Monday 9 June 2014

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၏ ရင်းနှီးမြှုပ်နှံ တည်ဆောက်သူအား ဇူလိုင်လတွင် ခေါ်ယူမည်

Photo: ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၏ ရင်းနှီးမြှုပ်နှံ တည်ဆောက်သူ အား ဇူလိုင်လတွင် ခေါ်ယူမည်
Monday, June 9, 2014

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၏ ရင်းနှီးမြှုပ်နှံ တည်ဆောက်သူ (Developers) အား ၂၀၁၄ ခုနှစ်၊ ဇူလိုင်လကုန်တွင် ခေါ်ယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“အကြံပေးကုမ္ပဏီနဲ့ စာချုပ်ချုပ်အပြီးမှာ တာဝန်ရှိသူတွေ ကျောက်ဖြူမြို့မှာ ဒေသခံတွေနဲ့ တွေ့ဆုံပြီး Master Plan အပြီးသတ်ရေးဆွဲဖို့ အချက်လက်တွေ ပြုစုခဲ့ပါတယ်။ Master Plan အပြီးသတ်ရေးဆွဲပြီး ၂၀၁၄ ခုနှစ်၊ ဇူလိုင်လကုန်မှာ (Developers) စတင်ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်” ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေး ကော်မတီမှ အဖွဲ့ဝင်ဖြစ်သူ ဦးဘရွှေက ပြောကြားခဲ့သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၏ ရင်းနှီးမြှုပ်နှံ တည်ဆောက်သူ (Developers) ခေါ်ယူရာတွင် ဆိပ်ကမ်း၊ စက်မှုဇုန်နှင့် လူနေဇုန်ဟူ၍ ကဏ္ဍသုံးခုခွဲ၍ ခေါ်ယူမည်ဖြစ်သည်။

ယခင်က ကျောက်ဖြူအထူးစီးပွားဇုန် စီမံကိန်းတည်ဆောက်မည့် ရင်းနှီးမြှုပ်နှံ တည်ဆောက်သူအား နိုင်ငံတကာ တင်ဒါခေါ်ယူပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီတစ်ခုတည်းကိုသာ ရွေးချယ်မည်ဟု ဆုံးဖြတ်ထားခဲ့သော်လည်း လက်ရှိတွင် အကြံပေးကုမ္ပဏီ၏ အကြံပေးချက်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၏ သဘောတူ ဆုံးဖြတ်ချက်အရ ယခုကဲ့သို့ ကဏ္ဍသုံးခုခွဲ၍ ရင်းနှီးမြှုပ်နှံ တည်ဆောက်မည့် ကုမ္ပဏီသုံးခုအား ခေါ်ယူသွားရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအား ရေနက်ဆိပ်ကမ်း တည်ဆောက်မည့် ဆိပ်ကမ်းဆိုင်ရာ ကျွမ်းကျင်ကုမ္ပဏီ၊ စက်မှုဇုန်တည်ဆောက်မည့် ကုမ္ပဏီနှင့် လူနေအိမ်နှင့် အခြေခံအဆောက်ဦများ ပါဝင်သည့် လူနေဇုန်အား တည်ဆောက်မည့် ကုမ္ပဏီသုံးခုအား နိုင်ငံတကာ တင်ဒါပုံစံဖြင့် ခေါ်ယူရွေးချယ်သွားမည်ဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များ (Developers) ခေါ်ယူရန် အကြံပေးကုမ္ပဏီအဖြစ် စင်ကာပူအခြေစိုက် CPG အကြံပေးကုမ္ပဏီအုပ်စုအား ရွေးချယ်ခဲ့ပြီး အဆိုပါကုမ္ပဏီအား အကြံပေးကုမ္ပဏီ ငှားရမ်းသည့် စာချုပ်အား ၂၀၁၄ ခုနှစ် မေလ ၂၆ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။    

Eleven Media Group 

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်သည့် ဆိပ်ကမ်း တစ်နေရာ ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရမ္မာ)
ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်သည့် ဆိပ်ကမ်း တစ်နေရာ ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရမ္မာ)
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၏ ရင်းနှီးမြှုပ်နှံ တည်ဆောက်သူ (Developers) အား ၂၀၁၄ ခုနှစ်၊ ဇူလိုင်လကုန်တွင် ခေါ်ယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“အကြံပေးကုမ္ပဏီနဲ့ စာချုပ်ချုပ်အပြီးမှာ တာဝန်ရှိသူတွေ ကျောက်ဖြူမြို့မှာ ဒေသခံတွေနဲ့ တွေ့ဆုံပြီး Master Plan အပြီးသတ်ရေးဆွဲဖို့ အချက်လက်တွေ ပြုစုခဲ့ပါတယ်။ Master Plan အပြီးသတ်ရေးဆွဲပြီး ၂၀၁၄ ခုနှစ်၊ ဇူလိုင်လကုန်မှာ (Developers) စတင်ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်” ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေး ကော်မတီမှ အဖွဲ့ဝင်ဖြစ်သူ ဦးဘရွှေက ပြောကြားခဲ့သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၏ ရင်းနှီးမြှုပ်နှံ တည်ဆောက်သူ (Developers) ခေါ်ယူရာတွင် ဆိပ်ကမ်း၊ စက်မှုဇုန်နှင့် လူနေဇုန်ဟူ၍ ကဏ္ဍသုံးခုခွဲ၍ ခေါ်ယူမည်ဖြစ်သည်။

ယခင်က ကျောက်ဖြူအထူးစီးပွားဇုန် စီမံကိန်းတည်ဆောက်မည့် ရင်းနှီးမြှုပ်နှံ တည်ဆောက်သူအား နိုင်ငံတကာ တင်ဒါခေါ်ယူပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီတစ်ခုတည်းကိုသာ ရွေးချယ်မည်ဟု ဆုံးဖြတ်ထားခဲ့သော်လည်း လက်ရှိတွင် အကြံပေးကုမ္ပဏီ၏ အကြံပေးချက်နှင့် ကျောက်ဖြူအထူးစီးပွားရေး ဇုန် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၏ သဘောတူ ဆုံးဖြတ်ချက်အရ ယခုကဲ့သို့ ကဏ္ဍသုံးခုခွဲ၍ ရင်းနှီးမြှုပ်နှံ တည်ဆောက်မည့် ကုမ္ပဏီသုံးခုအား ခေါ်ယူသွားရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအား ရေနက်ဆိပ်ကမ်း တည်ဆောက်မည့် ဆိပ်ကမ်းဆိုင်ရာ ကျွမ်း ကျင် ကုမ္ပဏီ၊ စက်မှုဇုန်တည်ဆောက်မည့် ကုမ္ပဏီနှင့် လူနေအိမ်နှင့် အခြေခံအဆောက်ဦများ ပါဝင်သည့် လူနေဇုန်အား တည်ဆောက်မည့် ကုမ္ပဏီသုံးခုအား နိုင်ငံတကာ တင်ဒါပုံစံဖြင့် ခေါ်ယူရွေးချယ်သွား မည်ဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များ (Developers) ခေါ်ယူရန် အကြံပေးကုမ္ပဏီအဖြစ် စင်ကာပူအခြေစိုက် CPG အကြံပေးကုမ္ပဏီအုပ်စုအား ရွေးချယ်ခဲ့ပြီး အဆိုပါ ကုမ္ပဏီ အား အကြံပေးကုမ္ပဏီ ငှားရမ်းသည့် စာချုပ်အား ၂၀၁၄ ခုနှစ် မေလ ၂၆ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။    

Eleven Media Group 

No comments:

Post a Comment