Monday 9 June 2014

တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန် ကြေညာ အောင်ချက် အကောင်းဆုံး အဖြစ် မွန်ပြည်နယ် ပထမ ရရှိ

၂ဝ၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာ အထက်တန်း ကျောင်းများ၌ တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန် ကြေညာချက်များ အရ ကချင်ပြည်နယ် မိုးညှင်းမြို့၌ ဖြေဆိုသူ ၄၁၇၂ ဦး၊ အောင်မြင်သူ ၁၅၁၂ ဦး၊ အောင်ချက် ၃၆ ဒသမ ၂၄ ရာခိုင်နှုန်းဖြင့် ဂုဏ်ထူးရရှိသူ ၆၉၂ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီး ကောလင်း မြို့တွင် ဖြေဆိုသူ ၁၃၁၂ ဦး၊ အောင်မြင်သူ ၄၅၃ ဦး၊ အောင်ချက် ၃၄ ဒသမ ၅၂ ရာခိုင်နှုန်းဖြင့် ဂုဏ်ထူး ရရှိသူ ၁၉ဝ ဦး၊ မကွေးတိုင်း ဒေသကြီး ဆိပ်ဖြူမြို့တွင် ဖြေဆိုသူ ၁၉၄၁ ဦး၊ အောင်မြင်သူ ၄၂၉ ဦး၊ အောင်ချက် ၂၂ ဒသမ ၁ ရာခိုင်နှုန်းဖြင့် ဂုဏ်ထူးရရှိသူ ၁ဝ၆ ဦး၊ တောင်တွင်းကြီး မြို့နယ်၌ ဖြေဆိုသူ ၃၃၇၉ ဦး၊ အောင်မြင်သူ ၉၇၂ ဦး၊ အောင်ချက် ၂၈ ဒသမ ၇၇ ရာခိုင်နှုန်းဖြင့် ဂုဏ်ထူး ရရှိသူ ၂၂၇ ဦး၊ ချောက်မြို့ နယ်တွင် ဖြေဆိုသူ ၃ဝ၅၇ ဦး၊ အောင်မြင်သူ ၅၇၉ ဦး၊ အောင်ချက် ၁၈ ဒသမ ၉၄ ရာခိုင်နှုန်းဖြင့် ဂုဏ်ထူး ရရှိသူ ၁၁၁ ဦး၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ဖြေဆိုသူ ၁၁၆၄၁ ဦး၊ အောင်မြင်သူ ၄၇၆၄ ဦး၊ အောင်ချက် ၃၇ ဒသမ ၅၇ ရာခိုင်နှုန်းဖြင့် ဂုဏ်ထူး ရရှိသူ ၁ဝ၈ဝ ဦး၊ မန္တလေးတိုင်း ဒေသကြီးတွင် ဖြေဆိုသူ ၇၉၃၅၃ ဦး၊ အောင်မြင်သူ ၂၇၂၉၆ ဦး၊ အောင်ချက် ၃၄ ဒသမ ၄ဝ ရာခိုင်နှုန်းဖြင့် ဂုဏ်ထူး ရရှိသူ ၂၇၅၃ ဦး၊ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်၌ ဖြေဆိုသူ ၁၉၈၅ ဦး၊ အောင်မြင်သူ ၅ဝ၈ ဦး၊ အောင်ချက် ၂၅ ဒသမ ၅၉ ရာခိုင်နှုန်းဖြင့် ဂုဏ်ထူး ရရှိသူ ၇ဝ ဦး၊ ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့တွင် ဖြေဆိုသူ ၄၇၃၅ ဦး၊ အောင်မြင်သူ ၁၈၄၉ ဦး၊ အောင်ချက် ၃၉ ဒသမ ဝ၅ ရာခိုင်နှုန်းဖြင့် ဂုဏ်ထူး ရရှိသူ ၅ဝဝ ဦး၊ မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့၌ ဖြေဆိုသူ ၅၇၈၈ ဦး၊ အောင်မြင်သူ ၁၄၁၁ ဦး၊ အောင်ချက် ၂၄ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် ဂုဏ်ထူး ရရှိသူ ၁၇၂ ဦး၊ ချင်းပြည်နယ် ဖလမ်းမြို့နယ်၌ ဖြေဆိုသူ ၂၈၇၃ ဦး၊ အောင်မြင်သူ ၃၁၅ ဦး၊ အောင်ချက် ၁ဝ ဒသမ ၉၆ ရာခိုင်နှုန်း၊ မွန်ပြည်နယ် ၁ဝ မြို့နယ်တွင် ဖြေဆိုသူ ၁၅၈၇၃ ဦး၊ အောင်မြင်သူ ၇၄၂ဝ ဦး၊ အောင်ချက် ၄၆ ဒသမ ၇၅ ရာခိုင်နှုန်းဖြင့် ဂုဏ်ထူး ရရှိသူ ၁၉၁၅ ဦးဖြင့် မြန်မာ တစ်နိုင်ငံလုံး အောင်ချက် ရာခိုင်နှုန်း အရ မွန်ပြည်နယ်မှ ခြောက်နှစ် ဆက်တိုက် ပထမ ရရှိခဲ့ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment