၂ဝ၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာ အထက်တန်း ကျောင်းများ၌ တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရသည်။
Monday, 9 June 2014
မြန်မာ့တပ်မတော်ကို အမေရိကန်အစိုးရ သင်တန်းပေးမည်
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတွင် တပ်မတော်၏ အခန်းကဏ္ဍ လိုက်လျော ညီထွေမှု ရှိစေရေးအတွက် အရည်အချင်းမြှင့် သင်တန်းများ ပံ့ပိုးပေးရန် အမေရိကန်အစိုးရက အစီအစဉ် ရေးဆွဲလျက် ရှိကြောင်း ဇွန်လ ၈ ရက်နေ့တွင် အာရှပစိဖိတ် ဒေသတွင်းဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr.Daniel Russel က ပြောကြားသည်။
သုတ်ရည်တွင် ချို့ယွင်းချက် ရှိသော အမျိုးသားများ ငယ်ငယ်ရွယ်ရွယ် နှင့် သေဆုံးနိုင်
သုတ်ရည် ချို့ယွင်းချက်ကြောင့် ကလေး မရနိုင်တဲ့ အမျိုးသားတွေမှာ သက်တမ်း တိုနိုင်တယ်လို့ လေ့လာမှုအသစ်အရ ထုတ်ဖော်ထားပါတယ်။ အမေရိကန်နိုင်ငံမှ ကလေးမရရှိတဲ့ စုံတွဲပေါင်း ၇ ဒဿမ ၃ သန်းရှိသည့် အနက် ၄၀ ရာခိုင်နှုန်းဟာ အမျိုးသားတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဥပဒေပြုရေး နှင့်တရားဥပဒေ စိုးမိုး ရေး ဆိုင်ရာ လုပ်ငန်းများအတွက် အထောက်အကူပြုစေမည့် တွေ့ဆုံ ဆွေး နွေးပွဲသို့ တက်ရောက်အမှာ စကားပြောကြား

ဥပဒေပညာရပ်သည် လူတိုင်းသိအပ်၊ တတ်အပ်သော ပညာရပ် ဖြစ်ပြီး မတတ်လျင် အညာခံရ၊ အလှည့်စား ခံရမည် ဖြစ်ပါကြောင်း၊ ဥပဒေ မတတ်လျင် မှန်သည်ထင်သော အမှားများ ပြုလုပ်မိပြီး မှားသည် ထင်သော အမှန်များ ကိုလည်း မျက်ကွယ်ပြု၊ လျစ်လျူပြုခြင်းများ ဖြစ်နိုင်ကြောင်းဖြင့်ယနေ့မွန်းလွဲ (၁)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး
ပြင်သစ်အိုပင်းဖလား Nadal ၉ ကြိမ်မြောက် စံချိန်တင်

စပိန် တင်းနစ် ချံပီယံRafael Nadal ၂၀၁၄ ခုနှစ် ပြင်သစ် Open ဆု ရရှိ သွားစဉ်
ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ ပြင်သစ် OPEN တင်းနစ်ပြိုင်ပွဲမှာ စပိန်နိုင်ငံသား နဒါးလ်က ဗိုလ်စွဲပြီး ၉ ကြိမ်မြောက် စံချိန်တင်လိုက်ပါတယ်။ ပြင်သစ် OPEN တင်းနစ်ပြိုင်ပွဲ အမျိုးသားတဦးချင်းဖိုင်နယ်ကို တနင်္ဂနွေနေ့က ကစားခဲ့တာမှာ ကမ္ဘာ့အဆင့် ၁ ရာဖဲလ် နဒါလ်း (Rafael Nadal) နဲ့ အဆင့် ၂ နိုဘက် ဂျိုကိုဗစ်ခ်ျ (Novak Djokovic) ကို ၃-၆ ၊ ၇-၅၊ ၆-၂၊ ၆-၄ နဲ့ အနိုင်ရပြီးတော့ ချန်ပီယံဖြစ်သွားတာပါ။
မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ၁ ဒသမ ၇ သန်းရှိလာ

မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်အသုံးပြုသူပေါင်း ၁ ဒသမ ၇ သန်းကျော်ရှိနေပြီဖြစ်ပြီး အသုံးပြုသူအမျိုးသား ဦးရေမှာ အမျိုးသမီးဦးရေထက် နှစ်ဆပိုမိုများပြားကြောင်း သတင်းရရှိသည်။
ပါကစ္စတန် ကရာချီလေဆိပ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွား

အကြမ်းဖက်သမာေးတွ ဝင်ရောက် စီးနင်းတိုက်ခိုက်ခံခဲ့ရတဲ့ ပါကစ္စတန်နိုင်ငံ၊ Jinnah Iနိုင်ငံတကာလေဆိပ်မှာ ပါကစ္စန်စစ်သား တဦး လုံခြုံရေးယူနေစဉ်
ပါကစ္စတန်နိုင်ငံ ကရာချိမြို့လေဆိပ်အတွင်းက VIP တွေအသုံးပြုတဲ့ လေဆိပ်ခန်းမကို လက်နက်ကြီးတွေ ကိုင်ဆောင်ပြီး ၀င်ရောက် တိုက်ခိုက်တဲ့ သေနတ်သမား ၇ ဦးကို ၀ိုင်းမိထားပြီလို့ ပါကစ္စတန် အထူးတပ်ဖွဲ့ဝင် တွေက ပြောပါတယ်။ ၀င်ရောက်တိုက်ခိုက်သူ အနည်းဆုံး ၆ ဦးနဲ့ လေဆိပ်လုံခြုံရေး ၆ ဦးတို့လည်း သေဆုံး ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ကရာချိ လေဆိပ်ကို သေနတ်သမားတွေ တိုက်ခိုက်

ပါကစ္စတန် နိုင်ငံရဲ့ အဓိက ဆိပ်ကမ်းမြို့ကြီး ဖြစ်တဲ့ ကရာချိ လေဆိပ်ကို သေနတ်သမား တွေက တိုက်ခိုက် လို့ အနည်းဆုံး လူ ၉ ယောက် သေဆုံးသွား ပါတယ်။
ယာဘ ငွေလွှဲပေးသူ ဖမ်းမိ
မူးယစ်ဆေးနဲ့ ပတ်သက်တယ် ဆိုတဲ့ မြန်မာ ကုမ္ပဏီ တခုကို ထိုင်းက ငွေလွှဲ ပေးနေတဲ့ ကွင်းဆက် တခု ကို ထိုင်း မူးယစ်ဆေး နှိမ်နင်းရေး ဌာနက မဲဆောက်မြို့မှာ ဖော်ထုတ် ဖမ်းဆီး လိုက်ပါတယ်။
ရန်ကင်းမြို့နယ်ရှိ ပြင်သစ်နိုင်ငံသားတစ်ဦး နေထိုင်သည့် နေအိမ် နေ့ခင်းဘက်၌ပင် ဖောက်ထွင်းခံရ

၁၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဖမ်းဆီးရမိခဲ့သော ကျူးလွန်သူ အမျိုးသား နှစ်ဦး ကို တွေ့ရစ ဉ်(ဓာတ်ပုံ-ဝေလင်းအောင်)
ရန်ကင်းမြို့နယ်တွင် ပြင်သစ်နိုင်ငံသားတစ်ဦး နေထိုင်သည့် နေအိမ်တစ်အိမ်မှာ နေ့ခင်းဘက်၌ပင် ဖောက် ထွင်း ခံခဲ့ရကြောင်း သိရသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၏ ရင်းနှီးမြှုပ်နှံ တည်ဆောက်သူအား ဇူလိုင်လတွင် ခေါ်ယူမည်

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်သည့် ဆိပ်ကမ်း တစ်နေရာ ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရမ္မာ)
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၏ ရင်းနှီးမြှုပ်နှံ တည်ဆောက်သူ (Developers) အား ၂၀၁၄ ခုနှစ်၊ ဇူလိုင်လကုန်တွင် ခေါ်ယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Sunday, 8 June 2014
မြန်မာနိုင်ငံအတွက် စီးပွားရေးလမ်းပြမြေပုံ
အမေရိကန်နိုင်ငံက ကမ္ဘာမှာစစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့ပြီး သူ့ရှေ့မှာ ဂရိတ်ဗြိတိန်၊ စပိန်နဲ့ နယ်သာလန်နိုင်ငံတွေက ဦးဆောင်ခဲ့ကြပြီး သူ့ထက်စောတာက ရောမအင်ပါယာ ဖြစ်ခဲ့တယ်။ ခေတ်ရေစီးကြောင်း သမိုင်းကို လေ့လာကြည့်ရင် အရာရာတိုင်းက နံပါတ် ၁ တစ်နေရာမှာ အမြဲထာဝရ တည်တံ့နိုင်မှု မရှိတာကို မြင်တွေ့ကြရမှာ ဖြစ်တယ်။
ဆေးလိပ်ဖြတ်ဖို့ အလွယ်ဆုံးနည်း ခုနှစ်သွယ်

ဆေးလိပ်ဖြတ်ဖို့ ဆိုတာ ဆေးလိပ်သမားတွေအတွက် အခက်ခဲဆုံးအရာပါ။
ဒါပေမယ့် ကျွန်တော်တို့ တော်တော် များများကတော့ ဖြတ်ချင်ကျပါတယ်။
ဆေးလိပ်ဖြတ်ဖို့ အတွက် ငွေကုန်ကြေးကျများတဲ့ နည်းတွေတော့ ရှိပါတယ်။ နီကိုတင်းဓာတ်ပါတဲ့ပီကေ၊ အီလက်ထရောနစ်စီးကရက် တို့ ဆေးလိပ်တု တို့ နဲ့ တဖြည်းဖြည်းချင်း ခန္ဓာကိုယ်ကနေ နီကိုတင်းဓာတ် လိုအပ်မှုကို ဖြတ်သွားလို့ လည်းရပါတယ်။ ဒါပေမယ့် ဒါတွေက ဈေးနှုန်းမြင့်မားတဲ့ အရာတွေပါ။
အာဖဂန်နစ္စတန်တွင် ရေကြီးမှုကြောင့် အိမ်ခြေ ၅၀၀ နီးပါး ပျက်စီး၊ လူ ၆၀ နီးပါး သေဆုံး

အာဖဂန်နစ်စတန်နိုင်ငံ မြောက်ပိုင်း အစိတ်အပိုင်းတွေမှာ ရုတ်တရက် ရေကြီးမှုကြောင့် အ နည်းဆုံး လူ ၅၈ယောက်သေဆုံးပြီး အများအပြား ပျောက်ဆုံးနေတယ်လို့ သမ္မတ ဟာမစ်ကာဇိုင်းရဲ့ ရုံးက ဇွန်လ ၇ ရက်နေ့က ပြောပါတယ်။
မောင်တောနယ်စပ် တိုက်ပွဲများဖြစ်ပွားပြီးနောက် ညမထွက်ရအမိန့် တင်းကျပ်
မေ ၁၃ရက်မှ ၂၉ရက်အထိ မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ် မိုင်တိုင် တစ်လျှောက် တွင် RSO လက်နက် ကိုင်သောင်း ကျန်း သူများနှင့် မြန်မာ နယ်စပ် လုံ ခြုံရေးတပ်ဖွဲ့ ဝင်များ တိုက်ပွဲဖြစ်ပွား မှုကြောင့် မောင်တော နယ်စပ်တွင် ညမထွက်ရ အမိန့်ကို တင်းကျပ် ထား ကြောင်း သိရသည်။
မီးရှူးလုံးတွင် စနက်တံထည့်ရန် အပေါက်ဖောက်ရာက ပေါက်ကွဲမှုဖြစ်၍သေဆုံး
၂၀၁၄ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန် ရှမ်းပြည်နယ်၊ ပင်လုံမြို့၊ ရပ်ကွက်(၂)နေ ခွန်သျှမ်းအောင်(၄၃)နှစ်သည် မီးရှူးပွဲတွင်လွှတ်တင်ရန်အတွက် မီးရှူးလုံးပြုလုပ်နေစဉ် လုံးပတ်(၂)လက်မ၊ အရှည်(၁)ပေခန့်ရှိ သံပိုက်လုံးအတွင်း ယမ်းများသိပ်ထားပြီး မီးရှူးလုံးအလယ်၌ စနက်တံထည့်ရန် အရှည်(၁)ပေခွဲ၊ လုံးပတ်(၅)စင်တီမီတာခန့်ရှိ အပေါက်ဖောက်ရာက ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
မိုင်းတုံ- မိုင်းဆတ်ကားလမ်းမှာ ယာဉ်ပြုတ်ကျတိမ်းမှောက်၍ ၂ ဦးသေ၊ ၂၀ ဦးဒဏ်ရာရ
၂၀၁၄ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန် ရှမ်းပြည်နယ်၊ မိုင်းတုံ- မိုင်းဆတ်ကားလမ်း၊ လမ်းဘေးဝဲ/ယာရှိ ကျွန်းစိုက်ခင်းများတွင် ကျွန်းပင်ပေါက်များ စိုက်ပျိုးရန် မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်နေ နေဇာအောင်(ခ)ကုလား(၂၃)နှစ်မောင်းနှင်ပြီး အလုပ်သမား ကျား ၅ ဦး၊ မ ၁၇ ဦး၊ စုစုပေါင်း(၂၂)ဦးတို့လိုက်ပါလာသည့် ၉ဌ/xxxxလီဖန်း လေးလုံးထိုးယာဉ်သည် (၉)မိုင်ကျွန်း စိုက်ခင်းသို့မောင်းနှင်လာစဉ် လမ်းယာဘက်ရှိ ချောင်းအတွင်းသို့ပြုတ်ကျ တိမ်းမှောက်ခဲ့သည်။
ဟိုတယ်ခ ဈေးမြင့်သည်ဟု ဆိုကာ နိုင်ငံခြားသားတစ်ဦး ကလေးတွင် ဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဇွန်လ ၆ ရက်နေ့က ဟိုတယ် အခန်းခများ ဈေးနှုန်း မြင့်မားသောကြောင့် တည်းခိုနိုင်ခြင်း မရှိဟုဆိုကာ ပြင်သစ်နိုင်ငံသားတစ်ဦး ဆန္ဒပြမှု ဖြစ်ခဲ့ကြောင်း အောင်ရတနာ ဟိုတယ်လုပ်ငန်းရှင် ဦးအေးဖေက ပြောကြားသည်။
အဆိုတော်ရှင်ဖုန်း You are the one စတုတ္ထမြောက် အယ်ဘမ် ဒီဇင်ဘာတွင် ထွက်မည်
အဆိုတော်ရှင်ဖုန်း၏ စတုတ္ထမြောက် တစ်ကိုယ်တော် အယ်ဘမ်ဖြစ်သည့် You are the one အယ်ဘမ်သည် ဒီဇင်ဘာလတွင် ထွက်ရှိမည်ဖြစ်သည်။ ယင်းအယ်ဘမ် ထွက်ရှိရန်အတွက် ၎င်းအနေဖြင့် နှစ်နှစ်ကျော်ကြာ ပြင်ဆင်ခဲ့ရသည် ဟု အဆိုတော်ရှင်ဖုန်းက မဇ္စျိမကိုပြောသည်။
Miss Golden Land Myanmar 2014 အတွက် ဆန်ခါတင် အလှမယ်၂၆ ဦး မီဒီယာများရှေ့တွင် လက်မှတ်ရေးထိုး
Miss Golden Land Myanmar 2014 ပြိုင်ပွဲ၏ နောက်ဆုံးပြိုင်ပွဲ အတွက် ဆန်ခါတင် ၂၆ဦးကို ရွေးချယ်ခဲ့ပြီး ၎င်း ရွေးချယ်ခံရသည့် ဆန်ခါတင် ၂၆ဦးသည် Miss Golden Land Myanmar Organization မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ပက်သက်ပြီး မီဒီယာများရှေ့တွင် သဘောတူစာချုပ် လက်မှတ်ရေးထိုး ခဲ့ကြသည်။
Subscribe to:
Posts (Atom)
