Monday 9 June 2014

ပါကစ္စတန် ကရာချီလေဆိပ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွား

Photo: ကရာချိ လေဆိပ်ကို သေနတ်သမားတွေ တိုက်ခိုက်
Monday, June 9, 2014 

 ပါကစ္စတန် နိုင်ငံရဲ့ အဓိက ဆိပ်ကမ်းမြို့ကြီး ဖြစ်တဲ့ ကရာချိ လေဆိပ်ကို သေနတ်သမား တွေက တိုက်ခိုက် လို့ အနည်းဆုံး လူ ၉ ယောက် သေဆုံးသွား ပါတယ်။

သေနတ်သမား ၃ ယောက်ကိုလဲ အသေ ပစ်သတ် နိုင်ခဲ့ပါတယ်။

သေနတ်သမား တွေက လက်ပစ်ဗုံးတွေနဲ့ လုံခြုံရေး တွေကို တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲသံကြီး ၂ ခု ကြားခဲ့ရပြီး ကုန်စည် အတင်အချ နဲ့ အထူး ဧည့်သည်တွေ အတက်အဆင်း လုပ်ဖို့ သုံးတဲ့ လေဆိပ် ဝင်ပေါက် အဆောက်အအုံ ကနေ မီးခိုးတွေ ထွက်နေတာကို ရုပ်သံက ပြသ ခဲ့ပါတယ်။

ဒီလေဆိပ် ဝင်ပေါက်ကို အထူး ဧည့်သည် အဝင်အထွက် လုပ်ဖို့လဲ သုံးတယ် လို့ သိရပါတယ်။

ရုပ်သံမှာတော့ လေဆိပ် အဆောက်အအုံ တွေက မီးခိုးလုံးတွေ တက်လာတဲ့ ပုံတွေ တွေ့နေ ရပါတယ်။

လေဆိပ် အဆောက်အအုံ ထဲမှာ ပိတ်မိနေတဲ့ ခရီးသည်တွေနဲ့ လေကြောင်း ဝန်ထမ်းတွေကို ဘေးကင်းရာကို ရွှေ့ပြောင်း ပေးနိုင်ခဲ့ပါတယ်။

စစ်သားနဲ့ ရဲတွေက လေဆိပ်ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ကြိုးစား နေကြပြီး လေကြောင်း ခရီးစဉ်တွေ တခြား လေဆိပ် တွေကို ရွှေ့ပြောင်း ဆင်းသက် ခဲ့ရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
အကြမ်းဖက်သမာေးတွ ဝင်ရောက် စီးနင်းတိုက်ခိုက်ခံခဲ့ရတဲ့ ပါကစ္စတန်နိုင်ငံ၊ Jinnah Iနိုင်ငံတကာလေဆိပ်မှာ ပါကစ္စန်စစ်သား တဦး လုံခြုံရေးယူနေစဉ် 
ပါကစ္စတန်နိုင်ငံ ကရာချိမြို့လေဆိပ်အတွင်းက VIP တွေအသုံးပြုတဲ့ လေဆိပ်ခန်းမကို လက်နက်ကြီးတွေ ကိုင်ဆောင်ပြီး ၀င်ရောက် တိုက်ခိုက်တဲ့ သေနတ်သမား ၇ ဦးကို ၀ိုင်းမိထားပြီလို့ ပါကစ္စတန် အထူးတပ်ဖွဲ့ဝင် တွေက ပြောပါတယ်။ ၀င်ရောက်တိုက်ခိုက်သူ အနည်းဆုံး ၆ ဦးနဲ့ လေဆိပ်လုံခြုံရေး ၆ ဦးတို့လည်း သေဆုံး ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

လေဆိပ်အတွင်းက ခရီးသည်တွေအားလုံးကို ဘေးကင်းရာကို ကယ်ထုတ်သွားနိုင်ခဲ့ပြီး လေယာဉ် အတက် အဆင်း တွေကိုလည်း ရပ်ဆိုင်းထားပြီလို့ သက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

ကရာချိလေဆိပ်က Jinnah နားနေဆောင်ကို သောင်းကျန်းသူတွေက လက်ပစ်ဗုံးတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ပြီး အထဲကိုဝင်နိုင်ဖို့ ကြိုးစားခဲ့ကြတာလို့ ဆိုပါတယ်။ သေနတ်သမားတွေအနေနဲ့ အသေခံ တိုက်ခိုက်နေပုံရပြီး သူတို့ ဘယ်အဖွဲ့ကလည်း ၊ ဘာကြောင့် အခုလို တိုက်ခိုက်သလဲဆိုတာကို အတိအကျ မသိနိုင်ဘူး ဖြစ်နေတယ်လို့ ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။

ဒီအကြမ်းဖက် တိုက်ခိုက်မှုကို ပါကစ္စတန် ၀န်ကြီးချုပ် Nawaz Sharif က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန) 

No comments:

Post a Comment