Sunday, 15 June 2014

ဖားကန့်ဒေသတွင်း အခြေအနေ ဖြေရှင်းပြီး ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ပြော

Photo: ဖားကန့်ဒေသတွင်း အခြေအနေ ဖြေရှင်းပြီး ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ပြော
Sunday, June 15, 2014

ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ကျောက်စိမ်း လုပ်ငန်း များနှင့် ရေမဆေး ကျောက် ရှာဖွေသူများကို ဇွန်လ ၁၂ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားရန် ဖားကန့်ဒေသ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကြီးကြပ်မှုကော်မတီက ကြေညာချက် ထုတ်ကာ အရေးယူမှုများ လုပ်ဆောင်ခဲ့သည့် အဖြစ်အပျက်များကို ဖြေရှင်းပြီး ဖြစ်ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ပြောကြားသည်။

ဖားကန့်ဒေသတွင် ယခုရက်ပိုင်းအတွင်း ဒေသတွင်း အမိန့်ကြေညာချက် ထုတ်ကာ အရေးယူမှုများနှင့် လက်ရှိ ဒေသတွင်း အခြေအနေများကို မေးမြန်းစဉ် ဝန်ကြီးချုပ်က ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဖားကန့်ဒေသတွင် ဖြစ်ပွားသွားခဲ့သော ယင်းဖြစ်စဉ်များမှာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ပြည်ပခရီးစဉ်တစ်ခု သွားရောက်နေချိန်၌ ဖြစ်ပွားခဲ့သော ကိစ္စရပ်များဖြစ်ပြီး ဝန်ကြီးချုပ် ပြည်ပခရီးစဉ်မှ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် အကောင်းဆုံး အနေအထား ဖြစ်စေရန် ညှိနှိုင်းထားပြီး ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဖြေကြားခဲ့သော်လည်း မည်ကဲ့သို့ ဆောင်ရွက်ထားသည် ဆိုခြင်းကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

“ဒီလိုကြုံနေရတဲ့ ပြည်သူတွေကို ပစ်မထားပါဘူး။ အားလုံး စနစ်တကျနဲ့ ဥပဒေအတိုင်း ဖြစ်ဖို့၊ သူတို့လည်း အဆင်ပြေစေဖို့ ဆောင်ရွက်ပေးမယ့် အစီအစဉ်တွေ ရှိပါတယ်။ ချက်ချင်းကြီးတော့ လုပ်လို့ မရဘူး။ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေကို စဉ်းစားရမှာပါ” ဟု ဝန်ကြီးချုပ်က မှတ်ချက်ပြုသည်။

ဖားကန့်ဒေသတွင် ဒေသတွင်း အာဏာပိုင် အဖွဲ့အစည်း များက ကျောက်စိမ်းလုပ်ငန်းရှင်များနှင့် ရေမဆေး ကျောက်ရှာဖွေသူများကို ဖယ်ရှားပေးရန် ဇွန်လ ၉ ရက်နှင့် ၁၀ ရက်နေ့တို့မှ စတင်၍ သတိပေးကြေညာ ဆိုင်းဘုတ်များ စိုက်ထူကာ အရေးယူမှုများ ပြုလုပ်ခဲ့ပြီး ရေမဆေး ကျောက်ရှာဖွေသူ အချို့လည်း ဖမ်းဆီးခံခဲ့ရကြောင်း ဖားကန့်ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဝန်ကြီးချုပ်၏ ပြောကြားချက်များနှင့် ဖားကန့်ဒေသတွင်း အခြေအနေ များကို နှိုင်းယှဉ် သိရှိနိုင်ရန်အတွက် The Voice က ဖားကန့်ဒေသရှိ သတင်းရင်းမြစ်များထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ရေမဆေး ကျောက် သမားများ နေထိုင်ရာ တဲများကို ဖျက်ဆီးလျက် ရှိပြီး ရေမဆေး ကျောက် ရှာဖွေသူများကိုလည်း လိုက်လံ ဖမ်းဆီးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

The Voice Weekly
ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ကျောက်စိမ်း လုပ်ငန်း များနှင့် ရေမဆေး ကျောက် ရှာဖွေသူများကို ဇွန်လ ၁၂ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားရန် ဖားကန့်ဒေသ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကြီးကြပ်မှုကော်မတီက ကြေညာချက် ထုတ်ကာ အရေးယူမှုများ လုပ်ဆောင်ခဲ့သည့် အဖြစ်အပျက် များကို ဖြေရှင်းပြီး ဖြစ်ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း က ပြောကြား သည်။

သတ်မှတ်ကာလအတွင်း ဖယ်မပေး၍ စော်ဘွားကြီးကုန်းရှိ ၀န်ကြီးဌာနပိုင် မြေနေရာမှ အဆောက်အအုံရှစ်ဆယ်ခန့် အင်အားသုံးဖယ်ရှားခံရ


Photo: သတ်မှတ်ကာလအတွင်း ဖယ်မပေး၍ စော်ဘွားကြီးကုန်းရှိ ၀န်ကြီးဌာနပိုင် မြေနေရာမှ အဆောက်အအုံရှစ်ဆယ်ခန့် အင်အားသုံးဖယ်ရှားခံရ
Sunday, June 15, 2014

 စော်ဘွားကြီးကုန်းရှိ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပိုင်မြေနေရာကို နှစ်ရှည်ငှားရမ်းကာ စီးပွားရေးလုပ်ကိုင်နေသော လူနေအိမ်၊ ကုမ္ပဏီနှင့် စားသောက်ဆိုင်ကြီးများ    အပါအ၀င်အ ဆောက်အအုံ ၈၀ ခန့်ကို ယင်း ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့တို့က အင်အားသုံးဖယ် ရှားခဲ့သည်။

ဇွန်လ ၁၄ ရက် နံနက် ၆ နာရီတွင် မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန် ကြီးဌာနက ခေါ်ယူထားသော တာဝန်လက်ပတ်ဖြင့်သူများနှင့် ရဲ  တပ်ဖွဲ့အင်အား ၅၀၀ ခန့် သည် လူနေအိမ်အဆောက်အအုံများ နှင့် စားသောက်ဆိုင်ကြီးများကို ၀င်ရောက်ဖယ်ရှားရာ နစ်နာဆုံး ရှုံးမှုများစွာ  ရှိခဲ့ကြောင်း ဖယ်ရှား ခံရသူများက ပြောသည်။

အင်းစိန်မြို့နယ် စော်ဘွား ကြီးကုန်းရှိ မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးဝန်ကြီးဌာနပိုင် မြေဧက ၁၂၀ ၀န်းကျင်    မြေနေရာများ ကို ယင်းဝန်ကြီးဌာနက ၁၉၉၅ ခုနှစ်မှစ၍ စီးပွားရေးလုပ်ငန်းရှင် များအား မြေနေရာငှားရမ်းခဲ့ သည်။ လက်ရှိအချိန်တွင် မြေနေ ရာပေါ်မူတည်၍ တစ်ဧကလျှင် တစ်လ ကျပ်ကိုးသိန်းထိ ငှားရမ်း လုပ်ကိုင်ရကြောင်း ထိုမြေနေရာ တွင် စီးပွားရေးလုပ်ကိုင်နေသူများ က ပြောသည်။

ထိုမြေနေရာတွင် ငှားရမ်း လုပ်ကိုင်သူ အများစုသည် အ ဆောက်အအုံများ ဆောက်လုပ် ပြီး ကုမ္ပဏီများ၊ စားသောက်ဆိုင် ကြီးများနှင့် မွေးမြူရေးလုပ်ငန်း များ လုပ်ကိုင်ကြသည်။ ထိုသို့ ငှားရမ်းနေသူများကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ၂၀၁၂ ခုနှစ် နိုဝင်ဘာမှစပြီး ဖယ်ရှား ပေးရန် အကြောင်းကြားစာများ ပေးပို့ခဲ့သည်။ ဖယ်ရှားပေးရန် အကြောင်းကြားစာ အနည်းဆုံးရှစ် ကြိမ်ထက်မနည်း ပေးပို့သော် လည်း  ဖယ်ရှားခြင်းမရှိ၍  အင်အားသုံးကာ ဖယ်ရှားခဲ့ခြင်းဖြစ် ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

‘‘ဖျက်ပေးပါ့မယ်။  ကိုယ့် ဟာကိုယ်လုပ်မယ်လို့ပြောတာ မရဘူး။ သူတို့က အတင်းဝင်ဖျက် တယ်။ ဒီမြေနေရာမှာ သူတို့က ငှားမယ်ဆိုလို့ ငှားနေတာပါ။ သူ တို့က ဖယ်ခိုင်းတော့ အတင်းဖယ်ခိုင်းတယ်။ ဒီမှာဆောက်ထားတာ က တန်ဖိုးက မနည်းဘူး’’ ဟု အဆိုပါ မြေနေရာတွင် ၂၀၀၂ ခုနှစ်မှစ၍ မြေငှားရမ်းကာ    Mermaid ဘီယာစားသောက်ဆိုင်နှင့် လက် ဖက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီး က ပြောသည်။

‘‘၀န်ကြီးဌာန အမိန့်နဲ့ လုပ် တာပါ။ သူတို့ကို ဒီနေရာကနေ ဖယ်ပေးဖို့ အကြိမ်ကြိမ်စာပို့ပေး ပြီးသားပါ။ သူတို့က ဖယ်မပေး တာပါ။ အဲဒါကြောင့် ၀င်ရောက် ဖယ်ရှားရတာပါ’’ ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူးဒေါက်တာမြင့်ဆွေက ပြော သည်။ လာရောက်ဖယ်ရှားသော အာဏာပိုင်များသည် နံနက် ၄ နာရီဝန်းကျင်ကတည်းက လာရောက်၍ နံနက် ၆ နာရီအချိန်တွင် အပြီးဖယ်ရှားပေးရန် ပြောဆိုခဲ့ ကြောင်း ထိုမြေနေရာတွင် ယာဉ် ရပ်နားစက်ပြင်ကားဝင်းတည် ဆောက်လုပ်ကိုင်နေသော မီနာမီ ကုမ္ပဏီမှ ကိုနေဇော်မြတ်က ပြော သည်။

စော်ဘွားကြီးကုန်းရှိ ၀န်ကြီးဌာနပိုင် မြေနေရာမှ အဆောက်အအုံများကို ဖယ်ရှားပြီးတွေ့ရစဉ် (ဓာတ်ပုံ−နစ်ကီ)
7Day Daily 
စော်ဘွားကြီးကုန်းရှိ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပိုင်မြေနေရာကို နှစ်ရှည်ငှားရမ်းကာ စီးပွားရေးလုပ်ကိုင်နေသော လူနေအိမ်၊ ကုမ္ပဏီနှင့် စားသောက်ဆိုင်ကြီးများ အပါအ၀င်အ ဆောက်အအုံ ၈၀ ခန့်ကို ယင်း ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့တို့က အင်အားသုံးဖယ် ရှားခဲ့သည်။

ဇွန်လ ၁၄ ရက် နံနက် ၆ နာရီတွင် မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန် ကြီးဌာနက ခေါ်ယူထားသော တာဝန်လက်ပတ်ဖြင့်သူများနှင့် ရဲ တပ်ဖွဲ့အင်အား ၅၀၀ ခန့် သည် လူနေအိမ်အဆောက်အအုံများ နှင့် စားသောက်ဆိုင်ကြီးများကို ၀င်ရောက်ဖယ်ရှားရာ နစ်နာဆုံး ရှုံးမှုများစွာ ရှိခဲ့ကြောင်း ဖယ်ရှား ခံရသူများက ပြောသည်။

မန်မာအနေဖြင့် ကမ္ဘာ့အကျင့်ပျက်ခြစားမှု အများဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေ ဆဲဖြစ်ပြီး ပြည်တွင်းရောက် အမေရိကန်ကုမ္ပဏီများ ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုပြည့်ဝစွာ ရင်းနှီးမြှုပ်နှံရန် လိုအပ်ဟု အမေရိကန်ရှိ မြန်မာ့ အရေး လှုပ်ရှားနေသည့် USCB ပြောကြား

မြန်မာအနေနှင့် ကမ္ဘာ့အကျင့်ပျက်ခြစားမှု အများဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေဆဲဖြစ်ကာ အမေရိကန်ကုမ္ပဏီများအနေဖြင့် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုပြည်စွာ ရင်နှီြးှုမပ်နှံရန်လိုအပ်ဟု အမေရိကန်နိုင်ငံမှ မြန်မာ့အရေး လှုပ်ရှားမှုများပြုလုပ်နေသည့် (US Campaign For Burma) USCB က တိုက်တွန်း ပြောကြားခဲ့သည်။

ဖမ်းဆီးခံရသော သံဃာတော်များသည် ခေတ္တလာရောက်တည်းခိုသော အာဂန္တုများသာဖြစ်ပြီး စစ်ဆေးမှုမရှိဘဲ လူဝတ်လဲ ဖမ်းဆီးခြင်းများသည် တရားတော်၊ ၀ိနည်းတော်၊ သံဃာတော်ဥပဒေများနှင့် ဆန့်ကျင်ကြောင်း ပီနန်ဆရာတော်ကြီး မိန့်ကြား

ဖမ်းဆီးခံရသော သံဃာတော်များသည် ခေတ္တလာရောက်တည်းခိုသော အာဂန္တုများသာဖြစ်ပြီး စစ်ဆေးမှု မရှိဘဲ လူဝတ်လဲဖမ်းဆီးခြင်းများသည် တရားတော်၊ ၀ိနည်းတော်၊ သံဃာတော်ဥပဒေများနှင့် ဆန့်ကျင်ကြောင်း ဇွန် ၁၄ ရက်တွင် The Daily Eleven သတင်းစာအား ပီနန်ဆရာတော်ကြီးက မိန့်ကြားခဲ့သည်။

PR စနစ် ကျင့်သုံးခြင်းမပြုရန် ဆန့်ကျင်နေသည့်ကြားမှ ဆောင်ရွက်လာပါက တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကိစ္စ ပျက်ပြယ်သွားနိုင်ဟု ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း ပြောရေးဆိုခွင့်ရှိသူ ပြောကြား

PR စနစ်အား ပြည်နယ်များတွင် ကျင့်သုံးခြင်းမပြုရန် ဆန့်ကျင်နေသည့် ကြားမှ ဆောင်ရွက်လာပါက လက်ရှိဖော်ဆောင်နေသည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကိစ္စ ပျက်ပြယ်သွားနိုင်ကြောင်း ညီနောင် တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်း(NBF) ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းစောသန်းမြင့် က ပြောကြားသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဆယ်စုနှစ်တစ်စုခန့် ပိတ်ထားသည့် ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံအား ပြည်တွင်း လုပ်ငန်းရှင် များသို့ ပြန်လည်လုပ်ကိုင်ခွင့်ပြုမည်

၂ဝဝ၅ ခုနှစ် မေလတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ပိတ်ထားခဲ့သည့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကုန်သွယ်မှုဗဟိုဌာနအား ပြည်တွင်း လုပ်ငန်းရှင် များသို့ နှစ်ရှည် ငှားရမ်းလုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဇွန် ၁၄ ရက် ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ဘင်္ဂလားဒေ့ရှ် သတင်းဌာန စွပ်စွဲမှုကို နယ်ခြားစောင့် တပ်ဖွဲ့ငြင်း

 
ဘင်္ဂလားဒေ့ရှ်သတင်းစာတစ်စောင်က ဇွန်လ ၁၂ ရက်တွင် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့က ဘင်္ဂလားဒေ့ရှ် သစ်ခုတ်သမားတစ်ဦးကို ပစ်သတ်ခဲ့သည်ဟု စွပ်စွဲရေးသားထားပြီး မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့က ထိုသတင်းကို ငြင်းဆို ထားသည်။ မြန်မာ−ဘင်္ဂလားဒေ့ရှ်နယ်စပ်စည်းရိုးတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးကို ဇွန်လ ၇ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ − ညွန့်ဝင်း/အီးပီအေ)
ဘင်္ဂလားဒေ့ရှ်သစ်ခုတ် သမားကို မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့က ဇွန်လ ၁၂ ရက်ကပစ် ခတ်ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် သတင်းဌာန The Daily Star ၏ စွပ်စွဲရေးသားချက်ကို မြန်မာဘက်ကငြင်းဆန်လိုက်သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မြို့ဖြစ်သည့် နတ်ကျောက်စာရီတွင် ဘင်္ဂလားဒေ့ရှ်  သစ်ခုတ် သမားသည် အဆိုပါရက် နေ့လယ်၁ နာရီခွဲခန့်တွင် မြန်မာနယ်ခြား စောင့်ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်ဟု ဘင်္ဂလား ဒေ့ရှ်မီဒီယာတွင်ရေးသားခဲ့သည်။

Saturday, 14 June 2014

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုတွေကို နီပေါပြည်သူတွေ ထောက်ခံကြောင်း ဝန်ကြီးချုပ်ပြောကြား

Photo: ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုတွေကို နီပေါပြည်သူတွေ ထောက်ခံကြောင်း ဝန်ကြီးချုပ်ပြောကြား
Saturday, June 14, 2014 

မြန်မာနိုင်ငံက ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို လေ့လာနေသလိုပဲ တချိန်ထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားနေမှုတွေကို နီပေါပြည်သူတွေက တသွေးတသားထဲ အားပေးထောက်ခံပါကြောင်း နီပေါဝန်ကြီးချုပ် Sushil Koirala က ဒီနေ့ ပြောကြားလိုက်ပါတယ်။

ခတ္တမန္ဒူ မြို့တော်မှာ ဒီနေ့ဖွင့်လှစ်တဲ့ “လူမှုရေးအခြေခံ ဒီမိုကရေစီရေး Relevance of Social Democracy နိုင်ငံတကာညီလာခံ” ဖွင့်ပွဲမှာ နီပေါဝန်ကြီးချုပ်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒီနေ့ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အထူးဧည့်သည်တော်အဖြစ် တက်ရောက်နေပြီး မိန့်ခွန်းပြောဖို့လည်း ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါနိုင်ငံဝန်ကြီးချုပ် Sushil Koirala နဲ့ ဝန်ကြီးချုပ်စံအိမ်မှာ မနေ့က တွေ့ဆုံစဉ် ဒီမိုကရေစီရေးနဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်တွေဟာ ဟန်ချက်ညီညီ ပူးတွဲလုပ်ဆောင်သင့်တယ်လို့မြင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီမိုကရေစီရေးနဲ့ပြောမယ်ဆိုရင် နီပေါဟာ မြန်မာနိုင်ငံထက်အများကြီး သာလွန် ကြောင်း၊ မြန်မာ နိုင်ငံဟာ နှစ် ၅၀ ကျော်ကြာ အာဏာရှင်စနစ်အောက် ကျရောက်ခဲ့ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ နီပေါနိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးကို ကိုးကားပြီး ဒီနေ့ ခတ္တမန္ဒူမြို့ထုတ် The Himalayan Times သတင်းစာကရေးပါတယ်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ ဒီမိုကရေစီအတွက် အစားထိုးပစ္စည်းမဟုတ်ကြောင်း၊ ဒီနှစ်ချက်ဟာ တစ်ခုကိုတစ်ခု အပံ့အပိုးတွေဖြစ်သလို ဆန့်ကျင်ဘက်လည်း မဟုတ်ကြောင်း၊ ဒါ့ကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီရေးဟာ ဟန်ချက်ညီညီ ပူးတွဲလုပ်ဆောင်သင့်တဲ့ ကိစ္စတွေဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တယ်လို့လည်း နီပေါဝန်ကြီးချုပ် နိုင်ငံခြားရေးရာ အကြံပေးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၄ ရက်ကြာ နီပေါခရီးစဉ်အတွင်း ဒီနေ့မှာ ဗုဒ္ဓဖွားတော်မူရာ လုမ္ဗိနီအင်းကြင်းတောကို သွားရောက်ဖူးမျှော်မယ်လို့ သိရပါတယ်။

RFA Burmese
မြန်မာနိုင်ငံက ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို လေ့လာနေသလိုပဲ တချိန်ထဲမှာလည်း ဒေါ်အောင် ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားနေမှုတွေကို နီပေါပြည်သူတွေက တသွေးတသားထဲ အားပေး ထောက်ခံပါကြောင်း နီပေါဝန်ကြီးချုပ် Sushil Koirala က ဒီနေ့ ပြောကြားလိုက်ပါတယ်။

ဆင်းကတ်တွေ သန်းနဲ့ချီမရောင်းခင် ဈေးကွက်ထဲကို ချယ်ရီမိုဘိုင်းလ်တွေ ဝင်လာပြီ

ဖိလစ်ပိုင်နိုင်ငံထုတ် ချယ်ရီမိုဘိုင်းလ်ဖုန်းတွေကိုရောင်းချဖို့ မြန်မာနိုင်ငံမှာ ပထမဆုံး အရောင်းပြခန်းရဲ့ ဝန်ဆောင်မှုဌာနကို ရန်ကုန် ပန်းဆိုးတန်းတာဝါမှာ ဇွန် ၁၄ရက်နေ့က ဖွင့်လှစ်လိုက်ပါပြီ။ တန်ဖိုးနည်းပြီး သုံးစွဲသူတွေနဲ့ အံကိုက်ဖြစ်မယ့် မြန်မာပြည်ဖုန်းလောကကို ချယ်ရီဘာ့ကြောင့် ဝင်လာတာလဲ။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်းအခမ်းအနားနှင့်အခြေခံပညာမူလတန်းကျောင်း နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတို့သို့ တက်ရောက်အားပေး

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ၂၀၁၃-၂၀၁၄ ပညာ သင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူး ရရှိအောင် သင်ကြားပေးသည့် ဆရာ၊ ဆရာမများအား စတုတ္ထအကြိမ် ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင် ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်အားပေးသည်။

ရန်ကုန်ရှိ မြို့နယ် ၃၀ တွင် ဇွန် ၁၅ ၌ ခုနစ်နာရီကြာ ဓာတ်အားပြတ်တောက်မည်

ရန်ကုန်- ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃၀ လူနေရပ်ကွက်အချို့နှင့် စက်မှုဇုန်အချို့၌ ဇွန်လ ၁၅ ရက်တွင် အချိန်ပိုင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်မည်ဟု ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အား ပေးရေး အဖွဲ့က ကြေညာထားသည်။

အင်္ဂလန်အတွက် ဝဲလ်ဘက် အချိန်မီ ပြန်လာမည် ဟုဆိုလိုက်ပြီး လူငယ်တွေကို ပွဲထုတ်ဖို့ လက်တွန့်နေမှာမဟုတ်ဘူး ဟု ဟော့ဆန်,ကဆို

အင်္ဂလန်နည်းပြ ရွိုင်းဟော့ဆန်က လာမယ့်စနေနေ့မှာ ကစားမယ့် အီတလီနဲ့ အဖွင့်ပွဲစဉ်အတွက် ဝဲလ်ဘက် ဟာ ကြံခိုင်မှုရှိနေပြီလို့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။ဝဲလ်ဘက်ဟာ ဒဏ်ရာပြသနာ တွေ နဲ့ ရုန်းကန်နေရတာေ ကြာင့် လေ့ကျင့်ခန်းဆင်းချိန်တွေမှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။ 

ထိုင်းစစ်အစိုးရ ညမထွက်ရအမိန့် ရုပ်သိမ်း

ထိုင်းစစ်အစိုးရက ညမထွက်ရအမိန့်ကို တနိုင်ငံလုံးမှာ ရုပ်သိမ်းလိုက်ပြီလို့ ဇွန်လ ၁၃ ရက်နေ့က ကြေညာ ပါတယ်။

ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ရေး ကချင်၊ မွန်နှင့် တနင်္သာရီမှာ ကျင်းပပြုလုပ်

Photo: ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ရေး ကချင်၊ မွန်နှင့် တနင်္သာရီမှာ ကျင်းပပြုလုပ်
Saturday, June 14, 2014

ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆွေးနွေးဟောပြောပွဲနဲ့ လက်မှတ်ထိုးလှုပ်ရှားမှု ရှင်းလင်းပွဲ အခမ်းအနားတွေကို ကချင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ တရက်ထဲ ကျင်းပပြု လုပ်ခဲ့ကြပါတယ်။

NLD and 88 constitution repair14062014 MLMအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း ပြုလုပ်နေကြတာဖြစ်ပြီး ဇွန်လ ၁၄ရက် မနက်ပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်မြို့က သံလွင်ဥယျာဉ်ရှိ နယူးစကိုင်း ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ အဖွဲ့ချုပ်ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်းနဲ့ ၈၈ အဖွဲ့က ကိုဌေးကြွယ်တို့က ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြပြီး လူထုပရိသတ် ၇၀၀ လောက် တက်ရောက်ခဲ့တယ်လို့ ၈၈ အဖွဲ့က ကိုဇော်မင်းက ပြောပါတယ်။

“မိုးတွေလည်း ရွာတယ်။ နောက် ခန်းမ အနေအထားကလည်း ပထမစီစဉ်ထားတဲ့ ခွင့်ပြုထားတဲ့ ဘုံကျောင်းကို ဘယ်သူကြောင့် ဘာကြောင့်ဆိုတာ မသိပဲနဲ့ ဘုံကျောင်းက ကျင်းပခွင့်ကို တောင်းတောင်းပန်ပန်နဲ့ ပြန်ရုပ်သိမ်းသွားတယ်။ ရုပ်သိမ်းတော့ ကျနော်တို့က ကမန်းကတန်း နယူးစကိုင်း ခန်းမမှာ ပြောင်းရွှေ့ကျင်းပရတယ်။ ခန်းမ လူပြည့်ပါတယ်။ လူ ၆၀၀၊ ၇၀၀ လောက် တက်ပါတယ်။”

အခမ်းအနားကို မွန်အမျိုးသားပါတီမှ ကိုယ်စားလှယ်များ၊ ကရင်အမျိုးသား ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြတယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာတော့ ဇွန်လ ၁၄ ရက် မနက်ပိုင်းမှာ လူထုဟောပြောပွဲပြုလုပ်ခဲ့ပြီး ပြည်နယ်အစိုးရက ခွင့်ပြုချက် ချမပေးတဲ့အတွက် မြစ်ကြီးနားမြို့က စားသောက်ခန်းမ တခုမှာပဲ လုပ်ခဲ့ရလို့ ကျေနပ်အားရမှု မရှိတဲ့အကြောင်း ပုဒ်မ ၄၃၆ ပြင်ရေး ဆွေးနွေးဟောပြောခဲ့တဲ့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက တဖက်သတ်ရေးဆွဲထားတဲ့ဟာပဲလေ။ ကျနော်ကိုယ်တိုင်က ၁၉၉၀ ခုနှစ်က လွှတ်တော်ကိုယ်စားလှယ်ဆိုတာကို ထည့်ပြောပြီး ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲထားတာဟာ ဒီမိုကရေစီ စံနှုန်းနဲ့ မညီညွှတ်ဘူး။ အန်အယ်ဒီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စကတည်းက ကန့်ကွက်ခဲ့တာ။ အခု ဒါကို အကောင်အထည်ဖော်တာ လွှတ်တော်ထဲကနေ အကောင်အထည်ဖော်မယ်။”

ဆွေးနွေးဟောပြောပွဲ အခမ်းအနားကို ဒေသခံပြည်သူ ၁၀၀၀ လောက် တက်ရောက်ခဲ့ ကြတယ်လို့လည်း ပြောပါတယ်။

ကချင်ပြည်နယ် ဗန်းမော်မြို့ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲကို ဇွန်လ ၁၅ ရက်မှာ ပြုလုပ်ဖို့ရှိပြီး အဲ့ဒီမှာလည်း ခွင့်ပြုမိန့် မကျဘူးလို့ သိရပါတယ်။

အလားတူ ပုဒ်မ ၄၃၆ ပြင်ရေး လူထုဟောပြောဆွေးနွေးပွဲနဲ့ လက်မှတ်ထိုးလှုပ်ရှားမှု ရှင်းလင်းပွဲ အခန်းအနားကို တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ ဇွန်လ ၁၄ ရက် ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး အဖွဲ့ချုပ်နာယက သူရဦးတင်ဦး၊ အဖွဲ့ချုပ်ပြန်ကြားရေးက ဦးထင်လင်းဦးနဲ့ ၈၈ ကိုထွန်းမြင့်အောင်တို့ ဆွေးနွေးဟောပြောခဲ့ကြပါတယ်။

အဖွဲ့ချုပ်နဲ့ ၈၈ တို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ရေး လူထုဟောပြောပွဲတွေကို မေလ ၁၇ ရက်မှာ စတင်ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီဗွီဘီ
ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆွေးနွေးဟောပြောပွဲနဲ့ လက်မှတ်ထိုးလှုပ်ရှားမှု ရှင်းလင်းပွဲ အခမ်း အနား တွေကို ကချင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ တရက်ထဲ ကျင်းပပြု လုပ်ခဲ့ကြပါတယ်။

ကလေးတွေကို အချိန်ပေးပါ

မိတ်ဆွေ သင်ဟာမိဘ တစ်ယောက် ဖြစ်တယ်ဆိုပါက သင့်ရဲ့သားသမီးကို လုံလောက်တဲ့အချိန်ပေးပါရဲ့လား။ သူတို့ပြောတဲ့ စကားကို အချိန်ပေးနားထောင် ပေးရဲ့လား။

ငါးသယံဇာတများလျော့နည်းလာခြင်းက လင်းပိုင်များ အသက်ရှင်ရေးအခက်တွေ့စေ

Photo: ငါးသယံဇာတများလျော့နည်းလာခြင်းက လင်းပိုင်များ အသက်ရှင်ရေးအခက်တွေ့စေ
Saturday, June 14, 2014

ငါးဖမ်းလုပ်သားများအနီး လာရောက်ကူညီနေသော ဧရာဝတီလင်းပိုင်တစ်ကောင်အားတွေ့ရစဉ် (ဓာတ်ပုံ - Brian Smith)
ဧရာဝတီမြစ်အတွင်း ငါးသယံဇာတများ တစ်နှစ်ထက် တစ်နှစ်လျော့နည်းလာခြင်းကလင်းပိုင်များအသက်ရှင် ရပ်တည်မှုအတွက်  အခက်အခဲများကြုံတွေ့နေရကြောင်း  သတင်းရရှိသည်။

  မြစ်အတွင်းရှိငါးများကိုဘက်ထရီရှော့ခ်တိုက်ဖမ်းမှုများ ပြားလာခြင်း၊ ပိုက်ကွန်အစိပ်များ ဖြင့် ငါးသားပေါက်များပါမကျန် ဖမ်းဆီးလာကြခြင်း၊ ရာသီဥတု ပြင်းထန်လာခြင်း၊ ရွှေတူးဖော် လုပ်ငန်းမှ စွန့်ပစ်ရေများကို မြစ် အတွင်းတိုက်ရိုက်စွန့်ထုတ်ခြင်း၊ သစ်တော  ပြုန်းတီးမှုများကြောင့် မြစ်အတွင်း  နုန်းကျရောက်မှုပိုမိုမြင့်မားလာခြင်း စသည့်အချက်များကြောင့် ဧရာဝတီမြစ်အတွင်းငါးသယံဇာတများ တစ်နှစ်ထက် တစ်နှစ်လျော့နည်းလာသည့်အတွက်ငါးများကို စားသုံးပြီးကျင်လည်ကျက်စားနေသည့် ဧရာဝတီလင်းပိုင်များအတွက် အစာအခက်အခဲရှိလာနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သတင်းရရှိသည်။

‘‘လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဒီလိုအချိန်ဆို  ငါးနှစ်ပိဿာ၊  သုံး ပိဿာရဖို့ ဆိုတာခဏလေး။ အခု တော့ တစ်နေကုန်နေရင်တောင် ငါးဆယ်သားလောက်ရဖို့ မလွယ် တော့ဘူး။ ငါးဆိုတာ လင်းပိုင်ရဲ့ အစားအစာဖြစ်လို့ သူတို့အတွက် လည်း ရပ်တည်ဖို့ ခက်ခဲလာပြီ။ တစ်နှစ်ထက် တစ်နှစ်ပိုခက်ခဲလာ နိုင်တယ်’’ဟု ယင်းဌာနမှ ပတ်ဝန်း ကျင် ထိန်းသိမ်းရေးနှင့် မျိုးသုဉ်း ရှားပါးရေသတ္တ၀ါထိန်းသိမ်းရေး ဌာနစုမှ လက်ထောက်ဦးစီးမှူး ဦးဟန်ဝင်းကပြောသည်။

လင်းပိုင်များအတွက် အစာ ရှားပါးမှုမကြုံစေရေး  ၎င်းတို့ အများဆုံးကျင်လည်ကျက်စား သည့်  မန္တလေးမြို့မှ ဗန်းမော်မြို့ ထိ  ဧရာဝတီမြစ်ကြောင်းတစ် လျှောက်တွင် ငါးသယံဇာတများ ပြန်လည်များပြားလာစေရန် ကန်များဖြင့် ငါးမွေးကာ မြစ်အတွင်းငါးများ ပြန်ဖြည့်ခြင်းများ ပြုလုပ်သွားရန် ငါးလုပ်ငန်းဦးစီးဌာနကစီစဉ်နေပြီဖြစ်ကြောင်း ၎င်းကထည့်သွင်းပြောသည်။

ယခုနှစ်အတွင်းပြုလုပ်ရန် စီစဉ်ထားသည့် လင်းပိုင်များ ကြည့်ရှုနိုင်မည့် ခရီးသွားလုပ်ငန်း စတင်ပါက လာရောက်လေ့လာသူများအနေဖြင့် လင်းပိုင်စာအဖြစ် ငါးသားပေါက်များ ကျွေးနိုင်မည့် အစီအစဉ်လည်း ထည့်သွင်းမည်ဖြစ်၍  တစ်နိုင်တစ်ပိုင်ငါးမွေးမြူမှုများပြုလုပ်ထားရန် လင်းပိုင်များ ကျက်စာလေ့ရှိသည့် နေရာတစ် ၀ိုက်ရှိ ရွာများအား စည်းရုံးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သတင်းရရှိသည်။

ဧရာဝတီလင်းပိုင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးနယ် မြေဖြစ်သည့် မန္တလေးမြို့မှကျောက်မြောင်းမြို့အကြား မြစ်ကြောင်းတစ်လျှောက်တွင် လင်းပိုင်ကောင်ရေ ၂၂ ကောင်ရှိပြီး မန္တလေးမြို့မှ ဗန်းမော်မြို့အထိဆိုပါက စုစုပေါင်းအကောင်ရေ ၆၃ ကောင်ခန့်ရှိနေကြောင်း ယင်းနယ်မြေထိန်းသိမ်းရေးလုပ်ငန်းမှ သတင်းရရှိသည်။

7Day DAILY
ငါးဖမ်းလုပ်သားများအနီး လာရောက်ကူညီနေသော ဧရာဝတီလင်းပိုင်တစ်ကောင်အားတွေ့ရစဉ် (ဓာတ်ပုံ - Brian Smith)
ဧရာဝတီမြစ်အတွင်း ငါးသယံဇာတများ တစ်နှစ်ထက် တစ်နှစ်လျော့နည်းလာခြင်းက လင်းပိုင်များအသက်ရှင် ရပ်တည်မှုအတွက်  အခက်အခဲများကြုံတွေ့နေရကြောင်း  သတင်း ရရှိသည်။

ဟင်းနုနွယ်ရွက်၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး

ဟင်းနုနွယ်ရွက်ကို အလွယ်တကူ ဝယ်လို့ရသလို ဈေးလည်း သက်သာ တာကြောင့် လူတိုင်းလိုလို စားနိုင် ကြပါတယ်။

မူလတန်းမပြီးဆုံးသေးသော ကျောင်းသားများကို အခမဲ့စာသင်ကြားပေးမည်

၂၀၁၄ ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့မှစ၍ မြို့နယ်ပညာရေးမှူးများက မြို့နယ်အတွင်းတွင် သတ်မှတ်ထားသည့် ကျောင်းပြင်ပမူလတန်း ပညာရေးဇုန်နေရာများတွင် အကြောင်းအမျိုးမျိုးကြောင့် ပညာမသင် ကြားနိုင်သည့် ကျောင်းသားများကို စုစည်းပြီး အဆင့်(၂)မျိုးခွဲကာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း အမှတ်(၂)အခြေခံ ပညာ ဦးစီးဌာနမှ သိရသည်။

အချစ်ကြောင့် ပြောင်းလဲသွားစေတတ်တဲ့ အရာများ

Photo: အချစ်ကြောင့် ပြောင်းလဲသွားစေတတ်တဲ့ အရာများ
Saturday, June 14, 2014

ကိုယ်ချစ်ရသူအတွက် ဘာလုပ်ရလုပ်ရဆိုတဲ့ အချစ်မျိုးကို သင်ပိုင်ဆိုင်ထားပါသလား။ အချစ်အတွက် အသက်ပင်သေသေဆိုတာလောက် မဖြစ်နိုင်ရင်တောင် လူတစ်ယောက်ဟာ အချစ်နဲ့တွေ့လာတဲ့အခါ သူရဲ့အမူအကျင့်၊ အကြိုက်တွေ ပြောင်းလဲသွားတတ်ကြပါတယ်။ ဒါဟာ ရူးတာလို့ သတ်မှတ်ရင်တောင် တကယ်ချစ်မိသွားတဲ့သူတွေကတော့ ကျေကျေနပ်နပ်ကြီး ရူးနေကြဦးမှာပါ။ ကဲ အချစ်ကြောင့် ဘာတွေပြောင်းလဲသွားတတ်ကြပါသလဲ။

၁။တစ်ယောက်တည်း မသွားရဲခဲ့တဲ့ခရီးမျိုးဆိုလည်း သူနဲ့တွေ့ဖို့ဆို သွားရဲ၊ သွားနိုင်သွားတာပဲ။

အရင်တုန်းကဆို ညအိပ်ညနေ ခရီးသွားရမယ်ဆိုရင် အဖော်ပါမှ၊ တစ်ယောက်တည်းဆို မသွားရဲခဲ့ဘူးဆိုရင်တောင် ကိုယ့်ချစ်သူနဲ့တွေ့ရမယ့် ခရီးစဉ်မျိုးဆို နှစ်ခါမစဉ်းစားတော့ဘူး။ သွားမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တာပဲ။

၂။ကိုယ်မလွတ်တမ်းကြည့်ဖြစ်တဲ့ ဇာတ်လမ်းတွဲတွေလည်း မကြည့်ဖြစ်တော့ဘူး။

သူနဲ့ချိန်းထားတယ်ဆို ဇာတ်လမ်းမကြည့်ရလဲ ဘာအရေးလဲ။ နောက်မှပြန်ကြည့်လည်းရတာပဲ။ အားလုံးနဲ့လဲပစ်နိုင်တယ်ဆိုတာမျိုးပေါ့။

၃။ကိုယ်မချစ်တဲ့ တိရိစ္ဆာန်တွေကို ထိန်းရတဲ့အဖြစ်ဆိုလည်း လက်ခံနိုင်တာပဲ။

သူမရှိတဲ့အချိန် သူ့အိမ်ကခွေး၊ ကြောင်တွေကို ကြည့်ပေးထားရမှာလား။ ရတယ်နော်။ ကိုယ့်ချစ်သူအတွက် ဒါတွေလည်း လုပ်ပေးနိုင်တယ်။

၎။ချစ်တော့လည်း သူ့ရဲ့မပြည့်စုံတဲ့အချက်တွေ လက်ခံပေးနိုင်ခဲ့တယ်။

ကိုယ်သတ်မှတ်တဲ့ ပုံစံနဲ့လွဲနေတာလေးတွေကိုလည်း ကိုယ့်ဘက်က လက်ခံနိုင်အောင် ကြိုးစားပေးခဲ့တယ်။ အရင်နဲ့ အခု ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲသွားတယ်ဆိုတာ သိပ်သိတာပေါ့။

၅။အချစ်အကြောင်း စာတွေ၊ ကဗျာတွေ ကြိုက်တတ်လာတယ်။

အရင်က မဖတ်ခဲ့တဲ့ စာတွေ၊ ကဗျာလေးတွေ ဖတ်ဖြစ်လာတယ်။ သူနဲ့တွေ့တဲ့အခါလည်း သူ့ကိုနုနုရွရွလေးတွေ ပြောဖြစ်လာတယ်။

၆။အချစ်သီချင်းတွေ ပိုနားထောင်ဖြစ်လာတယ်။

ကိုယ်က ပေါ့ပ်သီချင်းတွေ မကြိုက်ဘူး။ Metal မြူးဇစ်မျိုးတွေမှ ရူးပါတယ်ဆိုရင်တောင် ချစ်သူရလာတဲ့အခါ အချစ်သီချင်း နုနုရွရွလေးတွေကို ခံစားတတ်လာတယ်။

၇။ကိုယ့်ချစ်သူရဲ့မိဘကို တည့်အောင်ပေါင်းသင်းမယ်။

အရင်တုန်းက လူကြီးတွေနဲ့စကားတွေပြောရတာ ခက်ခဲတယ်လို့ ယူဆရင်တောင် ခုတော့ ကိုယ့်ချစ်သူရဲ့ မိဘတွေ အမှတ်ပေးခံရအောင် သူတို့အကြိုက် အလိုက်အထိုက်ပြောတတ်ဆိုတတ်လာတယ်။

၈။ကိုယ့်ချစ်သူနဲ့ ဖုန်းပြောဖို့၊ chat ဖို့ ညဘက်ညည့်နက်တဲ့အထိ နေတတ်လာတယ်။

အရင်တုန်းက စောစောအိပ်တတ်တယ်ဆိုရင်တောင် ခုတော့ ချစ်သူနဲ့ဖုန်းပြောဖို့အတွက် ညည့်နက်တဲ့အထိ နေဖြစ်နေတယ်။

၉။သူကြိုက်တဲ့ ဖက်ရှင်မျိုးက ဘယ်လိုလဲဆိုပြီး သိချင်၊ ဆင်မြန်းဖြစ်လာတယ်။

သူက ဂါဝန်လေးတွေ ကြိုက်တာလား၊ ဘောင်းဘီရှည်ကိုပဲ သဘောကျတာလားဆိုတာ သိအောင်ကြိုးစားပြီး သူကြိုက်သလို ၀တ်ဆင်တတ်လာတယ်။

၁၀။သူကြိုက်တဲ့ အစားအစာတွေလည်း စမ်းပြီးစားကြည့်ချင်လာတယ်။

ကိုယ်အရင်က မစားဖူးခဲ့တဲ့ အစားအသောက်တွေကအစ သူကြိုက်တာမို့ စားကြည့်ချင်မိလာတယ်။

Ref:womenshealth.com
Trend Myanmar
ကိုယ်ချစ်ရသူအတွက် ဘာလုပ်ရလုပ်ရဆိုတဲ့ အချစ်မျိုးကို သင်ပိုင်ဆိုင်ထားပါသလား။ အချစ်အတွက် အသက်ပင် သေသေဆိုတာလောက် မဖြစ်နိုင်ရင်တောင် လူတစ်ယောက်ဟာ အချစ်နဲ့တွေ့လာတဲ့အခါ သူရဲ့အမူအကျင့်၊ အကြိုက်တွေ ပြောင်းလဲသွားတတ်ကြပါတယ်။ ဒါဟာ ရူးတာလို့ သတ်မှတ်ရင်တောင် တကယ်ချစ်မိသွားတဲ့သူတွေကတော့ ကျေကျေနပ်နပ်ကြီး ရူးနေကြဦးမှာပါ။ ကဲ အချစ်ကြောင့် ဘာတွေ ပြောင်းလဲသွားတတ်ကြပါသလဲ။

ဒီမိုကရေစီ နှင့် ဖွံ့ဖြိုးရေး အတူတကွ ဖော်ဆောင်သင့်ဟု နီပေါရောက် ဒေါ်အောင်ဆန်းစုကြည်ပြော

Photo: ဒီမိုကရေစီ နှင့် ဖွံ့ဖြိုးရေး အတူတကွ ဖော်ဆောင်သင့်ဟု နီပေါရောက် ဒေါ်အောင်ဆန်းစုကြည်ပြော
Saturday, June 14, 2014

ဒီမိုကရေစီ နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို အတူယှဉ်တွဲ၍ လုပ်ဆောင်သင့်ဟု နီပေါနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၁၄ရက်တွင် ပြောကြားခဲ့သည်ဟု 
နီပေါအခြေစိုက် သည်ဟီမဲလ်လယန်းတိုင်းမ် (The Himalayan Times) သတင်းစာတွင် ဖော်ပြထားသည်။

ဒီမိုကရေစီအရေးနှင့် ပတ်သက်လာလျှင် နီပေါနိုင်ငံသည် မြန်မာနိုင်ငံထက် ပို၍ အဆင်ပြေ ကောင်းမွန်သော အခြေအနေတွင် ရှိသည်ဟု နီပေါဝန်ကြီးချုပ် ဆူရှီးလ်ကွေရာလာ (Sushil Koirala) နှင့် ဆွေးနွေးပွဲတွင် 
နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ချခဲ့သည်ဟု နီပေါအခြေစိုက် သတင်းစာက ဆိုသည်။

“ဒီမိုကရေစီရေး ရုန်းကန်လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ပြောပြရင် ကျွန်မတို့ဟာ အာဏာရှင်ခေတ်ကို ဆယ်စုနှစ် ငါးခုကျော်လောက် ခံခဲ့ရပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးချုပ်ကွေရာလာအား ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် နီပေါဝန်ကြီးချုပ် ကွေရာလာတို့၏ ဆွေးနွေးပွဲတွင် မျက်မှောက်ခေတ် ဆိုရှယ်လစ်လှုပ်ရှားမှု၊ ဒီမိုကရေစီ၊ ဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ အမျိုးသမီးရေး နှင့် ပညာရေးတို့ကို အဓိကထား 
ဆွေးနွေးခဲ့ကြကြောင်း အစည်းအဝေးကို တက်ရောက်ခဲ့သော နီပေါ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ တစ်ဦးက ဆိုသည်။

“ဖွံ့ဖြိုးရေးဆိုတာ ဒီမိုကရေစီရဲ့ အစားထိုးစရာ တစ်ခု မဟုတ်ပါဘူး။ အဲဒီနှစ်ခုဟာ တစ်ခုနဲ့တစ်ခု ဖြည့်ဖက်တွေပါ။ ကွဲလွဲဆန့်ကျင်နေတဲ့အရာတွေ မဟုတ်ပါဘူး။ အဲဒီနှစ်ခုကို အတူတကွ ဖော်ဆောင်သင့်ပါတယ်” ဟု 
ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ကြောင်း နီပေါဝန်ကြီးချုပ်၏ နိုင်ငံခြားရေး အကြံပေးအရာရှိ Dinesh Bhattarai က ဆိုခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်သည် နီပေါနိုင်ငံသို့ ဇွန်လ၁၄ရက် နေ့လည်က ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်သူနီပေါဝန်ကြီးချုပ်ဟောင်း BP Koirala ၏ အသက် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကိုလည်း 
တက်ရောက်မည်ဖြစ်သည်။ ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်သည် နီပေါလွှတ်တော်တွင် စကားပြောမည်ဖြစ်ကာ ခတ္တမန္ဒူမြို့တွင် ကျင်းပမည့် နိုင်ငံတကာ ဆိုရှယ်လစ်ညီလာခံ၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
သူမ၏ နီပေါခရီးစဉ်တွင် နီပေါနိုင်ငံက ချီးမြှင့်မည့် ငြိမ်းချမ်းရေးဆုကို လက်ခံရယူမည်ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၆ ရက်နေ့တွင် နီပေါနိုင်ငံမှ ပြန်လည်ထွက်ခွာလာမည် ဖြစ်သည်။ 

Mizzima - News in Burmese

ဓာတ်ပုံ- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဓာတ်ပုံ- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒီမိုကရေစီ နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို အတူယှဉ်တွဲ၍ လုပ်ဆောင်သင့်ဟု နီပေါနိုင်ငံသို့ ရောက်ရှိနေ သည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၁၄ရက်တွင် ပြောကြားခဲ့သည်ဟု နီပေါအခြေစိုက် သည်ဟီမဲလ်လယန်းတိုင်းမ် (The Himalayan Times) သတင်းစာတွင် ဖော်ပြထားသည်။