Monday 9 June 2014

ပြင်သစ်အိုပင်းဖလား Nadal ၉ ကြိမ်မြောက် စံချိန်တင်

Photo: ပြင်သစ်အိုပင်းဖလား Nadal ၉ ကြိမ်မြောက် စံချိန်တင်
Monday, June 9, 2014

ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့  ပြင်သစ် OPEN တင်းနစ်ပြိုင်ပွဲမှာ စပိန်နိုင်ငံသား နဒါးလ်က ဗိုလ်စွဲပြီး ၉ ကြိမ်မြောက် စံချိန်တင်လိုက်ပါတယ်။ ပြင်သစ် OPEN တင်းနစ်ပြိုင်ပွဲ အမျိုးသားတဦးချင်းဖိုင်နယ်ကို တနင်္ဂနွေနေ့က ကစားခဲ့တာမှာ ကမ္ဘာ့အဆင့် ၁ ရာဖဲလ် နဒါလ်း (Rafael Nadal) နဲ့ အဆင့် ၂ နိုဘက် ဂျိုကိုဗစ်ခ်ျ (Novak Djokovic) ကို ၃-၆ ၊ ၇-၅၊ ၆-၂၊ ၆-၄ နဲ့ အနိုင်ရပြီးတော့ ချန်ပီယံဖြစ်သွားတာပါ။

ဒါဟာ နဒါးလ်အတွက်တော့ ပြင်သစ်OPENကို ၉ ကြိမ်မြောက် အနိုင်ရခဲ့တာဖြစ်ပြီး ဂရန်းစလမ်း (Grand Slam) ဆုဖလား စုစုပေါင်း ၁၄ ကြိမ် ရသွားခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ် OPEN ကို အခုလို နိုင်လိုက်တဲ့အတွက် သူဟာ အမျိုးသားဘက်မှာ ဂရန်းစလမ်းပြိုင်ပွဲရဲ့ ပြိုင်ပွဲ အမျိုးအစား တခုတည်းမှာ ၉ ကြိမ်ဗိုလ်စွဲပြီး ၊ အများဆုံးစံချိန်တင်လိုက်နိုင်ပါတယ်။

ဒီလိုပွဲမျိုးမှာ အချိန်တိုင်း အရေးကြီးပါတယ်။ ဂျိုကိုဗစ်ခ်ျ နဲ့ ကစားရတာဟာ တကယ့်စိန်ခေါ်မှုကြီးပါ။ သူနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၄ ကြိမ်စလုံး ကျနော်ရှုံးခဲ့တယ် ။ ဒီနေ့ သူရှုံးသွားတဲ့အတွက် စိတ်မကောင်းပါဘူး။ ဒီပြိုင်ပွဲကို သူနိုင်ဖို့ထိုက်တန်ပါတယ်လို့ နှစ်သိမ့်စကားပြောသွားပါတယ်။ 

ဂျိုကိုဗစ်ခ်ျကတော သြစတြေးလျ၊ ၀င်ဘယ်လ်ဒန် နဲ့ အမေရိကန်OPEN ဂရန်းစလမ်းတွေကို အနိုင်ရဖူးပေမယ့်၊ ပြင်သစ်OPEN ကိုတော့ အခုချိန်ထိ ဗိုလ်မစွဲဖူးသေးပါဘူး။

ဗွီအိုအေ (မြန်မာဌာန)

စပိန် တင်းနစ် ချံပီယံRafael Nadal ၂၀၁၄ ခုနှစ် ပြင်သစ် Open ဆု ရရှိ သွားစဉ်
စပိန် တင်းနစ် ချံပီယံRafael Nadal ၂၀၁၄ ခုနှစ် ပြင်သစ် Open ဆု ရရှိ သွားစဉ်
ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့  ပြင်သစ် OPEN တင်းနစ်ပြိုင်ပွဲမှာ စပိန်နိုင်ငံသား နဒါးလ်က ဗိုလ်စွဲပြီး ၉ ကြိမ်မြောက် စံချိန်တင်လိုက်ပါတယ်။ ပြင်သစ် OPEN တင်းနစ်ပြိုင်ပွဲ အမျိုးသားတဦးချင်းဖိုင်နယ်ကို တနင်္ဂနွေနေ့က ကစားခဲ့တာမှာ ကမ္ဘာ့အဆင့် ၁ ရာဖဲလ် နဒါလ်း (Rafael Nadal) နဲ့ အဆင့် ၂ နိုဘက် ဂျိုကိုဗစ်ခ်ျ (Novak Djokovic) ကို ၃-၆ ၊ ၇-၅၊ ၆-၂၊ ၆-၄ နဲ့ အနိုင်ရပြီးတော့ ချန်ပီယံဖြစ်သွားတာပါ။

ဒါဟာ နဒါးလ်အတွက်တော့ ပြင်သစ်OPENကို ၉ ကြိမ်မြောက် အနိုင်ရခဲ့တာဖြစ်ပြီး ဂရန်းစလမ်း (Grand Slam) ဆုဖလား စုစုပေါင်း ၁၄ ကြိမ် ရသွားခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ် OPEN ကို အခုလို နိုင်လိုက်တဲ့ အတွက် သူဟာ အမျိုးသားဘက်မှာ ဂရန်းစလမ်းပြိုင်ပွဲရဲ့ ပြိုင်ပွဲ အမျိုးအစား တခုတည်းမှာ ၉ ကြိမ်ဗိုလ်စွဲပြီး ၊ အများဆုံးစံချိန်တင်လိုက်နိုင်ပါတယ်။

ဒီလိုပွဲမျိုးမှာ အချိန်တိုင်း အရေးကြီးပါတယ်။ ဂျိုကိုဗစ်ခ်ျ နဲ့ ကစားရတာဟာ တကယ့်စိန်ခေါ်မှုကြီးပါ။ သူနဲ့ ကစား ခဲ့တဲ့ နောက်ဆုံး ၄ ကြိမ်စလုံး ကျနော်ရှုံးခဲ့တယ် ။ ဒီနေ့ သူရှုံးသွားတဲ့အတွက် စိတ်မကောင်းပါဘူး။ ဒီပြိုင်ပွဲကို သူနိုင်ဖို့ထိုက်တန်ပါတယ်လို့ နှစ်သိမ့်စကားပြောသွားပါတယ်။ 

ဂျိုကိုဗစ်ခ်ျကတော သြစတြေးလျ၊ ၀င်ဘယ်လ်ဒန်နဲ့ အမေရိကန်OPEN ဂရန်းစလမ်းတွေကို အနိုင်ရဖူးပေ မယ့်၊ ပြင်သစ်OPEN ကိုတော့ အခုချိန်ထိ ဗိုလ်မစွဲဖူးသေးပါဘူး။

ဗွီအိုအေ (မြန်မာဌာန)

No comments:

Post a Comment