Wednesday, 6 August 2014

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှုနှင့် ၄၃၆ လက်မှတ်နည်းပါးမှုအတွက် ဘဝင်မကျကြောင်း ဗဟိုအလုပ်မှုဆောင် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှုနှင့် ၄၃၆ လက်မှတ်နည်းပါးမှုအတွက် ဘဝင်မကျကြောင်း ဗဟိုအလုပ်မှုဆောင် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Wednesday, August 6, 2014

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် ယခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့ဘဏ္ဍာငွေကို ဖြုန်းတီးခြင်းဖြစ်ကြောင်းနှင့် ဇူလိုင်လ ၂၀ ရက်နေ့ထိ ကောက်ခံရရှိသည့် ပုဒ်မ ၄၃၆ လူထုဆန္ဒလက်မှတ် အရေအတွက်မှာ အလွန်နည်းပါးမှုကို အားမရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားလိုက်သည်။

သြဂုတ်လ ၄ ရက်နေ့က ဗဟန်းမြို့နယ် NLD ရုံးချုပ်တွင်ကျင်းပသော အစည်းအဝေးတွင် ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဦးဥာဏ်ဝင်းမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် ၄ သန်းကျော်သာ ရရှိကြောင်း၊ ကချင်၊ ကယား၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်များတွင် လက်မှတ်ရရှိမှု အလွန့်အလွန်နည်းပါးကြောင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားများထံမှလည်း မှန်းထားသလောက်မရရှိ ကြောင်း တင်ပြခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်မှ “သန်း ၆၀ ရှိတဲ့ နိုင်ငံမှာ လက်မှတ် ၄ သန်းပဲ ရတယ်ဆိုတာ အလွန်နည်းတယ်.. ဘယ်လိုမှ မဖြစ်သင့်ဘူး.. ပါတီလည်း သိက္ခာကျတယ်.. ကျွန်မတို့ပါတီအနေနဲ့ စည်းရုံးရေးတွေ တိုးလုပ်ရမယ်..” ဟု ပြောဆိုခဲ့သည်။ 

ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်၍“ဒီကြားဖြတ်ရွေးကောက်ပွဲကို ဘာကြောင့် လုပ်ရတာလဲ။ အထွေထွေရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာ မလိုအပ်ဘဲ လုပ်တာဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်မှ ဆိုသည်။ ထို့နောက် 
ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးကောက်ခံကိုယ်စားလှယ်လူငယ်များကို ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ပြီး လက်ရှိ ဒီချုပ် လူငယ်များ ဗဟုသုတ လိုက်စားမှုနည်းပါးနေမှုကို အားမရစသဖြင့် နိုင်ငံရေးစာအုပ်များ၊ ပါတီသမိုင်းနှင့် မူဝါဒလုပ်ငန်းများ ဖတ်ခိုင်းရန်လိုသည် ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ 

လွန်ခဲ့သည့် ၆ လ အကြာ မတ်လ ၃၁ ရက်က ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ၌ NLD ပါတီမှ နေရာအပြည့် ဝင်ပြိုင်မည်ဟု ဆုံးဖြတ်ခဲ့ကြောင်း NLD ပြောရေး ဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက "ကျွန်တော်တို့ ဒီနေ့ CEC အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်က ကျွန်တော်ပြောနိုင် တာကတော့ အခုပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ နေရာအားလုံး ၀င်ရောက်ယှဉ်ပြိုင်မယ် ဆိုတာပါပဲ။ အဲဒီကိစ္စကို ဒီနေ့ဆုံးဖြတ်ခဲ့ပါတယ်။ ကိုယ်စားလှယ်လောင်းတွေတော့ မရွေးချယ်ရသေးပါဘူး" ဟု ပြောကြား ခဲ့သည်။ 

သြဂုတ်လ ၄ ရက်နေ့ အစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဦးဥာဏ်ဝင်း၊ ဦးထွန်းထွန်းဟိန်း၊ ဦးဟံသာမြင့် အပါအဝင် အဖွဲ့ဝင် ၁၂ ဦး တက်ရောက်ခဲ့ပြီး ၄၃၆ လက်မှတ်ကောက်ခံရရှိမှုကို အဓိကဆွေးနွေး ခဲ့ကာ ဒုတိယအဆင့်အနေဖြင့် PR ကန့်ကွက်ရေး လှုပ်ရှားမှုများဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒလက်မှတ်များကို ဇွန်လိုင်လ ၁၉ ရက်နေ့ နောက်ဆုံးထား ကောက်ယူခဲ့ရာ ယခုအခါ ရက်သတ္တပတ် ၂ ပတ်ကြာသည်အထိ လက်မှတ်အရေအတွက် စာရင်းအတိအကျ ထုတ်ပြန်နိုင်ခြင်းမရှိသေးပေ။ ဒီချုပ်ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်းနှင့် နီးစပ်သည့် မြစ်မခမီဒီယာတွင် မဲလက်မှတ်အရေအတွက်မှာ ၁ ဒဿမ ၇ သန်းသာ ရရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

Eleven Media Group
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် ယခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့ဘဏ္ဍာငွေကို ဖြုန်းတီးခြင်းဖြစ်ကြောင်းနှင့် ဇူလိုင်လ ၂၀ ရက်နေ့ထိ ကောက်ခံရရှိသည့် ပုဒ်မ ၄၃၆ လူထုဆန္ဒလက်မှတ် အရေအတွက်မှာ အလွန်နည်းပါးမှုကို အားမရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားလိုက်သည်။

ပျောက်ဆုံးနေသည့် မလေးရှား ခရီးသည်တင်လေယာဉ် MH 370 အား ဒတ်ခ်ျကုမ္ပဏီတစ်ခု ရှာဖွေမည်

Photo: ပျောက်ဆုံးနေသည့် မလေးရှား ခရီးသည်တင်လေယာဉ် MH 370 အား ဒတ်ခ်ျကုမ္ပဏီတစ်ခု ရှာဖွေမည် 
Wednesday, August 6, 2014

မတ် ၈ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ခရီးသည် ၂၃၉ ဦးတင်ဆောင်ကာ ပျံသန်းလာစဉ် ပျောက်ဆုံးသွားသည့် မလေးရှားခရီးသည်တင် MH 370 လေယာဉ်အား ဒတ်ချကုမ္ပဏီတစ်ခုက ရှာဖွေ သွားမည်ဖြစ်ကြောင်း သြစတြေးလျ အစိုးရက ထုတ်ပြန်ကြေညာထားသည်။

Fugro Survey ကုမ္ပဏီအနေဖြင့် ယင်းလေယာဉ်အား အိန္ဒိယသမုဒ္ဒရာအတွင်း ရေယာဉ်နှစ်စင်းကို အသုံးပြုကာ ရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။

MH370 လေယာဉ်၏ အပျက်အစီးအစအနများကို ရှာဖွေရန် ယင်းသင်္ဘောနှစ်စင်းတွင် ပဲ့တင်သံဖမ်း ကိရိယာများနှင့် ဗီဒီယိုကင်မရာများကို အသုံးပြုသွား မည်ဖြစ်သည်။

ဒတ်ခ်ျကုမ္ပဏီအနေဖြင့် လေယာဉ်ရှာဖွေရေးကို စက်တင်ဘာလတွင် စတင်မည်ဖြစ်ပြီး တစ်နှစ်အထိ ကြာမြင့်နိုင်ကြောင်း သိရသည်။

ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များအရ အဆိုပါ လေယာဉ်သည် သြစတြေးလျနိုင်ငံ၊ ပါ့သ်မြို့အနောက်ဘက် ပင်လယ်ရေပြင်တွင် ပျောက်ဆုံးသွားသည်ဟု သတ်မှတ်ထားသည်။

လေယာဉ်သည် မည်ကဲ့သို့ ပျောက်ဆုံးသွားသည်ကို ယခုအချိန်ထိ အဖြေမရှာနိုင်သေးဘဲ ပျံသန်းမှု မှတ်တမ်းကိရိယာကို တွေ့ရှိမှသာ အကြောင်းရင်းကို သိရှိနိုင်မည်ဖြစ်သည်။

ယင်းလေယာဉ်အား ရှာဖွေမည့် ရေယာဉ်နှစ်စင်းအနက် Fugro Discovery သည် ယခုအခါ ဗြိတိန်နိုင်ငံမှ သြစတြေးလျသို့ စတင်ထွက်ခွာနေပြီဖြစ်ကြောင်း သိရသည်။ အခြားတစ်စင်းဖြစ်သည့် Fugro Equator သည် ရှာဖွေမည့်နေရာ၏ ပင်လယ်ကြမ်းပြင်အခြေအနေကို လေ့လာမှုများ ပြုလုပ်လျက်ရှိသည်။

လေယာဉ်ရှာဖွေရေးအတွက် Fugro ကုမ္ပဏီအား ရွေးချယ်ရခြင်းမှာ ယင်းကုမ္ပဏီအနေဖြင့် ကောင်းမွန် သည့်နည်းပညာကို အသုံးပြုပြီး ထိုက်တန်သော ကုန်ကျစရိတ်ဖြင့် လုပ်ဆောင်ရန် ကမ်းလှမ်းလာခြင်း ကြောင့်ဖြစ်ကြောင်း သြစတြေးလျ ဒုတိယ၀န်ကြီးချုပ် ၀ါရင်ထရက်စ်က ပြောကြားသည်။

မလေးရှားနိုင်ငံကလည်း အသံလှိုင်းသုံးကိရိယာများ တပ်ဆင်ထားသည့် ရေယာဉ်နှစ်စင်းအပါအ၀င် ရေယာဉ်လေးစင်းဖြင့် ရှာဖွေရေးတွင် ပါဝင်သွားမည်ဖြစ်ပြီး တရုတ်ရေယာဉ်တစ်စင်းကလည်း အိန္ဒိယသမုဒ္ဒရာရေပြင်တွင် လေ့လာမှုများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Mizzima - News in Burmese
မတ် ၈ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ခရီးသည် ၂၃၉ ဦးတင်ဆောင် ကာ ပျံသန်းလာစဉ် ပျောက်ဆုံးသွားသည့် မလေးရှားခရီးသည်တင် MH 370 လေယာဉ်အား ဒတ်ချကုမ္ပဏီ တစ်ခုက ရှာဖွေ သွားမည်ဖြစ်ကြောင်း သြစတြေးလျ အစိုးရက ထုတ်ပြန်ကြေညာထားသည်။

ပြန်ကြားရေး ဒုတိယဝန်ကြီး နေရာ ကမ်းလှမ်းလာပါက မလုပ်ဟု ဇာဂနာ ဆို

Photo: ပြန်ကြားရေး ဒုတိယဝန်ကြီး နေရာ ကမ်းလှမ်းလာပါက မလုပ်ဟု ဇာဂနာ ဆို
Wednesday, August 6, 2014

အကယ်၍ ပြန်ကြားရေး ဒုတိယဝန်ကြီးနေရာ အား ကမ်းလှမ်းလာပါက မလုပ်ဟု ဇာဂနာက ပြောသည်။
”နှစ်ဦးနှစ်ဖက်ပြေလည်အောင် ပွဲစားပဲ လုပ် ပေးမယ်။ ဝန်ကြီးနေရာတော့ ကျွန်တော်မလုပ်ဘူး”
”ဘာကြောင့် မလုပ်ချင်လဲဆိုတော့ ကျွန်တော် လုပ်ပိုင်ခွင့် နယ်နိမိတ်ကျဉ်းသွားမယ်။ တိုင်းပြည် ချို့ယွင်းနေတဲ့အချိန်မှာ ကျွန်တော်တို့က နိုင်သလောက် လုပ်ရမယ့် တာဝန်တွေရှိတယ်” ဟု ဇာဂနာက ပြော သည်။
ဇာဂနာသည် ဇူလိုင်လ ၁၂ ရက်နေ့တွင် အနု ပညာရှင်များနှင့် သမ္မတကြီးတို့ တွေ့ဆုံရန်စီစဉ်ပေး ခဲ့ပြီး သြဂုတ်လ ၁ ရက်တွင် မီဒီယာအဖွဲ့အစည်း နှင့် သမ္မတတွေ့ ဆုံနိုင်ရန် စီစဉ်ပေးခဲ့ကြောင်း သိရ သည်။
”ဘာကြောင့် သမ္မတနဲ့ မီဒီယာကို ဆုံတွေ့ ပေးတာလဲဆိုတော့ အနုပညာရှင်တွေနဲ့ သမ္မတ တွေ့ဆုံတဲ့နေ့က မီဒီယာသမားတချို့က အဲဒီနေ့မှာ ပါးစပ်ကို ကြက်ခြေခတ် ပုံစံလုပ်ပြီး ဆန္ဒပြခဲ့တယ်။ ဒါကို သမ္မတကြီးက ကိုယ်တိုင်သွားပြီး လက်ဆွဲနှုတ် ဆက်ပြီးဘာဖြစ်ကြတာလဲဗျာ ကျွန်တော့်ကို ပြောပါ ဦးလို့ ပြောရင် မကောင်းဘူးလား။ ကျွန်တော်သာ သမ္မတကြီးဆိုရင် အဲဒီလိုလုပ်မှာ အမှန်ပဲ။ အဲဒီလို မဖြစ်ခဲ့တဲ့အတွက် စိတ်မကောင်းဘူး။ တွေ့ဖြစ်အောင် ကို လုပ်ပေးမယ်ဆိုပြီး လုပ်တာပါ” ဟု ဇာဂနာက ရှင်းပြသည်။

Popular Myanmar
အကယ်၍ ပြန်ကြားရေး ဒုတိယဝန်ကြီးနေရာ အား ကမ်းလှမ်းလာပါက မလုပ်ဟု ဇာဂနာက ပြောသည်။

ဒိုက်ဦးမြို့နယ်က လယ်သမားအမှု သြဂုတ် ၁၄ ရက်နေ့ အမိန့်ချမည်

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်မှာ သူတပါးလယ်ထဲ ၀င်ရောက်လမ်းဖောက်သူ စီးပွားရေးလုပ်ငန်းရှင်က လယ်ပိုင် ရှင် မိသားစုအပေါ် တရားစွဲဆိုတဲ့အမှုကို လာမယ့်ရက်ပိုင်းအတွင်း တရားရုံးက အမိန့်ချမှတ်တော့ မှာ ဖြစ်ပါတယ်။

ဘူးသီးတောင်တွင် ကျောင်းဆရာမတစ်ဦး မုဒိမ်းကျင့်ခံရ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် လိပ်ရကျေးရွာတွင် နေထိုင်သည့် ခမီတိုင်းရင်းသူအသက် ၂၀ အရွယ် ကျောင်းဆရာမတစ်ဦး မုဒိမ်းကျင့်ခံခဲ့ရကြောင်း မောင်တောင်ခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးတစ်ဦး က ပြောကြားသည်။

ငြိမ်းချမ်းရေးအတွက် မှတ်တိုင်ဖြစ်လာမယ့် သြဂုတ်လလယ်ဆွေးနွေးပွဲ

Photo: ငြိမ်းချမ်းရေးအတွက် မှတ်တိုင်ဖြစ်လာမယ့် သြဂုတ်လလယ်ဆွေးနွေးပွဲ
Wednesday, August 6, 2014

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ သြဂုတ်လလယ်တွင် ရန်ကုန်မြို့၌ ပြုလုပ်မည့် ဆယ်ကြိမ်မြောက်ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးအတွက် မှတ်တိုင်တစ်ခုဖြစ်လာရန်ရှိနေသည်။

ဇူလိုင်လနှောင်းပိုင်းက လိုင် ဇာမြို့တွင် ခုနစ်ရက်ကြာပြုလုပ် ခဲ့သော NCCT ထိပ်သီးခေါင်း ဆောင်များအစည်းအဝေး၊ ထို့နောက်အစိုးရ၊ တပ်မတော်ထိပ် ပိုင်းခေါင်းဆောင်များနှင့် NCCT ထိပ်ပိုင်းခေါင်းဆောင်များ မြစ်ကြီးနားအလွတ်သဘော တွေ့ဆုံပွဲ အပြီးတွင် တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးလက်မှတ် ရေးထိုးနိုင်ရန် နီးစပ်လာပြီဖြစ်ကြောင်း နှစ်ဖက်ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး တစ်ခုတည်းသော သ ဘောတူညီချက်စာချုပ် ဒုတိယ မူကြမ်းမှ ညှိနှိုင်းရန် ကျန်ရှိနေ သော အချက်များကို သြဂုတ်လ လယ်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲ၌ နှစ်ဖက်ဆွေးနွေးဆုံးဖြတ်ကြမည်ဖြစ်သည်။ ထိုဆွေးနွေးပွဲတွင် စာချုပ်မူကြမ်း၏ ရာခိုင်နှုန်းပြည့်နီးပါးအချောသပ်ရေးဆွဲနိုင်မည် ဖြစ် ပြီး စက် တင်ဘာတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို လက်မှတ်ရေးထိုးနိုင် မည်ဟု မျှော်မှန်းထားကြောင်း နှစ်ဖက်ပြောရေးဆိုခွင့်ရှိသူများကဆိုသည်။

အဖွဲ့ဝင် ၁၆ ဖွဲ့မှ ထိပ်သီး ခေါင်းဆောင်များ၊ ကိုယ်စားလှယ် များ တက်ရောက်ခဲ့သော NCCT ထိပ်သီးအစည်းအဝေးကို ဇူလိုင် ၂၄ ရက်မှစ၍ ငါးရက်ကြာ ကေ အိုင်အိုဗဟိုဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့သည်။

လိုင်ဇာထိပ်သီးအစည်းအ ဝေး၏ ထင်ရှားသည့် ရလဒ်တစ် ခုမှာ NCCT ကို လုပ်ပိုင်ခွင့် (Man-date) များတိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည်။

ယင်းလုပ်ပိုင်ခွင့်များတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးကို အစိုးရနှင့် ညှိနှိုင်းရာ၌ မူဝါ ဒပိုင်းဆိုင်ရာအခက်အခဲများ ကြုံ တွေ့လာပါက အဆုံးအဖြတ်ပေး နိုင်သည့် NCCT အဖွဲ့ဝင်တစ်ဖွဲ့ စီမှ ခေါင်းဆောင်တစ်ဦး(သို့) နှစ် ဦးစီဖြင့်အရေးပေါ်အစည်းအဝေး ကို လိုအပ်သလိုခေါ်ယူနိုင်ခွင့်ရှိ သည်ဆိုသည့်အချက်ပါဝင်သည်။

ထို့ကြောင့် ကျင်းပပြီးစီးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ညီလာခံ၊ အစည်းအဝေးများကဲ့သို့အချိန်ယူရန် မလိုအပ်သော ကြောင့် မူဝါဒပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ထိရောက် လာမည်ဖြစ်သည်။

တံခါးပိတ် ဆွေးနွေးခဲ့ကြ သော NCCT ထိပ်သီးအစည်း အဝေးတွင် အမျိုးသားတန်းတူ ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် စစ် မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု စနစ်တည်ဆောက်ရေး အခြေခံ တောင်းဆိုချက်ကို ဆက်လက်စွဲ ကိုင်ဆွေးနွေးသွားကြရန်လည်း အဓိကဆုံးဖြတ်ချက် ချမှတ်ခဲ့ သည်။ သို့ရာတွင် ဆွေးနွေးပွဲများ တွင်လည်း ဖက်ဒရယ်ပြည်ထောင် စုစနစ်တည်ဆော က်ရေးအခြေခံမူ ကို အစိုးရ(အထူးသဖြင့်) တပ်မ တော်ဘက်မှ လက်မခံနိုင်သေး သည် သဘောထားများရှိနေသေး ကြောင်း တိုင်းရင်းသားခေါင်း ဆောင်အချို့ကပြောသည်။

NCCT ထိပ်သီးအစည်း အဝေးအပြီးတွင် NCCT အဖွဲ့ဝင် မဟုတ်သည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/ SSA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့နှင့် ထိပ်သီး အစည်းအဝေးကို လိုင်ဇာမြို့၌ နှစ်ရက်ကြာဆက်လက်ပြုလုပ်ခဲ့ သည်။

ထိပ်သီးခေါင်းဆောင်၊ ကိုယ် စားလှယ်၊ လေ့လာသူ စုစုပေါင်း ၁၅၅ ဦးတက်ရောက်ခဲ့သော ယင်း ထိပ်သီးအစည်းအဝေးတွင်လည်း ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတို့ကို အာမခံသော ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးမူကို တစိုက်မတ်မတ် ကိုင်စွဲသွားကြမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။

လိုင်ဇာထိပ်သီးအစည်းအ ဝေးမှ ဆုံးဖြတ်ချက်၊ ဆွေးနွေး ချက်များကို ဆက်လက်ညှိနှိုင်းနိုင် ရန် NCCTနှင့် အစိုးရအဖွဲ့၊ တပ် မတော်တို့မှ ထိပ်ပိုင်းခေါင်းဆောင် များ သြဂုတ် ၃ ရက်တွင် မြစ်ကြီး နားမြို့၌ တွေ့ဆုံခဲ့သည်။ အလွတ် သဘောတွေ့ဆုံခြင်းဖြစ်သော် လည်း လိုင်ဇာထိပ်သီးအစည်း အဝေးကြိုးပမ်းအားထုတ်မှုများ ကို ဂုဏ်ပြုသည့်အနေဖြင့် ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်း၊ ဦးသိန်းဇော် နှင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ဒုတိယဗိုလ် ချုပ်ကြီး သက်နိုင်ဝင်းတို့ ကိုယ်တိုင် တက်ရောက်ခဲ့သည်။ ယင်းတွေ့ဆုံပွဲတွင် တစ်ဖက်ခေါင်းဆောင်သုံးဦးစီ သီးသန့် ၂ နာရီခန့်ကြာအောင် တံခါးပိတ်ဆွေးနွေးခဲ့ကြပြန်သည်။

NCCT ကို လုပ်ပိုင်ခွင့်များ တိုးမြှင့် ပေးလိုက်ခြင်းကြောင့် မူ ၀ါဒပိုင်းဆိုင်ရာများ ဆုံးဖြတ်ရာ တွင် ပိုမိုမြန်ဆန်သွားမည်ဟုလည်း မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေးဗဟိုဌာန (MPC) အကြီးတန်းအကြံပေးအရာရှိများ ကဆိုသည်။ ဆွေးနွေးပွဲများတွင် မူဝါဒပိုင်းဆိုင်ရာ အမြင်မတူမှု များကြုံတွေ့လာပါက အစိုးရ ဘက်မှ နိုင်ငံတော်ဒုတိယသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်အပါအ၀င် အဆုံးအဖြတ်ပေး နိုင်သည့် ခေါင်းဆောင်များသို့ ကိုယ်စားလှယ်အဖွဲ့က တိုက်ရိုက် ဆက်သွယ်နိုင်သည်။ NCCT ဘက်ကမူ အဖွဲ့ ၁၆ ဖွဲ့စုစည်းထားခြင်း ကြောင့် ယင်းကဲ့သို့အဆုံးအဖြတ် ပေးနိုင်မည့် ထိပ်ပိုင်းခေါင်းဆောင် များထံဆက်သွယ်ရန် အခက်ခဲများ ရှိနေခြင်းဖြစ်ကြောင်း နှစ်ဖက်ပြော ရေးဆိုခွင့်ရှိသူများကပြောသည်။

ယခု NCCT ကိုတိုးမြှင့်ပေး လိုက်သော လုပ်ပိုင်ခွင့်များတွင် အရေးပေါ်ထိပ်သီးအစည်းအဝေး များ၊လုပ်ငန်းအဖွဲ့ငယ်များကို လို အပ်သလို ခေါ်ယူနိုင်ခြင်း၊ ဖွဲ့စည်း နိုင်ခြင်းကြောင့် ဆွေးနွေးဆုံးဖြတ် ရာတွင် ပိုမိုမြန်ဆန်လာမည်ဖြစ် သည်။

လာမည့် သြဂုတ်လလယ် ဆွေးနွေးပွဲတွင် အစိုးရနှင့် NCCT တို့ ညှိနှိုင်းရန် ကျန်ရှိသည့် အ ချက် (၃၁) ချက်ကို ဆက်လက် ညှိနှိုင်းမည်ဖြစ်သည်။ ထိုအချက် များထဲမှ အဓိကအချက်များမှာ ဝေါဟာရအသုံးအနှုန်းများ၊ တည် ဆဲဥပဒေကို လိုက်နာရန်ဆိုသည့် အချက်များ၊ ဒို့တာဝန်အရေးသုံး ပါးအဓိပ္ပာယ်ဖွင့်ဆိုချက်စသည့် အချက်များဖြစ်သည်။ ကျယ်ပြန့် စွာ ဆွေးနွေးရန်လိုပြီး ယခင်က ပင် သဘောထားအမြင်မတူညီသည့် ဖက်ဒရယ် တပ်မတော်ဖွဲ့စည်းရေး နှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကိုမူ နိုင်ငံရေးဆွေးနွေးပွဲမှသာ ဆက် လက်ဆွေးနွေးသွားမည်ဖြစ်သည်။

သြဂုတ်လလယ် ဆွေးနွေး ပွဲတွင် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးတစ်ခုတည်းသော သဘောတူညီချက်စာချုပ် ဒုတိယမူကြမ်းကို ရာနှုန်းပြည့်နီးပါးအချောသပ်ရေးဆွဲနိုင်ပြီး စက်တင်ဘာ တွင် လက်မှတ်ရေးထိုးနိုင်ရန် မျှော်မှန်းထားကြောင်း နှစ်ဖက်ပြောရေးဆိုခွင့်ရှိသူများကခန့်မှန်းထားကြသည်။ သို့သော်ညှိနှိုင်းရန် ကျန်ရှိနေသည့် အချက်အများစုမှာ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ ဘက်မှ အဆိုပြုချက်ကို အစိုးရဘက်က လက်မခံနိုင်သည့် အချက်အချို့ပါဝင်နိုင်ကြောင်း တိုင်းရင်းသားကိုယ်စားလှယ်အချို့က ဆိုသည်။

MPC အကြီးတန်းအကြံပေး အရာရှိ ဦးလှမောင်ရွှေက သြဂုတ် လဆွေးနွေးပွဲနှင့် ပတ်သက်၍ ယခုကဲ့သို့ပြောသည်။

‘‘ဒီဆွေးနွေးပွဲမှာ FINAL Draft ဖြစ်ကောင်းဖြစ်မယ်။ မဖြစ်နိုင် ဘူးဆိုရင်တောင်မှ တတိယမူ ကြမ်းမှာ အများစုပြီးသွားမှာဖြစ် လို့ အားလုံးသဘောတူမယ်ဆိုရင် သဘောတူပြီး သုံးပတ်လောက်မှာ လက်မှတ်ရေးထိုးဖို့ ပြင်ဆင်ဖို့လို မှာဖြစ်လို့ သဘောတူပြီးလို့ နောက်သုံးပတ်လောက်မှာ လက်မှတ်ရေး ထိုးနိုင်မယ့် အနေအထားရှိပါတယ်။ ဒါကြောင့်စက်တင်ဘာလ ကုန်လောက်မှာ ဖြစ်နိုင်ဖို့ဆိုတာ ကျွန်တော်တို့အားလုံးဝိုင်း ကြိုးစားရင်ဖြစ်နိုင်ပါတယ်’’ဟု ဆိုသည်။

လက်ရှိ သမ္မတဦးသိန်းစိန် နှင့် တပ်မတော်ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်လက်ထက်တွင် နှစ်ပေါင်း (၆၀) ကျော်ကြာဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိ့ပက္ခချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရန် အခြေအ နေအချိန်အခါ အကောင်းဆုံးဖြစ် ကြောင်း NCCT အကြံပေးပညာ ရှင်ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းကပြောသည်။

‘‘အစိုးရဘက်ကလည်း ငြိမ်း ချမ်းရေးလိုလားတယ်။ ပြည်သူ လူထုဘက်ကလည်း ငြိမ်းချမ်းရေး လိုလားတယ်။ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းအားလုံးကလည်း လိုလား တယ်။ နိုင်ငံတကာကလည်း လို လားတယ်။ အားလုံးလိုလားနေတဲ့ ငြိမ်းချမ်းရေးကို ဒီနေ့၊ ဒီအချိန် အခါမှာ ဖန်တီးချင်ပါတယ်’’ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာ ခေါင်းကပြောသည်။

နှစ်ဖက်ကိုယ်စားလှယ်များ ပြောကြားသကဲ့သို့ လာမည့် (၁၀) ကြိမ်မြောက်ဆွေးနွေးပွဲတွင် ရာ နှုန်းပြည့် တိုးတက်မှုများရရှိပြီး ထင်ရှားသည့် ရလဒ်များထွက်ပေါ် လာရန် လိုအပ်နေသည်။

စစ်ဘေးရှောင်ပြည်သူများ အပါအ၀င် သန်းခြောက်ဆယ် ကျော်ပြည်သူလူထုကလည်း ငြိမ်း ချမ်းရေးအမြန်ဆုံးရရှိရန် မျှော် လင့်နေကြပြီဖြစ်သည်။

7Day News Journal
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ သြဂုတ်လလယ်တွင် ရန်ကုန်မြို့၌ ပြုလုပ်မည့် ဆယ်ကြိမ်မြော က်ဆွေးနွေး ပွဲမှာ ငြိမ်းချမ်းရေးအတွက် မှတ်တိုင်တစ်ခုဖြစ်လာရန်ရှိနေသည်။

ရွှေရည်စိမ် ယုံကြည်မှုနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရနိုင်ပါ့မလား

Photo: ရွှေရည်စိမ် ယုံကြည်မှုနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရနိုင်ပါ့မလား
Wednesday, August 6, 2014

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမှာ ဇူလိုင်လ ၂၄ ရက်နေ့မှ ဇူလိုင်လ ၃၀ ရက်နေ့အထိ ကျင်းပ ခဲ့တဲ့ တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေရဲ့ အစည်းအဝေးတွေမှာ တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူ စာချုပ် ဒုတိယမူကြမ်း ရေးဆွဲနိုင်ခဲ့တာမို့ လအနည်းငယ်အတွင်း အစိုးရနဲ့ တိုင်းရင်းသားတွေကြားမှာ အပစ်ရပ်ရေး လက် မှတ် ရေး ထိုးနိုင်မယ့်အခြေအနေတွေ ပေါ်ထွန်းလာပေမယ့် စစ်မှန်ငြိမ်းချမ်းရေး ဖြစ်ပေါ်လာနိုင်တဲ့အထိတော့ အစိုးရနဲ့ တိုင်းရင်းသား တွေကြားမှာ ယုံကြည်မှု မတည်ဆောက်နိုင်သေးဘူးလို့ တိုင်းရင်းသားတွေက ပြောဆိုလိုက်ပါတယ်။

တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လုပ်ငန်းစဉ်လုပ်ဆောင်လာခဲ့တာ တနှစ်ကျော်ကာလအတွင်း ရောက်ရှိပြီဖြစ်လို့ နှစ်ဖက် ကြားမှာ အရင်ထက် တိုးတက်မှု၊ ယုံကြည်မှုတွေ ရှိလာပေမယ့် ငြိမ်းချမ်းရေး ဖြစ်ထွန်းလာနိုင်တဲ့အထိ နှစ်ဖက်ယုံကြည်မှု မရရှိသေးဘဲ ရွှေရည် စိမ် ယုံကြည်မှုအဆင့်မှာ သာ ရှိနေတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေကဆိုပါတယ်။

အစိုးရတပ်နဲ့ တိုင်းရင်းသား တွေကြားမှာ စစ်မှန်ယုံကြည်မှု မရရှိသေးတာက အစိုးရမှာ တိုင်းရင်းသားတွေနဲ့ပတ်သက်လို့ သွေးခွဲ ဆက်ဆံရေး မူဝါဒရှိ နေတာ ၊ ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်ရေး ဆွေးနွေးနေပေမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တချို့ကို စစ်တပ်က ပိတ်ဆို့ ၀ိုင်းဝန်းထားတာနဲ့ အောက်ခြေ အဆင့်မှာ အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေ ကြား ယုံကြည်မှု မရှိတာတွေ ကြောင့် ငြိမ်းချမ်းရေး ရဖို့ အတော်ကို ရုန်းကန်းကြိုးစားရဦးမယ့် အနေအထား ရှိပါတယ်။

လက်ရှိအချိန် အထိ အစိုးရနဲ့ တိုင်းရင်းသားတွေကြားမှာ အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အရှိန်ရနေပေမယ့် တိုင်းရင်းသားတွေမှာ အစိုးရစစ်တပ်ကို ယုံကြည်မှု၊ အစိုးရစစ်တပ်အပေါ် အမြင်သဘောထား ပြောင်းလဲမှုတွေ လုံးဝ မရှိသေးဘဲ သံသယနဲ့သာ ပြောဆိုဆက်ဆံနေကြဆဲဖြစ်ပါတယ်။ အထူးသဖြင့် စစ်အစိုးရ ရေးဆွဲ အတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံးဝ မယုံကြည်၊ လက်မခံတာပဲဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်က “ တိုင်းပြည်မှာဖြစ်နေတဲ့ ပြည်တွင်းစစ်ဖြစ်နေတဲ့ အကြောင်း အရင်း ကို ကျနော်တို့ ပြန်တူးဆွကြည့်မယ်ဆိုရင် တိုင်းရင်းသားတွေမှာ သာတူညီမျှ အခွင့်အရေး မရှိခြင်း၊ ဒီမိုကရေစီ ဆိတ်သုဉ်းခြင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရှိခြင်းဆိုတဲ့ပြဿနာတွေ ပေါ်ပါတယ်။ အဲ့ ပြဿနာတွေ ဘယ်မှာသွား အမြစ်တွယ် နေသလဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ ပြဿနာမှာ သွားပြီးတော့အမြစ်တွယ်နေတယ်” လို့ သုံးသပ် ပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဥက္ကဋ္ဌ ခွန်းအေဘယ်လ်တွဒ်ကတော့ ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး မျှော်လင့်ထားသလို အဆိုးဆုံးကိုလည်း ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

“သမ္မတကြီးရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို အကောင်းဆုံးမျှော်လင့်ချက်ထားသလိုအဆိုးကိုလည်းကြိုတွေးရမှာပါ။ ကမ်းလှမ်းမှုက အခွင့်အရေးကောင်းတစ်ခုဖြစ်နိုင်သလို ထောက်ချောက်လည်းဖြစ်နိုင်တယ်” လို့ ခွန်းအေဘယ်လ်တွဒ်က ပြောဆိုပါတယ်။

လတ်တလော အစိုးရစစ်တပ်နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း(SSA/SSPP)၊ ပလောင် (တအာင်း) လွတ်မြောက်ရေး တပ်မတော်(TNLA) တို့အကြားမှာ စစ်ရေးအရ တင်းမာမှုတွေ၊ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲပါပဲ။

SSA/SSPPရဲ့ အထွေထွေအတွင်းရေးမှူး စပ်ခွန်ဆိုင်းက “တပ်မတော်ဘက်က ခုဆိုကျနော်တို့ဘက်ကိုဝိုင်းထားတယ်။ ကျနော်တို့ အနေနဲ့က စစ်ပွဲတွေမဖြစ်စေ ချင်ပေမယ့်သူတို့ကခုလိုဝိုင်းထားတော့ကျနော်တို့လည်း ပြင်ဆင်ထားရတယ်။ တိုက်ပွဲတွေမှာ တိုင်းရင်းသားတွေဘက်က လိုက် တိုက်တာ မျိုးမရှိသေးဘူး။ကျနော်တို့က ခုခံကာကွယ် ထားတဲ့ အပိုင်းပဲ ရှိနေသေးတယ်”လို့ ဧရာဝတီကိုပြောဆိုပါတယ်။

TNLA နဲ့ အစိုးရစစ်တပ်ကြားမှာလည်း တိုက်ပွဲဖြစ်နေပြီး အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု တစုံတရာ မလုပ်နိုင်သေး တဲ့အပြင် စစ်ရေးအရလည်း အခြေအနေ အတော်ကို တင်းမာနေပါတယ်။

TNLA ဥက္ကဋ္ဌ တားအိုက်ဖုန်းက“ခုလက်ရှိ ကျနော်တို့နဲ့ အစိုးရကြားမှာ ဆွေးနွေးမှုက ပြည်နယ်အဆင့်လည်း မရှိသလို ပြည်ထောင်စု အဆင့်လည်းမရှိဘူး။ ဒီတော့ ကျနော်တို့ဘက်ကအစိုးရဘက်နဲ့သေချာဆွေးနွေးမှရှေ့ဆက်နိုင်မယ်။ တနိုင်ငံလုံး ကိုလုပ်ဖို့ဆို ဒေသတခုလုံး မလွှမ်းခြုံနိုင်ရင် မရနိုင်ဘူး။အပစ်ခတ်ရပ်ဖို့လည်းမဖြစ်နိုင်ဘူး။ ကျနော်တို့ဘက်က တချို့ အပိုင်းတွေ ပြောဖို့ခက်နေတယ်။ အစိုးရစစ်တပ်တွေ ပြန်ရုပ်သိမ်းဖို့ အကျေအလည် ညှိုနှိုင်းရမယ်။ ခုချိန်ထိ အစိုးရ ပိုင်း က ဘာကမ်းလှမ်းမှုမှ မရှိသေးဘူး”လို့ ဆိုပါတယ်။

အစိုးရအနေနဲ့ တိုင်းရင်းသားတွေနဲ့ အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုဖို့ စိတ်စောနေပေမယ့်လည်း အခြေခံတပ်ပိုင်းဆိုင်ရာ ညိနှိုင်းမှုများမှာ ခုချိန်ထိအသေးစိတ် မလုပ်နိုင်သေးပါဘူး။

အစိုးရစစ်တပ်ဘက်က အပစ်ရပ်နိုင်ရေးအတွက် အလျော့ပေးမှုတချို့ရှိလာပြီး အပစ်ရပ်ပြီးတာနဲ့ တိုင်းရင်းသားတွေ လက်နက် စွန့်ရမယ်ဆိုတဲ့ မူဝါဒ (DDR) ကို အစိုးရစစ်တပ်ဘက်က ပယ်ဖျက်ပေးလိုက်တာမို့ ဒါကလည်း အပစ်ရပ်ရေး စာချုပ် ချုပ်ဆိုဖို့ နီးစပ်လာစေတဲ့ ခြေလှမ်းတရပ်ပါပဲ။

ဒါပေမယ့်လည်း အပစ်ခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်ထိုးမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ စာရင်းနဲ့ ပတ်သက်လို့ အစိုးရနဲ့ တိုင်းရင်းသားတွေကြားမှာ အငြင်းပွားမှုတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။

အစိုးရဘက်က အပစ်ရပ်ရေး လက်မှတ်ထိုးမယ့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၁၆ ဖွဲ့ရှိတယ်လို့ ပြောဆိုပြီး တိုင်းရင်းသား တွေကတော့ အပစ်ရပ်ရေး လက်မှတ်ထိုးကြမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

အပစ်ရပ်ရေးအတွက်မှာတင် အဆင့်များစွာကျန်ရှိနေသေးတာမို့ လအနည်းငယ်အတွင်းမှာ အပစ်ရပ်ရေး လက်မှတ် ထိုးနိုင်တော့မယ် ဆိုတဲ့ ပြောဆိုမှုတွေက လက်တွေ့ဖြစ်လာဖို့ အတော်ကို မလွယ်ကူသေးပါဘူး။

အပစ်ရပ်ရေး ရပြီးသည့်တိုင်အောင် နိုင်ငံရေး ဆွေးနွေးပွဲတွေကတဆင့် ငြိမ်းချမ်းရေး ရနိုင်ဖို့မှာလည်း အတား အဆီး ကြီးတခု ထပ်ရှိနေပါသေးတယ်။ အဲဒီအတားအဆီးကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါပဲ။ တိုင်းရင်းသား တွေ ဘက် က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု မဖြစ်နိုင်ဘူးလို့ ပြောဆိုပါတယ်။

“အာဏာရတချို့က ဖက်ဒရယ်ကိုလက်မခံချင်ကြသေးဘူး။ များသောအားဖြင့် စစ်တပ်ကလက်မခံချင်သေးဘူး။ တိုင်းရင်း သား တွေက ဖက်ဒရယ်တောင်းတာခွဲထွက်ဖို့လို့ဝါဒမှိုင်းတိုက်ခဲ့တော့ ခုချိန်ထိသံသယရှိနေတယ်။ ခွဲထွက် သွားမလား၊ တိုင်းပြည် ပြိုကွဲသွားမလားဆိုတဲ့ သံသယတွေရှိနေတယ်။ ဒါတွေ မဟုတ်မှန်ကြောင်း ပြောရမယ်”လို့ NCCT ခေါင်းဆောင် နိုင်ဟံသာက ဆိုပါတယ်။

တိုင်းရင်းသား အများစုက လက်ရှိ အစိုးရ လက်ထက်မှာ အပစ်ရပ်ရေး အကောင် အထည်ဖော် လာပေမယ့် ငြိမ်းချမ်းရေး ရရှိဖို့ကတော့ အစိုးရစစ်တပ်ရဲ့ သဘောထားအခြေအနေပေါ်မှာပဲ အဓိကမူတည်နေတယ်လို့ ဆိုကြပါတယ်။

ဧရာဝတီ
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမှာ ဇူလိုင်လ ၂၄ ရက်နေ့မှ ဇူလိုင်လ ၃၀ ရက်နေ့အထိ ကျင်းပ ခဲ့တဲ့ တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေရဲ့ အစည်းအဝေးတွေမှာ တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူ စာချုပ် ဒုတိယမူကြမ်း ရေးဆွဲနိုင်ခဲ့တာမို့ လအနည်းငယ်အတွင်း အစိုးရနဲ့ တိုင်းရင်းသားတွေကြားမှာ အပစ်ရပ်ရေး လက် မှတ် ရေး ထိုးနိုင်မယ့်အခြေအနေတွေ ပေါ်ထွန်းလာပေမယ့် စစ်မှန်ငြိမ်းချမ်းရေး ဖြစ်ပေါ်လာနိုင်တဲ့အထိတော့ အစိုးရနဲ့ တိုင်းရင်းသား တွေကြားမှာ ယုံကြည်မှု မတည်ဆောက်နိုင်သေးဘူးလို့ တိုင်းရင်းသားတွေက ပြောဆိုလိုက်ပါတယ်။

MPT ၏ ၁၅ဝဝတန် ဆင်းမ်ကတ်များ လူတိုင်းအတွက်ရောင်းချတော့ မည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှကျပ် ၁၅ဝဝတန် တန်ဖိုး နည်းဆင်းမ်ကတ်များကိုမဲစနစ်ဖြင့် မဟုတ်ဘဲ မိုဘိုင်းလ်ဖုန်းအရောင်း ဆိုင်များတွင် အလွယ်တကူဝယ်ယူ နိုင်ရန် လူတိုင်းအတွက် ရောင်း ချ ပေးတော့မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ဒုတိယ အထွေထွေမန်နေဂျာ ဦးသိန်းဟုတ် က ပြည်ထောင်စုနေ့စဉ်သို့ ယနေ့ ပြောကြားသည်။

တိရိစ္ဆာန်နဲ့လိင်ဆက်ဆံမှု၊ ၊တိရိစ္ဆာန်နဲ့လိင်ဆက်ဆံတဲ့ ညစ်ညမ်းစာအုပ်အခွေများ လက်ဝယ်ပိုင်ဆိုင်မှုတွေနဲ့ တရားစွဲခံလိုက်ရတဲ့ အင်္ဂလန်က တိမွေးကုဆရာဝန်

Photo: တိရိစ္ဆာန်နဲ့လိင်ဆက်ဆံမှု၊ ၊တိရိစ္ဆာန်နဲ့လိင်ဆက်ဆံတဲ့ ညစ်ညမ်းစာအုပ်အခွေများ လက်ဝယ်ပိုင်ဆိုင်မှုတွေနဲ့ တရားစွဲခံလိုက်ရတဲ့ အင်္ဂလန်က တိမွေးကုဆရာဝန်
Wednesday, August 6, 2014

အင်္ဂလန် အရှေ့ဘက်မှာတည်ရှိတဲ့ SUFFOLK နိုင်ငံက တိမွေးကု ဆရာဝန်တစ်ဦးဟာ ၄င်းဟာတိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံမှု ၊တိရိစ္ဆာန်နဲ့ လိင်ဆက်ဆံတဲ့ ညစ်ညမ်းစာအုပ၊်အခွေများ မြောက်များစွာ လက်ဝယ်ပိုင်ဆိုင်ထားရှိမှု စတာတွေနဲ့ ဆက်စပ်ပြီး အမှု ၅ ခုနဲ့ မိမိအသက်မွေးဝမ်းကျောင်းကို အလွဲသုံးစား လုပ်ဆောင်မှုကြောင့် အပြစ်ရှိကြောင်း တွေ့ ရှိသွားတဲ့နောက်မှာ တိမွေးကု ခွဲစိပ် ဆရာဝန်များ တော်ဝင် ကောလိပ်အဖွဲ့ ဝင်အဖြစ်မှ ပယ်ထုတ်ခြင်းခံခဲ့ရပါတယ်။

OLIVER FRASER Lown ဟာ ၄င်းရဲ့ ဖခင်ဟာ ကျန်းမာရေးချို့ တဲ့နေပြီး လူသိရှင်ကြားဖြစ်သွားပါက ၄င်းဖခင်ရဲ့ ကျန်းမာရေးကို ပိုမိုဆိုးရွားသွညးစေနိုင်တဲ့အတွက် တိမွေးကုဆရာဝန်များ စည်းကမ်းထိန်းသိမ်းလိုက်နာရေးဆိုင်ရာ ကော်မတီအား ယင်းအမှုကို တိုးတိုးတိတ်တိတ် ကြားနာဖို့ တောင်းဆိုခဲ့ပါတယ်။ဒါပေမယ့် ကော်မတီက ၄င်းရဲ့ အမှုဟာ ၂၀၁၂ခုနှစ်မှာ တရားရုံးတက် အမှုကြားနာစဉ်ကတည်းက အသေးစိတ် လူသိရှင်ကြားဖြစ်နေပြီးသားဖြစ်တဲ့အတွက် ၄င်းရဲ့ လျှောက်ထားချက်ကို ပယ်ချခဲ့ပါတယ်။

၎င်းအပြစ်ရှိကြောင်းထင်ရှားတဲ့ ပြစ်မှုတွေ ၅ ခုကတော့ -

၁။၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ရက်နေ့ မှာ ၄င်းထံတွင် လူများနှင့် တိရိစ္ဆာန်များ လိင်ဆက်ဆံနေခြင်းကို အသားပေးထားတဲ့ ညစ်ညမ်းဗွီဒီယို ဓာတ်ပုံများ လက်ဝယ်တွေ့ ရှိရခြင်း။

၂။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ တွင် တိရိစ္ဆာန်များပါဝင်ပတ်သက်နေတဲ့ ညစ်ညမ်းဓာတ်ပုံများ လက်ဝယ်တွေ့ ရှိရခြင်း။

၃။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ တွင် ယောင်္ကျားတစ်ယောက်နဲ့ သိုးတစ်ကောင် လိင်ဆက်ဆံနေတဲ့ ဗွီဒီယို ဓာတ်ပုံတစ်ခုကို လက်ဝယ်တွေ့ ရှိရခြင်း။

၎။ ၂၀၀၉ ခုနှစ် ဧပြီလ ၁ရက်နေ့ကနေ ဖွန်လ ၂၅ရက်နေ့ အတွင်း ၄င်းသည် တိရိစ္ဆာန်များနှင့် လိင်ဆက်ဆံခဲ့ခြင်း။

၅။ ၂၀၁၁ ခုနှစ် ဇူလိုင်လနဲ့ သြဂုတ်လအတွင်း ၄င်းဟာ အွန်လိုင်းပေါ်တွင် တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံရတဲ့ ကိစ္စတွေနဲ့  ယင်းသို့  ပြုလုပ်ရန်စိတ်ဝင်စားကြောင်း ရေသားပြောဆိုခဲ့ခြင်း စတာတွေပဲဖြစ်ပါတယ်။

တိမွေးကုဆရာဝန်များ စည်းကမ်းထိန်းသိမ်းလိုက်နာရေးဆိုင်ရာ ကော်မတီဟာ ၂၀၁၂ ခုနှစ်မှာ ၄င်း အယူခံဝင်ခဲ့ပြီး ဖြေလျှော့ပေးခံခဲ့ရတဲ့ပြစ်မှုစွဲချက် ၅ ခုအပြင် ၄င်းဟာ မြင်းတစ်ကောင်၊ခွေးတစ်ကောင်တို့ နဲ့ လိင်ဆက်ဆံခဲ့ပြီး အဲ့လိုမျိုး လိင်ဆက်ဆံပုံကို ဗွီဒီယို ရိုက်ယူကာ အွန်လိုင်းပေါ်တွင် တင်၍ ကြွားခဲ့ကြောင်းကို လည်း ကြားနာ သိရှိခဲ့ပါတယ်။

BUDAPEST ရှိ Szent Istvan ကနေ ဘွဲ့ ရရှိခဲ့တဲ့ မစ္စတာ Lown ဟာ အမှုကြားနာဖို့ တက်ရောက်ခဲ့ခြင်းမရှိပါဘူး။၎င်းရဲ့ ရှေ့  နေက ကိုယ်စားတက်ရောက်ပေးခဲ့ပါတယ်။

တွေ့ ရှိကြားနာချက်တွေကို သုံးသပ်ရာတွင် စည်းကမ်းထိန်းသိမ်းလိုက်နာရေးဆိုင်ရာ ကော်မတီဟာရဲ့  ဥက္ကဌ Noreen Burrows ဟာ “ ဒီလိုလုပ်ဆောင်မှုတွေဟာ အရမ်းကို အပြစ်ကြီးလေးပါတယ်ဆိုတာ ကော်မတီအနေနဲ့  သံသယရှိစရာမလိုပါဘူး။သူလက်ဝယ်ပိုင်ဆိုင်ထားတဲ့  အရာတွေနဲ့ သူ့ ရဲ့ လုပ်ဆောင်ချက်တွေဟာ တိရိစ္ဆာန်တွေကို တလွဲအသုံးချပြီး ၄င်းတို့ ရဲ့ ကျန်းမာရေးကို လည်း ဘာမှ အလေးမထားရရောက်ပါတယ်” လို့ ဆိုပါတယ်။

“ ကော်မတီက ဆုံးဖြတ်ရာမှာ စွဲချက်တစ်ခုစိတိုင်းဟာ အများလက်မခံနိုင်စရာ အကျည်းတန်တဲ့ လုပ်ရပ်နဲ့  ညီမျှပါတယ်။ တိရိစ္ဆာန်တွေ ရဲ့ ကျန်းမာရေး အခြေအနေတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်မယ့် ၊ လူထုရဲ့ ယုံကြည်မှုကို ဆက်လက်တည်တံ့စေနိုင်မယ့်၊ မှန်ကန်တဲ့ ကျင့်သုံးလုပ်ဆောင်မှုတွေကို တည်ရှိနေစေဖို့ အတွက် တစ်ခုသော နည်းလမ်းကတော့ တရားခံကို သူ့ ကို တိမွေးကု တိရိစ္ဆာန် မှတ်ပုံတင် စာရင်းထဲကနေ ပယ်ထုတ်ဖို့ ပဲ ရှိတယ်ဆိုတာကို ကော်မတီက သံသယဖြစ်စရာ မရှိပါဘူး” လို့ သူမက ထပ်ပြောပါတယ်။

မစ္စတာ Lown ကလည်း ၂၀၁၃ မှာ သူဟာ တိမွေးကု ဆရာဝန်များ တောင်ဝင်ကော်လိပ် အသင်းဝင်အဖြစ် မှတ်ပုံအတင်ခံခဲ့ရပေမယ့်လည်း သူဟာ ဘယ်တုန်းကမှ တိမွေးကုတစ်ယောက် အဖြစ် မလုပ်ဆောင်ခဲ့ဘူးလို့ ဆိုပါတယ်။

Ref:vetsonline.com
Trend Myanmar
အင်္ဂလန် အရှေ့ဘက်မှာတည်ရှိတဲ့ SUFFOLK နိုင်ငံက တိမွေးကု ဆရာဝန်တစ်ဦးဟာ ၄င်းဟာတိရိစ္ဆာန် များနဲ့ လိင်ဆက်ဆံမှု ၊တိရိစ္ဆာန်နဲ့ လိင်ဆက်ဆံတဲ့ ညစ်ညမ်းစာအုပ၊်အခွေများ မြောက်များစွာ လက်ဝယ် ပိုင်ဆိုင် ထားရှိမှု စတာတွေနဲ့ ဆက်စပ်ပြီး အမှု ၅ ခုနဲ့ မိမိအသက်မွေးဝမ်းကျောင်းကို အလွဲသုံးစား လုပ်ဆောင် မှုကြောင့် အပြစ်ရှိကြောင်း တွေ့ ရှိသွားတဲ့နောက်မှာ တိမွေးကု ခွဲစိပ် ဆရာဝန်များ တော် ၀င် ကောလိပ်အဖွဲ့ ဝင်အဖြစ်မှ ပယ်ထုတ်ခြင်းခံခဲ့ရပါတယ်။

ပြည်ပနိုင်ငံ၏ ၀င်ရောက် စွက်ဖက်လာသော မြန်မာ့နိုင်ငံအရေး

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ပထ၀ီမြေအနေအထား၊ စစ်ရေး၊ စီးပွားရေးအရ အချက်အချာ ကြသော နိုင်ငံဆိုတာ အားလုံးအသိပင်ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံကို လက်ရှိအခြေအနေတွင် နိုင်ငံကြီး များ က ၎င်းတို့လက်အောက်သို့ သွတ်သွင်းရန် ကြိုးစားနေကြသော နိုင်ငံများ စွာရှိနေပါတယ်။ ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံများဟာ ကမ္ဘာ့စူပါပါဝါ နိုင်ငံကြီးဖြစ်သည်နှင့်အမျှ ကမ္ဘာ့နိုင်ငံအားလုံးတွင် သြဇာအာဏာ လွှမ်းမိုးချင် လာကြပါတယ်။

ဘင်္ဂါလီများကို နိုင်ငံသား ဟုတ် မဟုတ် လူတွေ့စစ်ဆေးမှုစတင်

နိုင်ငံသားအဖြစ် လျှောက်ထားသည့် ရခိုင်ပြည်နယ် မြေပုံမြို့ရှိ ဘင်္ဂါလီ တစ်ထောင်ကျော်အနက် ၁၀ ဦးကို သြဂုတ်လ ၅ ရက်နေ့တွင် လူချင်းတွေ့ဆုံကာ စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း မြို့နယ်အဆင့် စစ်ဆေးရေး အဖွဲ့တွင် ပါဝင်သည့် ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ် ဦးမောင်ရေချမ်းက ပြောကြားသည်။

ဂုဏ်ယူရမယ့်နေ့တစ်နေ့ ဖြစ်ထိုက်ရဲ့လား..?

လွန်ခဲ့တဲ့ ၂၆ နှစ်ကျော် ၁၉၈၈ ခုနှစ်မှာ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား အချို့နှင့် အရပ်သားလူငယ်တစ်ချို့ လ္ဘက်ရည်ဆိုင်တစ်ခုမှာ ကိုယ်ရေးကိုယ်တာ ကိစ္စမှအချင်းပွားရာမှ အရေး အခင်းတစ်ခု စတင်ဖြစ်ပွားလာခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား မောင်ဘုန်းမော် သေဆုံးတာနဲ့ပတ်သက်ပြီး အခွင့်ကောင်းစောင့်နေတဲ့ မြေပေါ်မြေအောက် အဖျက်သမား မသမာသူများက ရန်ကုန် စက်မှုတက္ကသိုလ်သာမက ရန်ကုန်တက္ကသိုလ်နှင့် အခြားကျောင်းများပါ ဆူပူအုံကြွမှု ကူးစက်ပျံ့နှံ့အောင် လှုံ့ဆော်ခဲ့ကြပါတယ်။

မန္တလေး ပဋိပက္ခ ဖြစ်စေခဲ့သူများကို အမှု ဆက်တိုက်စစ်ဆေးမည်

Photo: မန္တလေး ပဋိပက္ခ ဖြစ်စေခဲ့သူများကို အမှု ဆက်တိုက်စစ်ဆေးမည်
Wednesday, August 6, 2014

မန္တလေးပဋိပက္ခ ကြောင့် နိုင်ငံတော်တည်ငြိမ်အေး ချမ်းမှုကို ပျက်ပြားစေသောအမှု ဖြင့် တရားစွဲဆိုခြင်းခံထားရသော မဖြူဖြူမင်း(ခ)ကတုံးမ၊ နုနုမြတ်၊ ရဲထွဋ်နှင့် ဟာဂျီထွန်းထွန်းတို့ လေးဦးကို သြဂုတ် ၄ရက်မှစ၍ နောက်ပိုင်းရက်များတွင် ဆက် တိုက်စစ်ဆေးမှုများ ပြုလုပ်သွား မည်ဖြစ်ပြီး တစ်ပတ်အတွင်းအမှု ပြီးပြတ်နိုင်ခြင်းရှိ၊ မရှိကို မသိနိုင်သေးကြောင်း သတင်းရရှိသည်။

၎င်းတို့လေးဦးကို သြဂုတ် ၅ရက် စတုတ္ထအကြိမ်မြောက် ရုံး ထုတ်ချိန်တွင် ထမင်းစားနားချိန် မပေးဘဲ နှစ်နာရီကြာစစ်ဆေးမှု များပြုလုပ်ခဲ့ပြီး ပြစ်မှုဆိုင်ရာဥပ ဒေပုဒ်မ ၂၁၁လီဆယ်တိုင်ကြားမှု ပါထပ်တိုးလိုက်ကြောင်း တရား လွှတ်တော်ရှေ့နေဦးအောင်သူ ရှိန်ထွန်းကပြောသည်။
‘‘ရဲမှူးကျော်ဆန်းကို စစ် တယ်။ နောက်ထပ်တစ်မှုထပ်တိုး တယ်။ မနက်ဖြန်မှ နောက်ထပ် တစ်မှုကိုစစ်ဆေးမယ်။ လုံခြုံရေး အခြေအနေအရဆိုတဲ့အကြောင်း ပြချက်နဲ့ အမှုကိုဆက်လက်စစ် ဆေးမယ်။ တစ်ပတ်အတွင်းအပြီး စစ်မယ်၊ မစစ်ဘူးဆိုတာတော့မ သိနိုင်ဘူး။ သို့သော် ဆက်လက် စစ်ဆေး သွားမယ်ဆိုတာတော့ ကျွန်တော်တို့သိခဲ့ရတယ်’’ဟုဦး အောင်သူရှိန်ထွန်းကပြောသည်။

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၁၁ သည် မမှန်သော(သို့မဟုတ်)ဥပဒေနှင့် မညီသောအကြောင်း၊ ယုတ္တိမရှိသိလျက်နှင့် မည်သူမဆို တစ်ဦးတစ်ယောက်ကိုနစ်နာစေ လိုသော အကြံဖြင့် စွပ်စွဲလျှင် ထောင်ဒဏ်၂နှစ်၊ ( သာမန်လိမ်လည်မှု)ထို့အပြင် သေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ၊ တစ်သက် တစ်ကျွန်းဖြစ်စေ၊ ထောင်ဒဏ်ခုနစ်နှစ်(သို့မဟုတ်)ခုနစ်နှစ်ထက်ပိုသော ထောင်ဒဏ်ဖြစ်စေသည့်ပုဒ်မဖြစ်အောင် လိမ်လည်မှုကို ချမှတ်ခြင်းခံထိုက်သော၊ ခံထိုက်သူ၊ ကျူးလွန်သူဟုပုဒ်မမြောက်လျှင် ထိုဥပဒေဖြင့် ပြစ်ဒဏ်ကျခံရနိုင်ကြောင်း မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော်ရှေ့ နေဦးကြီးမြင့်ကပြောသည်။

ယင်းကဲ့သို့ ထမင်းစားချိန် မပေးဘဲ စစ်ဆေးခြင်းကို အမှုစစ် ပြီးချိန်တွင် စွပ်စွဲခံရသူများထဲမှ ရဲထွဋ်က အချုပ်ကားပေါ်မှနေ၍ ‘‘တရားမျှတမှုမရှိဘူး။တစ်ယောက်တည်း ထမင်းကျွေးတယ်။ ကျုပ်တို့က ငတ်ပြတ်နေရမှာလား’’ဟု အော်ပြောသည့်အတွက် တာဝန်ကျရဲများက ထမင်း များဝယ်ကျွေးခဲ့ရသည်။

၎င်းတို့အား တရားစွဲဆိုခံ ထားရမှုနှင့်ပတ်သက်၍ ရဲထွဋ်က ‘‘ မှန်ကန်မှုမရှိဘူး။ ဘလိုင်းကြီးဆွဲ ချခံရတာ။ ထိုးကျွေးခံရတာ’’ဟု ရဲများထိန်းချုပ်နေသည့်ကြားမှ အော်ဟစ်ပြောဆိုသွားသည်။

ထို့အပြင် ဟာဂျီ ထွန်းထွန်း၏ မိသားစုဝင်များက လာရောက်တွေ့ဆုံခဲ့သော်လည်း လူချင်းတွေ့ဆုံခွင့်မရရှိဘဲ လိုအပ်သောအ၀တ် အစားများကိုသာပေးခွင့်ရ ကြောင်း ၎င်း၏မိသားစုဝင်များထံ မှသိရသည်။

ယင်းအမှုကို ဆက်တိုက်စစ်ဆေးသွားမည်ဖြစ်ပြီး တစ်ပတ်အတွင်းတရားစီရင်ချက် ချမှတ်နိုင်ကြောင်း တရားရုံးအသိုင်းအ၀ိုင်းမှ သတင်း ရရှိသည်။

ဇူလိုင် ၁ရက်က ဖြူဖြူမင်းကို ဘာသာခြားအမျိုးသားနှစ်ဦးကအဓမ္မပြုကျင့်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာသောကြောင့်မန္တလေးမြို့တွင် ပဋိပက္ခများ ဖြစ်ပွားရာမှ လူနှစ်ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရရှိခဲ့ပြီး ၄၉ဦးကို ဖမ်းဆီးအရေးယူထားသည်။

7Day DAILY 

မန္တလေးတွင် လူစုလူဝေးများ ဖြစ်ပွားနေစဉ် (ဓာတ်ပုံ - အေအက်ဖ်ပီ)
မန္တလေးတွင် လူစုလူဝေးများ ဖြစ်ပွားနေစဉ် (ဓာတ်ပုံ - အေအက်ဖ်ပီ)
မန္တလေးပဋိပက္ခ ကြောင့် နိုင်ငံတော်တည်ငြိမ်အေး ချမ်းမှုကို ပျက်ပြားစေသောအမှု ဖြင့် တရားစွဲဆိုခြင်းခံ ထားရသော မဖြူဖြူမင်း(ခ)ကတုံးမ၊ နုနုမြတ်၊ ရဲထွဋ်နှင့် ဟာဂျီထွန်းထွန်းတို့ လေးဦးကို သြဂုတ် ၄ရက်မှ စ၍ နောက်ပိုင်းရက်များတွင် ဆက် တိုက်စစ်ဆေးမှုများ ပြုလုပ်သွား မည်ဖြစ်ပြီး တစ်ပတ်အတွင်းအမှု ပြီးပြတ်နိုင်ခြင်း ရှိ၊ မရှိကို မသိနိုင်သေးကြောင်း သတင်းရရှိသည်။

ဟာ့ဂ်ျခရီးစဉ်အတွက် ကျပ်ငွေ ၂၂ သိန်း ၅ သောင်းဖြင့် အနိမ့်ဆုံးဈေးပေးမည့် ကုမ္ပဏီ တင်ဒါရရှိ

မြန်မာနိုင်ငံရှိ အစ္စလာမ် ဘာသာဝင်များ၏ ၂၀၁၄ ခုနှစ် ဟာ့ဂ်ျဘုရားဖူး ခရီးစဉ်အတွက် ကျပ်ငွေ ၂၂ သိန်း ၅ သောင်းဖြင့် ဈေးအနိမ့်ဆုံးပေးသည့် ကုမ္ပဏီက တင်ဒါရရှိသွားကြောင်း သြဂုတ်လ ၅ ရက်တွင် ပြုလုပ် သည့် တင်ဒါဖွင့်ပွဲက သိရှိရသည်။

ဂါဇာမှာ ၃ ရက် အပစ်ရပ်၊ အစ္စရေး တပ်တွေ ရုပ်သိမ်း

Photo: ဂါဇာမှာ ၃ ရက် အပစ်ရပ်၊ အစ္စရေး တပ်တွေ ရုပ်သိမ်း
Wednesday, August 6, 2014

ပါလက်စတိုင်း ဟားမတ်စ် အဖွဲ့နဲ့ အစ္စရေးတို့ အကြား ၃ ရက်ကြာ အပစ်ရပ်ကြဖို့ သဘောတူ ခဲ့ကြပြီးနောက် ဂါဇာမှာ ရှိတဲ့ အစ္စရေး တပ်ဖွဲ့တွေ အားလုံးကို ရုပ်သိမ်းလိုက်ပြီလို့ အစ္စရေးဘက်က ပြောပါတယ်။

ဒီလို အပစ်ရပ်ကြဖို့ အတွက် အီဂျစ်က ကြားဝင် ညှိနှိုင်းပေးခဲ့တာ ဖြစ်ပါတယ်။ ဂါဇာမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရေရှည် လုံးဝ ရပ်စဲသွားနိုင်ဖို့ ညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင် သွားကြမယ် လို့လည်း မျှော်လင့်ရပါတယ်။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ပါလက်စတိုင်းဘက်က ကိုယ်စားလှယ်တွေ ရောက်ရှိနှင့်နေပြီ ဖြစ်ပြီး အစ္စရေးဘက်ကလည်း ကိုယ်စားလှယ်တွေ စေလွှတ်လာမယ်လို့ မျှော်လင့်ရပါတယ်။

ဒါပေမယ့် ဂါဇာမှာ ဟားမတ်စ် အဖွဲ့ ရှိနေတာဟာ ငြိမ်းချမ်းရေး အတွက် ကြီးမားတဲ့ အနှောင့်အယှက် ဖြစ်တယ်လို့ လန်ဒန်မှာ ရှိတဲ့ အစ္စရေး သံရုံးက ပြောခွင့်ရ ပုဂ္ဂိုလ်က ဘီဘီစီကို ပြောပါတယ်။

အခုလို အပစ်ရပ်ရေး အစီအစဉ် မစတင်မီ မိနစ်ပိုင်း အလိုအထိ ဟားမတ်စ် ဘက်က အစ္စရေး တောင်ပိုင်းကို ဒုံးကျည်တွေ ဆက်တိုက် ပစ်နေခဲ့ပြီး အစ္စရေး တပ်ဖွဲ့တွေကလည်း ဂါဇာ နယ်မြေထဲမှာ ရှင်းလင်း တိုက်ခိုက်မှုတွေ လုပ်နေခဲ့ကြတာ ဖြစ်ပါတယ်။

ဂါဇာမှာ တစ်လကြာ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းဘက်က ၁၈၀၀ ကျော် သေဆုံးပြီး အစ္စရေးဘက်က ၆၇ ဦး သေဆုံးတယ်လို့ သိရပါတယ်။

BBC
ပါလက်စတိုင်း ဟားမတ်စ် အဖွဲ့နဲ့ အစ္စရေးတို့ အကြား ၃ ရက်ကြာ အပစ်ရပ်ကြဖို့ သဘောတူခဲ့ကြပြီးေ နာက် ဂါဇာမှာ ရှိတဲ့ အစ္စရေး တပ်ဖွဲ့တွေ အားလုံးကို ရုပ်သိမ်းလိုက်ပြီလို့ အစ္စရေးဘက်က ပြောပါတယ်။

၇ မိုင် ချောင်းသာ အပန်းဖြေစခန်း ဆက်ဖွင့်ပြု၊ မပြု ကွင်းဆင်းစစ်ဆေး

Photo: ၇ မိုင် ချောင်းသာ အပန်းဖြေစခန်း ဆက်ဖွင့်ပြု၊ မပြု ကွင်းဆင်းစစ်ဆေး
Wednesday, August 6, 2014

မန္တလေးချောင်းသာ ဟု နာမည်ကြီးသည့် ၇ မိုင် အပန်း ဖြေစခန်း ဆက်လက် ဖွင့်လှစ် ခွင့်ပြု၊ မပြုနှင့်ပတ်သက်ပြီး ရေ အရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ် ထားကြောင်း သတင်းရရှိသည်။

ယင်း ၇ မိုင် အပန်းဖြေစခန်း သည် ပြင်ဦးလွင်မြို့နယ်၊ လွန် ကောင်းကျေးရွာ အုပ်စု၊ ရဲရွာ ရေ အားလျှပ်စစ်စီမံကိန်းသို့ သွား သည့်လမ်းတွင် တည်ရှိပြီး ဒုဋ္ဌ၀တီမြစ်ကမ်းနံဘေးတွင် ကမ်းခြေပုံစံ အပန်းဖြေစခန်းဖော်ဆောင်ထား ခြင်းဖြစ်သည်။ ၎င်းကို ဆက်လက် ဖွင့်ခွင့်ပြုရန် သင့်၊မသင့် ယခုနှစ်ဇွန်လ အတွင်းက ကွင်းဆင်းစစ် ဆေးခဲ့ပြီး ယင်းတွေ့ရှိချက်များ ကို ဇူလိုင်လအတွင်း ကပင် ရန် ကုန်မြို့ရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံးချုပ်သို့ တင်ပို့ထားပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သတင်း ရရှိသည်။

ယင်းအပန်းဖြေစခန်းတွင် ယခုနှစ် မေလ ၂၈ ရက်က အမျိုး သားတစ်ဦး သေဆုံးခဲ့ပြီး နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့က ယခုကဲ့သို့ ကွင်းဆင်းစစ်ဆေးခိုင်း ခြင်းဖြစ်ကြောင်း၊ ကွင်းဆင်းစစ် ဆေးရာ လယ်ယာမြေလုပ်ခွင့်ပြု ထားသည့် မြေပေါ်တွင် အခြား နည်းသုံးစွဲခွင့် လျှောက်ထားပြီး အပန်းဖြေစခန်း ဖွင့်ထားခြင်းဖြစ် သည်ကို တွေ့ရှိခဲ့ရကြောင်း ယင်း ဌာနမှ ဦးစီးမှူးဦးဝင်းလှိုင်က ပြောသည်။

‘‘စခန်းကို ဘယ်လိုတည် ထားလဲ၊ အသေးစိတ်တွေ တင်ပြ ထားပြီးပြီ။ ဆက်လုပ်သင့်၊ မလုပ် သင့် ရုံးချုပ်က ကျလာတဲ့အပေါ် မူတည်ပြီး ဆုံးဖြတ်ရမှာ’’ ဟု ဦးဝင်းလှိုင်က ဆက်လက်ပြော သည်။မန္တလေးမြို့အနီးတစ်ဝိုက် တွင် ၇ မိုင်ချောင်းသာကဲ့သို့ အ ပန်းဖြေစခန်းမျိုး မရှိသလောက် နည်းပါးသည့်အတွက် ယင်းစခန်း ဆက်လက်ဖွင့်လှစ်စေချင်သော် လည်း လာရောက်လည်ပတ် သူများ၏ အသက်အန္တရာယ် လုံ ခြုံရေး စနစ်ကျသည့်နည်းလမ်း များ ထည့်သွင်းပေးစေလိုကြောင်း မန္တလေးမြို့မှ အမ်ဘီအေကျောင်း သူ မသန္တာအောင်ကပြောသည်။

၇ မိုင်ချောင်းသာအပန်းဖြေ စခန်းမှာ ၂၀၁၄ ခုနှစ် ဧပြီလ ဆန်းအချိန်မှ စတင်ပြီး မန္တလေး မြို့နှင့် အနီးတစ်ဝိုက်ရှိ ဒေသခံ များအကြားတွင် လူသိများကာ စည်ကားခဲ့ခြင်းဖြစ်ပြီး လာ ရောက်လည်ပတ်သူတစ်ဦး 
သေဆုံးမှုတစ်ကြိမ် ဖြစ်ခဲ့ဖူးသည်။

7Day News Journal
မန္တလေးချောင်းသာ ဟု နာမည်ကြီးသည့် ၇ မိုင် အပန်း ဖြေစခန်း ဆက်လက် ဖွင့်လှစ် ခွင့်ပြု၊ မပြုနှင့် ပတ်သက်ပြီး ရေ အရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးမှု များ ပြု လုပ် ထားကြောင်း သတင်းရရှိသည်။

ရှစ်လေးလုံးအရေးအခင်း ဖြိုခွင်းမှုတွင် သမ္မတဦးသိန်းစိန် ပါဝင်ခြင်းမရှိဟု နိုင်ငံတော်သမ္မတရုံးဖြေရှင်း

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ရှစ်လေးလုံး အရေးအခင်းဖြိုခွဲမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိကြော င်း နိုင် ငံတော် သမ္မတရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

Facebook ပေါ်မတင်သင့်တဲ့ အချက် (၅) ချက်

Photo: Facebook ပေါ်မတင်သင့်တဲ့ အချက် (၅) ချက်
Wednesday, August 6, 2014

FACEBOOK ဟာ လူမှုကွန်ယက်တွေရဲ့ အင်ဂျင်စက်ကြီး ( the Google) တစ်ခုဖြစ် လာနေပါပြီ။ သင့်ရဲ့ status ကို အခုပဲ Update မလုပ်ဘူးဆိုရင် ဓါတ်ပုံတွေကို တင်တာ၊ (သို့) ထူးခြားတဲ့ မေးခွန်းမျိုးစုံတွေကို ရရှိပါလိမ့်မယ်။ ဘယ်သူ့ကိုမှပြောလေ့မရှိတဲ့ ကျွနိုပ်တို့ရဲ့ ကိုယ်ရေးသတင်းအချက်အလက်တွေကို တင်ကြတယ်။ နောက် ပြီး ကျွနိုပ်တို့ရဲ့ ကိုယ်ရေးအသေးစိတ်အချက်အလက်တွေကို မှန်မှန်ကန်ကန်ထည့်သွင်းပေးနေသရွေ့ လုံခြုံစိတ်ချရတယ်၊ ကိုယ့်သူငယ်ချင်းအချင်းချင်းဆက်သွယ်ရာမှာ အဆင်ပြေတယ်လို့ ထင်တတ်ကြတယ်။

ပြဿနာက ကျွန်ုပ်တို့ရဲ့သတင်းအချက်အလက်တွေကို ဘယ်သူတွေဝင်ရောက်ကြည့်ရှုနေကြသလဲဆိုတာ ဘယ်လိုမှမသိနိုင်ပါဘူး။ သင်နှင့် သင့်မိသားစု ဘေးကင်းလုံခြုံမှုရှိဖို့အတွက် သင့် facebook ပေါ်ထည့်မတင်သင့်တဲ့ အချက်အလက်အချို့ရှိပါတယ်။ Facebook နှင့် တခြားလူမှုကွန်ယက်တွေပေါ်ကနေ ဖယ်ထုတ်သင့်တာ (သို့) မတင်သင့်တဲ့ အချက်(၅) ချက်တွေက..

(၁) သင်နဲ့ သင့်မိသားစု မွေးနေ့ အပြည့်အစုံ

ကျွန်ုပ်တို့အားလုံး Facebook စာမျက်နှာပေါ် ကိုယ့်သူငယ်ချင်းတွေဆီက “HAPPY BIRTHDAY” ကိုရချင်ကြတယ်။ လူတွေက ကိုယ့်ကို သတိတရရှိနေကြတယ်၊ ကိုယ့်ရဲ့နေ့ထူးနေ့မြတ်မှာ ဂရုစိုက်ပြီး စာတွေရေးပေးကြတယ်ဆိုတဲ့အသိကို ရင်ထဲခံစားရရှိစေတယ်။ ပြဿနာက သင်မွေးနေ့မွေးရက်တွေကို ဖော်ပြလိုက်တဲ့အချိန်မှာ ကိုယ်ရေးအချက်အလက်ခိုးယူရရှိနိုင်အောင် တစ်စိတ်တဒေသကို အထောက်အကူပေးလိုက်သလိုဖြစ်နေပါတယ်။ နေ့ရက်ကို လုံးဝမထည့်သွင်းတာ အကောင်းဆုံးပဲဖြစ်တယ်။ တကယ်လို့ ထည့်မယ်ဆိုရင်လည်း အနည်းဆုံး ခုနှစ်လောက် ကိုချန်လတ်ထားလိုက်ပါ။ သူငယ်ချင်းစစ်စစ်တွေက သိရင်သိလောက်မှာပါ။

(၂) သင့်ရဲ့ Relationship Status

သင့်မှာတစ်စုံတစ်ယောက်နဲ့ ဆက်နွယ်မှုရှိရှိ၊ မရှိရှိ အဲဒါကို လူတိုင်းသိနိုင်အောင်မလုပ်မိဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ Status ကို SINGLE ပြောင်းလိုက်မယ်ဆိုရင် အစိမ်းရောင်လေးပြပေးမှာ ဖြစ်တယ်။

(၃) သင့်ရဲ့ လက်ရှိတည်နေရာ

တစ်ရက် ၂၄နာရီအတွင်း သင်ဘယ်နားရောက်နေသလဲဆိုတာ သိရှိစေနိုင်တဲ့ Facebook ပေါ်က (Location TAGGING feature)တည်နေရာဖော်ပြပေးတဲ့ အချက်အလက်ကို ကြိုက်နှစ်သက်သူတွေ အများအပြားရှိကြတယ်။ အိမ်မှာမရှိဘူး၊ အပန်းဖြေခရီးသွားနေတယ်လို့ ပြောလိုက် location feature ထည့်ထားတယ်ဆိုရင် ခရီးမိုင်ဘယ်လောက်ဝေးတယ်ဆိုတာ သိသွားပြီး သင့်အိမ်ဖောက်ထွင်းခံရနိုင်ပါတယ်။ ကိုယ်ရှိတဲ့နေရာကို ဘယ်တော့မှမပြောပါနဲ့။ ခရီးသွားနေတဲ့အချိန်ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း တင်ချင်ရင် အိမ်ရောက်ပြီးမှတင်ပါ။

(၄) ကလေးတွေသာ အိမ်မှာရှိနေကြောင်း သိစေတဲ့အချက်

မိဘတွေက ကလေးတွေသာ အိမ်မှာ ရှိနေကြောင်းသိစေတဲ့ အချက်အလက်တွေကို မထည့်သွင်းမိဖို့ အရေးကြီးပါတယ်။ ကိုယ့်သူငယ်ချင်းအချင်းချင်းကသာ ကိုယ့်status ကိုဝင်ကြည့်နိုင်မယ်လို့ ထင်ကောင်းထင်မိပါလိမ့်မယ်။ ကိုယ့် account ထဲကို ဘယ်သူဝင်ကြည့်နေလဲဆိုတာ မသိနိုင်ပါဘူး။

(၅) နာမည်ဖော်ပြထားတဲ့ ကလေးတွေရဲ့ ဓာတ်ပုံများ

ကျွန်ုပ်တို့ ကလေးတွေကိုချစ်တော့ ဟုတ်ပါတယ်။ သူတို့ အတွက်ဆိုရင် ဘာမဆိုလုပ်ပေးကြတယ်။ လူအများစုက ကလေးတွေရဲ့ဓာတ်ပုံတွေကို နာမည်နဲ့တကွ (သို့) ဗီဒီယို ဖိုင်တွေကို facebook ပေါ်တင်သင့်မတင်သင့် တချက်မှတောင်မစဉ်းစားကြဘဲ ချက်ချင်းကောက်တင်လိုက်ကြတာပါပဲ။

မိဘ ၁၀ ဦးမှာ တစ်ဦးက သူတို့ကလေးတွေရဲ့ မွေးနေ့၊ မွေးတဲ့အချိန်ကအစ အတိအကျဖော်ပြထားတယ်။ သူတို့ ညီအစ်ကိုမောင်နှမနှင့် ဆွေမျိုးတွေရဲ့ ပုံတွေပါ တင်ကြတယ်။ အဲဒီလိုအချက်အလက်မျိုးတွေကို ကိုယ့်ကို အနောက်ယှက်ပေးချင်တဲ့သူတွေကနေ အသုံးပြုခံရနိုင်ပါတယ်။

Source: netsecurity.about.com
Trend Myanmar
FACEBOOK ဟာ လူမှုကွန်ယက်တွေရဲ့ အင်ဂျင်စက်ကြီး ( the Google) တစ်ခုဖြစ် လာနေပါပြီ။ သင့်ရဲ့ status ကို အခုပဲ Update မလုပ်ဘူးဆိုရင် ဓါတ်ပုံတွေကို တင်တာ၊ (သို့) ထူးခြားတဲ့ မေးခွန်းမျိုးစုံတွေကို ရရှိပါလိမ့်မယ်။ ဘယ်သူ့ကိုမှပြောလေ့မရှိတဲ့ ကျွနိုပ်တို့ရဲ့ ကိုယ်ရေးသတင်းအချက်အလက်တွေကို တင်ကြ တယ်။ နောက် ပြီး ကျွနိုပ်တို့ရဲ့ ကိုယ်ရေးအသေးစိတ်အချက်အလက်တွေကို မှန်မှန်ကန်ကန်ထည့် သွင်းပေးနေ သရွေ့ လုံခြုံစိတ်ချရတယ်၊ ကိုယ့်သူငယ်ချင်းအချင်းချင်းဆက်သွယ်ရာမှာ အဆင်ပြေတယ်လို့ ထင် တတ်ကြတယ်။

ငလျင်ကြောင့် တိမ်းစောင်းသွားသည့် တိုက်သစ်နှစ်လုံး စည်ပင် စစ်ဆေး

သြဂုတ်လ ၄ ရက်က ရန်ကုန်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့ နယ် စံပြဈေးအနီး စံပြ ၅ လမ်း အတွင်းရှိ တိုက်သစ်နှစ်လုံး တိမ်း စောင်းသွားမှုကို စည်ပင်က စစ် ဆေးနေပြီဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာနှင့် အ ဆောက်အအုံဌာန ဌာနမှူး ဦးသန်းဌေး က ပြောသည်။

ပြန်ကြားရေးဝန်ကြီးသစ်လက်ထက်MRTV မှထုတ်လွှင့်ပြသမှု ကျင့်ဝတ်နဲ့ ညီ မညီ မေးခွန်းထုတ်စရာဖြစ်

Photo: ပြန်ကြားရေးဝန်ကြီးသစ်လက်ထက်MRTV မှထုတ်လွှင့်ပြသမှု ကျင့်ဝတ်နဲ့ ညီ မညီ မေးခွန်းထုတ်စရာဖြစ်
Wednesday, August 6, 2014 

ပြန်ကြားရေး  ၀န်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းက စာနယ်ဇင်း ကျင့်ဝတ်ပါ အချက် များကို  မြန်မာနိုင်ငံ  စာနယ်ဇင်း ကောင်စီက လေးစား လိုက်နာပြီး သတင်းများရေးသားဖော်ပြလျက် ရှိကြောင်း နိုင်ငံပိုင်သတင်းစာ၌ ယခုလ ၅ ရက်တွင် ဖော်ပြထား သည်။

သတင်းနှင့်စာနယ်ဇင်းလုပ် ငန်းကကျင့်ဝတ်နှင့်အညီ ရေးသား ဖော်ပြနေသည် ဆိုသော်လည်း ပြန်ကြားရေးဝန်ကြီးဌာနလက် အောက်ရှိ မြန်မာ့အသံနှင့်ရုပ်မြင် သံကြားမှ  ယခုလ ၅ ရက် ည ၈နာရီတွင်ထုတ်လွှင့်ခဲ့သော နိုင်ငံ တကာ သတင်းတစ်ပုဒ်သည် မီဒီ ယာကျင့်ဝတ် (သို့) ရုပ်သံလွှင့် ကျင့်ဝတ်နှင့် ညီ၊မညီ ဆိုသည်ကို မေးခွန်းထုတ်စရာဖြစ်လာကြောင်း အယ်ဒီတာတစ်ဦးကပြောသည်။

မြန်မာ့အသံမှာ ထုတ်လွှင့်ခဲ့ သည့် သတင်းတစ်ပုဒ်တွင် နိုင်ဂျီး ရီးယားနိုင်ငံမှ ဘိုကိုဟာရမ် စစ် သွေးကြွသူပုန်များကို နိုင်ဂျီးရီး ယားစစ်သားများက ရက်ရက်စက် စက် လည်လှီးသတ်ဖြတ်နေပုံကို သတင်းအနေဖြင့် တင်ပြသွား ခဲ့ သောကြောင့် မေးခွန်း ထုတ်စရာ ဖြစ်ကြောင်း ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

““ရုပ်မြင်သံကြားဆိုတာ အရွယ်မျိုးစုံနဲ့မိသားစုတွေကြည့် ကြတာပါ။ အခု မြန်မာ့အသံက ပြတဲ့သတင်းမှာ နိုင်ဂျီးရီးယား စစ်သားတွေက သူပုန်တွေကို တစ်ယောက်ချင်းလှဲပြီး ကြက်တွေ ကိုလည်လှီးသလိုလှီးပြတဲ့ ပြကွက် ကို ပြသွားပါတယ်။ ကျွန်တော့် အမျိုးသမီးဆိုရင်ကြောက် လို့အော် တောင် အော်ပါတယ်။ ကလေး တွေကိုမကြည့်ဖို့ မျက်စိမှိတ်ခိုင်း ရတယ်။ နိုင်ငံခြားအက်ရှက်ဇာတ် ကားတွေတောင် အဲဒီလိုပြကွက် မျိုးမပြဘူး။ အခုဟာက တကယ် သတ်ဖြတ်နေတာဆိုတော့ ကျွန် တော်တောင်ကြည့်ပြီး ကြောက် သွားတယ်။ နှလုံးရောဂါရှိတဲ့သူ ဆိုရင် ရှော့ခ်တောင် ဖြစ်သွားနိုင် တယ်။ ကျွန်တော်သာ ရုပ်မြင်သံ ကြားက တာဝန်ရှိသူဆိုရင် ဒီလို ပြကွက်မျိုးပါတဲ့သတင်းကို မတင် ဆက်ဘူး။ ဘယ်သူ့အတွက်မှ အကျိုးမရှိလို့ပဲ””ဟု ၎င်းက ထပ် လောင်းပြောကြားခဲ့သည်။

အစိုးရအနေဖြင့် ပုဂ္ဂလိက စာနယ်ဇင်းသမားများအား ကျင့် ၀တ်နှင့် မညီ ရေးသားမှုကြောင့် ဖမ်းဆီးအရေးယူမှုများရှိနေ၍ ဝေဖန်မှုများ ခံနေရပြီး သမ်္မတနှင့် စာနယ်ဇင်းကောင်စီ(ယာယီ)တို့ တွေ့ဆုံဆွေးနွေးမှုများရှိပြီးနောက် သတင်းနှင့်  စာနယ်ဇင်းဌာနက ကျင့်ဝတ်နှင့်အညီရေးသားကြောင်း အသိပေး  ထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။

သို့သော် ပုံနှိပ်မီဒီယာနှင့် စာလျှင် ရုပ်သံလွှင့် မီဒီယာနှင့် ပတ်သက်ပြီး အရေးယူ ဆောင် ရွက်မှုအားနည်းကြောင်း ဝေဖန် ပြောကြားမှုများရှိနေသည်။

Hot News Journal
ပြန်ကြားရေး  ၀န်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းက စာနယ်ဇင်း ကျင့်ဝတ်ပါ အချက် များကို  မြန် မာနိုင် ငံ  စာနယ်ဇင်း ကောင်စီက လေးစား လိုက်နာပြီး သတင်းများရေးသားဖော်ပြလျက် ရှိကြောင်း နိုင်ငံ ပိုင် သတင်းစာ၌ ယခုလ ၅ ရက်တွင် ဖော်ပြထား သည်။