Sunday 15 June 2014

မန်မာအနေဖြင့် ကမ္ဘာ့အကျင့်ပျက်ခြစားမှု အများဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေ ဆဲဖြစ်ပြီး ပြည်တွင်းရောက် အမေရိကန်ကုမ္ပဏီများ ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုပြည့်ဝစွာ ရင်းနှီးမြှုပ်နှံရန် လိုအပ်ဟု အမေရိကန်ရှိ မြန်မာ့ အရေး လှုပ်ရှားနေသည့် USCB ပြောကြား

မြန်မာအနေနှင့် ကမ္ဘာ့အကျင့်ပျက်ခြစားမှု အများဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေဆဲဖြစ်ကာ အမေရိကန်ကုမ္ပဏီများအနေဖြင့် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုပြည်စွာ ရင်နှီြးှုမပ်နှံရန်လိုအပ်ဟု အမေရိကန်နိုင်ငံမှ မြန်မာ့အရေး လှုပ်ရှားမှုများပြုလုပ်နေသည့် (US Campaign For Burma) USCB က တိုက်တွန်း ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံရဲ့ လာဘ်စားမှုတွေရှိတဲ့ စီးပွားရေးပတ်ဝန်းကျင်ဟာ နှစ်ဦးနှစ်ဖက် ပါဝင်မှုနဲ့ နှစ်ပေါင်းများစွာကြာအောင် စစ်အုပ်ချုပ်ရေးအောက်မှာ ထိန်းချုပ်ခံ ခဲ့ရပါတယ်၊ နိုင်ငံတကာ ပွင့်လင်းမြင်သာမှု အဆင့်မှာ မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာ့လာဘ်စားမှုအများဆုံးနိုင်ငံများစာရင်းမှာ ပါဝင်နေဆဲပဲ ဖြစ် ပါတယ်”ဟု USCB မူဝါဒရေးရာ ဒါရိုက်တာ Rachel Wagley က ပြောကြား သည်။

အမေရိကန်အစိုးရသည် ဇူလိုင် ၂ဝ၁၂ မှ စတင်ကာ အမေရိကန် ကုမ္ပဏီများအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ လုပ်ဆောင်ရန် ခွင့်ပြုပေးခဲ့သည်။ အမေရိကန်၏ မြန်မာနိုင်ငံ အပေါ်ချမှတ် ခဲ့သည် နိုင်ငံခြားရေးရာ မူဝါဒရေးရာအသစ်များ ပြောင်းလဲခဲ့သည့် နောက်ပိုင်တွင် အမေရိကန် ကုမ္ပဏီ များက အမေရိကန်ဒေါ်လာငါးသိန်းနှင့် အထက်ထိ ရင်နှီးမြှုပ်နှံမှုများ ပြုလုပ် ခဲ့ကြကြောင်း သိရသည်။

“အမေရိကန်ဆိုင်ရာ လိုအပ်ချက်များအား အစီရင်ခံတင်ပြခြင်းဟာ အမေရိကန် ကုမ္ပဏီတွေကို ပွင့်လင်းမြင်သာမှုရှိတဲ့ စနစ်တွေနဲ့ ရှင်းရှင်းလင်လင်း လုပ်ဆောင်သင့်တယ်ဆိုတာကို ရည်ညွှန်းလိုခြင်း ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ဖို့ဆိုရာမှာလည်း အပြည့်အဝ ပူးပေါင်းပါဝင်လုပ်ဆောင်ဖို့နဲ့ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှု စတဲ့အကြောင်းအရာတွေကို ဆိုလိုပါတယ်”ဟု မူဝါဒရေးရာ ဒါရိုက်တာ Rachel Wagley က ဆက်လက် ပြောကြားသည်။

လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်၊ လာဘ်စားမှု ပပျောက်ရေး၊ လုံခြုံရေးဆိုင်ရာတင်ကူပြင်ဆင် ထားမှုများ၊ မြေယာ သိမ်းဆည်းမှုပြဿနာ၊ ပွင့်လင်မြင်သာစွာ လုပ်ဆောင်မှုနှင့် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပတ်သက်သည့် ယင်းတို့၏ မူဝါဒရေးရာနှင့် လုပ်ဆောင်ချက် များကို အမေရိကန်အစိုးရသို့ တင်ပြသည့် အခြေအနေများပေါ်တွင် မူတည်၍ မြန်မာနိုင်ငံ တာဝန်ယူမှုအပြည့်အဝရှိသော ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်များ ၂ဝ၁၃ အစီရင်ခံစာကို ရေးသားအစီရင်ခံတင်ပြခဲ့သည်။ ထိုကဲ့သို့ ၂ဝ၁၃ အစီရင်ခံစာတွင် ရေနှံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင်း ရင်းနှီးမြှုပ်နှံခဲ့ကြသည့် အမေရိကန်ကုမ္ပဏီများသည် အထက်ပါအချက် အလက်များနှင့် ပတ်သက်၍ ၎င်းတို့၏ မူဝါဒရေးရာနှင့် လုပ်ဆောင်ချက်များကို အမေရိကန်အစိုးရသို့ တင်ပြရန်ပျက်ကွက်မှုများ ရှိခဲ့သည် ဟု ပါရှိသည်။

Eleven

No comments:

Post a Comment