Monday 9 June 2014

ရန်ကင်းမြို့နယ်ရှိ ပြင်သစ်နိုင်ငံသားတစ်ဦး နေထိုင်သည့် နေအိမ် နေ့ခင်းဘက်၌ပင် ဖောက်ထွင်းခံရ

Photo: ရန်ကင်းမြို့နယ်ရှိ ပြင်သစ်နိုင်ငံသားတစ်ဦး နေထိုင်သည့် နေအိမ် နေ့ခင်းဘက်၌ပင် ဖောက်ထွင်းခံရ
Monday, June 9, 2014 

ရန်ကင်းမြို့နယ်တွင် ပြင်သစ်နိုင်ငံသားတစ်ဦး နေထိုင်သည့် နေအိမ်တစ်အိမ် မှာ နေ့ခင်းဘက်၌ပင် ဖောက်ထွင်းခံခဲ့ရကြောင်း သိရသည်။

ဇွန် ၈ ရက် မွန်းလွဲပိုင်းတွင် ရန်ကင်းမြို့နယ်၊ ၁၃ ရပ်ကွက်၊ မဂ္ဂလမ်းရှိ ပြင်သစ်နိုင်ငံသားတစ်ဦး နေထိုင်သည့် နေအိမ်တစ်အိမ်အား အသက် ၂၀ ၀န်းကျင်ရှိ အမျိုးသားသုံးဦးက ဖောက်ထွင်းမှု ပြုလုပ်ခဲ့ကြောင်း သိရပြီး ရတနာပစ္စည်းများ၊ ဒေါ်လာများနှင့် ကျပ်ငွေများ ဖောက်ထွင်းခိုးယူ ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖောက်ထွင်းခိုးယူ ခံရချိန်၌ အိမ်တွင် မည်သူမျှမရှိဘဲ ဖောက်ထွင်းသည့် အမျိုးသားသုံးဦးက နေအိမ်အတွင်းမှ အထုပ်များပိုက်၍ ခိုးယူသွားသည့် လမ်းထိပ်တွင်ဖွင့်ထားသည့် ကွမ်းယာဆိုင်မှ မြင်လိုက်ကြောင်း သိရသည်။

“ကျွန်တော် အိမ်ကိုပြန်ရောက်တဲ့အခါ လမ်းထိပ်ကွမ်းယာဆိုင်က သူတို့မြင်တာကို ပြောပြလို့ ခိုးယူသူတွေရဲ့နောက်ကို လိုက်ကြည့်ခဲ့တယ်။ သူတို့က ကျွန်တော့်ကိုမြင်တော့ တခြားရပ်ကွက်ထဲသို့ ပြေးဝင်တယ်။ ကျွန်တော်က အဆက်မပြတ်လိုက်တယ်။ နောက်တော့ ရပ်ကွက်ထဲမှာ ရှိတဲ့သူတွေ ပူးပေါင်းပါဝင်ပြီး ၀ိုင်းဝန်းဖမ်းဆီးမိခဲ့တယ်။ ကျူးလွန်သူတွေက ကျွန်တော့်အိမ်က ခွေးလေးကိုတောင် ဓားနဲ့ထိုးသွားခဲ့တယ်။ သူတို့ကိုတော့ တစ်ခါမှ မမြင်ဖူးပါဘူး” ဟု အိမ်ရှင်ဖြစ်သူ ပြစ်သစ်နိုင်ငံသားက ရဲတပ်ဖွဲ့ဝင်များအား အခင်းဖြစ်နေရာကို လိုက်လံပြသနေစဉ် Eleven Media ၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

ထို့သို့ ကျူးလွန်သူများကို ရန်ကင်းမြို့နယ် ၁၅ ရပ်ကွက် နေထိုင်သူများက ၀ိုင်းဝန်းဖမ်းဆီးခဲ့သော်လည်း သုံးဦးအနက် တစ်ဦးမှာ လွတ်မြောက်သွားခဲ့ပြီး ကျန်နှစ်ဦးကို ၁၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် ရန်ကင်းမြို့မ ရဲစခန်းသို့ အပ်နှံခဲ့သည်။

“ကျွန်တော်တို့က ရပ်ကွက်ထဲမှ သူငယ်ချင်းတွေစုပြီး စကားပြောနေတယ်။ အဲဒီအချိန်မှာ လူသုံးဦးက ရှေ့ကပြေးပြီး ပစ္စည်းတွေကို လမ်းဘေးကို ပစ်ချတာမျိုးတွေ လုပ်တာကို တွေ့တယ်။ ပြီးတော့ နိုင်ငံခြားသားတစ်ဦး နောက်ကနေ ဖိနပ်မပါဘဲ ပြေးလိုက်နေတာကို တွေ့တယ်။ အဲဒီတော့ ကျွန်တော်တို့လည်း မသင်္ကာတဲ့ လူသုံးဦးကို ၀ိုင်းဝန်းဖမ်းဆီးခဲ့တယ်။ ဒါပေမဲ့ တစ်ဦးတော့ လွတ်သွားတယ်” ဟု ၀ိုင်းဝန်းဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် ၁၅ ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောပြခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးအား မေးမြန်းခဲ့ရာ “ဖောက်ထွင်းခံရတဲ့ ပစ္စည်းတွေထဲမှာ ဒေါ်လာတွေရယ်၊ ရတနာပစ္စည်းတွေရယ် တော်တော်များများ ပါသွားတယ်။ လွတ်သွားတဲ့ ကျူးလွန်သူတစ်ဦးကို အမြန်ဆုံး ဖမ်းမိဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေ ချိတ်ဆက်ဆောင်ရွက်နေတယ်” ဟု ဇွန် ၈ ရက် ညပိုင်းတွင် ဖြေကြားခဲ့သည်။

Eleven Media Group 

၁၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဖမ်းဆီးရမိခဲ့သော ကျူးလွန်သူ အမျိုးသား နှစ်ဦး ကို တွေ့ရစ ဉ်(ဓာတ်ပုံ-ဝေလင်းအောင်)
၁၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဖမ်းဆီးရမိခဲ့သော ကျူးလွန်သူ အမျိုးသား နှစ်ဦး ကို တွေ့ရစ ဉ်(ဓာတ်ပုံ-ဝေလင်းအောင်) 
ရန်ကင်းမြို့နယ်တွင် ပြင်သစ်နိုင်ငံသားတစ်ဦး နေထိုင်သည့် နေအိမ်တစ်အိမ်မှာ နေ့ခင်းဘက်၌ပင် ဖောက် ထွင်း ခံခဲ့ရကြောင်း သိရသည်။

ဇွန် ၈ ရက် မွန်းလွဲပိုင်းတွင် ရန်ကင်းမြို့နယ်၊ ၁၃ ရပ်ကွက်၊ မဂ္ဂလမ်းရှိ ပြင်သစ်နိုင်ငံသားတစ်ဦး နေထိုင်သည့် နေအိမ်တစ်အိမ်အား အသက် ၂၀ ၀န်းကျင်ရှိ အမျိုးသားသုံးဦးက ဖောက်ထွင်းမှု ပြုလုပ်ခဲ့ကြောင်း သိရပြီး ရတနာပစ္စည်းများ၊ ဒေါ်လာများနှင့် ကျပ်ငွေများ ဖောက်ထွင်းခိုးယူ ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖောက်ထွင်းခိုးယူ ခံရချိန်၌ အိမ်တွင် မည်သူမျှမရှိဘဲ ဖောက်ထွင်းသည့် အမျိုးသားသုံးဦးက နေအိမ် အတွင်းမှ အထုပ်များပိုက်၍ ခိုးယူသွားသည့် လမ်းထိပ်တွင်ဖွင့်ထားသည့် ကွမ်းယာဆိုင်မှ မြင်လိုက် ကြောင်း သိရသည်။

“ကျွန်တော် အိမ်ကိုပြန်ရောက်တဲ့အခါ လမ်းထိပ်ကွမ်းယာဆိုင်က သူတို့မြင်တာကို ပြောပြလို့ ခိုးယူသူ တွေရဲ့နောက်ကို လိုက်ကြည့်ခဲ့တယ်။ သူတို့က ကျွန်တော့်ကိုမြင်တော့ တခြားရပ်ကွက်ထဲသို့ ပြေးဝင်တယ်။ ကျွန်တော်က အဆက်မပြတ်လိုက်တယ်။ နောက်တော့ ရပ်ကွက်ထဲမှာ ရှိတဲ့သူတွေ ပူးပေါင်းပါဝင်ပြီး ၀ိုင်းဝန်းဖမ်းဆီးမိခဲ့တယ်။ ကျူးလွန်သူတွေက ကျွန်တော့်အိမ်က ခွေးလေးကိုတောင် ဓားနဲ့ထိုးသွားခဲ့တယ်။ သူတို့ကိုတော့ တစ်ခါမှ မမြင်ဖူးပါဘူး” ဟု အိမ်ရှင်ဖြစ်သူ ပြစ်သစ်နိုင်ငံသားက ရဲတပ်ဖွဲ့ဝင်များအား အခင်းဖြစ်နေရာကို လိုက်လံပြသနေစဉ် Eleven Media ၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

ထို့သို့ ကျူးလွန်သူများကို ရန်ကင်းမြို့နယ် ၁၅ ရပ်ကွက် နေထိုင်သူများက ၀ိုင်းဝန်းဖမ်းဆီးခဲ့သော်လည်း သုံးဦးအနက် တစ်ဦးမှာ လွတ်မြောက်သွားခဲ့ပြီး ကျန်နှစ်ဦးကို ၁၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် ရန်ကင်းမြို့မ ရဲစခန်းသို့ အပ်နှံခဲ့သည်။

“ကျွန်တော်တို့က ရပ်ကွက်ထဲမှ သူငယ်ချင်းတွေစုပြီး စကားပြောနေတယ်။ အဲဒီအချိန်မှာ လူသုံးဦးက ရှေ့က ပြေးပြီး ပစ္စည်းတွေကို လမ်းဘေးကို ပစ်ချတာမျိုးတွေ လုပ်တာကို တွေ့တယ်။ ပြီးတော့ နိုင်ငံခြားသားတစ်ဦး နောက်ကနေ ဖိနပ်မပါဘဲ ပြေးလိုက်နေတာကို တွေ့တယ်။ အဲဒီတော့ ကျွန်တော်တို့လည်း မသင်္ကာတဲ့ လူသုံးဦးကို ၀ိုင်းဝန်းဖမ်းဆီးခဲ့တယ်။ ဒါပေမဲ့ တစ်ဦးတော့ လွတ်သွားတယ်” ဟု ၀ိုင်းဝန်းဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် ၁၅ ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောပြခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးအား မေးမြန်းခဲ့ရာ “ဖောက်ထွင်းခံရတဲ့ ပစ္စည်းတွေထဲမှာ ဒေါ်လာတွေရယ်၊ ရတနာပစ္စည်းတွေရယ် တော်တော် များများ ပါသွားတယ်။ လွတ်သွားတဲ့ ကျူးလွန်သူတစ်ဦးကို အမြန်ဆုံး ဖမ်းမိဖို့အတွက် ရဲတပ် ဖွဲ့ဝင် တွေ ချိတ်ဆက်ဆောင်ရွက်နေတယ်” ဟု ဇွန် ၈ ရက် ညပိုင်းတွင် ဖြေကြားခဲ့သည်။

Eleven Media Group 

No comments:

Post a Comment