Friday, 23 May 2014

အင်းလေးကန် ဖွံ့ဖြိုးရေး ကျပ် သန်း ၇၅၀ လောက်သုံးမည်

Photo: အင်းလေးကန် ဖွံ့ဖြိုးရေး ကျပ် သန်း ၇၅၀ လောက်သုံးမည်
Friday, May 23, 2014 
 
၂၀၁၃- ၁၄ ဘဏ္ဍာနှစ်အတွင်း အင်းလေးကန်ကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားတွေဆီကနေ ၀င်ငွေ ကျပ် ၁ ဘီလီယံခွဲလောက် ရခဲ့ပြီး အဲဒီထဲကတ၀က်ဖြစ်တဲ့ ကျပ်ငွေ သန်း ၇၅၀ ကို အင်းလေးကန် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ကို တင်ပြသွားမယ်လို့ အင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

z6 copyလက်ရှိ အင်းလေးကန်ရဲ့ ရေဝေ ရေလဲ ဒေသတွေမှာ သစ်တောပြုန်းတီးမှုကြောင့် ကန်အတွင်း နုန်းပို့ချမှုများလာတာ၊ စိုက်ပျိုးမြေ များလာတာ၊ အမှိုက်နဲ့ အညစ်အကြေးစွန့်ပစ်မှု များလာတာ စတဲ့ ပြဿ    နာတွေနဲ့ ရင်ဆိုင်နေရပြီး အဲဒီ ပြဿ  နာတွေ ဖြေရှင်းရာမှာ ကောက်ခံရငွေတွေကို အသုံးပြုသွားရမယ်လို့ သူက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့နှစ်ကစ အင်းလေးကန် လာလည်တဲ့ နိုင်ငံခြားသား တဦးကို (၁၀) ဒေါ်လာ ကောက်ခံခဲ့ပြီး ၁ နှစ်အတွင်း နိုင်ငံခြားသား ၁ သိန်းခွဲလောက် လာရောက် လည်ပတ်ခဲ့ပါတယ်။

ဒီဗွီဘီ
 ၂၀၁၃- ၁၄ ဘဏ္ဍာနှစ်အတွင်း အင်းလေးကန်ကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားတွေဆီကနေ ၀င်ငွေ ကျပ် ၁ ဘီလီယံခွဲလောက် ရခဲ့ပြီး အဲဒီထဲကတ၀က်ဖြစ်တဲ့ ကျပ်ငွေ သန်း ၇၅၀ ကို အင်းလေးကန် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ကို တင်ပြသွားမယ်လို့ အင်းတိုင်းရင်းသား ရေးရာ ၀န်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

တောင်ကိုရီးယား ဝန်ကြီးချုပ်သစ်အဖြစ် တရားသူကြီးဟောင်းတစ်ဦးကို အမည်တင်သွင်း

Photo: တောင်ကိုရီးယား ဝန်ကြီးချုပ်သစ်အဖြစ် တရားသူကြီးဟောင်းတစ်ဦးကို 
အမည်တင်သွင်း
Friday, May 23, 2014 

တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့်လက ကူးတို့ သင်္ဘောနစ်မြုပ်မှုဖြစ်ရပ် ပေါ်ပေါက်ခဲ့ပြီးနောက် ရာထူးမှနုတ်ထွက်ပေးသည့် ဝန်ကြီးချုပ် ချန်ဟောင်ဝမ် ၏ နေရာတွင် အစားထိုးခန့်အပ်နိုင်ရန် သမ္မတ ပတ်ကွမ်ဟိုင်းက တရားရုံးချုပ်တရားသူကြီးဟောင်း တစ်ဦးကို အမည်စာရင်းတင်သွင်းလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မေ ၂၂ရက်တွင် သတင်းထုတ်ပြန်သည်။

တောင်ကိုရီးယားနိုင်ငံ၌ ကူးတို့သင်္ဘောနစ်မြုပ် မှုဖြစ်ရပ်ကြောင့် သမ္မတပတ်၏ အစိုးရအဖွဲ့မှာ ဝေဖန်ခံရမှုများနှင့်တွေ့ကြုံခဲ့ရပြီး လာမည့်ဒေသန္တရ ရွေးကောက်ပွဲများတွင် ၎င်း၏ပါတီ အောင်ပွဲခံနိုင်မှု ထိခိုက်ရဖွယ်ရှိကြောင်း နိုင်ငံရေးဆန်းစစ်သူများက ပြောကြားကြသည်။

ဝန်ကြီးချုပ် ချန်ဟောင်ဝမ်သည် လွန်ခဲ့သည့် လက နုတ်ထွက်စာ တင်ခဲ့ရာ ၎င်း၏နေရာတွင် အစားထိုးခန့်အပ်နိုင်ရန် တရားသူကြီးဟောင်း အန်းဒိုင်ဟီး (၅၉နှစ်)အား အမည်စာရင်း တင်သွင်း လိုက်ပြီဖြစ်သည်။ ဧပြီ ၁၆ ရက်က ကူးတို့သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားခဲ့ရာတွင် ကျောင်းသူ၊ ကျောင်းသား အများစုဖြစ်သည့် လူပေါင်း ၃ဝဝခန့် သေဆုံးခဲ့ရသည်။

အန်းဒိုင်ဟီးသည် အစိုးရဌာနများ ပြုပြင်ပြောင်း လဲနိုင်ရန်လည်းကောင်း၊ နိုင်ငံတော်က ပြုပြင် ပြောင်းလဲရေး အစီအစဉ်များ အကောင်အထည် ဖော်ရာတွင်လည်းကောင်း စွမ်းဆောင်ရည်ရှိသည့် ပုဂ္ဂိုလ်အဖြစ် သမ္မတက ယုံကြည်ယူဆကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ မင်ကွမ်စူးကပြောကြား သည်။ 

ကူးတို့သင်္ဘောနစ်မြုပ်မှု ဖြစ်ရပ်နှင့်ပတ်သက်၍ အစိုးရအားဝေဖန်မှုများပေါ်ထွက်ခဲ့ပြီးနောက်အမျိုးသား ထောက်လှမ်းရေးဌာန အကြီးအကဲ နမ်ဂျေဂွန်း နှင့် အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲ ကင်ယန်စူးတို့ကလည်း ရာထူးမှ နုတ်ထွက်စာများ အသီးသီးတင်သွင်းခဲ့ကြသည်။

Myanmaalinn
တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့်လက ကူးတို့ သင်္ဘောနစ်မြုပ်မှုဖြစ်ရပ် ပေါ်ပေါက်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်ပေးသည့် ဝန်ကြီးချုပ် ချန်ဟောင်ဝမ် ၏ နေရာတွင် အစားထိုးခန့်အပ်နိုင်ရန် သမ္မတ ပတ်ကွမ်ဟိုင်း က တရားရုံးချုပ်တရားသူကြီးဟောင်း တစ်ဦးကို အမည်စာရင်းတင်သွင်းလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မေ ၂၂ရက်တွင် သတင်းထုတ်ပြန်သည်။

ဂန့်ဂေါတွင်လေပြင်းတိုက်ခတ်၍နေအိမ်အချို့အမိုးလန် သစ်ပင် အချို့အမြစ်မှကျွတ်၍လဲကျ

မေ ၂၀ ရက်ညနေ ၆ နာရီ ခန့်အချိန်ကလေပြင်းတိုက်ခတ်သဖြင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့မြောက်ကုန်းရပ်ကွက် အတွင်းမြစ်သာမြစ်ကမ်းဘေးဝန်း ကျင်ရှိနေအိမ် ၁၀ လုံးခန့်အမိုးလန် ခြင်း၊ မြန်မာ့သစ်လုပ်ငန်းဧည့်ရိပ် သာအနီးမြစ်သာမြစ်ရေချိုးဆိပ် အနီးရှိ မန်ကျည်းပင်ကြီးတစ်ပင် အမြစ်မှ ကျွတ်၍ လဲကျသွားခြင်း၊ မြန်မာ့သစ်လုပ်ငန်းရုံးရှေ့ရှိဓါတ် တိုင်တစ်တိုင်အနည်းငယ်ယိုင်စောင်း သွားခြင်း၊ မြောက်ကုန်းရပ်ကွက် နှင့် သောင်မြေစိုက်ခင်းများသို့ဆက် သွယ်ထားသောမြစ်သာမြစ်ကူး ယာယီသစ်သားတံတား၏ကြမ်း ခင်းဝါးကပ်များလေထဲလွင့်ပါသွား ခြင်းတို့ဖြစ်ပေါ်ခဲ့သည်။

အာရှတိုက်ကို မည်သည့်နိုင်ငံကမျှ စိုးမိုးမှုမရှိရေး နိုင်ငံတကာ လုံခြုံရေး ညီ လာခံ ၌ တရုတ်နိုင်ငံ တိုက်တွန်း

အာရှတိုက်၌ မည်သည့်နိုင်ငံကမျှ စိုးမိုးခြယ်လှယ်မှု မရှိသင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က မေ ၂၁ ရက်တွင် ပြောကြားလိုက်သည်။ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပသော အာရှဒေသရှိ နိုင်ငံများ ယုံကြည်မှု တည်ဆောက်ရေး နိုင်ငံတကာညီလာခံတွင် တရုတ်သမ္မတရှီက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။ 

ရန်ကုန်တိုင်းတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၄၀၀ နီးပါးရှိ၊ ကလေးသုံးဦး သေဆုံး

Photo: ရန်ကုန်တိုင်းတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၄၀၀ နီးပါးရှိ၊ ကလေးသုံးဦး သေဆုံး
Friday, May 23, 2014 

သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်း အများဆုံး တိုင်းဒေသကြီး စာရင်းဝင် ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလဆန်းမှ မေလ တတိယပတ်အထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၃၇၇ ဦးရှိပြီး အသက် ၅ နှစ်မှ ၉ နှစ်ကြားရှိ ကလေးသုံးဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

၂၀၁၃ ခုနှစ်က သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း မြင့်တက်ခဲ့သော်လည်း ယခုနှစ်တွင် ဖြစ်ပွားသူ သိသိသာသာ လျော့နည်း သွားခဲ့ကြောင်း၊ သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်းများသော ဧပြီလနှင့် မေလတွင် ဖြစ်ပွားသူ ၁၇၀ နီးပါးသာ ဖြစ်ပွားကြောင်း အဆိုပါ ဦးစီးဌာနက ထုတ်ပြန်ထားသည်။

“တစ်နှစ်ဖြစ်ပြီးရင် နောက်တစ်နှစ်က ကျသွားတတ်တယ်။ ဆေးရုံကို အဖျားရှိတဲ့ လူနာတွေ လာပေမယ့် သွေးလွန်တုပ်ကွေးတော့ မဟုတ်ဘူး။ မနှစ်နဲ့ယှဉ်ရင် ဖြစ်ပွားနှုန်းက သာမန်ပဲ” ဟု ရန်ကင်း ကလေးဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်လွင်က The Voice သို့ ရှင်းပြသည်။ 

ကျန်းမာရေး အသိုက်အဝန်းကလည်း ၂၀၁၄ ခုနှစ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်း လျော့ကျနိုင်ကြောင်း သုံးသပ်ကြသည်။

ရန်ကင်း ကလေးဆေးရုံကြီးတွင် ၂၀၁၃ ခုနှစ်က သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၂၄၀၀ ကျော်ကို ကုသခဲ့ပြီး သေဆုံးသူ ၁၇ ဦးထိ ရှိခဲ့သော်လည်း ယခုနှစ် ဇန်နဝါရီလမှ ဧပြီလကုန်အထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၄၀ ဦးသာ ရှိခဲ့ကြောင်း ဒေါက်တာအောင်မြင့်လွင်က ပြောကြားသည်။

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း သွေးလွန် တုပ်ကွေး ဖြစ်ပွားနှုန်းသည် ဇန်နဝါရီလတွင် ၁၀၆ ဦး၊ ဖေဖော်ဝါရီလတွင် ၅၁ ဦး၊ မတ်လတွင် ၅၀ ဦး၊ ဧပြီတွင် ၅၉ ဦးနှင့် မေလ တတိယ သီတင်းပတ်အထိ ၁၁၁ ဦး ရှိခဲ့ကြောင်း တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၃ ခုနှစ် အတွင်းက သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၄၇၃၀ ဦးရှိခဲ့ပြီး သေဆုံးသူ ၃၂ ဦးထိ ဖြစ်ပွားခဲ့၍ ခြောက်နှစ်အတွင်း ဆိုးရွားသော သွေးလွန်တုပ်ကွေး ဖြစ်ပွားသောနှစ်ဟု သတ်မှတ်ထားခဲ့သည်။

The Voice Weekly
သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်း အများဆုံး တိုင်းဒေသကြီး စာရင်းဝင် ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလဆန်းမှ မေလ တတိယပတ်အထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၃၇၇ ဦးရှိပြီး အသက် ၅ နှစ်မှ ၉ နှစ်ကြားရှိ ကလေးသုံးဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

မူဆယ်-ငွေဆောင် မြန်နှုန်းမြင့် ဖိုက်ဘာအင်တာနက်လိုင်း သွယ်တန်းမှု ယခုလကုန်ပြီးစီးမည်

အင်တာနက် မြန်နှုန်းမြင့်လာရန် ရည်ရွယ်၍ တည်ဆောက်နေသည့် SE-ME-WE 5 အင်တာနက် ဆက်ကြောင်းသစ် မူဆယ်-မန္တလေး-ရန်ကုန်-ပုသိမ်-ငွေဆောင်မြန်နှုန်းမြင့် မြေအောက်ဖိုက်ဘာ အင်တာနက် စီမံ ကိန်းကို မေလကုန်တွင် အပြီးသတ်မည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

ဘင်္ဂလား ပင်လယ် အော်ရှိ မုန်တိုင်းငယ် ရခိုင် ကမ်းရိုးတန်းနှင့် အလွန် နီးကပ်နေ

Photo: ဘင်္ဂလား ပင်လယ် အော်ရှိ မုန်တိုင်းငယ် ရခိုင် ကမ်းရိုးတန်းနှင့် အလွန် နီးကပ်နေ
Friday, May 23, 2014

ယနေ့ ည ၉ နာရီအချိန် တိုင်းထွာချက် များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ဂွမြို့၏ အနောက်ဘက် မိုင် ၁၅ဝခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် ၁၆၅ မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စစ်တကောင်း မြို့၏ တောင်ဘက် မိုင်၂၉ဝခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

အဆိုပါ မုန်တိုင်းငယ်သည် မြောက်- အနောက်မြောက် ဘက်သို့ ဆက်လက် ရွေ့လျား နိုင်သည်ဟု ခန့်မှန်းရသည်။

မုန်တိုင်းငယ်သည် မြောက်- အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်း ရသော်လည်း ရခိုင်ကမ်း ရိုးတန်းနှင့် အလွန်နီးကပ် နေသဖြင့် လိမ္မော် ရောင် အဆင့်ဟု သတ်မှတ်သည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးနိုင်သည်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက် လေပြင်း ကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄ဝမှ ၄၅မိုင် အထိ တိုက်ခတ်နိုင်သည်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေ ယာဉ်များ၊ သင်္ဘောများ အနေဖြင့် မုန်တိုင်း အန္တရာယ်ကို

ကြိုတင် သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ အကြံပြု ထားသည်။

မုန်တိုင်း သတိပေး ကြေညာချက်အား မြန်မာ့အသံ ရေဒီယို၊ မန္တလေး FM၊ ပဉ္စဝတီ FM၊ ရွှေFM ၊ ပတ္တမြားFM ၊ ချယ်ရီ FM ၊ FMပုဂံတို့မှ ၁၅ မိနစ်လျှင် တစ်ကြိမ်၊ မြန်မာ့ ရုပ်မြင်သံကြား (MRTV) မှ မိနစ် ၃ဝလျှင်တစ်ကြိမ် မပြတ် ထုတ်လွှင့် ပေးနေပါသည်။

သို့ဖြစ်ပါ၍ မုန်တိုင်း အန္တရာယ် ဖြစ်ပေါ်နိုင်သည့် ဒေသများတွင် နေထိုင်ကြသည့် ပြည်သူများ အနေဖြင့် ရုပ်မြင်သံကြား၊ FM ရေဒီယိုများကို ကြည့်ရှု နားထောင်၍ မုန်တိုင်းအန္တရာယ် ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ လိုက်နာ ဆောင်ရွက် သွားကြပါရန်နှင့် မြန်မာ့ပင်လယ် ငါးလုပ်ငန်း ရေပြင်အတွင်း ငါးဖမ်း လုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေသော ကမ်းနီး ငါးဖမ်းလှေများ၊ ပြည်တွင်း/ ပြည်ပ ကမ်းဝေး ငါးဖမ်းရေယာဉ်များ အနေဖြင့်လည်း အဆိုပါ မုန်တိုင်း အန္တရာယ်မှ ရှောင်ရှား ကာကွယ် နိုင်ရန်အတွက် အောက်ဖော်ပြပါ တည်နေရာ များတွင် အချိန်မီ ခိုလှုံကြပါရန်-

(က) ရခိုင်ပြည်နယ်၊ ပေါက်တော မြို့နယ်၊ ဖရုံကာကျွန်း (မြောက်လတ္တီတွဒ် ၂ဝ ဒီဂရီ ဝဝ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ဝဝ မိနစ်)

( ခ) ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သပြုချိုင် (ANDREW BAY) (မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၂ဝ မိနစ်နှင့်အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂ဝ မိနစ်)

( ဂ) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ငလပွေ့ချောင်း (မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၄ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၃ မိနစ်)

(ဃ) ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းဆိပ်ကမ်း(မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၃၁ မိနစ်နှင့်အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၃ မိနစ်)

( င) ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ သင်္ဘောဆိပ် (မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၁၅ မိနစ်နှင့်အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၃ မိနစ်)

( စ) ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ တင်းတောကျေးရွာအုပ်စု၊ အမော်ချိုင်(မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၃၇ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၄ မိနစ်)

(ဆ) ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း HAINGYI ISLAND (မြောက်လတ္တီတွဒ် ၁၅ဒီဂရီ ၅၈ မိနစ်နှင့်အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ၂ဝမိနစ်)

( ဇ ) ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတော မြို့နယ်၊ ပြင်ခရိုင်၊ ချောင်းဝ ကျေးရွာ (မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ဝဝ မိနစ်နှင့် အရှေ့လောင် ဂျီတွဒ် ၉၄ ဒီဂရီ ၂၄ ဒသမ ၄ဝ မိနစ်)

( ဈ) ဧရာဝတီတိုင်း ဒေသကြီး၊ ကဒုံကနိ ကျေးရွာ (မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၄၈ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၁၆မိနစ်) ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးရှိ ကမ်းနီးငါးဖမ်း ရေယာဉ်များသည် ငါးဖမ်းဆီး ထွက်ခွာခြင်း မပြုကြရန်နှင့် နီးစပ်ရာ လုံခြုံသည့် ကျွန်းများတွင် ကျွန်းခိုကြရန် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီး ဌာနမှ ထုတ်ပြန် ထားသည်။

မြ၀တီ
ယနေ့ ည ၉ နာရီအချိန် တိုင်းထွာချက် များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ဂွမြို့၏ အနောက်ဘက် မိုင် ၁၅ဝခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် ၁၆၅ မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စစ်တကောင်း မြို့၏ တောင်ဘက် မိုင်၂၉ဝခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

မြန်မာအတွေးအခေါ် ပြိုင်ပွဲ ၂၀၁၄ ကျင်းပမည်

ရန်ကုန် ၊မဇ္ဈိမ။ ။ PS Business School မှ ကြီးမှူးကျင်းပသော မြန်မာလူငယ် အတွေးအခေါ်ပြိုင်ပွဲ ၂၀၁၄ကို အဆင့် ၄ ဆင့်ဖြင့် မေလမှ စက်တင်ဘာလ အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် လူငယ်များ၏ အတွေးအခေါ် နှင့် စိတ်ကူးစိတ်သန်းများကို လွတ်လပ်စွာ တင်ပြင်နိုင်မည်ဟု PS Business School မှ ဥက္ကဋ္ဌ ဦးမျိုးမင်းဦးက မဇ္ဈိမကိုပြောသည်။

တရုတ်သို့ လူကုန်ကူးသည့်ဂိုဏ်း မန္တလေးတွင် ဖမ်းမိ

သတို့သမီး လိုအပ်ချက် မြင့်တက်နေသဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ မြန်မာ အမျိုးသမီးငယ်များကို သွေးဆောင် ဖျားယောင်းကာ လူကုန်ကူးမှုများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ မြန်မာအမျိုးသမီး များကို ပို့ဆောင်နေသော ဂိုဏ်းကို မန္တလေးမြို့တော်ရှိ ချမ်းမြရွှေပြည် ကားကြီးဝင်းမှတစ်ဆင့် ခြေရာခံမိကာ မေလလယ်ခန့်တွင် ခုနစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း လူကုန်ကူးမ တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တပ်ဖွဲ့စု(မန္တလေး) မှတပ်ဖွဲ့စုမှူး ဦးဖေသိန်းကျော်က ပြောကြားသည်။

မူးယစ်ဆေး ရောင်းဝယ်သည်ဟု သတင်းထွက်နေသည့်အိမ်တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းမိ

မြစ်ကြီနားမြို့ မန်ခိန်ဆရာက ထောင်ရပ်ကွက် အတွင်းရှိ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသည်ဟု ကျော်ဇော သတင်းထွက်နေသည့် နေအိမ်ကို ရပ်ကွက်နေသူ ၁၀၀ ကျော်ပါသည့်အဖွဲ့က မေလ ၂၁ ရက်တွင် ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး အပါအဝင် အရပ်သားနှစ်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း ဖမ်းဆီးရာတွင် ဦးဆောင် ပါဝင်သူ မန်ခိန် ဆရာကထောင် ရပ်ကွက်မှ နှစ်ခြင်း အသင်းတော် သင်းအုပ်ဆရာ ထိန်နန်တူးက ပြောကြားသည်။

အမေရိကတွင် မူလတန်းကျောင်းသားနှစ်ဦးက ဆရာမကို အဆိပ်ခတ်

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် မူလတန်း ကျောင်းသားနှစ်ဦး က ဆရာမ၏ ရေဘူးအတွင်း သို့ အဆိပ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း CNN သတင်းဌာနတွင် ဖော်ပြထားသည်။

NLD နှင့် ၈၈ ပူးပေါင်းကာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး မြို့ကြီး ၁၇ မြို့တွင် ထပ်မံဟောပြောမည်

Photo: NLD နှင့် ၈၈ ပူးပေါင်းကာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး မြို့ကြီး ၁၇ မြို့တွင် ထပ်မံဟောပြောမည်
Friday, May 23, 2014

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီက အခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) နှင့် (ခ) ကို ပြင်ဆင်ပေးမည်ဟု ဆိုထားသော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့က ယင်းပုဒ်မ ပြင်ဆင်ပေးရေးအတွက် မြို့ကြီး ၁၇ မြို့တွင် ဟောပြောပွဲများနှင့် လူထုဆန္ဒ လက်မှတ် ကောက်ယူပွဲများ ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်း NLD ဗဟို ကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးတွင် ပြည်သူများအားလုံး သိရှိနားလည်စေရန် တိုင်းဒေသကြီးနှင့် ပြည်နယ် မြို့ကြီးများတွင် ဟောပြောပွဲများ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ပုဒ်မ ၄၃၆ ကို နားလည်အောင် ရှင်းပြရမယ့် အချိန်ရောက်နေလို့ နိုင်ငံအနှံ့ ဟောပြောပွဲများ ပြုလုပ်သွားမှာပါ” ဟု ၎င်းကဆိုသည်။

ထို့အပြင် ဟောပြောပွဲပြုလုပ်မည့် သက်ဆိုင်ရာ မြို့နယ်များအလိုက် ပြင်ဆင်မှုများ ပြုလုပ်ရမည် ဖြစ်သောကြောင့် ထုတ်ပြန်ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ၈၈ မျိုးဆက်ကျောင်းသား ဦးဂျင်မီက ပြောကြားသည်။
“တချို့ မြို့တွေမှာ အခက်အခဲ ရှိနိုင်မလား ဆိုတာကို ပြန်စဉ်းစားရဦးမှာပါ” ဟု ၎င်းကဆိုသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး အခန်း (၁၂) ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရန်အတွက် ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ကော်မတီက ဆုံးဖြတ်ထားသော်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သဘောထားကို မသိရှိနိုင်သောကြောင့် နိုင်ငံအနှံ့ လူထုဟောပြောပွဲများ ပြုလုပ်ခြင်းဖြင့် ဖိအားပေးခြင်း ဖြစ်နိုင်ကြောင်း သီပေါ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။

“၄၃၆ ကိုပြင်မယ်လို့ ကော်မတီက ဆုံးဖြတ်ပေမယ့် အများဆန္ဒအရ ဆုံးဖြတ်တာဆိုရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သဘောထားကဘာလဲ မသိနိုင်ဘူး။ ကာကွယ်ရေး ဦးစီးချုပ်က ကော်မတီနဲ့ အတူတူပဲ ဆိုရင်တော့ နိုင်ငံအနှံ့ ဟောပြောပွဲ ပြုလုပ်တာက လူထုအားကို ဖြုန်းတီးသလို ဖြစ်မယ်” ဟု ၎င်းကဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂) ပုဒ်မ ၄၃၆ ကို ပြင်ဆင်သွားမည် ဖြစ်ကြောင်း မေလ ၁၉ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် ကော်မတီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက ဆုံးဖြတ်ကြောင်း အဆိုပါ ကော်မတီက ထုတ်ပြန်ထားသည်။

အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့် ၈၈ မျိုးဆက်များ ပူးတွဲလူထု ဟောပြောပွဲများကို မေလ တတိယအပတ်မှ စတင်ကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအနှံ့ ဟောပြောပွဲများ ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း NLD ပါတီမှ ထုတ်ပြန်ထားသည်။

မေလ ၂၀ ရက်နေ့တွင် NLD ပါတီက ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများသည် လူထုကို လမ်းပေါ်ထွက် ဆန္ဒပြစေရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ အခြေခံဥပဒေ၏ အကြောင်းအရာများကို ရှင်းလင်းခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

The Voice Weekly
ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီက အခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) နှင့် (ခ) ကို ပြင်ဆင်ပေးမည်ဟု ဆိုထားသော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့က ယင်းပုဒ်မ ပြင်ဆင်ပေးရေးအတွက် မြို့ကြီး ၁၇ မြို့တွင် ဟောပြောပွဲများနှင့် လူထုဆန္ဒ လက်မှတ် ကောက်ယူပွဲများ ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်း NLD ဗဟို ကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

မုန်တိုင်းငယ် ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်၊ ၁၂ နာရီအလိုတွင် အနီရောင် အဆင့် သတိပေးမည်

Photo: မုန်တိုင်းငယ် ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်၊ ၁၂ နာရီအလိုတွင် အနီရောင် အဆင့် သတိပေးမည်
Friday, May 23, 2014 

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လိမ္မော်ရောင် အဆင့်ရှိ မုန်တိုင်းငယ်မှာ ရခိုင်ကမ်းရိုးတန်း ဒေသသို့ ဦးတည် ရွေ့လျားနေပြီး ကမ်းရိုးတန်းသို့ မဝင်ရောက်မီ ၁၂ နာရီခန့် အလိုတွင် အနီရောင်အဆင့် ထုတ်ပြန်၍ သတိပေးမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မေလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ကြေညာချက် ထုတ်ပြန်သည်။

“လက်ရှိမှာ ရခိုင်ကမ်းရိုးတန်းကို ဦးတည်နေပေမယ့် မုန်တိုင်းလမ်းကြောင်း ဘယ်ကွေ့မလား ညာကွေ့မလား ဆိုတာတော့ မပြောနိုင်သေးဘူး” ဟု အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အဆိုပါ မုန်တိုင်းငယ်သည် ဂွမြို့၏ အနောက် အနောက်တောင်ဘက် ၁၂၅ မိုင်ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် ၁၆၀ မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် ၂၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်နေကြောင်း ၎င်းက ပြောဆိုသည်။

မုန်တိုင်းငယ် အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးမည် ဖြစ်ကာ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။ 

The Voice Weekly
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လိမ္မော်ရောင် အဆင့်ရှိ မုန်တိုင်းငယ်မှာ ရခိုင်ကမ်းရိုးတန်း ဒေသသို့ ဦးတည် ရွေ့လျားနေပြီး ကမ်းရိုးတန်းသို့ မဝင်ရောက်မီ ၁၂ နာရီခန့် အလိုတွင် အနီရောင်အဆင့် ထုတ်ပြန်၍ သတိပေးမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မေလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ကြေညာချက် ထုတ်ပြန်သည်။

မျိုးတုံးတော့မည့် လိပ်ကတုံးနှင့် သောင်လိပ် မျိုးစိတ်များ ရှာဖွေမည်

မြန်မာနိုင်ငံ မျိုးစိတ်ရင်းဖြစ်သည့် မျိုးတုံးရန် အလွန်နီးသော လိပ်ကတုံး(Batagur affinis)နှင့် သောင်လိပ် (Bata-gur baska) မျိုးစိတ်များကို နှစ်နှစ်အတွင်း ရှာဖွေတွေ့ရှိမှု မရှိသဖြင့် လာမည့်ဇူလိုင်လမှ စတင်ကာ ကမ်းရိုးတန်းတစ်လျှောက် ထပ်မံ ရှာဖွေထိန်းသိမ်းသွားမည်ဖြစ်ဟု သားငှက်တိရစ္ဆာန် ထိန်သိမ်းရေးအဖွဲ့ လိပ်ထိန်းသိမ်းစောင့်ရှောက်ရေး ညှိနှိုင်းရေးမှူး ဒေါ်ကလျာက မဇ်္ဈိမကို ပြောသည်။

လူတစ်ရာကျော် သေဆုံးစေခဲ့သည့် နိုက်ဂျီးရီးယားနိုင်ငံက ဆက်တိုက် ဗုံးပေါက်ကွဲမှု

Photo: လူတစ်ရာကျော် သေဆုံးစေခဲ့သည့် နိုက်ဂျီးရီးယားနိုင်ငံက ဆက်တိုက် ဗုံးပေါက်ကွဲမှု
Friday, May 23, 2014  

နိုက်ဂျီရီးယားနိုင်ငံမှာ အင်္ဂါနေ့တုန်းက ကားဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့တာကြောင့် လူတစ်ရာကျော်သေဆုံးခဲ့ပြီး နောက်ထပ်လူပေါင်းများစွာ
ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း မြို့တော် ဂျို့စ်မှာ ကားဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့တာ ကြောင့် လူအများအပြား ဒဏ်ရာရခဲ့ကြပြီး (၁၁၈)ဦးထက်မနည်းသေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာ ရရှိခဲ့တယ်လို့ နိုင်ဂျီးရီးယား အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
 
အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့ ဒီပေါက်ကွဲမှုမှာ လူစည်ကားတဲ့ ဈေးအနီးနဲ့ ကားဂိတ်အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီဖောက်ခွဲမှုကို ဘယ်သူလုပ်ဆောင်တယ်ဆိုတာတော့ မသိရသေးပေမယ့် ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ဘိုကိုဟာရမ် လက်နက်ကိုင်စစ်သွေးကြွတွေ ရှိနေတယ်လို့ အာဏာပိုင်တွေက ယူဆထားပါတယ်။
 
ဘိုကိုဟာရမ်မွတ်စလင် စစ်သွေးကြွတွေဟာ နိုင်ငံအနောက်မြောက်ပိုင်း ဘော်နိုပြည်နယ်က ကျောင်းသူ(၂၀၀)ကျော်ကိုလည်း ပြီးခဲ့တဲ့လက ပြန်ပေးဆွဲခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့လကလည်း မြို့တော်အဘူဂျာမှာ ဗုံးပေါက်ခွဲတာကြောင့် လူ(၇၀)ဦးအထိ သေဆုံးခဲ့ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံဟာ ရေနံရိုင်းတွေ တည်ရှိနေတာကြောင့် စီးပွားရေး တိုးတက်လာမှုရှိလာနေပေမယ့် လုံခြုံရေးပိုင်းဆိုင်ရာ ယိုယွင်းမှုတွေလည်း မြင့်တက်နေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ခန့်မှန်းထားပါသည်။+

MRTV-4
နိုက်ဂျီရီးယားနိုင်ငံမှာ အင်္ဂါနေ့တုန်းက ကားဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့တာကြောင့် လူတစ်ရာကျော်သေ ဆုံး ခဲ့ပြီး နောက်ထပ်လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း မြို့တော် ဂျို့စ်မှာ ကားဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့တာ ကြောင့် လူအများအပြား ဒဏ်ရာရခဲ့ကြပြီး (၁၁၈)ဦးထက် မနည်းသေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာ ရရှိခဲ့တယ်လို့ နိုင်ဂျီးရီးယား အာဏာပိုင်တွေက သတင်း ထုတ်ပြန်ထားပါတယ်။

အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများကို စောင့်ကြည့်ရန် သံဃာများ ပါဝင်သော စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့

အစိုးရအဖွဲ့ ဝန်ကြီးဌာနများ၊ လွှတ်တော်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၏ နိုင်ငံရေးလုပ်ဆောင် ချက် များကို စောင့်ကြည့်ဖိအားပေးရန် သံဃာအများစု ဦးဆောင်ပါဝင်သော အမျိုးသားနိုင်ငံရေး စောင့်ကြည့်ရေး အဖွဲ့ကို ယခုလ တတိယပတ်အတွင်း ရန်ကုန်မြို့တော်အခြေစိုက် ဖွဲ့စည်းလိုက်ကြောင်း အဆိုပါအဖွဲ့၏ တာဝန်ခံ ဆရာတော် အရှင်ပါကဋက The Voice သို့ မိန့်ကြားသည်။ 

တွေ့ဆုံဆွေးနွေးမှုဖြင့် ငြိမ်းချမ်းရေး အဖြေမထွက်ပါက လက်နက်ကိုင် လမ်းစဉ် ကျင့်သုံးမည်ဟု RCSS/SSA ထုတ်ပြန်

ငြိမ်းချမ်းသည့် တွေ့ဆုံဆွေးနွေးမှုဖြင့် နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ပါက အခြားရွေးချယ်စရာ လမ်းမရှိ တော့သည့်အတွက် တော်လှန်ရေးလမ်းစဉ်သုံးကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး ဆက်လက်တိုက်ပွဲဝင်သွား မည်ဟု မေလ ၂၁ ရက်က ကျရောက်သည့် (၅၆) နှစ်မြောက် ရှမ်းပြည်တော်လှန်ရေးနေ့တွင် ရှမ်းပြည် ပြန် လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA က ကြေညာချက်ထုတ်ပြန်လိုက် သည်။ 

လယ်သမားများနှင့် ကျောင်းသားတစ်ဦး အရိုက်ခံရမှု ရဲတပ်ဖွဲ့ကို အရေးယူပေးရန် ဗကသ ဆန္ဒပြ

သဲကုန်းမြို့နယ် လယ်သမားများ ဆန္ဒပြပွဲ ဖြိုခွင်းမှုတွင် ဒေသခံသုံးဦးနှင့် တောင်ငူခရိုင်မှ ဗကသကျောင်း သား ကိုကောင်းထက်ကျော်တို့ကို ရိုက်နှက် ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များကို အရေးယူပေးရန် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ် (ဗကသ)မှ ကျောင်းသား ၅၀ ခန့်သည် ခရိုင်မြို့ဖြစ် သည့် ပြည်မြို့တွင် မေလ ၂၂ ရက် က ဆန္ဒပြတောင်းဆို လိုက်သည်။ 

သမက်ဖြစ်သူက လက်နက်ကိုင်အဖွဲ့နှင့် ပေါင်းပြီး ယောက္ခမကို ပြန်ပေးဆွဲ

မွန်ပြည်နယ်နယ် ကျိုက်မရောမြို့နယ် ပိန္နဲကုန်းကျေးရွာရှိ ရော်ဘာကုန်းခြံစု ရပ်ကွက်တွင် သမက်ဖြစ်သူက လက်နက်ကိုင်တပ်ဖွဲ့တစ်ခုနှင့် ပေါင်း၍ ယောက္ခမဖြစ်သူ ရော်ဘာခြံလုပ်ငန်းရှင် ဦးတင်ဝင်း (ခ) ဦးကရာမွတ် ကို ၁၁ ရက်ကြာ ပြန်ပေးဆွဲခဲ့ကြောင်း ပြန်ပေးဆွဲခံရသည့် မိသားစုဝင်များက ပြောကြားသည်။

မဇ္ဈိမခရီး နောက်ဆက်တွဲ ဇာတ်လမ်းကို မြန်မာနိုင်ငံတွင် ရိုက်ကူးလိုဟု စွန်းဝူခုန်း သရုပ်ဆောင် ပြောကြား

Photo: မဇ္ဈိမခရီး နောက်ဆက်တွဲ ဇာတ်လမ်းကို မြန်မာနိုင်ငံတွင် ရိုက်ကူးလိုဟု စွန်းဝူခုန်း သရုပ်ဆောင် ပြောကြား
Friday, May 23, 2014 

ကမ္ဘာကျော် တရုတ်ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ မဇ္ဈိမခရီး (Journey To The West) ဇာတ်လမ်းတွဲ၏ နောက်ဆက်တွဲ ဇာတ်လမ်းကို မြန်မာနိုင်ငံမှ အနုပညာရှင်များနှင့် တွဲဖက်၍ မြန်မာနိုင်ငံတွင် ရိုက်ကူးလိုကြောင်း မျောက်မင်း စွန်းဝူခုန်း သရုပ်ဆောင် Liu Xiao Ling Tong က ပြောကြားသည်။ 

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ Sky Star ဟိုတယ်တွင် မေလ ၂၂ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည့် ပရိသတ်များနှင့် တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ယင်းအခမ်းအနားတွင် Liu Xiao Ling Tong က သန်လျင်မြို့နယ် ကျောက်ရေတွင်း ကျေးရွာရှိ ဆုတောင်းပြည့် တိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ငွေကျပ်ဆယ်သိန်း လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံရှိ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းမှလည်း Liu Xiao Ling Tong ကို ဂုဏ်ပြု မှတ်တမ်းလွှာနှင့် အမှတ်တရ ပန်းချီကားတစ်ချပ် လက်ဆောင်ပေးခဲ့သည်။

မျောက်မင်း စွန်းဝူခုန်း သရုပ်ဆောင် Liu Xiao Ling Tong သည် ယင်းအခမ်းအနားတွင် ပရိသတ်များနှင့်တွဲ၍ ဓာတ်ပုံ အရိုက်ခံခြင်း၊ မဇ္ဈိမခရီး ဇာတ်လမ်းတွဲတွင် ၎င်းသရုပ်ဆောင်ခဲ့သည့် အမူအရာကို ပြန်လည် သရုပ်ဆောင် ပြသခြင်း၊ ဇာတ်လမ်းတွဲ၏ ဇာတ်ဝင် တေးသီချင်းကို ပရိသတ် အချို့နှင့် စင်ပေါ်တွင် တွဲဖက် သီဆိုခြင်းတို့ကို ပြုလုပ်ခဲ့သည်။

Liu Xiao Ling Tong သည် ရန်ကုန်မြို့ရှိ ယဉ်ကျေးမှုတက္ကသိုလ်နှင့် သန်လျင်မြို့နယ်ရှိ တိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ သွားရောက် လေ့လာမည် ဖြစ်သလို၊ ရွှေတိဂုံဘုရားကိုလည်း သွားရောက် ဖူးမြော်မည် ဖြစ်ကြောင်း၊ ယင်းနောက်တွင် နေပြည်တော်သို့ သွားရောက်ကာ အစိုးရအဖွဲ့မှ တာဝန်ရှိသူအချို့နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း၊ မန္တလေးမြို့တွင်လည်း ရန်ကုန်မြို့မှာကဲ့သို့ ပရိသတ်များနှင့် တွေ့ဆုံပွဲ တစ်ပွဲကို ပြုလုပ်မည် ဖြစ်ကြောင်း မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က ပြောကြားသည်။

မျောက်မင်းစွန်းဝူခုန်း သရုပ်ဆောင် Liu Xiao Ling Tong ကို ၁၉၅၉ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ရှန်ဟိုင်းမြို့၌ မွေးဖွားခဲ့ပြီး ဟန်လူမျိုး တစ်ဦးဖြစ်သည်။ ဖခင်ဖြစ်သူ ကိုယ်တိုင်က မျောက်မင်းစွန်းဝူခုန်း နေရာတွင် သရုပ်ဆောင်ခဲ့ဖူးပြီး သူအသက် ၆ နှစ် အရွယ်ကတည်းက သရုပ်ဆောင် ပညာကို ဖခင်ဖြစ်သူထံမှ သင်ယူလေ့လာခွင့် ရရှိခဲ့သည်။ သူရိုက်ကူးခဲ့သော ဇာတ်ကားများအနက် ၁၉၈၆ ခုနှစ်က တရုတ်နိုင်ငံတွင် စတင် ထုတ်လွှင့်ခဲ့ပြီး၊ ကမ္ဘာ့နိုင်ငံ အများအပြားတွင်လည်း ပြသခဲ့ပြီးသော Journey To The West ဇာတ်လမ်းတွဲမှာ အအောင်မြင်ဆုံး ဖြစ်သည်။ ကမ္ဘာ့ယဉ်ကျေးမှု ဖလှယ်ရေး လုပ်ငန်းများတွင် သူ၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုများကြောင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့မှ Liu Xiao Lin Tong ကို ကမ္ဘာ့ငြိမ်းချမ်းရေး သံတမန်အဖြစ် ခန့်အပ်ခဲ့သည်။

The Voice Weekly
ကမ္ဘာကျော် တရုတ်ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ မဇ္ဈိမခရီး (Journey To The West) ဇာတ်လမ်းတွဲ၏ နောက်ဆက်တွဲ ဇာတ်လမ်းကို မြန်မာနိုင်ငံမှ အနုပညာရှင်များနှင့် တွဲဖက်၍ မြန်မာနိုင်ငံတွင် ရိုက်ကူးလိုကြောင်း မျောက်မင်း စွန်းဝူခုန်း သရုပ်ဆောင် Liu Xiao Ling Tong က ပြောကြားသည်။