Friday, 27 June 2014

တက္ကသိုလ်ဝင်တန်း အမှတ်အများဆုံး ရသူများကို ပထမဆုံးအကြိမ် ထုတ်ပြန်

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာတစ် နိုင်ငံလုံးသိပ္ပံနှင့် ၀ိဇ္ဇာဘာသာတွဲများတွင် အမှတ်အများဆုံးရရှိသူ ၂၂ ဦးကို အစိုးရ၏ နိုင်ငံပိုင်ရုပ်သံမီဒီယာမှ ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာ လိုက်သည်။
မြန်မာတစ်နိုင်ငံလုံးတွင် သိပံ္ပဘာသာတွဲ၌ အမှတ်အများဆုံးရရှိသူ ၁၀ ဦးနှင့် ၀ိဇ္ဇာဘာသာတွဲတွင်အမှတ် အများဆုံးရရှိသူ ၁၂ ဦးတို့ကို ဇွန်လ ၂၆ ရက် မြန်မာ့ရုပ်မြင်သံကြားသတင်း၌ ထုတ်ပြန်ကြေညာ ခဲ့ခြင်းလည်း ဖြစ်သည်။

မန္တလေးမြို့ အဓိကလမ်းမကြီး ကိုးခုတွင် အချိန်ပိုင်းယာဉ်ရပ်နားမှု ကန့်သတ်မည်

မန္တလေးမြို့တွင် ယာဉ် ကြောပိတ်ဆို့မှုများ ကင်းဝေးစေ ရေးအတွက် အဓိကလမ်းမကြီးကိုးခုတွင် ယာဉ်ရပ်နားမှုကို အ ချိန်ပိုင်းအလိုက် စတင်ကန့်သတ် တော့မည်ဖြစ်ကြောင်းသတင်းရရှိ သည်။

ကျောင်းသွားကျောင်းပြန်၊ ဈေးသွားဈေးလာနှင့် ရုံးတက်ရုံး ဆင်းချိန်များဖြစ်သည့်နံနက် ၇နာရီမှ ၉နာရီအထိ၊ ညနေ ၄နာရီမှ ၆ နာရီအချိန်များအတွင်း ၆၂လမ်း၊ ၇၃လမ်း၊ ၇၈လမ်း၊ လမ်း ၈၀၊ ၈၄ လမ်း၊ ၂၆လမ်း၊ လမ်း

အရှိန်ဖြင့်မောင်းနှင်မှုများလျော့ကျရန် ဒဏ်ငွေပြင်ဆင်သတ်မှတ်

ရန်ကုန်-နေပြည် တော်- မန္တလေး လမ်းမကြီးပေါ် တွင် ယာဉ်များသတ်မှတ်အချိန် ထက် ပိုမိုမောင်းနှင်မှု များလျော့ ကျစေရန် ယခုအသစ်ရေးဆွဲတင် ပြထားသော  မော်တော်ယာဉ် ဥပဒေမူကြမ်း၌ ဒဏ်ငွေ ကျပ်၁၅၀၀ အစား ကျပ်၅၀,၀၀၀ကျပ်အဖြစ် ပြင်ဆင်ရေးဆွဲထားကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ၁၉၆၄ မော် တော်ယာဉ်ဥပဒေပုဒ်မ ၁၇/၆၄ ဖြင့်အရေးယူ၍ ပုဒ်မ ၂၁/၆၄ဖြင့် တရားစွဲဆိုလျက်ရှိရာ ဒဏ်ငွေ ၁၅၀၀ ကျပ်ပြစ်ဒဏ်ချမှတ်ပြီး ဒဏ်ငွေမဆောင်ပါက အလုပ်မဲ့ ထောင်ဒဏ်

လူကုန်ကူးခံရသူ မြန်မာ ၆ ဦးကို ထိုင်းရဲတပ်ဖွဲ့ကယ်ဆယ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက နာနတ်သီးစက်ရုံမှာ လူကုန်ကူး ခံထားရတဲ့ မြန်မာနိုင်ငံသား ၆ ယောက်ကို ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့နဲ့ မြန်မာအလုပ်သမားအရေး ကူညီသူတွေ ပူးပေါင်းပြီး ဒီကနေ့မနက်ပိုင်းက ကယ်တင်နိုင်ခဲ့သလို လူပွဲစား မြန်မာနိုင်ငံသား ဇနီးမောင်နှံကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို နိုင်ငံတကာအဆင့်မီ ပြုပြင်ရန် အမေရိကန်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ နည်းပညာနှင့် ငွေကြေးအကူအညီ ရရှိရေး ဆောင်ရွက်မည်ဟု ဆောက်လုပ်ရေးဒုဝန်ကြီး ပြောကြား

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို နိုင်ငံတကာအဆင့်မီ ပြုပြင်ရန်အတွက် အမေရိကန်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ နည်းပညာနှင့် ငွေကြေးအကူအညီများ ရရှိရေး ဆောင်ရွက်လျက် ရှိကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးစိုးတင့်က ပြောကြားသည်။

အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦး ဖမ်းဆီးတရားစွဲဆို ခံထားရသော ယူနတီသတင်းဂျာနယ် ငွေကြေးအခက်အခဲကြောင့် ထုတ်ဝေမှု ယာယီရပ်ဆိုင်း

ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်တစ်စောင်ဖြစ်သော ယူနီတီ အပတ်စဉ် သတင်း ဂျာနယ်မှာ ငွေကြေးအခက်အခဲကြောင့် ထုတ်ဝေမှုကို ယာယီရပ်ဆိုင်းခဲ့ကြောင်း ယူနတီဂျာနယ်၏ ရုံးအဖွဲ့မှူးထံမှ သိရသည်။
သတင်းဂျာနယ်အား ယာယီရပ်ဆိုင်းမှုကို လက်ရှိတာဝန်ယူဆောင်ရွက်နေသည့် ဒယ်ဒီတာ ကိုရဲဝင်းနောင်၊ ရုံးအဖွဲ့မှူးကို အောင်ဝင်းထွန်းနှင့် ကျန်အယ်ဒီတာနှစ်ဦးတို့ အစည်းဝေးထိုင်၍ အားလုံးသဘောတူ

အလွန်အမင်း ရုပ်ချောတာကြောင့် အနိုင်ကျင့်ခံရတဲ့ ရုရှားကျောင်းသူ

 
 ရုပ်ရည် ချောမောလှပလွန်းသူတိုင်း လူချစ်လူခင် ပေါလိမ့်မယ်လို့ မထင်လိုက်ပါနဲ့။ အဲဒီ ရုပ်ရည်ကြောင့်ပဲ မုဒိတာ မပွားနိုင်ဘဲ မနာလိုသူတွေ ရှိနိုင်ပါတယ်။ အခုဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကတော့ ရုရှားနိုင်ငံ မှာ ရုပ်ချောလွန်းသူ ဆယ်ကျော်သက် အရွယ် မိန်းကလေး တစ်ဦးကို သူမရဲ့ အတန်းဖော်တွေက ရိုက်နှက်ပြီး ရွှံရည်သောက်ခိုင်း ခဲ့ပါတယ်။

Thursday, 26 June 2014

ဘာသာကူးပြောင်းမှုကြောင့် သေဒဏ်ကျခံရပြီး လွတ်မြောက်လာသည့် ဆူဒန်အမျိုးသမီး ထပ်မံအဖမ်းခံရ

အစ္စလာမ် ဘာသာမှ ခရစ်ယာန် ဘာသာသို့ ကူးပြောင်းကိုးကွယ်မှုအတွက် သေဒဏ်ချမှတ်ခံရပြီး ယင်းပြစ်ဒဏ်မှ လွတ်မြောက်လာသည့် ဆူဒန်အမျိုးသမီးသည် နောက်ထပ်ပြစ်မှု တစ်ခုဖြင့် အဖမ်းခံထားရကြောင်း သိရှိရသည်။အသက်(၂၆)နှစ်ရှိ မာရီယမ် ယာယာအီဘရာဟင်အီရှက်သည် ခရစ်ယာန် ဘာသာဝင် တစ်ဦးနှင့် လက်ထပ်ပြီးနောက် ဘာသာကူးပြောင်း ကိုးကွယ်သဖြင့် အဖမ်းခံရပြီး ဆူဒန်တရားရုံးတစ်ခုက သူမကို သေဒဏ်ချမှတ်ခဲ့သည်။ အီရှက်သည် အဖမ်းခံရချိန်တွင် ဒုတိယကိုယ်ဝန်ကို လွယ်ထားပြီး မေလ(၂၇)ရက်နေ့က အကျဉ်းထောင်ထဲတွင် သမီးလေး တစ်ဦး ဖွားမြင်ခဲ့သည်။
Photo: ဘာသာကူးပြောင်းမှုကြောင့် သေဒဏ်ကျခံရပြီး လွတ်မြောက်လာသည့် ဆူဒန်အမျိုးသမီး ထပ်မံအဖမ်းခံရ
Thursday, June 26, 2014

အစ္စလာမ် ဘာသာမှ ခရစ်ယာန် ဘာသာသို့ ကူးပြောင်းကိုးကွယ်မှုအတွက် သေဒဏ်ချမှတ်ခံရပြီး ယင်းပြစ်ဒဏ်မှ လွတ်မြောက်လာသည့် ဆူဒန်အမျိုးသမီးသည် နောက်ထပ်ပြစ်မှု တစ်ခုဖြင့် အဖမ်းခံထားရကြောင်း သိရှိရသည်။

အသက်(၂၆)နှစ်ရှိ မာရီယမ် ယာယာအီဘရာဟင်အီရှက်သည် ခရစ်ယာန် ဘာသာဝင် တစ်ဦးနှင့် လက်ထပ်ပြီးနောက် ဘာသာကူးပြောင်း ကိုးကွယ်သဖြင့် အဖမ်းခံရပြီး ဆူဒန်တရားရုံးတစ်ခုက သူမကို သေဒဏ်ချမှတ်ခဲ့သည်။ အီရှက်သည် အဖမ်းခံရချိန်တွင် ဒုတိယကိုယ်ဝန်ကို လွယ်ထားပြီး မေလ(၂၇)ရက်နေ့က အကျဉ်းထောင်ထဲတွင် သမီးလေး တစ်ဦး ဖွားမြင်ခဲ့သည်။

နိုင်ငံတကာ ဖိအားပေးမှုများကြောင့် သူမသည် သေဒဏ်စီရင်ချက်မှ လွတ်မြောက်လာပြီး ဆူဒန်နိုင်ငံမှ ထွက်ခွာရန် ကြိုးစားနေစဉ် စာရွက်စာတမ်း အတုများ ကိုင်ဆောင်မှုဖြင့် ထပ်မံ အဖမ်းခံရခြင်း ဖြစ်သည်။ အီရှက်သည် တောင်ပိုင်းဆူဒန် နိုင်ငံသို့ ထွက်ခွာရန် ကြိုးစားစဉ် လေဆိပ်၌ အဖမ်းခံရခြင်း ဖြစ်သည်။

“ခါတွမ်လေဆိပ်မှာ သူ့ကို ပြန်ဖမ်းထားလိုက်တာပါ”ဟု အီရှက်၏ ရှေ့နေ မိုဟာနတ်ဒ် မူစတာဖာက AFPသို့ ပြောကြားခဲ့သည်။ အီရှက်တို့ မိသားစုကို ဆူဒန်ရဲများက တားဆီးခဲ့ပြီး သူမကို ထိန်းသိမ်းထားလိုက်ခြင်း ဖြစ်သည်။ မူစတာဖာက အီရှက်သည် စာရွက်စာတမ်း အတုများ ပြုလုပ်ကိုင်ဆောင်မှုအပြင် သတင်းအချက်အလက် အမှားအယွင်းများ ဖော်ပြမှုအတွက်ပါ စွဲချက်တင်ခံထားရကြောင်း ဆိုသည်။

အီရှက်၏ အမေရိကန်နိုင်ငံသား ခင်ပွန်းသည် ဒန်နီရယ်လ်ဝါနီက ၎င်းတို့ မိသားစုကို အမေရိကန် သံရုံးအရာရှိများက တာဝန်ယူ ခေါ်ဆောင်လာသည့်တိုင် အဖမ်းခံရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့က ဝါရှင်တန်ထိ သွားဖို့အတွက် ရည်ရွယ်ထားတာပါ”ဟုလည်း ဆိုသည်။ ထို့အပြင် အီရှက်၏ ခရီးသွားခွင့် စာရွက်စာတမ်းများတွင် မည်သည့် အမှားအယွင်းမျှ မရှိခဲ့ကြောင်းလည်း ဝါနီက အခိုင်အမာ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ စိုးရိမ်မိတယ်။ ဖြစ်နိုင်ရင် ဆူဒန်ကနေ အမြန်ဆုံး ထွက်သွားချင်ပါတယ်”

“ကျွန်တော်တို့ စိုးရိမ်မိတယ်။ ဖြစ်နိုင်ရင် ဆူဒန်ကနေ အမြန်ဆုံး ထွက်သွားချင်ပါတယ်”ဟုလည်း ၎င်းက ဖွင့်ဟခဲ့သည်။ ဆူဒန်တွင် ဘာသာရေး အစွန်းရောက်များက အီရှက်၏ အသက်ကို ရန်ရှာမည်ဟု ခြိမ်းခြောက်မှုများ ထွက်ပေါ်နေသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီဟက်ဖ်ကလည်း အီရှက်အတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး သူမတို့ မိသားစု အနေဖြင့် အမြန်ဆုံး ထွက်ခွာခွင့် ရရှိစေရန် တိုက်တွန်းခဲ့သည်။ “ဆူဒန်အစိုးရကတော့ သူတို့မိသားစုရဲ့ လုံခြုံရေးကို အာမခံထားပါတယ်”ဟု ဟက်ဖ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

ဆူဒန်မှ SUNA သတင်းဌာနက နိုင်ငံခြားရေး ဝန်ကြီးဌာနသည် စာရွက်စာတမ်း အတုများဖြင့် အီရှက် ခရီးသွားနိုင်အောင် စီစဉ်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနအား ပြစ်တင် ရှုတ်ချထားကြောင်း ဖော်ပြခဲ့သည်။ ပြန်ကြားရေး ဝန်ကြီးဖြစ်သူ အာမက်ဘီလယ်အော့စ်မန်က အီရှက်သည် ဆူဒန်နိုင်ငံသား ပတ်စ်ပို့တ်ကို ကိုင်ဆောင်ထားသင့်ကြောင်း ဝေဖန်ခဲ့သော်လည်း သူမ၏ ရှေ့နေက အီရှက်တွင် ဆူဒန်ပတ်စ်ပို့တ် မရှိကြောင်း ဆိုသည်။

“အဓိက ပြဿနာက အဲဒါပဲ။ ခရီးသွားလာဖို့ဆိုရင် သူက နိုင်ငံခြားသား စာရွက်စာတမ်းတွေကိုပဲ အသုံးပြုနေရတယ်။ အဲဒါကိုက တရားမဝင်သလို အဓိပ္ပါယ် သက်ရောက်သွားနိုင်တယ်”ဟု ရှေ့နေ မူစတာဖာက မှတ်ချက်ပြုခဲ့သည်။

မေလ(၁၅)ရက်နေ့က ဆူဒန်တရားရုံးတစ်ခုသည် အီရှက်အား အယူဝါဒ ဖောက်ပြန်မှုအတွက် သေဒဏ်စီရင်ချက် ချမှတ်ခဲ့ပြီးနောက် တစ်ကမ္ဘာလုံးမှ လူ့အခွင့်အရေး အဖွဲ့အစည်းများက ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ သူမသည် ဇွန်လ(၂၂)ရက်နေ့က အယူခံဖြင့် လွတ်မြောက်လာခဲ့ပြီး ခြိမ်းခြောက်ရန်လိုမှုများကြောင့် အမေရိကန် သံရုံးအကူအညီဖြင့် လေဆိပ်သို့ မသွားရောက်မီ အတောအတွင်း လုံခြုံသော နေရာတစ်ခုတွင် ပုန်းကွယ်နေခဲ့ရကြောင်း သိရှိရသည်။

_Ref: Aljazeera
7Day Daily

လူကုန်ကူးခံရသူ မြန်မာ ၆ ဦးကို ထိုင်းရဲတပ်ဖွဲ့ကယ်ဆယ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက နာနတ်သီးစက်ရုံမှာ လူကုန်ကူးခံထားရတဲ့ မြန်မာနိုင်ငံသား ၆ ယောက်ကို ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့နဲ့ မြန်မာအလုပ်သမားအရေး ကူညီသူတွေ ပူးပေါင်းပြီး ဒီကနေ့မနက်ပိုင်းက ကယ်တင်နိုင်ခဲ့သလို လူပွဲစား မြန်မာနိုင်ငံသား ဇနီးမောင်နှံကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။လူပွဲစားဇနီးမောင်နှံဟာ ဘန်ကောက်မြို့နဲ့ ကီလိုမီတာ ၁၂၀ ကျော်ဝေးတဲ့ ကန်ချနပူရီခရိုင် ထာ့မကာမြို့နယ် အတွင်းက VITA နာနတ်သီးစက်ရုံမှာ အလုပ်လုပ်ကိုင်ဖို့ဆိုပြီး မြန်မာနိုင်ငံသား ၁၃ ယောက်ကို ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ အလည်ဗီဇာနဲ့ မြန်မာနိုင်ငံကနေ ပြီးခဲ့တဲ့ တစ်လကျော်က ခေါ်လာခဲ့တယ်လို့ သိရပါတယ်။ထိုင်းနိုင်ငံမှာတစ်လကျော် နေထိုင်အလုပ်လုပ်ကိုင်ခဲ့ရပြီးနောက် ထိုင်းနိုင်ငံတွင်း အဖမ်းအဆီးတွေကြောင့် ထွက်ပြေးနေကြရတဲ့အတွက် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေကို တိုင်ကြားခဲ့ရာက ဒီကနေ့မနက်မှာ လွတ်မြောက်လာခဲ့တာဖြစ်တယ်လို့ လွတ်မြောက်လာသူ ပုဂံမြို့နယ်မှာနေထိုင်တဲ့ ကိုဌေးနိုင်က ပြောပါတယ်။

WeChat ကြောင့် တရုတ်နိုင်ငံတွင် SMS ပေးပို့မှု ကျဆင်း

Photo: WeChat ကြောင့် တရုတ်နိုင်ငံတွင် SMS ပေးပို့မှု ကျဆင်း
Thursday, June 26, 2014

နာမည်ကျော် messaging app ဖြစ်သည့် WeChat သည် SMS သုံးစွဲသူများအပေါ်တွင် ကြီးမားသည့် အကျိုးသက်ရောက်မှု ဖြစ်ပေါ်ခဲ့ပြီး ပျှမ်းမျှ SMS ပေးပို့မှုနှုန်းသည် လူတစ်ဦးလျှင် တစ်လ ၃၉.၈ စောင်သာရှိခဲ့ကာ တစ်ရက်လျှင် ၁.၃ စောင်သာရှိခဲ့ကြောင်း တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းနှင့် အချက်အလက် နည်းပညာ ဝန်ကြီးဌာန (MIIT) က ပြောကြားလိုက်သည်။
 
MIIT ၏ အဆိုအရ တရုတ်နိုင်ငံ၏ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ မေလအထိ SMS ပေးပို့မှုနှုန်းသည် ၃၁၄.၆၂ ဘီလီယံရှိခဲ့ပြီး ၎င်းသည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလမှ မေလ အထိ ပေးပို့မှုနှုန်းထက် ၁၈.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
ထို့အပြင် ဖုန်းအသစ်ကို လစဉ်ကြေးပေးသွင်းပြီး အသုံးပြုသူသည် ၂၇.၂၅ သန်းအထိ မြင့်တက်လာခဲ့ပြီး ဖုန်းကို လစဉ်ကြေးပေးသွင်းပြီး အသုံးပြုသူ စုစုပေါင်း ၁.၂၆ ဘီလီယံ ရှိလာကြောင်း MIIT မှ ဖော်ပြခဲ့သည်။
 
MMS ပေးပို့မှုနှုန်းသည်လည်း ပိုမိုကျဆင်းခဲ့ပြီး ဇန်နဝါရီလမှ မေလအထိ MMS ပေးပို့မှု ၂၆.၀၉ ဘီလီယံသာ ရှိခဲ့ကာ ၎င်းသည် ပြီးခဲ့သည့်နှစ်ထက် ၃၀.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။
 
တရုတ်နိုင်ငံတွင် မိုဘိုင်းအင်တာနက် အသုံးပြုသူ အရေအတွက်သည် တိုးပွားလာလျက်ရှိသော်လည်း WeChat, Line, Laiwang, Yixin စသည့် messaging app များကြောင့် SMS ပေးပို့မှု ကျဆင်းလာခြင်းဖြစ်ကြောင်း၊ လာမည့်နှစ်တွင်လည်း SMS ပေးပို့မှု အလေ့အထသည် ပျောက်ကွယ်လုနီးပါး ဖြစ်ပေါ်နိုင်ကြောင်း MIIT က တွက်ချက်ဖော်ပြခဲ့သည်။
 
ထို့အပြင် တရုတ်နိုင်ငံ၏ အင်တာနက် အသုံးပြုမှုနှုန်းသည် ပြီးခဲ့သည့်နှစ်အတိုင်း ၅၂ ရာခိုင်နှုန်း ရှိခဲ့ပြီး ၎င်းသည် ၂၀၁၁ ခုနှစ်ကထက် ၃ ဆ မြင့်တက်လာခဲ့ပြီး လက်ရှိတွင် တရုတ်နိုင်ငံ မိုဘိုင်းအင်တာနက် အသုံးပြုသူ ၇၀၁ သန်းရှိကြောင်း သိရသည်။
 
Ref: TechInAsia
Internet Journal
နာမည်ကျော် messaging app ဖြစ်သည့် WeChat သည် SMS သုံးစွဲသူများအပေါ်တွင် ကြီးမားသည့် အကျိုးသက်ရောက်မှု ဖြစ်ပေါ်ခဲ့ပြီး ပျှမ်းမျှ SMS ပေးပို့မှုနှုန်းသည် လူတစ်ဦးလျှင် တစ်လ ၃၉.၈ စောင်သာရှိခဲ့ကာ တစ်ရက်လျှင် ၁.၃ စောင်သာရှိခဲ့ကြောင်း တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းနှင့် အချက်အလက် နည်းပညာ ဝန်ကြီးဌာန (MIIT) က ပြောကြားလိုက်သည်။

နိဗ္ဗာန်ယာဉ်များကို မှတ်ပုံတင် လုပ်ပေးမည်

Photo: နိဗ္ဗာန်ယာဉ်များကို မှတ်ပုံတင် လုပ်ပေးမည်
Thursday, June 26, 2014

NarYayKuNyiMut-300x230 ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ အသုံးပြုနေတဲ့ လျှပ်စစ်မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ လျှပ်စစ်သုံးဘီးဆိုင်ကယ်နဲ့ နိဗ္ဗာန်ယာဉ်တွေကို ရထားပို့ဆောင်ရေး ၀န်ကြီးဌာနလက်အောက်ရှိ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ကနေ တရားဝင်လိုင်စင်တွေ ပြုလုပ်ပေးတော့မယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

ကညနက အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ပြီး အကောက်ခွန်၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာ့စီးပွားရေးဘဏ်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတ်မှတ် အခွန်အခ ကောက်ခံပြီး One Stop Service နဲ့ တရားဝင် မှတ်ပုံတင်ပေးမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက တရားဝင် မှတ်ပုံတင်ထားတာ မရှိလို့ဆိုပြီး နိဗ္ဗာန်ယာဉ်တွေကို အာဏာပိုင်တွေက သိမ်းဆည်းပြီး အသုံးပြုသူတွေကို တရားစွဲဆို ပြစ်ဒဏ်ချတာတွေ လုပ်ခဲ့ပါသေးတယ်။

ဦးကျော်သူ ဦးဆောင်တဲ့ ရန်ကုန်နာရေးကူညီမှုအသင်းကလည်း နိဗ္ဗာန်ယာဉ်တွေကို တရားဝင် မှတ်ပုံတင်ပေးဖို့ တောင်းဆိုတာတွေ ရှိခဲ့ပြီးနောက် ကညနရဲ့ ခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီဗွီဘီ
NarYayKuNyiMut-300x230 ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ အသုံးပြုနေတဲ့ လျှပ်စစ် မော်တော် ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ လျှပ်စစ်သုံးဘီးဆိုင်ကယ်နဲ့ နိဗ္ဗာန်ယာဉ်တွေကို ရထားပို့ဆောင်ရေး ၀န်ကြီးဌာနလက်အောက်ရှိ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ကနေ တရားဝင် လိုင်စင်တွေ ပြုလုပ်ပေးတော့မယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ကစားသမားများတွင် စပွန်ဆာကြေးအများဆုံးရသည့် ကစားသမားအဖြစ် စီရော်နယ်ဒို ဦးဆောင်

Photo: ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ကစားသမားများတွင် စပွန်ဆာကြေးအများဆုံးရသည့် ကစားသမားအဖြစ် စီရော်နယ်ဒို ဦးဆောင်
Thursday, June 26, 2014

ပေါ်တူဂီတိုက်စစ်ကစားသမား စီရော်နယ်ဒိုသည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမားများတွင် စပွန်ဆာကြေးအများဆုံး ရရှိသော ကစားသမားအဖြစ် ဦးဆောင်လျက်ရှိသည်။ စီရော်နယ်ဒို၏နောက်တွင် အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီက ရပ်တည်နေပြီး ၎င်းတို့၏နောက်တွင် နေမာ၊ မူလာ၊ အိုဇေးလ်နှင့် ရွန်နီတို့က အစဉ်လိုက်ရပ်တည်လျက်ရှိသည်။

နိုက်ကုမ္ပဏီမှ စပွန်ဆာပေးထားသည့် စီရော်နယ်ဒိုသည် တစ်နှစ်လျှင် ပေါင် ၁၄.၁ သန်းရရှိပြီး ထိပ်ဆုံးတွင် ရပ်တည်နိုင်ခြင်း ဖြစ်သည်။ စီရော်နယ်ဒို၏အဓိကပြိုင်ဘက် မက်ဆီမှာ adidas ကုမ္ပဏီမှ စပွန်ဆာပေးထားခြင်းဖြစ်ပြီး တစ်နှစ်လျှင် ပေါင် ၁၃.၆ သန်းရရှိနေသည်။
ဂျာမန်လူမျိုး ဒေါက်တာပီတာရိုမန်၏ သုတေသနပြုချက်အရ ဘရာဇီးတိုက်စစ်မှူးနေမာမှာ နိုက်ကုမ္ပဏီ၏စပွန်ဆာ ရရှိထားသူဖြစ်ပြီး တစ်နှစ်လျှင် ပေါင် ၉.၅ သန်းဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။
အင်္ဂလန်အသင်းမှာ ပြိုင်ပွဲမှ စောစောစီးစီး ထွက်ခွာခဲ့ရသော်လည်း စပွန်ဆာ အများဆုံး ရရှိသော ကစားသမားစာရင်းတွင် ရွန်နီ၊ ဂျရတ်နှင့် လမ်းပတ်တို့ သုံးဦးအထိ ပါဝင်ခဲ့သည်။

ချီလီနီကို ကိုက်ခဲ့သည့် ဆွာရက်ဇ်သည်လည်း ထိုစာရင်းတွင် ပါဝင်ခဲ့သည်။ adidas ကုမ္ပဏီမှ စပွန်ဆာပေးထားသည့် ဆွာရက်ဇ်သည် တစ်နှစ်လျှင် ပေါင် ၃ သန်းဖြင့် အဆင့် ၁၀ နေရာတွင် ရပ်တည်နေသည်။
ထိပ်ဆုံးကစားသမား ၁၀ ဦးစာရင်းတွင် နိုက်ကုမ္ပဏီမှ စပွန်ဆာပေးထားသော ကစားသမား သုံးဦး၊ adidas ကုမ္ပဏီမှ စပွန်ဆာပေးထားသော ကစားသမား ခြောက်ဦးနှင့် ပူးမား ကုမ္ပဏီမှ စပွန်ဆာပေးထားသော ကစားသမား တစ်ဦး ပါဝင်ခဲ့သည်။

Mizzima Sport News
ပေါ်တူဂီတိုက်စစ်ကစားသမား စီရော်နယ်ဒိုသည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမားများတွင် စပွန်ဆာကြေး အများဆုံး ရရှိသော ကစားသမားအဖြစ် ဦးဆောင်လျက်ရှိသည်။ စီရော်နယ်ဒို၏နောက်တွင် အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီက ရပ်တည်နေပြီး ၎င်းတို့၏နောက်တွင် နေမာ၊ မူလာ၊ အိုဇေးလ်နှင့် ရွန်နီတို့က အစဉ်လိုက်ရပ်တည်လျက်ရှိသည်။

ဘဂ္ဂဒက်မြို့ အနီးရှိ ISIL ဆွန်နီ သူပုန် များအား အီရတ် လုံခြုံရေး တပ်ဖွဲ့ များက ပြန်လည် တိုက်ခိုက် ချေမှုန်းခဲ့

Photo: ဘဂ္ဂဒက်မြို့ အနီးရှိ ISIL ဆွန်နီ သူပုန် များအား အီရတ် လုံခြုံရေး တပ်ဖွဲ့ များက ပြန်လည် တိုက်ခိုက် ချေမှုန်းခဲ့
Thursday, June 26, 2014

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ အနောက်ဘက်ခြမ်း၌(ISIL) အဖွဲ့မှ စစ်သွေးကြွများနှင့် အီရတ်လုံခြုံရေး တပ်ဖွဲ့ များအကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိပြီး
လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့် Ibrahinm bin Ali ကျေးရွာအား ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်းနှင့် စစ်သွေးကြွ အမြောက်အမြားကို ချေမှုန်းနိုင်ခဲ့ပြီး ၎င်းတို့၏ ယာဉ်များကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဆွန်နီသူပုန်များက ရှီးယိုက် ဦးဆောင်သည့် အစိုးရ တပ်ဖွဲ့များအား တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ပြီး အီရတ်နိုင်ငံ မြောက်ပိုင်းရှိ အဓိက ကျသောမြို့များအား သိမ်းပိုက်နိုင်ခဲ့သည်။

အီရတ်နိုင်ငံ အနောက်ပိုင်း Anbar ပြည်နယ်တွင် အမျိုးအမည်မသိ လေယာဉ်ဖြင့် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့မှုကြောင့် ၆၉ ဦး သေဆုံးခဲ့ပြီး ၁၄၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ပထမအကြိမ် တိုက်ခိုက်မှုတွင် Rutba မြို့အတွင်းရှိ ဆီသိုလှောင်ရုံ တစ်ခုအား ထိမှန်ခဲ့ပြီး ဒုတိယအကြိမ် တိုက်ခိုက်မှုတွင် al-Qaim ရှိ အထပ်မြင့် လူနေအဆောက်အဦ တစ်ခုကို ထိမှန်ခဲ့ကြောင်းနှင့် ယခုအချိန်တွင် အဆိုပါ နှစ်မြို့ စလုံးမှာ ဆွန်နီသူပုန်များ၏ ထိန်းချုပ်မှုအောက် တွင် ရောက်ရှိနေကြောင်း သိရှိရသည်။

အီရတ် အစိုးရတပ်များ၏ ပြောကြားချက်အရ ဘဂ္ဂဒက်မြို့ မြောက်ဘက် ကီလိုမီတာ၂ဝဝ အကွာတွင် တည်ရှိသော Baiji မြို့ရှိနိုင်ငံ၏ အကြီးဆုံး ရေနံချက်စက်ရုံအား အပြည့်အဝပြန်လည် ထိန်းချုပ်ထားပြီး ဖြစ်သည်။ အဆိုပါ စက်ရုံမှာ လွန်ခဲ့သည့် ရက်သတ္တပတ်မှစ၍ အစိုးရတပ်များနှင့် သူပုန်တပ်ဖွဲ့များ အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သဖြင့် လောင်စာဆီ ထုတ်လုပ်မှု ရပ်ဆိုင်း ထားရကြောင်း သိရသည်။

မြ၀တီ
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ အနောက်ဘက်ခြမ်း၌(ISIL) အဖွဲ့မှ စစ်သွေးကြွများနှင့် အီရတ်လုံခြုံရေး တပ်ဖွဲ့ များအကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့် Ibrahinm bin Ali ကျေးရွာအား ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်းနှင့် စစ်သွေးကြွ အမြောက်အမြားကို ချေမှုန်းနိုင်ခဲ့ပြီး ၎င်းတို့၏ ယာဉ်များကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဆွန်နီသူပုန်များက ရှီးယိုက် ဦးဆောင်သည့် အစိုးရ တပ်ဖွဲ့များအား တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ပြီး အီရတ်နိုင်ငံ မြောက်ပိုင်းရှိ အဓိက ကျသောမြို့များအား သိမ်းပိုက်နိုင်ခဲ့သည်။

ရန်ကင်းခေါင်းဖြတ် လူသတ်မှု တရားခံဘက်မှ ပြန်ခေါ်သက်သေ စစ်ပြီး အမိန့်ချမည်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် (၁၂) ရပ်ကွက် အတွင်း ဖြစ်ပွားခဲ့သော ခေါင်းဖြတ်လူသတ်မှု အတွက် တရားခံဘက်မှ ပြန်ခေါ် သက်သေတစ်ဦးကို လာမည့် ဇွန်လ (၃၀) ရက်တွင် နောက်ဆုံးအဆင့် စစ်ဆေး၍ အမိန့်ချမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် တရားရုံး မှ သိရသည်။

ဗိုလ်ကြီးအဆင့်စစ်ဝတ်စုံဝတ်ဆင်ပြီး ပြည်သူ့ဝန်ထမ်းအယောင်ဆောင်သူကို အရေးယူ

နေပြည်တော် ဇေယျာသီရိမြို့ နယ် ကျောက်ချပ်ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးတွင် ယခုလ ၂၃ ရက် ညနေ ၃ နာရီက စစ်ဝတ်စုံဝတ် ဆင်ထားသည့်မသင်္ကာသူ တစ်ဦးကို ခေါ်ဆောင်ထားကြောင်း သတင်း အရ ရေဆင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများ နှင့်အတူသွားရောက်စစ်ဆေးခဲ့သည်။

ခန္ဓာကိုယ်၂ ခုပါတဲ့မြန်မာကလေးငယ် ထိုင်းဆေးရုံမှာ ခွဲစိပ်မှုအောင်မြင်

Photo: ခန္ဓာကိုယ်၂ ခုပါတဲ့မြန်မာကလေးငယ် ထိုင်းဆေးရုံမှာ ခွဲစိပ်မှုအောင်မြင်
Thursday, June 26, 2014

မွေးဖွားလာစဉ် ကတည်းက ဦးခေါင်းတလုံး၊ ခန္ဓာကိုယ် နှစ်ခု ပါရှိလာတဲ့ မြန်မာနိုင်ငံသား ၆ လသားအရွယ် မိန်းကလေး ငယ် တဦးကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က Maharaj Nakorn Chiang Mai Hospital မှာ ဇွန်လ ၂၄ ရက်နေ့က ခွဲစိတ်ခဲ့ရာ အောင်မြင်တယ်လို့သိရပါတယ်။ ကလေးငယ်ရဲ့ပင်မခန္ဓာကိုရဲ့ ညာဘက်ရင်အုံကနေ နောက်ထပ် ခြေလက် အစုံပါတဲ့ ခန္ဓာကိုယ် တခု ကိုဖြတ်ထုတ် ခွဲစိတ်လိုက်တာ ဖြစ်ပြီး လောလောဆယ် မှာတော့ Maharaj Nakorn ဆေးရုံကြီးရဲ့ အရေးပေါ် လူနာတွေထားတဲ့ Intensive Care Unit-ICU အခန်းထဲမှာပဲ ရှိတယ်လို့ ကလေးငယ် ဆေးကု သနိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ရှမ်း အမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင် ရွက်ရေး အသင်း (SWAN) အဖွဲ့ကပြောပါတယ်။

SWAN အဖွဲ့ရဲ့ တာဝန်ခံ နန်းဆိုင်မွန်း က "မနေ့က မနက် ၈ နာရီလောက်ကနေ နေ့လည် တနာရီလောက် ထိ ခွဲစိတ်တယ်။ ဆရာဝန်တွေကတော့ ခွဲစိပ်မှု အောင်မြင် တယ်လို့ ပြောပါတယ်။ လောလော ဆယ် တော့ ကလေးကို ICU ထဲမှာ ၂ ရက် လောက်ထားရမယ်ပြောတယ်။ မနေ့ညနေကတော့ သူ့မိဘတွေနဲ့ပေးတွေ့ တယ်" လို့ ဧရာဝတီကို ပြောပါတယ်။

ခန္ဓာကိုယ်နှစ်ခုဖြစ်နေတာကို ခွဲစိပ်တာအောင်မြင်ပေမယ့် ကလေးရဲ့ နှလုံးဟာ ပုံမှန် မဟုတ်ဘဲ ညာဘက်မှာရှိနေတာနဲ့ နှလုံး အမှေးပါး ပေါက်နေ တာတွေကိုတော့ ဆက်လက်ကုသရဦးမှာဖြစ်တယ်လို့ ဆရာဝန်တွေကပြောကြောင်း နန်းဆိုင်မွန်း က ပြောဆိုပါတယ်။

"ကလေးက အခုတော့ တခြားလူတွေလိုပဲ ခန္ဓာကိုယ်က တခုတည်းဖြစ် သွားပြီပေါ့။ မနေ့က ကလေး သတိရလာတော့ သူ့မိဘ တွေနဲ့ ပေးတွေ့တယ်။ ICU ထဲမှာပဲရှိသေးတယ်ဆိုတော့ နို့လည်း စို့လို့ မရသေးဘူးလေ" လို့ နန်းဆိုင်မွန်းက ပြောပါတယ်။

ကလေးငယ်ရဲ့ ဆေးကုသမှု ကုန်ကျစရိတ်တွေကိုတော့ Maharaj Nakorn ဆေးရုံ ကြီးက တာဝန်ယူပေး သွားမှာဖြစ်ပြီး ဆေးကုသမှုတွေ အားလုံး ပြီးသွားရင်တော့ ခွဲစိတ်ဆရာဝန်တွေအနေနဲ့ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပေး သွားမယ်လို့ ဆိုပါတယ်။

ခွဲစိတ်ကုသမှုခံယူခဲ့တဲ့ ကလေးငယ်ဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှဖြစ်ပြီး မိဘတွေက သာမန် လယ်သမားတွေဖြစ်လို့ ခန္ဓာကိုယ် နှစ်ခုဖြစ်နေတဲ့ သမီးဖြစ်သူကို ဆေးကုသ ပေး လိုပေမယ့် ငွေကြေးမတတ်နိုင်တဲ့ အတွက် SWAN အမျိုးသမီးအဖွဲ့ ကိုဆက်သွယ်ပြီး အကူ အညီတောင်း ခဲ့တာလို့ဆိုပါတယ်။

SWAN အဖွဲ့က လည်း ကလေးငယ်ရဲ့ မှတ်တမ်းဓာတ်ပုံတွေကို ယူပြီး ချင်းမိုင် မြို့ကဆေးရုံကြီး တွေကို ဆက်သွယ်ခဲ့ရာမှာ Maharaj Nakorn Chiang Mai Hospital က ကလေးရဲ့ ဆေးကုသစရိတ်တွေကို တာဝန်ယူပြီး ကုသပေးဖို့ သဘောတူညီမှု တွေရရှိ ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Maharaj Nakorn ဆေးရုံက ဆရာဝန်တွေကလည်း ကလေးရဲ့ ခန္ဓာကိုယ်ပွားကို အသက်အရွယ်ကြီး ရင့် မှ ဖြတ်တောက် မယ်ဆိုရင် ခွဲစိတ်ဖို့အတွက် အန္တရာယ်များသလို စားတဲ့ အဟာရတွေကလည်း ခန္ဓာကိုယ်
နှစ်ခုကို မျှထုတ်ပေးနေရတဲ့ အတွက် ကလေးရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင် တယ် လို့ အကြံပြု တယ်လို့ဆိုပါတယ်။

ဆေးကုသဖို့ အခက်အခဲဖြစ်နေတဲ့ ကလေးငယ်ကို ခွဲစိတ်နိုင်ဖို့ အတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ရှမ်း အမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN) အဖွဲ့ဟာ ထိုင်းနိုင်ငံမှာ အခြေ စိုက်ပြီး ရှမ်းပြည်နယ်၊ လူအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနဲ့ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး၊ ထိုင်း
နိုင်ငံကိုရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ရှမ်း ဒုက္ခသည် တွေရဲ့ ပညာရေး၊ ကျန်းမာရေးတို့အတွက်လည်း ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဖြစ်တဲ့ တိုက်ပွဲတွေမှာ အစိုးရစစ်တပ်က ရှမ်းနဲ့ အခြားတိုင်းရင်းသူ အမျိုးသမီးငယ်တွေကို စစ်လက်နက်သဖွယ် အသုံးချပြီး အဓမ္မပြုကျင့်မှုတွေကို ကွင်းဆင်း စစ်တမ်းကောက်ယူပြီး ၂၀၀၂ ခုနှစ်ထဲမှာ “မုဒိန်း ကျင့်ခွင့် လိုင်စင်” လို့ အမည်ရတဲ့ အစီရင်ခံစာ တစောင်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ အစီရင်ခံစာ ထွက်ရှိပြီး နောက် မြန်မာနိုင်ငံ စစ်ပွဲတွေကြားက တိုင်းရင်းသူတွေရဲ့ အရေးကို နိုင်ငံ တကာက ပိုပြီး အာရုံစိုက်မှုတွေရှိ လာတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

ဧရာဝတီ

ထိုင်းဆေးရုံမှာ ခွဲစိတ်မှုခံယူနေတဲ့ ကလေးငယ် (ဓာတ်ပုံ – SWAN)
ထိုင်းဆေးရုံမှာ ခွဲစိတ်မှုခံယူနေတဲ့ ကလေးငယ်
မွေးဖွားလာစဉ် ကတည်းက ဦးခေါင်းတလုံး၊ ခန္ဓာကိုယ် နှစ်ခု ပါရှိလာတဲ့ မြန်မာနိုင်ငံသား ၆ လသားအရွယ် မိန်းကလေး ငယ် တဦးကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က Maharaj Nakorn Chiang Mai Hospital မှာ ဇွန်လ ၂၄ ရက်နေ့က ခွဲစိတ်ခဲ့ရာ အောင်မြင်တယ်လို့သိရပါတယ်။ ကလေးငယ်ရဲ့ပင်မခန္ဓာကိုရဲ့ ညာဘက်ရင်အုံကနေ နောက်ထပ် ခြေလက် အစုံပါတဲ့ ခန္ဓာကိုယ် တခု ကိုဖြတ်ထုတ် ခွဲစိတ်လိုက်တာ ဖြစ်ပြီး လောလောဆယ် မှာတော့ Maharaj Nakorn ဆေးရုံကြီးရဲ့ အရေးပေါ် လူနာတွေထားတဲ့ Intensive Care Unit-ICU အခန်းထဲမှာပဲ ရှိတယ်လို့ ကလေးငယ် ဆေးကု သနိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ရှမ်း အမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင် ရွက်ရေး အသင်း (SWAN) အဖွဲ့ကပြောပါတယ်။

ဟိန္ဒားသတ္တုတွင်းစီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံများက တရားစွဲဆိုထားသော် လည်း သက်ဆိုင်ရာဌာနနှင့် ကုမ္ပဏီ၏ ရုံးချိန်း ပျက်ကွက်မှု ကြောင့် ယခုအချိန် အထိ ထူးခြားမှုမရှိသေးဟုဆို

ရန်ကုန်၊ ဇွန် ၂၅- ဟိန္ဒားခဲမဖြူတူး ဖော်ရေးသတ္တုတွင်းစီမံကိန်းနှင့်ပတ် သက်ပြီး တနင်္သာရီတိုင်းဒေသကြီး မြောင်ပြိုကျေးရွာဒေ သခံများ က တ ရားစွဲဆိုထား သော် လည်း သက်ဆိုင် ရာဌာနနှင့် ကုမ္ပဏီတို့ ရုံးချိန်းပျက် ကွက်မှုကြောင့် ယခုအချိန်အထိ ထူး ခြားမှုမရှိသေးကြောင်း အဆိုပါဒေသခံ တချို့ထံမှ သိရသည်။

ယာဉ်တိုက်ခံရသူကို ကူညီသူအား တရားစွဲရန် ပြင်ဆင်နေ၍ အကူအညီတောင်းခံ

မန္တလေးမြို့တွင် ၇၃လမ်း၊ ၃၀လမ်း နှင့်၃၁လမ်းကြားတွင် ဇွန် ၁၇ရက်၊ ည ၁၀ နာရီခန့်က ဖြစ်ပွားသော ယာဉ် တိုက်မှုတွင် အတိုက်ခံရသူကို ကူညီဆောင်ရွက်ပေးသူအား တာဝန်ဝတ္တရား နှောင့်ယှက်မှုဖြင့် တရားစွဲဆို ထားသည်ကို ရင်ဆိုင်ဖြေရှင်းရန်၊ အထက်မြန်မာပြည်ရှေ့နေများ ကွန်ရက်သို့ အကူအညီတောင်းခံ သွားမည်ဟု မိသားစုဝင်များက ဇွန် ၂၅ ရက်တွင် မဇ္ဈိမကို ပြောသည်။

ထောင်မှပြန်လွတ်လာသည့် ဗိုလ်ကြီးဟောင်းနေမျိုးဇင် အစိုးရနှင့် အတိုက်အခံမလုပ်တော့ဟုဆို

 ထောင်မှပြန်လည်လွတ်မြောက် လာပြီးနောက် ယခင်ကဲ့သို့ အစိုးရနှင့် အတိုက်အခံပြုလုပ်ခဲ့ရာမှ ယခုအခါ တွင် အစိုးရဘက်မှ ပြုပြင်ပြောင်းလဲ ရန်လိုလားသူများနှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဟု ဗိုလ်ကြီးဟောင်း နေ မျိုးဇင်က ပြောသည်။''ထောင်ထဲမှာကတည်းက စဉ်းစားခဲ့တာပါ။

နိုင်ငံ့ဝန်ထမ်းအမျိုးသမီးများ မီးဖွားပါက နိုင်ငံ့ဝန်ထမ်းအမျိုးသားများလည်း လစာပြည့်ခွင့် လတစ်ဝက်ရရှိမည်

ရန်ကုန်၊ ဇွန် ၂၅-နိုင်ငံဝန်ထမ်းအမျိုးသမီးများအနေဖြင့် မီးဖွားပါက လစာပြည့် ခံစား ခွင့်ကို ခြောက်လကို ရရှိမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း အမျိုး သားများ အနေဖြင့်လည်း လစာပြည့် ခံစားခွင့်ဖြင့် ရက်သတ္တနှစ်ပတ်ထိ ခံစားခွင့်ရ ရှိမည်ဖြစ်ကြောင်း နိုင်ငံ ဝန်ထမ်းဥပဒေ တွင် ပြဋ္ဌာန်း ထား ကြောင်း ပြည်ထောင် စု ရာထူးဝန် အဖွဲ့၏ နိုင်ငံ့ဝန်ထမ်း ဥပဒေများ ဖော်ပြ ချက်အရ သိရသည်။ပြည်ထောင်စုရာ ထူးဝန်အဖွဲ့ က(၂၆-၃-၂၀၁၄)ရက်စွဲဖြင့် အမိန့် ကြေညာ စာအမှတ်၁၂/ ၂၀၁၄၊ နိုင်ငံ့ ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများကို ထုတ်ပြန်ခဲ့ရာ ယခုကဲ့သို့အမျိုးသမီး မီးဖွားခွင့်များအပြင် အမျိုးသား ပြုစု စောင့်ရှောက် ခွင့်အတွက်အခွင့်အရေး များကိုပါ အဆိုပါ ဥပဒေများတွင် ထည့်သွင်းရေးဆွဲ ခဲ့ခြင်းဖြစ်သည်။ယခုအသစ် ထုတ်ပြန်လိုက်သည့် နိုင်ငံ့ဝန်ထမ်းဥပဒေများအရ အမျိုး သမီးဝန်ထမ်းများက မီးဖွားခွင့်ကို လစာပြည့် ခံစားခွင့်ဖြင့် ခြောက်လရရှိ မည် ဖြစ်ကြောင်းသိရသည်။ယင်းအပြင် ကိုယ်ဝန်ဆောင် ချိန် တွင် အမျိုးသမီးဝန်ထမ်းအများ အနေ ဖြင့် ဆေး လက်မှတ်များဖြင့်ခြောက် ပတ်ထက်မပိုသော ခွင့်များကို ခံစား ခွင့်ပြုရမည် ဟု ဖော်ပြထားပြီး အမွှာ ပူး(သို့) ယင်းထက်ပိုပြီးမွေးဖွားပါက သာမန်မီးဖွား ခွင့်ကုန်ဆုံးရက်၏ နောက် ရက်မှစပြီး ကလေးများပြုစုေ စာင့် ရှောက်နိုင်ရန် ရက်သတ္တခြောက် ပတ်တိုးပြီး မီးဖွားခွင့်အဖြစ် ခွင့်ပြုရ မည်ဟု သိရသည်။