Sunday 15 June 2014

ဖားကန့်ဒေသတွင်း အခြေအနေ ဖြေရှင်းပြီး ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ပြော

Photo: ဖားကန့်ဒေသတွင်း အခြေအနေ ဖြေရှင်းပြီး ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ပြော
Sunday, June 15, 2014

ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ကျောက်စိမ်း လုပ်ငန်း များနှင့် ရေမဆေး ကျောက် ရှာဖွေသူများကို ဇွန်လ ၁၂ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားရန် ဖားကန့်ဒေသ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကြီးကြပ်မှုကော်မတီက ကြေညာချက် ထုတ်ကာ အရေးယူမှုများ လုပ်ဆောင်ခဲ့သည့် အဖြစ်အပျက်များကို ဖြေရှင်းပြီး ဖြစ်ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ပြောကြားသည်။

ဖားကန့်ဒေသတွင် ယခုရက်ပိုင်းအတွင်း ဒေသတွင်း အမိန့်ကြေညာချက် ထုတ်ကာ အရေးယူမှုများနှင့် လက်ရှိ ဒေသတွင်း အခြေအနေများကို မေးမြန်းစဉ် ဝန်ကြီးချုပ်က ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဖားကန့်ဒေသတွင် ဖြစ်ပွားသွားခဲ့သော ယင်းဖြစ်စဉ်များမှာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ပြည်ပခရီးစဉ်တစ်ခု သွားရောက်နေချိန်၌ ဖြစ်ပွားခဲ့သော ကိစ္စရပ်များဖြစ်ပြီး ဝန်ကြီးချုပ် ပြည်ပခရီးစဉ်မှ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် အကောင်းဆုံး အနေအထား ဖြစ်စေရန် ညှိနှိုင်းထားပြီး ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဖြေကြားခဲ့သော်လည်း မည်ကဲ့သို့ ဆောင်ရွက်ထားသည် ဆိုခြင်းကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

“ဒီလိုကြုံနေရတဲ့ ပြည်သူတွေကို ပစ်မထားပါဘူး။ အားလုံး စနစ်တကျနဲ့ ဥပဒေအတိုင်း ဖြစ်ဖို့၊ သူတို့လည်း အဆင်ပြေစေဖို့ ဆောင်ရွက်ပေးမယ့် အစီအစဉ်တွေ ရှိပါတယ်။ ချက်ချင်းကြီးတော့ လုပ်လို့ မရဘူး။ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေကို စဉ်းစားရမှာပါ” ဟု ဝန်ကြီးချုပ်က မှတ်ချက်ပြုသည်။

ဖားကန့်ဒေသတွင် ဒေသတွင်း အာဏာပိုင် အဖွဲ့အစည်း များက ကျောက်စိမ်းလုပ်ငန်းရှင်များနှင့် ရေမဆေး ကျောက်ရှာဖွေသူများကို ဖယ်ရှားပေးရန် ဇွန်လ ၉ ရက်နှင့် ၁၀ ရက်နေ့တို့မှ စတင်၍ သတိပေးကြေညာ ဆိုင်းဘုတ်များ စိုက်ထူကာ အရေးယူမှုများ ပြုလုပ်ခဲ့ပြီး ရေမဆေး ကျောက်ရှာဖွေသူ အချို့လည်း ဖမ်းဆီးခံခဲ့ရကြောင်း ဖားကန့်ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဝန်ကြီးချုပ်၏ ပြောကြားချက်များနှင့် ဖားကန့်ဒေသတွင်း အခြေအနေ များကို နှိုင်းယှဉ် သိရှိနိုင်ရန်အတွက် The Voice က ဖားကန့်ဒေသရှိ သတင်းရင်းမြစ်များထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ရေမဆေး ကျောက် သမားများ နေထိုင်ရာ တဲများကို ဖျက်ဆီးလျက် ရှိပြီး ရေမဆေး ကျောက် ရှာဖွေသူများကိုလည်း လိုက်လံ ဖမ်းဆီးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

The Voice Weekly
ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ကျောက်စိမ်း လုပ်ငန်း များနှင့် ရေမဆေး ကျောက် ရှာဖွေသူများကို ဇွန်လ ၁၂ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားရန် ဖားကန့်ဒေသ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကြီးကြပ်မှုကော်မတီက ကြေညာချက် ထုတ်ကာ အရေးယူမှုများ လုပ်ဆောင်ခဲ့သည့် အဖြစ်အပျက် များကို ဖြေရှင်းပြီး ဖြစ်ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း က ပြောကြား သည်။

ဖားကန့်ဒေသတွင် ယခုရက်ပိုင်းအတွင်း ဒေသတွင်း အမိန့်ကြေညာချက် ထုတ်ကာ အရေးယူမှုများနှင့် လက်ရှိ ဒေသတွင်း အခြေအနေများကို မေးမြန်းစဉ် ဝန်ကြီးချုပ်က ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဖားကန့်ဒေသတွင် ဖြစ်ပွားသွားခဲ့သော ယင်းဖြစ်စဉ်များမှာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ပြည်ပခရီးစဉ်တစ်ခု သွားရောက်နေချိန်၌ ဖြစ်ပွားခဲ့သော ကိစ္စရပ်များဖြစ်ပြီး ဝန်ကြီးချုပ် ပြည်ပခရီးစဉ်မှ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် အကောင်းဆုံး အနေအထား ဖြစ်စေရန် ညှိနှိုင်းထားပြီး ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဖြေကြားခဲ့သော်လည်း မည်ကဲ့သို့ ဆောင်ရွက်ထားသည် ဆိုခြင်းကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

“ဒီလိုကြုံနေရတဲ့ ပြည်သူတွေကို ပစ်မထားပါဘူး။ အားလုံး စနစ်တကျနဲ့ ဥပဒေအတိုင်း ဖြစ်ဖို့၊ သူတို့လည်း အဆင်ပြေစေဖို့ ဆောင်ရွက်ပေးမယ့် အစီအစဉ်တွေ ရှိပါတယ်။ ချက်ချင်းကြီးတော့ လုပ်လို့ မရဘူး။ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေကို စဉ်းစားရမှာပါ” ဟု ဝန်ကြီးချုပ်က မှတ်ချက်ပြုသည်။

ဖားကန့်ဒေသတွင် ဒေသတွင်း အာဏာပိုင် အဖွဲ့အစည်း များက ကျောက်စိမ်းလုပ်ငန်းရှင် များနှင့် ရေမဆေး ကျောက်ရှာဖွေသူများကို ဖယ်ရှားပေးရန် ဇွန်လ ၉ ရက်နှင့် ၁၀ ရက်နေ့တို့မှ စတင်၍ သတိပေးကြေညာ ဆိုင်းဘုတ်များ စိုက်ထူကာ အရေးယူမှုများ ပြုလုပ်ခဲ့ပြီး ရေမဆေး ကျောက်ရှာဖွေသူ အချို့လည်း ဖမ်းဆီးခံခဲ့ရကြောင်း ဖားကန့်ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဝန်ကြီးချုပ်၏ ပြောကြားချက်များနှင့် ဖားကန့်ဒေသတွင်း အခြေအနေ များကို နှိုင်းယှဉ် သိရှိနိုင်ရန်အတွက် The Voice က ဖားကန့်ဒေသရှိ သတင်းရင်းမြစ်များထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ရေမဆေး ကျောက် သမားများ နေထိုင်ရာ တဲများကို ဖျက်ဆီးလျက် ရှိပြီး ရေမဆေး ကျောက် ရှာဖွေသူများကိုလည်း လိုက်လံ ဖမ်းဆီးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment