်ပြီးပြန်လာချိန်မှာတော့ သေဆုံးနေတဲ့ သားငယ်အမြွှာနှစ်ယောက် ရဲ့အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ မသေ ခင် ၁၅မိနစ်လောက်မှာ မိခင်အိုဒရီစကိုးလ်ဆီဖုန်းဆက်ပြီး သားမှာ လိုက်တဲ့ ကစားစရာတွေဝယ်လာလားဆိုပြီးတောင် မေးမြန်းခဲ့ပါသေး တယ်လို့ သိရပါတယ်။

ယင်းအမှုနဲ့ပတ်သက်ပြီး မိခင်ဖြစ်သူ အိုဒရီစကိုးလ်က''ကျွန်မ ရဲ့သားကြီး ဂျိုနသန်ကို မမုန်းပါဘူး။ ကျွန်မ သူ့ကို အကြိမ်တစ်ရာမကပြော ခဲ့တယ်။ မင်းဟာ အမေ့သားလို့ ပြောခဲ့ပါတယ်''။
မွေးစားသားဆိုပြီး မိသားစုဝင်တွေထဲမှာ သိမ်ငယ်စိတ်တွေ ဝင်ခဲ့တဲ့ ဂျိုနသန်ဟာ မိုက်မဲတဲ့လုပ်ရပ်ကိုလုပ်ခဲ့သော်လည်း မိခင်ဖြစ်သူ က သူ့ကိုမမုန်းခဲ့ပါဘူးလို့ ပြောဆိုတာဖြစ်ပါတယ်။
''အခုလိုဖြစ်ရတဲ့အတွက် အရမ်းကိုဝမ်းနည်းကြေကွဲနေခဲ့ရ ပြီး အရာအားလုံးကို ဆုံးရှုံးလိုက်ပြီ''လို့လည်း မိခင်အိုဒရီစကိုးလ်က ထပ်မံပြောဆိုခဲ့ပါတယ်။

Yangon Media Group
အိုင် ယာလန်နိုင်ငံ ကော့စ်ပြည်နယ် မြောက်ဘက်ပိုင်းရှိ ချာလ်လီဗီလီမြို့ မှာ အစ်ကိုဖြစ်သူက ညီငယ် အမြွှာ ပူးနှစ်ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တဲ့ ကြေကွဲဆို့နင့်ဖွယ်ရာ ဇာတ်လမ်းလေး တစ်ပုဒ် ဖြစ်ပွားခဲ့ပါတယ်။ ယင်းဖြစ်ရပ်ကတော့ အိုင်ယာလန်နိုင်ငံ ချာလ်လီဗီလီမြို့မှာ လွန်ခဲ့တဲ့သုံးပတ်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

အစိုးရလျှို့ဝှက်အက်ဥပဒေအား ပြန်လေ့လာပြီး လွှတ်တော်ပြန်တင်ရန် သူရဦးရွှေမန်း ညွှန်ကြား

Photo: အစိုးရလျှို့ဝှက်အက်ဥပဒေအား ပြန်လေ့လာပြီး လွှတ်တော်ပြန်တင်ရန် သူရဦးရွှေမန်း ညွှန်ကြား
Sunday, September 28, 2014

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ဥပဒေအား ပြန်လည်လေ့လာ၍ နည်း ဥပဒေရှိမရှိ အမိန့်ကြော်ငြာ ညွှန်ကြားချက်များ ရှိမရှိ လေ့လာသုံးသပ်ပြီး ဥပဒေရေးရာနှင့် တရားရေးရာကော်မတီမှ လွှက်တော်သို့ ပြန် လည်တင်ပြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက စက်တင်ဘာ၂၅ရက်တွင်ကျင်း ပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

နိုင်ငံတော်လျှို့ဝှက်ဥပဒေ ပြင်ဆင် သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးသိန်းညွန့်က ပြန်လည်ပြင်ဆင် ရန် လွှတ်တော်တွင်တင်ပြခဲ့သော်လည်း လက် ခံဆွေးနွေးရန် ကိုယ်စားလှယ်မရှိသဖြင့် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အထက် ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦး ရွှေမန်းက နိုင်ငံတော်အစိုးရလျှို့ဝှက်ဥပဒေ နှင့်ပတ်သက်သော ¤င်း၏သဘောထားကို ပြောဆိုရာတွင် ''ဒီဥပဒေနဲ့ပတ်သက်ပြီး ပိုမို တိကျအောင် နည်းဥပဒေ၊ အမိန့်ကြော်ငြာ စာများ ထုတ်ပြန်ဖို့လိုမလိုဆိုတာကို စဉ်းစား ဖို့ လိုတယ်။ ဥပဒေကို ပြင်ဆင်ဖို့ဆိုတဲ့နေရာ မှာ ပြင်ဆင်အဆိုနဲ့အတူ လွှတ်တော်ကိုယ်
စားလှယ်တွေကို ဖြန့်ဝေထားတဲ့ အတိုင်း အင်္ဂလိပ်လိုရေးသား ဖော်ပြထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဖွဲ့စည်းပုံဥပဒေမှာ မြန်မာစာကိုသာ အဓိကထားပြီး ရုံးသုံးဘာသာအဖြစ် ဆောင်ရွက်ထား တာကြောင့် အင်္ဂလိပ်လိုရေးသားတဲ့ဥပဒေဟာလဲ ပြည် သူတွေ နားလည်ခဲပါတယ်။ ဒီဥပဒေတွေကို ကျင့်သုံး နေတဲ့ ပညာရှင်တချို့၊ တရားရေးရာဝန်ထမ်းတချို့လဲ နားလည်ရန်ခက်ခဲတဲ့အတွက် မြန်မာလိုဘာသာပြန်ဖို့ လိုပါတယ်။ ထွက်လာတဲ့အခြေအနေကိုမူတည်ပြီး ပြင် ဆင်ရန်လိုမလိုပေါ့။ ဘယ်ကိစ္စမှာ လိုအပ်တယ်ဆိုတာ ကို လေ့လာဖို့လိုပါတယ်''ဟု ပြောဆိုခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံလျှို့ဝှက်အက်ဥပဒေ သည် ၁၉၂၃ခုနှစ် ဧပြီ ၂ရက်တွင် အင်္ဂလိပ်အစိုးရမှ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး လက်ရှိ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံ ဥပဒေ အာဏာ မတည်မီ နှစ်ပေါင်း ၉ဝကျော်ခန့်က ပြဋ္ဌာန်းခဲ့သောဥပဒေဖြစ်သော ကြောင့် ယနေ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလနှင့် လိုက်လျောညီထွေရှိ သော ဥပဒေဖြစ်ရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ထောက်ပြ ပြောဆိုသည်။

Yangon Media Group
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ဥပဒေအား ပြန်လည်လေ့လာ၍ နည်း ဥပဒေရှိမရှိ အမိန့်ကြော်ငြာ ညွှန်ကြား ချက်များ ရှိမရှိ လေ့လာသုံးသပ်ပြီး ဥပဒေရေးရာနှင့် တရားရေးရာကော်မတီမှ လွှက်တော်သို့ ပြန် လည် တင်ပြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက စက်တင်ဘာ၂၅ရက်တွင်ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဓမ္မစေတီခေါင်းလောင်း ရှာဖွေခွင့်ရရန် ဦးဝင်းမြင့်က သမ္မတထံ ခွင့်ပြုမိန့်တင်မည်

ဓမ္မစေတီခေါင်း လောင်း ဒုတိယအကြိမ် ထပ်မံရှာဖွေခွင့်ရရှိရန် နိုင်ငံတော်သမ္မတထံ နှစ်လအတွင်း ခွင့်ပြုမိန့် တင်သွားမည်ဟု ဦးဝင်းမြင့်က စက်တင်ဘာ ၂၅ ရက်က ပဲခူးမြို့ ရွှေအုန်းပင်ထမင်းဆိုင်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ကွန်ဒုံးအသုံးပြုကာ ချက်ပြုတ်နည်း ဂျပန်ဟင်းချက်လမ်းညွှန်စာအုပ်ထွက်ရှိ

ကွန်ဒုံးအသုံးပြုကာ ချက်ပြုတ်နည်း လမ်းညွှန် စာအုပ်တစ်အုပ် ထွက်ရှိခဲ့ပြီလို့ UPI သတင်းဌာနမှာ ဖော်ပြ ပေးထားပါတယ်။ 

စုစုနွေး လုပ်ကြံခဲ့သော သာယာကုန်းမှ အမှန်တရား

တစ်နေ့ကအင်တာနက်လူမှုကွန်ယက်ပေါ်တွင် သတင်းတစ်ပုဒ် ဖတ်လိုက်ရလေသည်။ သတင်းထဲတွင် ဓါတ်ပုံလေးတစ်ပုံလည်းပါရှိလေသည်။ ဓါတ်ပုံထဲတွင် ကျောင်းဝတ်စုံ ၀တ်ဆင်ထားသည့် ခလေးငယ် လေးငါးယောက် သည် အုတ်တံတိုင်းတစ်ခုကို ၀ါးလှေကားလေးဖြင့်ကျော်တက်နေသည့် ဓါတ်ပုံဖြစ်သည်။ သတင်းခေါင်းစဉ်ကတော့ အမှတ်(၁) ခဲယမ်းမီးကျောက်တပ်၏ မြေသိမ်းယူမှုနှင့်အုတ်တံတိုင်းခတ်မှုကြောင့် ရွာခံကလေးငယ်များ ကျောင်းသွား ရာတွင်အခက်အခဲများဖြစ်ပေါ်လျှက်ရှိသည် ဟူသည့်သတင်းပင်ဖြစ်ပေ တော့ သည်။ ကျွန်ပ်အနေဖြင့်ပထမတော့ အံ့သြသွားခဲ့ရပေသည်။ သို့သော် ထိုသတင်း ၏ ဇစ်မြစ်အစသည် မစုစုနွေး၏ ဖေ့ဘုတ်စာမျက်နှာမှ စတင်လာသည်ကို တွေ့ရှိခဲ့ ရပြီးနောက်တွင်တော့ အံသြခြင်းမဖြစ်ပေါ် တော့ပေ၊ အဘယ်ကြောင့်ဆိုသော် မစုစုနွေး ကျွန်ပ်တို့ရွာသို့လာရောက်ကတည်းက ဒီလိုသတင်းမျိုးကို ကျွန်ပ်တွေ့ရ မည်ကို ကြိုတင်တွက်ဆပြီးဖြစ်ပေသည်။ ထို့ကြောင့်သာယာကုန်းရွာတွင် လက်ရှိနေထိုင်နေ သော ကျွန်ပ်အနေဖြင့်ဤအကြောင်းရာနှင့်ပက်သက်သည့် အကြောင်းစုံကိုအနည်းငယ်ဖော်ပြလိုပါသည်။ 

မြေမြှုပ်သဂြုင်္ိဟ်ပြီးနောက် အခေါင်းတွင်းမှ အော်သံထွက်ပေါ်လာသည့် ကိစ္စကို ဂရိနိုင်ငံမှ တာဝန်ရှိသူများ စုံစမ်းနေ

Photo: မြေမြှုပ်သဂြုင်္ိဟ်ပြီးနောက် အခေါင်းတွင်းမှ အော်သံထွက်ပေါ်လာသည့် ကိစ္စကို ဂရိနိုင်ငံမှ တာဝန်ရှိသူများ စုံစမ်းနေ
Sunday, September 28, 2014

ဂရိနိုင်ငံမြောက်ပိုင်း တက်ဆာလိုနီကီမြို့တွင် ကင်ဆာရောဂါဖြင့် သေဆုံးသွားကြောင်း ဆရာဝန် များက အတည်ပြုပြီးဖြစ်သည့် အမျိုးသမီး အား မြေမြှုပ် သင်္ဂြိုလ်ခဲ့ရာ အခေါင်းအတွင်းမှ အော်သံ ထွက်ပေါ်လာသဖြင့် အခေါင်းအား ပြန်လည်တူးဖော်ခဲ့သော်လည်း အသက်ရှူကြပ်ကာ သေဆုံးသွားကြောင်း ပြောဆိုမှု များနှင့်ပတ်သက်၍ တာဝန်ရှိသူများက အလောင်းအား ပြန်လည်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

စက်တင်ဘာ ၂၅ ရက်နေ့က သူမ၏ နာရေးအား လိုက်ပါပို့ဆောင်သည့် ဆွေမျိုးများ သင်္ချိုင်း အတွင်းမှ ထွက်ခွာသွားပြီး မကြာမီတွင် သင်္ချိုင်းအပြင်ဘက် တွင် နေထိုင် သူများနှင့် ကစားနေသော ကလေးများက အတွင်းမှ အော်ဟစ်အကူအညီ တောင်းသံကို ကြားခဲ့ရခြင်းဖြစ်သည်။

၎င်းတို့က ရဲများကို ဆက်သွယ်အကြောင်းကြားပြီး အလောင်းကို တူးဖော်ရန် ကြိုးပမ်းခဲ့သော်လည်း အသက် ၄၅ နှစ်အရွယ်ရှိ အဆိုပါအမျိုးသမီးသည် အခေါင်း တွင်း အသက်ရှူကြပ်ကာ သေဆုံးသွား ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် အသက်မသေဘဲ မြေမြှုပ်ခံရခြင်းဟုတ်၊ မဟုတ်ကို သူမ၏ ကင်ဆာ ရောဂါအား ကုသနေပြီး သေဆုံးကြောင်း ထောက်ခံချက်ပေးခဲ့သည့် ဆရာဝန်များအား ရဲများက စစ်ဆေးနေကြောင်း သိရသည်။

သို့သော် အလောင်းအား ပြန်ဖော်ပြီးနောက် စစ်ဆေးသည့် ဆရာဝန်က အဆိုပါအမျိုးသမီးသေ ဆုံး သွားသည်မှာ နာရီများစွာ ကြာမြင့်ပြီဖြစ်သောကြောင့် ပြန်ရှင်နိုင် ဖွယ်မရှိကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော် ဒီကိစ္စကို မယုံပါဘူး။ ဒီအမျိုးသမီးရဲ့ နှလုံးအပါအ၀င် အမျိုးမျိုးစမ်းသပ်ပြီးမှ သေဆုံး ကြောင်း အတည်ပြုခဲ့တာပါ” ဟု အဆိုပါ ဆရာဝန် က ပြောကြားသည်။

“သေပြီး ခန္ဓာကိုယ် တောင့်တင်းပြီး သွားတဲ့သူတစ်ယောက်ဟာ အခုလို အော်ပြီး အခေါင်းကို ထုတယ်ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။

Credit - Mizzimaburmese
ဂရိနိုင်ငံမြောက်ပိုင်း တက်ဆာလိုနီကီမြို့တွင် ကင်ဆာရောဂါဖြင့် သေဆုံးသွားကြောင်း ဆရာဝန်များက အတည်ပြုပြီးဖြစ်သည့် အမျိုးသမီး အား မြေမြှုပ် သင်္ဂြိုလ်ခဲ့ရာ အခေါင်းအတွင်းမှ အော်သံ ထွက်ပေါ်လာသဖြင့် အခေါင်းအား ပြန်လည်တူးဖော်ခဲ့သော်လည်း အသက်ရှူကြပ်ကာ သေဆုံးသွားကြောင်း ပြောဆိုမှု များနှင့်ပတ် သက်၍ တာဝန်ရှိသူများက အလောင်းအား ပြန်လည်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အိုင်အိုဒင်း ချိုတဲ့ခြင်းကြောင့် ကလေးများတွင် ဦးနှောက်နှင့် ကိုယ်လက်အင်္ဂါ ချို့တဲ့နိုင်

Photo: အိုင်အိုဒင်း ချိုတဲ့ခြင်းကြောင့် ကလေးများတွင် ဦးနှောက်နှင့် ကိုယ်လက်အင်္ဂါ ချို့တဲ့နိုင်
Sunday, September 28, 2014

အိုင်အိုဒင်းဓာတ် ချို့တဲ့ပါက ကလေးငယ်များတွင် ဉာဏ်ရည်ဉာဏ်သွေး ချို့တဲ့ခြင်း၊ ကိုယ်လက်အင်္ဂါ ချို့တဲ့ခြင်းများ ဖြစ်ပွားနိုင်ကြောင်း Unicef မှ ဒေါက်တာ အေးအေးသော်က ပြောကြားခဲ့သည်။

အိုင်အိုဒင်းဆားကို ပုံမှန် စားသုံးပေးပါက ဉာဏ်ရည် ကောင်းမွန်ခြင်း၊ ဦးနှောက် ဖွံ့ဖြိုးခြင်းနှင့်ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနိုင်ကြောင်း သိရသည်။

''ယခင်က မြန်မာနိုင်ငံတွင် အိုင်အိုဒင်း ချို့တဲ့လူနာများကို မကြာခဏ တွေ့ရှိရကြောင်း၊ အထူးသဖြင့် မကွေးတိုင်းဒေသကြီး မြစ်ဝ ကျွန်းပေါ် ဒေသတချို့နှင့် ချင်းဒေသ များတွင် အများအပြား တွေ့ရှိခဲ့ရပြီး အိုင်အိုဒင်း ချို့တဲ့ရောဂါ၏ သိသာထင်ရှားသော လက္ခဏာမှာ လည်ပင်းကြီးခြင်း ဖြစ်ကြောင်း'' ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

''အိုင်အိုဒင်းဓာတ် လွန်ကဲတဲ့ဖြစ်စဉ်က ကြုံခေါင့်ကြုံခဲ ပြဿနာပါ။အိုင်အိုဒင်းက ကိုယ်စားလိုက်တဲ့ အစားအစာက တစ်ဆင့် ဆီးထဲကနေ ပြန်ထွက် တာကြောင့် အိုင်အိုဒင်းဓာတ် လွန်ကဲမှာကို ကြောက်ဖို့ မလိုပါဘူး'' ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

အိုင်အိုဒင်းဓာတ် လုံလောက်စွာ မရရှိပါက ကလေးငယ်များတွင် စာသင်ယူနိုင်မှု စွမ်းရည် လျော့နည်းတတ်ကြောင်း၊ ကြိုးစားပြီး သင်ယူသော်လည်း ဥာဏ်မလိုက် နိုင်ခြင်းများ ဖြစ်တတ်ကြောင်းနှင့် ပိုမိုဆိုးရွားပါက မူလတန်းအထိသာ စာသင်ကြားနိုင်ပြီး နောက်ဆုံး အဆိုးရွားဆုံး အခြေအနေ အဖြစ် ဦးနှောက်မဖွံ့ဖြိုးခြင်း၊ နားမကြားခြင်းနှင့် ကိုယ်လက်အင်္ဂါ ချို့တဲ့ခြင်းများ ခံစားရတတ်ကြောင်း သိရသည်။

အိုင်အိုဒင်းဆားများကို အရည်အသွေး ပြည့်မီအောင် မြန်မာ့ဆား လုပ်ငန်းမှ စီစစ်လျက် ရှိပြီး အိုင်အိုဒင်းဓာတ် အပြည့်အဝ ရရှိစေရန် အိုင်အိုဒင်းဆား များကို အစိုမပြန်စေဘဲ ခြောက်သွေ့သော နေရာများတွင် စနစ်တကျ ထားရှိသင့်ကြောင်း သိရသည်။

မြ၀တီ
အိုင်အိုဒင်းဓာတ် ချို့တဲ့ပါက ကလေးငယ်များတွင် ဉာဏ်ရည်ဉာဏ်သွေး ချို့တဲ့ခြင်း၊ ကိုယ်လက်အင်္ဂါ ချို့တဲ့ခြင်းများဖြစ်ပွားနိုင်ကြောင်း Unicef မှ ဒေါက်တာ အေးအေးသော်က ပြောကြားခဲ့သည်။

အသားအရေ လှပကာ အရွယ်တင် နုပျိုပြီး ကျန်းမာသောသူ တစ်ဦး ဖြစ်ချင်ပါသလား

ဒီဆောင်းပါးလေးကို မမျှော်လင့်ဘဲ ဆေးရုံရဲ့ နံရံမှာ ကပ်ထားတာလေးတွေ့ပြီး စာရွက်ဖြင့် ကူးယူကာ မြ၀တီ web Portal ပရိတ်သတ်များ အသားအရေ လှပပြီး အရွယ်တင် နုပျိုသူ တစ်ဦးဖြစ်စေရန် ယခုကျန်းမာရေး ဆောင်းပါးလေးကို ဖော်ပြအပ်ပါတယ်။ ဒီ ဆောင်ရန်၊ ရှောင်ရန် ရေးထားတဲ့ မူရင်း ဆောင်းပါးရှင်ကိုလည်း ကျန်းမာရေးကောင်းသော ပြည်သူပြည်သားများ ဖြစ်စေရန် ရည်ညွှန်းပြီး ရေးသားထားတဲ့ အတွက် အထူး ကျေးဇူးတင်ပါတယ်။ တစ်မျိုးသားလုံးရဲ့ ကျန်းမာရေး နဲ့လည်း ပတ်သက်နေပါတယ်။ ကျန်းမာမှ အလုပ် လုပ်နိုင်မယ်။ အလုပ်လုပ်နိုင်မှ မိမိရဲ့ ဘ၀၊ မိသားစုရဲ့ စီးပွားရေးကို ကြိုးစား လုပ်ဆောင်နိုင်တဲ့ သူ ဖြစ်လာ မှာ ဖြစ်ပါတယ်။

ယူကရိန်းအစိုးရစစ်တပ် ဒွန်းညက်မြို့လေဆိပ်တွင် ပိတ်မိ

Photo: ယူကရိန်းအစိုးရစစ်တပ် ဒွန်းညက်မြို့လေဆိပ်တွင် ပိတ်မိ
Sunday, September 28, 2014

 ယူကရိန်းနိုင်ငံ ဒွန်းညက်မြို့ လေဆိပ်မှာ ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့ပုံ၊ အစိုးရ စစ်တပ် စက်သေနတ်တွေနဲ့ ပစ်ခတ်ခံရပြီး ပိတ်မိနေတဲ့ပုံကို ယူကရိန်း ရုပ်မြင် သံကြား 1+1 လိုင်းက ပြသပါတယ်။

သတင်းအရ စစ်သားတွေဟာ ကာရိုဂရက် အထူးနယ်မြေက ဖြစ်ပြီး လေဆိပ် ကို မေလကတည်းက ခုခံ ကာကွယ်နေရတယ်လို့ ဆိုပါတယ်။ ဒီပုံဟာ စက်တင်ဘာလ ၂၆ ရက်နေ့ညက ခွဲထွက်ရေး သူပုန်တွေ ဒွန်းညက်လေဆိပ်ကို တိုက်ခိုက်ခဲ့တဲ့ အချိန်က ရိုက်ကူးတာပါ။

ယူကရိန်း အစိုးရ လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ ပြောခွင့်ရသူက သူပုန်တွေဟာ လေဆိပ်ကို ၀င်သိမ်းဖို့ နှစ်ကြိမ် ကြိုးစားခဲ့ပေ မယ့် အောင်မြင်မှုမရခဲ့ဘူးလို့ စက်တင်ဘာလ ၂၆ ရက်နေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အခုလို တိုက်ခိုက်မှုဟာ ယူကရိန်း အရှေ့ပိုင်းဒေသ အပစ်ရပ်စဲရေး သဘောတူထားပေမယ့် ကြိုကြား ဖြစ်နေတဲ့ တိုက်ပွဲတွေထဲက တခုပါ။ စက်တင်ဘာလ ၂၆ ရက်နေ့မှာပဲ ယူကရိန်း အစိုးရနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေ တွေ့ဆုံပြီး ၁၉ မိုင် အကွာအဝေး ကြားခံ နယ်မြေ သတ်မှတ်ရေး ဆွေးနွေးခဲ့ပါတယ်။ 

ယူကရိန်း ပဋိပက္ခအတွင်း လူ ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး သူပုန်တွေကို ရုရှားက လက်နက်ထောက်ပံ့ပေးတယ်လို့ ယူကရိန်း အစိုးရနဲ့ အနောက်နိုင်ငံတွေက စွပ်စွဲထားပေမယ့် ရုရှားက ငြင်းဆန်ထားပါတယ်။

ဒီဗွီဘီ
 ယူကရိန်းနိုင်ငံ ဒွန်းညက်မြို့ လေဆိပ်မှာ ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့ပုံ၊ အစိုးရစစ်တပ် စက်သေနတ်တွေနဲ့ ပစ်ခတ်ခံရပြီး ပိတ်မိနေတဲ့ပုံကို ယူကရိန်း ရုပ်မြင်သံကြား 1+1 လိုင်းက ပြသပါတယ်။

ကလေးများကို ပုံပြင် ပြောပြပါ

Photo: ကလေးများကို ပုံပြင် ပြောပြပါ
Sunday, September 28, 2014

ကျွန်တော်တို့သည် အဘိုး၊ အဘွားများ၊ မိဘများနှင့် မိသားစုထဲရှိ အခြားအသက်အရွယ်ကြီးသူများ ပြောပြသောပုံပြင်များကို နားထောင်ရင်း ကြီးပြင်းလာခဲ့ကြသည်။

ဘိုးဘိုး၊ ဘွားဘွားနှင့် ဖေဖေ၊ မေမေတို့ဘေးတွင် လဲလျောင်း၍ ၎င်းတို့ ပြောပြသော ပုံပြင်များကို နားထောင်ရင်း ကျွန်တော်တို့ကို စိတ်ကူးယဉ်ခရီးသို့ ခေါ်ဆောင်သွားသော ယင်းကလေးဘ၀ အချိန်များမှာ အမှတ်ရစရာနေ့ရက်ဟောင်းများပင် ဖြစ်သည်။

၎င်းတို့ ပြောပြသော ပုံပြင်များတွင် ယုန်နှင့်လိပ် အပြေးပြိုင်ခြင်း၊ဘုရားဟောဇာတကတို့အပြင် ငါးရာ့ငါးဆယ် ဇာတ်နိပါတ်ကဲ့သို့ သောအရာများကကျွန်တော်တို့ ဘ၀အတွက်အရေးကြီးသောသင်ခန်းစာအချို့ သင်ယူနိုင်ရန် ကူညီပေးသည်။

သို့သော် ယနေ့ခေတ်တွင် ကျွန်တော်တို့၏ ဘ၀များသို့  ယခင်ကနှင့်မတူဘဲ နည်းပညာများ ထိုးဖောက်ဝင်ရောက်လာကာ အလုပ်များသော မိဘများနှင့် မိသားစုတွင် အခြားလူပိုမရှိကြသောကြောင့် ပုံပြောပြသော အလေ့အထမှာ ရှားပါးလာပြီ ဖြစ်သည်။ ကလေးများကို ပုံပြောပြခြင်း၏ အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါသည်။

ပုံပြင်နားထောင်ခွင့်ရသော ကလေးများမှာ ဝေါဟာရပိုကြွယ်ဝလာနိုင်သည်။ ယင်းကဲ့သို့ ပုံပြင်နားထောင်ရချိန်တွင် ကလေးများက ၎င်းတို့နားမလည်သော ဝေါဟာရ၏ အဓိပ္ပာယ်ကို သိလိုစိတ်ဖြင့် ပြန်လည်မေးမြန်းလေ့ရှိသောကြောင့် စကားလုံးအသစ်များ၏ အဓိပ္ပာယ်ကို သိရှိနားလည်လာမည် ဖြစ်သည်။

ကလေးများသည် ၎င်းတို့ ဘ၀နောက်ပိုင်းတွင် အသုံးပြုမည့်စကားလုံးများစွာကို ငယ်စဉ် အရွယ်တွင် အများဆုံးမှတ်သားလေ့ရှိကြောင်း လေ့လာမှုများက ဖော်ပြသည်။ ထို့ကြောင့် စကားမပြောတတ်သေးသောအရွယ် ကလေးငယ်များကို ပုံပြောပြလျှင်ပင် အကျိုးများသည်။ ၎င်းတို့ ကြီးပြင်းလာချိန်တွင် ကလေးများ၏ နားထောင်နိုင်စွမ်းများကိုလည်း အားကောင်းလာစေသည်။ ကလေးများသည် နားထောင်ခြင်းထက် စကားပိုပြောလေ့ရှိသော အလေ့အထများကို စာသင်ခန်းများ၌ အထူးသဖြင့် မြင်တွေ့နိုင်သည်။ ပုံပြင်နားထောင်သော အလေ့အထရှိသည့် ကလေးများမှာ ကောင်းစွာနားထောင်နိုင်သော ကလေးများ ဖြစ်လာပေမည်။

သို့သော် ကွန်ပျူတာများတွင် ပုံပြင်များ ဖွင့်ပြခြင်းမှာ အကျိုးရှိသော်လည်း လူသားမဆန်သဖြင့် ကလေးငယ်များကို ကိုယ်တိုင် ကိုယ်ကျပုံပြောပြခြင်းက ပိုကောင်းကြောင်း ကျွမ်းကျင်သူများက ပြောသည်။ ကလေးများကို ပုံပြင်ပြောပြခြင်းဖြင့် ၎င်းတို့သည်ယဉ်ကျေးမှုဆိုင်ရာများကို ပိုမိုနားလည်လာကာ သမိုင်းကြောင်းများကို လေ့လာသင်ယူလိုစိတ် ဖြစ်ပေါ်လာစေမည် ဖြစ်သည်။

ပုံပြင်ပြောပြခြင်းဖြင့် ကလေးများကို အပြန်အလှန် ဆက်သွယ်တတ်လာစေပြီး ကလေးများ ဖွံ့ဖြိုးလာသည်နှင့်အမျှ မေးခွန်းများ မေးတတ်လာကြသည်။ ပုံပြောပြသူတစ်ဦးအနေဖြင့် ကလေးများသိ လိုစိတ် ရှိလာစေမည့် နည်းလမ်းများကို သုံးသင့်ပြီး ကလေးများကို စဉ်းစားတွေးတောစေ၍ မေးခွန်းများ မေးလာစေရန် တွန်းအားဖြစ်စေသည်။

ကလေးများကို ပြောပြထားသည့် ဇာတ်ကောင်များနှင့် ပုံပြင် တိုလေးတစ်ပုဒ် ဖန်တီးခိုင်းခြင်းမျိုး ပြုလုပ်ရန် တစ်ခါတစ်ရံ ကလေး များကို မိဘများက တိုက်တွန်းသင့်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။ ယင်းကဲ့သို့ ပုံပြင်ဖန်တီးခိုင်းခြင်းကြောင့် ၎င်းတို့၏ စိတ်ကူးပုံဖော်နိုင်မှုကို အားကောင်းလာစေပြီး ပြောပြသောပုံပြင်များကို ပို၍ စိတ်ဝင်စားလာစေမည် ဖြစ်သည်။

ပုံပြောပြခြင်းက ကလေးတစ်ယောက်၏ စိတ်ခံစားချက်နှင့် ခံစားမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေသည်။ ၎င်းတို့၏ စိတ်ကူးတွေးတောနိုင်စွမ်းကိုလည်း အားကောင်းလာစေမည် ဖြစ်သည်။

7Day DAILY
ကျွန်တော်တို့သည် အဘိုး၊ အဘွားများ၊ မိဘများနှင့် မိသားစုထဲရှိ အခြားအသက်အရွယ်ကြီးသူများ ပြောပြသောပုံပြင်များကို နားထောင်ရင်း ကြီးပြင်းလာခဲ့ကြသည်။

မန္တလေးမြို့ သာသနာ့နယ်မြေများအနီး အရက်ဘီယာ ရောင်းချခြင်း တားမြစ်

 မန္တလေးမြို့ရှိ ဘုရား၊ ပုထိုး၊စေတီများနှင့် သာသနာ့နယ် မြေများအနီးတစ်ဝိုက်တွင်   အရက်ဘီယာများ     ရောင်းချခြင်း မပြုရန် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီက  သတိ ပေးတားမြစ်ထား 
ကြောင်း    သ တင်းရရှိသည်။

နိုင်ငံခြားသားများ နေထိုင်ရန် ဗဟန်းနှင့် ကမာရွတ်ကို ရွေးချယ်လာကြဟုဆို

ရန်ကုန်မြို့၌ နေထိုင်ရန် နိုင်ငံခြားသား အများစုသည်ဗဟန်း၊ ကမာရွတ် စသည့်မြို့ နယ်များကို အများဆုံး ရွေးချယ် လာကြကြောင်း House.com အွန်လိုင်း ကုမ္ပဏီ၏ စစ်တမ်းများမှ သိရသည်။

ဘရာဇီးဒိုင်လူကြီးများ သပိတ်မှောက်မည်ဟု ခြိမ်းခြောက်

ဆော်ပေါ်လို− နည်းပြများ၊ ကစားသမားများနှင့် ကလပ်ဒါရိုက်တာများထံမှ ဝေဖန်ပြောဆိုမှုများ ပိုများ လာသောကြောင့် ဘရာဇီးနိုင်ငံတွင် ဘောလုံးဒိုင်လူကြီးများက သပိတ်မှောက်မည်ဟု ခြိမ်းခြောက်လျက် ရှိသည်။

မြန်မာလိဂ်ချန်ပီယံ ရတနာပုံအသင်း ဂုဏ်ပြုပွဲ မန္တလေးမြို့တွင် ကျင်းပမည်

၂၀၁၄ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ချန်ပီယံရတနာပုံ အသင်း ဂုဏ်ပြုပွဲ အခမ်း အနားကို စက်တင်ဘာ ၂၉ ရက်တွင် မန္တလေးမြို့ အောင်မြေမန္တလာ အားကစားကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။