Thursday, 22 August 2013

မစ္စတာ ကင်တားနား မဲဆောက်အခြေစိုက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ

Photo: မစ္စတာ ကင်တားနား မဲဆောက်အခြေစိုက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ
Thursday, August 22, 2013

ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintanaကင် တားနားဟာ မဲဆောက်မြို့အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ မြန် မာတိုင်းရင်းသားအဖွဲ့အစည်း ၆ ခုနဲ့ ဒီနေ့မနက်ပိုင်းက တွေ့ဆုံခဲ့ပါတယ်။

မစ္စတာ ကင်တားနားဟာ ဒီနေ့မနက်ပိုင်းမှာ KHRC၊ KWO၊ AAPP၊ TBBC၊ ဘားမားပါတနာရှစ်နဲ့ မယ်တော်ဆေးခန်းစတဲ့ အဖွဲ့ ၆ ဖွဲ့က ကိုယ်စား လှယ်တွေ နဲ့ မဲဆောက်မြို့ Queen Place ဟိုတယ်မှာ တွေ့ ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တာဝန်နဲ့ ၁ဝ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ စိုးရိမ်ထိတ်လန့်စရာတွေကြား ခက်ခက်ခဲခဲနဲ့ ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ရတယ်လို့ သူ့အတွေ့အကြုံကို မစ္စတာ ကင်တားနားက အခုလိုပြောပါတယ်။

"မိတ္ထီလာခရီးစဉ်မှာ ကျနော့်ကားကို လူ ၂ဝဝ လောက်ဝိုင်းထားတယ်၊ အဲဒီအချိန်မှာ ရဲတွေကလည်း အနီးအနားမှာ ရပ်ကြည့်နေခဲ့ကြပါတယ်၊ ကျနော်လည်း စိုးရိမ်ထိတ်လန့်ခဲ့ရပါတယ်"

မစ္စတာ ကင်တားနားနဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးရာမှာ လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုအပါအဝင် ကရင်ပြည်နယ်က အခြေအနေတွေကို အဖွဲ့အစည်းတွေဘက်က အဓိကတင်ပြခဲ့တယ်လို့ မယ်တော်ဆေးခန်းရဲ့ ပညာရေးဌာန ကိုယ်စားလှယ် ဦးနိုင်နိုင်ထွန်းက ပြောပါတယ်။

ဒါ့အပြင်နယ်စပ်ဒေသ ကျန်းမာရေး၊ ပညာရေး အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အကူအညီတွေ လျော့နည်းလာတဲ့အောက်မှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးဝန်ဆောင်နိုင်မှု အခြေအနေတွေကို တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မစ္စတာ ကင်တားနားကလည်း အခုခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက်တွေ ကို လာမယ့် အောက်တိုဘာ ၂၄ ရက်နေ့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အစီရင်ခံတင်ပြမယ်လို့လည်း သိရပါတယ်။

RFA
ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintanaကင် တားနားဟာ မဲဆောက်မြို့အခြေစိုက် လူ့အခွင့် အရေး လှုပ်ရှားနေတဲ့ မြန် မာတိုင်းရင်းသားအဖွဲ့အစည်း ၆ ခုနဲ့ ဒီနေ့မနက်ပိုင်းက တွေ့ဆုံခဲ့ပါတယ်။

ပခုက္ကူမြို့မှာ လူဝင်လူထွက် ကြပ်မတ်စစ်ဆေး

Photo: ပခုက္ကူမြို့မှာ လူဝင်လူထွက် ကြပ်မတ်စစ်ဆေး
Thursday, August 22, 2013

မကွေးတိုင်း ပခုက္ကူမြို့ဘက်ကို ဖေါက်ခွဲရေး အကြမ်းဖက်သမားတစ်စု ဝင်လာနေတယ်ဆိုတဲ့ သတင်းတွေကြောင့် မြို့ဝင်မြို့ထွက်တွေမှာ ခရီးသွားတွေကို စစ်ဆေးနေသလို၊ မြို့တွင်းမှာလဲ ရှောင်တခင် စစ်ဆေးတာတွေ ရှိနေတယ်လို့ သတင်းရရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မြို့ခံတစ်ဦးက RFA ကို အခုလိုပြောပါတယ်။

“ကြားတာကတော့ အကြမ်းဖက်သူ ၁၁ ယောက် မြန်မာပြည်ထဲကို ဝင်လာတဲ့သတင်းအရ လုံခြုံရေးစိစစ်တယ်ဆိုတဲ့ ပုံစံမျိုးကြားရတယ်၊ အပြင်မှာတော့ အများပြည်သူလန့်မှာစိုးလို့ မကြားရသေးဘူး၊ ကျနော်လည်း နီးစပ်ရာတစ်ခုကနေပြီးကြားရတာ၊ မြို့အဝင်အထွက်တွေမှာ မှတ်ပုံတင်စစ်တယ်၊ တံတားအဝင်အထွက်တွေမှာ မိုင်းရှာဖွေရေးကိရိယာနဲ့ စစ်တဲ့အထိတောင်လုပ်တယ်၊ ရဲကင်းလှည့်တာတွေကတော့ အကွက်စိတ်လေးတွေတွေ့ရတာပေါ့၊ မြို့ဝင်မြို့ထွက်တွေမှာ ခရီးသည်တွေ မှတ်ပုံတင်ယူဆောင်ကြဖို့ တစ်ယောက်နဲ့ တစ်ယောက် ပြောပေးကြတယ်”

အခုလိုစစ်ဆေးတာဟာ ပခုက္ကူမြို့တစ်မြို့ထဲမှာ ထူးခြားမှုရှိလို့ ဆောင်ရွက် တာမဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုံခြုံရေးအရ ပခုက္ကူမှာ လည်း ဆောင်ရွက်တာဖြစ်တဲ့အကြောင်းနဲ့ တစ်စုံတရာ ထူးခြားချက်တွေ့ ရင် ပြည်သူတွေလည်း ပူးပေါင်းကြဖို့လိုတဲ့အကြောင်း ပခုက္ကူရဲစခန်း တာဝန်ကျအရာရှိတစ်ဦးက ပြောပါတယ်။

ပခုက္ကူမြို့ဟာ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ဆုံအနားမှာ တည်ရှိပါတယ်။ အခုလို သတင်းတွေဖြစ်ပေါ်လို့ စစ်ဆေးနေတာ ၃ - ၄ ရက်လောက်ရှိပြီ လို့လည်း သိရပါတယ်။

RFA
မကွေးတိုင်း ပခုက္ကူမြို့ဘက်ကို ဖေါက်ခွဲရေး အကြမ်းဖက်သမားတစ်စု ဝင်လာနေတယ်ဆိုတဲ့ သတင်းတွေကြောင့် မြို့ဝင်မြို့ထွက်တွေမှာ ခရီးသွားတွေကို စစ်ဆေးနေသလို၊ မြို့တွင်းမှာလဲ ရှောင် တခင် စစ်ဆေးတာတွေ ရှိနေတယ်လို့ သတင်းရရှိပါတယ်။

အစာမရှိသော အစာအိမ်အတွက် ရေသောက်ပေးပါ

Photo: အစာမရှိသော အစာအိမ်အတွက် ရေသောက်ပေးပါ
(ကျန်းမာရေး ဆောင်းပါး)
Thursday, August 22, 2013

မနက်အိပ်ရာ နိုးထပြီးချိန်တွင် ချက်ချင်း ရေသောက်ခြင်းသည် ဂျပန်နိုင်ငံရှိ ပြည်သူများစွာအတွက် နေ့စဉ် ပြုမူ လုပ်ဆောင်နေတဲ့ အရေးပါသော ကျန်းမာရေး လုပ်ဆောင်မှုလေး ဖြစ်တယ်လို့ သိရပါတယ်။ ထို့အပြင် သိပ္ပံပညာရှင်များ သုတေသနပြုချက်အရ ၎င်းဟာ အလွန်အရေးပါပြီး ကောင်းကျိုးများစွာ ဖြစ်စေတယ် ဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ နံနက်ခင်း ရေသောက် ပေးခြင်းအားဖြင့် သင့်ရဲ့ တစ်ညတာ ပင်ပန်းတစ်ကြီး လှုပ်ရှား ခဲ့ရတဲ့ အစာအိမ်အတွက် များစွာ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တာအတွက် အဆင်မပြေမှုများ၊ စိတ်သောကများ အတွက်ပါ ရေရဲ့ အစွမ်းကြောင့် လန်းဆန်း သွားစေနိုင်ပါတယ်။

ဒါကို ဂျပန်ဆေးပညာရှင် တွေက ၉၆ ပါး ရောဂါနှင့် များစွာသော အောက် ဖော်ပြပါ ရောဂါများအတွက် အလွန်ပင် အစွမ်းထက်တဲ့ နည်းလမ်း တစ်ခု ဖြစ်ကြောင်း တွေ့ရှိခဲ့တာပါ။

ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်ခြင်း၊ အဆစ်မြစ်ရောင်ရောဂါ ဖြစ်ခြင်း၊ နှလုံးတုန်ခြင်း၊ ဝက်ရူးပြန်ရောဂါ ဖြစ်ခြင်း၊ အသဲ အဆီဖုံးခြင်း၊ လည်ချောင်းနာ ဖြစ်ခြင်း၊ ပန်းနာရင်ကျပ် ဖြစ်ခြင်း၊ တီဘီ၊ ဦးနှောက် အမြှေးရောင်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဝမ်းလျှောဝမ်းပျက်ခြင်း၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ မျက်စိနာခြင်း၊ ကင်ဆာနှင့် ရောဂါ များစွာအတွက် ရေကို နည်းလမ်းတကျ နံနက်တိုင်း သောက်သုံးခြင်းအားဖြင့် ရောဂါများစွာကို ကြိုတင်ကာကွယ်ပြီး ဖြစ်မှာပါ။

လုပ်ဆောင်ရမယ့် နည်းလမ်းကတော့ -

၁။ မနက်အိပ်ရာထပြီး သွားမတိုက်ခင် ၁၆၀ မီလီမီတာရှိ ဖန်ခွက်ဖြင့် ရေ ၄ ခွက် သောက်ပါ။

၂။ ထို့နောက် သွားတိုက်၊ မျက်နှာသစ်ပြီးပါက ၄၅ မိနစ်အတွင်း မည်သည့်အရာမှ စားခြင်း၊ သောက်ခြင်း မပြုပါနှင့်။ ၄၅ မိနစ်ပြည့်ပြီးမှ ပုံမှန်အတိုင်း စားသုံးပါ။

၃။ နံနက်စာစားပြီး ၁၅ မိနစ်အတွင်း၊ နေ့လည်စာနှင့် ညစာစားပြီး ၂ နာရီအတွင်း အခြား အရာများ စားသောက်ခြင်း ရှောင်ပါ။

၃။ ညစာစားပြီး ၁ နာရီခွဲ အတွင်း ဒါမှမဟုတ် ၂ နာရီအတွင်း အိပ်စက်ခြင်း မပြုပါနှင့်။

အထက်ပါ လုပ်ဆောင်မှုတွေကို သင့်ရဲ့တစ်နေ့တာအတွက် ပုံမှန် လုပ်ဆောင် သွားပါက ဖျားနာခြင်း ကင်းဝေးပြီး ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါ တယ်။

ဒီအရာတွေကို လူတိုင်းရဲ့ဘဝမှာ ပြုလုပ်နိုင်ပါတယ်

Myanmar Sakura Online Shopping
မနက်အိပ်ရာနိုးထပြီးချိန်တွင် ချက်ချင်းရေသောက်ခြင်းသည် ဂျပန်နိုင်ငံရှိ ပြည်သူများစွာ အတွက် နေ့ စဉ် ပြုမူ လုပ်ဆောင်နေတဲ့ အရေးပါသော ကျန်းမာရေး လုပ်ဆောင်မှုလေး ဖြစ်တယ်လို့ သိရပါတယ်။

တရုတ်ကြက်ဥများ ဈေးကွက်တွင် တရားမဝင် ဝင်ရောက်ဟုဆို

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေမှု များကြောင့် ပြည်တွင်းသို့ ကြက်ဥ တင်ပို့မှု တားမြစ်ထားသော်လည်း တရားမဝင် လမ်းကြောင်းမှ တစ်ဆင့် ပြည်တွင်းသို့ ရက်လွန် ကြက်ဥများ ဝင်ရောက်လျက် ရှိကြောင်း မန္တလေး ကြက်ဥ၊ ကြက်သား မွေးမြူ ထုတ်လုပ် ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က ပြော ကြားသည်။

လူ့အခွင့် အရေးနှင့် လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော် တိုင်းနှင့်ပြည် နယ် ၁၃ ခုတွင် ပြုလုပ်မည်

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုရှိ မြို့ကြီးများတွင် ခရီးသွားရုပ်ရှင် ပွဲတော်အဖြစ် ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းရုပ်ရှင် ပွဲတော် ဖြစ်မြောက်ရေး တာဝန်ခံ တစ်ဦးဖြစ် သူ ဒေါ်မွန်မွန်မြတ်က The Voice သို့ပြောသည်။

ခါးပိုက်နှိုက် ဖမ်းဆီးရမိ

Photo: ခါးပိုက်နှိုက်ဖမ်းဆီးရမိ
Thursday, August 22, 2013

၂၂.၈.၂၀၁၃ ရက်နေ့ ၀၇၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး၊တိုင်းအကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ် (၅)ထိပ်မှတ်တိုင်၌ ခါးပိုက်နှိုက်ဖမ်း ဆီရေးအတွက်
စုံစမ်းဆောင်ရွက်စဉ် အမှတ်(၇၉)ယာဉ်လိုင်းပေါ်မှဆင်းလာသော ခါးပိုက်နှိုက်ပြစ်ချက် ဟောင်းရှိသူ ခင်သိန်း(ခ)အငယ်လေး၊(ဘ)ဦးလှတင်၊ (၁/၁၃)ရပ်ကွက်၊ လှိုင်သာယာမြို့နယ် နေသူအားတွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းထံမှ ငွေကျပ်(၂၈၀၀၀)အားတွေ့ရှိခဲ့ပါသည်။

အဆိုပါငွေများနှင့်ပတ်သက်၍ စစ်မေးရာ ၎င်းယာဉ်ပေါ်ပါသက်(၄၅)နှစ်
ခန့်ရှိအမျိုးသားတစ်ဦး၏ အင်္ကျီအိတ်ကပ်အတွင်းမှ နှိုက်ယူရရှိခဲ့သော
ငွေများဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့် သိမ်းဆည်းပြီး လှိုင်သာယာမြို့မရဲစခန်း(ပ) ၉၄၅/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့်
အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၂၂.၈.၂၀၁၃ ရက်နေ့ ၀၇၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊တိုင်းအကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင် များသည် လှိုင်သာယာမြို့နယ် (၅)ထိပ်မှတ်တိုင်၌ ခါးပိုက်နှိုက်ဖမ်း ဆီရေးအတွက် စုံစမ်းဆောင်ရွက်စဉ် အမှတ်(၇၉)

အများသုံး တယ်လီဖုန်းရုံ အတွင်းမှ ဖုန်းအထိုင်စက်များ ခိုးယူလာသူအား ဖမ်းဆီးရမိ

Photo: အများသုံးတယ်လီဖုန်းရုံအတွင်းမှ ဖုန်းအထိုင်စက်များခိုးယူလာသူအား
ဖမ်းဆီးရမိ
Thursday, August 22, 2013

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ၂၀.၈.၂၀၁၃ ရက်နေ့
၁၀၀၀ အချိန်တွင် တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ်(က)ရပ်ကွက်၊ ကျိုက္ကဆံလမ်းတွင် ခိုးမှုများကျူးလွန်ထားကြောင်းသတင်းရရှိသူ လှသိန်း(ခ)နွားကြီး၊(ဘ)ဦးသိန်းလွင်၊ ရွာသာကြီးကျေးရွာ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေသူအား Panasonic တံဆိပ်ပါဖုန်းအထိုင်စက်(၁)လုံး၊ FTELE တံဆိပ်ပါ ဖုန်းအထိုင်စက်(၁)လုံး၊ GAOXINQI တံဆိပ်ပါဖုန်းအထိုင်စက်(၁)လုံး၊ ORIENTEL တံဆိပ်ပါ
ဖုန်းအထိုင်စက်(၁)လုံး၊ CALLER-ID (၃)လုံး၊ တယ်လီဖုန်းကြိုး (၆)ချောင်းတို့နှင့်အတူတွေ့ရှိခဲ့ပါသည်။

အဆိုပါပစ္စည်းများနှင့်ပတ်သက်၍ စစ်မေးရာ ၎င်းသည်
၂၀.၈.၂၀၁၃ ရက်နေ့ ၀၀၃၀အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ဗညားဒလလမ်းနှင့် စက်ရုံလမ်းထောင့်ရှိ အများသုံးတယ်လီဖုန်းရုံအတွင်းမှ ခိုးယူလာကြောင်း စစ်ဆေးပေါ်ပေါက်
ခဲ့သဖြင့် သိမ်းဆည်းပြီး မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၅၈၅/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ ဖြင့်အရေးယူဆောင်ရွက်ထားရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ၂၀.၈.၂၀၁၃ ရက်နေ့၁၀၀၀ အချိန်တွင် တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ်(က)ရပ်ကွက်၊ ကျိုက္ကဆံ

ရှစ်လေးလုံး ပိတ် ကားနောက်မှ ဖြစ်ရပ်မှန်တစ်ခု

Photo: ရှစ်လေးလုံး ပိတ်ကားနောက်မှ ဖြစ်ရပ်မှန်တစ်ခု
Thursday, August 22, 2013

လွန်ခဲ့တဲ့ ၂၅ နှစ်က ဒလမြို့မှာဖြစ်ခဲ့တဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးပါ။ ကျွန်တော်တို့ ဒလမြို့ဟာ ရန်ကုန်တဖက်ကမ်းမှာရှိပေမယ့် ၁၉၈၈ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်လာချိန်မှာ ဒလမြို့ကိုလည်း ရိုက်ခက်လာပါတယ်။ သြဂုတ်လအတွင်း ရန်ကုန်မြို့လယ် တစ်ခုလုံး အပျက်အဆီးပုံအောက် ရောက်ရှိသွားချိန်မှာ လမ်းပမ်းဆက် သွယ်ရေးအားလုံးလည်း ပြတ်တောက်သွားပါတယ်။ အဓိကပြဿနာ ကတော့ ဆန်ပြဿနာပါ။ ဆန္ဒပြပွဲတွေကလည်း တစ်နိုင်ငံလုံးအနှံ့ ဖြစ်နေ တာကြောင့် ကုန်ဈေးနှုံးကလည်း ဆက်တိုက်တက်လာပါတယ်။ နောက်ပိုင်း မှာ ဆန်ဂိုဒေါင်၊ ပဲဂိုဒေါင် နဲ့ ဂျုံဂိုဒေါင် တွေဖောက်ပြီး ခိုးယူတဲ့ဖြစ် စဉ် တွေကလည်း နေရာအနှံ့ပါ။ ဂိုဒေါင်ထဲက ပစ္စည်းတွေကုန်တော့ အရပ်ထဲက လူနေအိမ်ထဲက ပစ္စည်းတွေကို ပြဿနာရှာလာကြပါတယ်။ ဆန္ဒပြကျောင်းသား ခေါင်းဆောင်များက ရဲစခန်းတွေကို မီးရှို့လိုက်တာကြောင့် ရပ်ကွက်တွင်း လုံခြုံရေးအတွက် ကိုယ်ထူကိုယ်ထ အလှည့်ကျ ကင်းစောင့်နေကြရပါတယ်။ 

ရှစ်လေးလုံး ကောင်းမှုကြောင့်ဒလမြို့တွင်းကမရှိဆင်းရဲသားအများအပြားဟာ ဆန်ကွဲများကို ပြုတ်ပြီး သောက်နေကြရပါတယ်။ ငတ်မွတ်မှုဒဏ်ကို မခံနိုင်ကြတဲ့နောက်မှာ ဒလမြို့ခံ ၈ ဦးဟာ ဗိုလ်တစ်ထောင် ဆိပ်ကမ်းသို့ သမ္ဗန်များနဲ့သွားပြီး ဆန်သင်္ဘော တစ်စီးပေါ်က ဆန်တွေခိုးယူဖို့ ထွက်သွားချိန်မှာ အဲဒီနေရာမှာ လုံခြုံရေးယူထားတဲ့ အဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ အဲဒီချိန်တုန်းက လူစိမ်းမြင်သမျှကို မီးရှို့မဲ့သူ၊ အကြမ်းဖက် မဲ့သူ၊ အဆိပ်ခက်မဲ့သူဆိုပြီး ဖမ်းဆီးသတ်ဖြတ်နေတဲ့အချိန်ပါ။

ကံဆိုးစွာနဲ့ ဒလသား ငါးယောက်မှာ ဗိုလ်တစ်ထောင်သား ၃၀ လောက်ရဲ့ ဖမ်းဆီးမှုကို ခံရလိုက်ပါတယ်။ သုံးယောက်ကတော့ ရေထဲခုန်ချပြီး ထွက်ပြေးသွားပါတယ်။ ဖမ်းခံရတဲ့ ဒလမြို့သား ငါးယောက်ကို သမ္မတကမ်းခြေ အနီးက ဆိပ်ခံဗောတံတားပေါ်မှာ စစ်မေးကြပါတယ်။ ဖမ်းမိသူ ငါးယောက်လုံးက ဒလမြို့သားများဖြစ်ကြောင်း၊ မီးရှို့ဖို့ လာသူ မဟုတ်ကြောင်း၊ မီးရှို့ဖို့ ဘာပစ္စည်းမှ မပါကြောင်း ပြောပေမယ့် ဒေါသ ထွက်နေတဲ့ လူအုပ်ကြီးက တစ်ယောက် တစ်မျိုးအော်လိုက်၊ တစ်ယောက်ပြီးတစ်ယောက် ခေါင်းကို ရိုက်လိုက်၊ ရင်ဘက်ကို ကန်လိုက်နဲ့ ဆူညံနေပါတယ်။ အစကတည်းက ဒေါသထွက်နေတဲ့ လူအုပ်ကြီးက မေး ရင်းမေးရင်း အလိုလိုဒေါသ ပိုထွက် လာပါတယ်။ အဲဒီနောက် တစ်ဦးက စ ပြီး ပါလာတဲ့ ရဲဒင်း နဲ့ စခုတ်လိုက်ချိန်မှာ နောက်လူတွေကလည်း ဓားနဲ့ ဝိုင်းခုတ်ကြပါတယ်။ မသေမရှင် ဖြစ်နေချိန်မှ တစ်ယောက်ချင်း တံတားစွန်း တရွတ်တိုက်စွဲသွားပြီး ခေါင်းကို သေသေချာချာ လှီးဖြတ်ပါတယ်။ အဲဒီနောက် ၅ ယောက်လုံးကို တံတားပေါ်က ပစ်ချပြီး ရေထဲချလိုက်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲဒီအလောင်း တွေထဲက အစိတ်အပိုင်းအများစုက ဒလဘက်က ကမ်းမှာ လာကပ်ပြီး ပုပ်ပွနေခဲ့ပါတယ်။ 

အဲဒီချိန်တုန်းက ဒလမြို့သားတွေအားလုံး ဒီဖြစ်စဉ်ကို သိကြပါတယ်။ သူတို့တွေကို ရှစ်လေးလုံး အကြောင်းမေးရင် ပြန်မပြောချင်ကြပါဘူး။ ရှစ်လေးလုံးဆိုတာ တကယ့် အနိဌာရုံတစ်ခုလို့သာ မှတ်ချက် ပေးကြပါ တယ်။ ဒီလိုဖြစ်ရပ်မျိုးကို အိပ်မက်ထဲမှာတောင် ပြန်မတွေ့လိုကြတော့ပါဘူး။ ဒီဖြစ်စဉ်မျိုးတွေဟာ အဲဒီကာလက နေရာအနှံ့မှာ ဖြစ်ခဲ့တာပါ။ အထူးသဖြင့် ရန်ကုန်တစ်မြို့ လုံးမှာ ဖြစ်ခဲ့ပါတယ်။ ရှစ်လေးလုံးကာလက ထဲထဲဝင်ဝင် လှုပ်ရှားခဲ့ဖူးသူ အားလုံးက ဒီလိုဖြစ်စဉ်တွေကို ပိုသိကြပါတယ်။ ဒီလိုမေ့ပစ်စရာကောင်းတဲ့ အတိတ်ဆိုးမျိုးကို စာစီကုံးပြီး ခမ်းခမ်းနားနား ကျင်းပနေကြတဲ့ သူတွေကိုလည်း စိတ်ပျက်ပါတယ်။ ရှစ်လေးလုံးဆိုတာ အရေးတော်ပုံပဲဖြစ်ဖြစ်၊ အရေးအခင်းပဲဖြစ်ဖြစ် ဘယ်လိုပဲ ခေါင်းစဉ်တပ်ပါစေ ၊ ဘယ်လိုပဲ ပိတ်ကားလှလှတွေ ဆင်ထားပါစေပိတ်ကားနောက် မှာတော့ သွေး သံရဲနေတဲ့ အပြစ်မဲ့ပြည်သူများရဲ့ ခေါင်းပြတ်တွေ တန်းစီပြီး ရှိနေတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရ ပါဘူး…..။

ကိုသန်းဝင်း (ဒလ)
အမေ့အိမ်
လွန်ခဲ့တဲ့ ၂၅ နှစ်က ဒလမြို့မှာဖြစ်ခဲ့တဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးပါ။ ကျွန်တော်တို့ ဒလမြို့ဟာ ရန်ကုန်တဖက်ကမ်းမှာရှိပေမယ့် ၁၉၈၈ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်လာ

နိုင်ငံတကာ ဆိုက်ဘာ တိုက်ပွဲနှင့် မြန်မာစစ်တလင်း

Photo: နိုင်ငံတကာ ဆိုက်ဘာတိုက်ပွဲနှင့် မြန်မာစစ်တလင်း
Thursday, August 22, 2013

နည်းပညာ ထွန်းကားလာနေသော ဤရာစုနှစ်တွင် ဆိုက်ဘာနည်းပညာ
များက အဆင့်မြင့် ရှုပ်ထွေးလာသည်။ ယခင်က စုံစမ်းထောက်လှမ်းမှု
များနှင့်မတူဘဲ ဆိုက်ဘာမှတစ်ဆင့် ထောက်လှမ်းနိုင်သောကြောင့် လူပုဂ္ဂိုလ်ဆိုင်ရာ၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး အရာရာတွင် အချက်အလက်တို့၏ လုံခြုံမှုက အရေးကြီးဆုံးဖြစ်လာသည်။

ပထမကမ္ဘာစစ်သည် ဥရောပအလယ်ပိုင်းတွင် စစ်ရေးမဟာမိတ်အုပ်စု
များအကြား အားပြိုင်မှု စတင်ခဲ့သည်။ အဆင့်နိမ့် ရိုးရာလက်နက်များဖြင့် လူအင်အားကို အဓိကသုံးပြီး ထိုက်ခိုက်ခဲ့ကြသည်။ လူပေါင်း ၁၆ သန်းကျော် သေဆုံးခဲ့ရပြီး သန်း ၂၀ ကျော် ဒဏ်ရာရရှိခဲ့၏။

ပထမကမ္ဘာစစ်အပေါ် အခြေခံပြီး ဥရောပမှာပင် စတင်အခြေတည်ဖြစ်ပေါ်
လာသော ဒုတိယကမ္ဘာစစ်တွင်လည်း ပို၍ကြီးမားလာသော စစ်အင်အား၊ ပို၍ခေတ်မီလာသော လက်နက်အင်အား၊ လူအင်အားတို့ဖြင့် တိုက်ခိုက်
အားပြိုင်ခဲ့ကြသည်။စစ်သားနှင့် အရပ်သား အပါအ၀င် လူပေါင်း သန်း ၆၀ သေဆုံးခဲ့ရသည်။ ယနေ့ခေတ်တွင် စစ်လက်နက်အင်အားပြိုင်မှုများ အမြင့်ဆုံးရောက်နေသော်လည်း နိုင်ငံတကာတွင် နည်းပညာနှင့် စီးပွားရေးအားပြိုင်မှုက ပိုမိုကျယ်ပြန့် အရေးပါလာသည်။ ခေတ်သစ်
နည်းပညာအားဖြင့် ထိုးနှက်တိုက်ခိုက်ကြသည့် ဆိုက်ဘာစစ် ခင်းလာကြသည်။ လွယ်ကူစွာ မမြင်နိုင်သည့် ဆိုက်ဘာလက်နက်များ သုံးလာကြသည်။

ထိုစစ်အတွင်းတွင် တစ်ဖက်ရန်သူ၏ ငွေကြေးအဆောက်အအုံ၊ ပင်မလျှပ်စစ်ရုံ၊ ရေကာတာ၊ စစ်ရေးအဆောက်အအုံ စသည်တို့ကို ကွန်ပျူတာ၊ အင်တာနက်များသုံးပြီး ထိုးဖောက်ဝင်ရောက် ထိန်းချုပ်ရန်၊ ဖျက်ဆီးရန် ကြိုးပမ်းခြင်း၊ အချက်အလက် ရယူစုဆောင်းခြင်းတို့ကို ပြု
လုပ်ပြီး ကွန်ပျူတာတွင်း အချက်အလက်များဖျက်ဆီးခြင်း၊ အဆင့်
ကွဲပြားသည့် ဗိုင်းရပ်စ်မျိုးမျိုး ပေးပို့ခြင်းတို့လည်း ပါဝင်သည်ဟု ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူ Synaptic Laboratories Limited ၏ အမှုဆောင် အဖွဲ့ဝင် Ron Kelson က ဆိုသည်။

ဆိုက်ဘာစစ်တွင် ရင်းနှီး မြှုပ်နှံမှုများ ၂၀၀၆ ခုနှစ်လောက်က စတင်ခဲ့ပြီး ယခုအခါ နိုင်ငံပေါင်း ၁၄၀ ကျော်တွင် ဆိုက်ဘာလက်နက်ထုတ်လုပ်သည့် စီမံချက်များ ရှိနေကြောင်း လေ့လာချက်အများအပြားက ဆိုသည်။ ဥပမာအားဖြင့် အမေရိကန်ကာကွယ်ရေး အဆင့်မြင့်သုတေသနအေဂျင်စီ (DARPA)က ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ဆိုက်ဘာဘတ်ဂျက် ၁ ဒသမ ၅၄ ဘီလီယံဒေါ်လာဖြင့် စစ်ရေးလိုအပ်ချက်နှင့် ကိုက်ညီအောင် ဆိုက်ဘာတိုက်ပွဲအတွက် အဓိကထား ပြင်ဆင်လုပ်ဆောင်မည်ဟု အရာရှိ
များက ပြောဆိုကြောင်း The Malta Independent တွင် ဖော်ပြထားသည်။

ဤသည်မှာ ဥပမာတစ်ခုမျှသာဖြစ်သည်။ ရုရှား၊ အစ္စရေး၊ တရုတ်တို့တွင် ဆိုက်ဘာစစ်အတွက် ပြင်ဆင်မှုများစွာ ရှိနေသည်။တိုတောင်းလှသော
အချိန်အတွင်းမှာပင် နည်းပညာက အံ့မခန်း တိုးတက်လာခဲ့သည်။ နည်းပညာအားဖြင့် လူပုဂ္ဂိုလ်တို့၏ ကိုယ်ရေးအချက်အလက်များ၊ စီးပွားရေးကုမ္ပဏီကြီးများ၏ အစီအမံများ၊ အစိုးရတို့၏ လျှို့ဝှက်ချက်များကို အဝေးမှရယူရန် ကြိုးစားလာကြသည်။

ကမ္ဘာအနှံ့ ပျံ့နှံ့လာနေသည့် ထိုဆိုက်ဘာစစ်သည် အစိုးရများ၊ ကုမ္ပဏီများ
အကြား လျှို့ဝှက်ချက်ရယူနိုင်ရေးကို အဓိကထားလာကြသည်။ ထိုမှ စီးပွားရေး၊ နိုင်ငံရေး လွှမ်းမိုးမှုကို တည်ဆောက်နိုင်သောကြောင့် ဖြစ်သည်။

လတ်တလော ဆိုက်ဘာစစ်ခင်းနေသည့်အထဲတွင် တရုတ်၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ၊ အိန္ဒိယ၊ သြစတြေးလျ၊ ရုရှား အစရှိသည့် နည်းပညာထွန်းကားသောနိုင်ငံများ အဓိက ပါဝင်နေသည်။ ယခင်ကာလ
များကဲ့သို့ နိုင်ငံအလိုက် စစ်ခင်းကြရာတွင် နယ်နိမိတ်တိတိကျကျ ကန့်သတ်ပါဝင်ကြခြင်းမဟုတ်တော့ဘဲ နိုင်ငံတကာ စီးပွားရေး ဆက်နွယ်ဖြန့်ကြက်နေသဖြင့် ဘောင်ခတ်ရန်ခက်ခဲနေသည်။ အခြား နိုင်ငံမှ ကုမ္ပဏီကို ယုံကြည်မှုမရှိသဖြင့် မိမိနိုင်ငံတွင်း အ၀င်မခံ၍လည်း မရပါ။

နိုင်ငံတကာ စီးပွားကုန်သွယ်မှု သဘောတူညီချက်များက ရှိနေသော
ကြောင့်ဖြစ်သည်။ ဈေးကွက်စီးပွားရေးမူများကို လက်ခံထားနေ
ရသောကြောင့်လည်းဖြစ်သည်။ကိုယ်တွင်းဝင်လာသော ရောဂါပိုးကို ခုခံကာကွယ်ရန် ကိုယ်ခံအားမြှင့်ရေး ကြိုးပမ်းကြတော့သည်။ ၎င်းမှာ ဆိုက်ဘာလုံခြုံရေးလုပ်ဆောင်မှုများပင်ဖြစ်သည်။

နိုင်ငံတကာအား တံခါးဖွင့်ပေးသော မြန်မာနိုင်ငံ၏ ဈေးကွက်ကို မကြာသေးမီက ၀င်ရောက်လာသော ဆက်သွယ်ရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံ
မှုတွင် တင်ဒါရရှိထားသော နော်ဝေးကုမ္ပဏီ Telenor နှင့်အတူ
မြန်မာဆက်သွယ်ရေးကုမ္ပဏီနှစ်ခုတို့က ဆက်သွယ်ရေးဆိုင်ရာ လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့် Huawei တရုတ်ကုမ္ပဏီကို ပစ္စည်းတင်သွင်းခွင့်ပေးရန် သြဂုတ်လဆန်းက ရွေးချယ်လိုက်သည်။

ထို Huawei ကုမ္ပဏီသည် တရုတ်နိုင်ငံအစိုးရ၏ ဆိုက်ဘာစစ်တွင် ပါရှိနေသည်ဟု အနောက်နိုင်ငံများအကြား သံသယရှိနေကြသည်။

Huawei သည် ၂၀၁၂ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ပစ္စည်းထုတ်
လုပ်သည့် ကုမ္ပဏီတစ်ခုအဖြစ် နိုင်ငံတကာကို ထိုးဖောက်လာသည်။ စတင်တည်ထောင်သူမှာ တရုတ်စစ်တပ်မှ အရာရှိဟောင်းတစ်ဦးဖြစ်သူ
Ren Zhengfei ဖြစ်ပြီး ပုဂ္ဂလိကကုမ္ပဏီအဖြစ် ၁၉၈၈ ခုနှစ်တွင် စတင်
ထူထောင်ခဲ့သည်။

ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ပေးခြင်း၊ ဆက်သွယ်ရေးဆိုင်ရာ စက်ပစ္စည်းနှင့် ၀န်ဆောင်မှုပေးခြင်းတို့ကို ပြုလုပ်သည်။ စတင်
တည်ထောင်ချိန်ကတည်းကပင် တရုတ်ပြည်တွင်းနှင့် ပြည်ပကို ၀န်ဆောင်မှုပေးခဲ့သည်။ ဆက်သွယ်ရေးကိရိယာများကို ထုတ်လုပ်ရောင်း
ချခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် Huawei ကုမ္ပဏီသည် နိုင်ငံပေါင်း ၁၄၀
ကျော်တွင် ၎င်းတို့၏ပစ္စည်းနှင့် ၀န်ဆောင်မှုများပေးနိုင်ခဲ့ပြီး အမြတ်ငွေ
ဒေါ်လာ သန်းသုံးထောင့်ခုနစ်ရာရှိခဲ့သည်။

တရုတ်အစိုးရနှင့် ဆက်နွှယ်နေခြင်း၊ ထူထောင်သူက တရုတ်စစ်ရေး
အင်ဂျင်နီယာဖြစ်နေခြင်းတို့ကြောင့် အနောက်နိုင်ငံများက နိုင်ငံတော်
လုံခြုံရေးအတွက် စိုးရိမ်ပြီး Huawei နှင့် မဆက်ဆံလိုကြပေ။
နိုင်ငံတော်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်နိုင်သည်ဟုပင် အမေရိကန်ထောက်လှမ်းရေးကော်မတီက ၂၀၁၂ ခုနှစ် အောက်တို
ဘာလက အစီရင်ခံ စာထုတ်ပြန်ခဲ့သည်။

Huawei နှင့်အတူ အခြားတရုတ်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ZTE Inc. ကိုလည်း အမည်နှင့်တကွ ဖော်ပြခဲ့သည်။တရုတ်အစိုးရနှင့် ပတ်သက်နေ
သည့် အဆိုပါကုမ္ပဏီကြီးနှစ်ခုက အမေရိကန်ကုမ္ပဏီများ၏ နည်းပညာ
အချက်အလက်များကို ခိုးယူပြီး အမေရိကန်နိုင်ငံသားများကိုလည်း သူလျှိုလုပ်ထောက်လှမ်းနေနိုင်သည်ဟု စွပ်စွဲထားသည်။ Huawei ကတော့ အခြေအမြစ်မရှိသည့် စွပ်စွဲချက်ဟုသာ တုံ့ပြန်ခဲ့သည်။

Huawei က ထုတ်လုပ်သော ပစ္စည်းများကို ကြိုးမဲ့ဆက်သွယ်ရေးတွင် အသုံးပြုပြီး တရုတ်အစိုးရက ထိုကုမ္ပဏီကို ငွေကြေးအထောက်အပံ့ များစွာပေးထားသည်ဟု အမေရိကန်အစီရင်ခံစာက ဆိုသည်။ အမေရိကန်နိုင်ငံတွင် တရုတ်အစိုးရထောက်ပံ့ထားသည့် ကုမ္ပဏီများကို လုပ်ပိုင်ခွင့်ပေးခြင်းသည် အမေရိကန်နိုင်ငံ၏ ဆက်သွယ်မှုများကို ကြားဖြတ် ဖမ်းယူနိုင်ခွင့်ပေးထားပြီး ဆိုက်ဘာတိုက်ခိုက်မှုများကို ခွင့်ပြုထားသလို အရေးပါသည့် အဆောက်အအုံများဖြစ်သည့် ဥပမာ ရေကာတာ၊ ပင်မလျှပ်စစ်ဓာတ်အားပေးရုံ စသည်တို့ကို တိုက်ခိုက်နိုင်သည့် အခြေအနေကို ဖန်တီးပေးထားသည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလတွင်းတွင် အမေရိကန်ရေတပ်လေ့ကျင့်ရေး
စခန်းရှိရာ အော်ရေဂွန်ပြည်နယ်အနီးရှိ လေအားသုံး လျှပ်စစ်ထုတ်လုပ်သည့် စီမံချက်တွင် ရင်းနှီးမြှုပ်နှံထားသော တရုတ်ကုမ္ပဏီတစ်ခုကို ထိုရင်းနှီးမြှုပ်နှံမှုမှ စွန့်ခွာရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မတီမှတစ်ဆင့် သမ္မတအိုဘားမားက အမိန့်ထုတ်ခဲ့သည်။

ထိုရေတပ်စခန်းတွင် မောင်းသူမဲ့လေယာဉ် လေ့ကျင့်မှုများ ရှိနေသည်။ အမေရိကန်သမ္မတက ယခုကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ၀င်ရောက်
ပိတ်ဆို့မှုသည် နှစ်ပေါင်း၂၂ နှစ် တွင် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။

ကုမ္ပဏီတစ်ခုကို ပစ်မှတ်ထားပိတ်ဆို့ခြင်းမဟုတ်ဘဲ အေ ရိကန်၏ ဆက်သွယ်ရေးနှင့် အဓိကကျသော အဆောက်အအုံကို ကာကွယ်ရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်က ဆိုသည်။ သို့သော်လည်း Huawei ၏ ၀န်ထမ်းဟောင်းတစ်ဦးမှရရှိသည့် ရုံးတွင်းစာများအရ Huawei သည် တရုတ်စစ်တပ်တွင်းရှိ ဆိုက်ဘာစစ်ရေးဌာနအတွက် ၀န်ဆောင်မှုများပေးနေကြောင်းကို အမေရိကန်ထောက်လှမ်းရေး ကော်မတီက ထုတ်ဖော်ပြောဆိုသည်။

Huawei ကုမ္ပဏီသည် အလုပ်သမားအခွင့်အရေး၊ လာဘ်စားမှု၊ မူပိုင်ခွင့်ချိုးဖောက်မှု စသည့်အချက်များကို ကျူးလွန်ခဲ့ကြောင်းလည်း Huawei ကုမ္ပဏီ၏ လက်ရှိနှင့် ယခင်ဝန်ထမ်းများက စုံစမ်းရေးကော်မတီကို ပြောဆိုခဲ့ကြသည်။

ငွေကြေးဆိုင်ရာ ထုတ်ဖော်ကြေညာရမည်ဆိုသော ကန့်သတ်ချက်ရှိသည့် ဟောင်ကောင်နှင့် အမေရိကန်တို့တွင် Huawei ကုမ္ပဏီက ၎င်းတို့၏ ရှယ်ယာများကို ရောင်းချခြင်းမပြုပေ။ ကုမ္ပဏီ၏ ရှယ်ယာပိုင်ဆိုင်မှုများကိုလည်း တရားဝင်ဖော်ပြခြင်း မရှိပါ။ ထိုအချက်ကပင် တရုတ်အစိုးရက နောက်ကွယ်မှ အပြည့်အ၀ပံ့ပိုးနေသည်ဆိုသောသံသယ ပို၍ ခိုင်မာလာစေသည်။

အမေရိကန်ဈေးကွက်တွင် အပိတ်ပင်ခံထားရသော်လည်း တရုတ်ကုမ္ပဏီ Huawei သည် ဥရောပကို ထိုးဖောက်ဝင်ရောက်လာနေသည်။ ၂၀၀၄ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဥရောပမှ ဟော်လန်ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆို ရင်းနှီးမြှုပ်နှံနိုင်ခဲ့ပြီးသည့် နောက် ၂၀၁၀ မှာပင် ထိပ်တန်း ကမ္ဘာ့ဆက်သွယ်ရေးကုမ္ပဏီကြီး ၅၀ အနက် ၄၅ ခုအတွက် Huawei က ၀န်ဆောင်မှုပေးနေပြီး အမေရိကန်ထုတ် Fortune မဂ္ဂဇင်းတွင်လည်း ကမ္ဘာ့ထိပ်တန်းအမြတ်အစွန်းရ အောင်မြင်သည့် ကုမ္ပဏီ ၅၀၀ စာရင်းတွင် ပထမဆုံးအကြိမ် ပါဝင်ခဲ့သည်။

ထိုသို့ ကမ္ဘာ့ဆိုက်ဘာဈေးကွက်ကို ဖြန့်ကြက်နိုင်လာသော Huawei မှ ထုတ်လုပ်သည့် စက်ကိရိယာသည် ပြင်ပမှ ဆိုက်ဘာကွန်ရက်တွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်အောင် ပုံစံချ ထုတ်လုပ်ထားသည်ဟု အမေရိကန်က ဆိုသည်။

Huawei ကမူ ၎င်းတို့၏ ထုတ်ကုန်များသည် ဆိုက်ဘာလုံခြုံမှုအပြည့်အ၀ရှိကြောင်း တုံ့ပြန်ခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့် ယင်းတို့၏ စီးပွားရေးလုပ်ငန်းကို စစ်ဆေးနိုင်ကြောင်း၊ စွပ်စွဲချက်များမှာ အခြေအမြစ်မရှိ ကြောင်း Huawei က ၂၀၁၁ ခုနှစ်တွင် စာရေးသားပေးပို့ခဲ့သည်။

အလားတူ အိန္ဒိယ ဆဲလ်လူလာဖုန်းဝန်ဆောင်မှုပေးနေသည့် Bharat Sanchar Nigam Limited (BSNL)ကလည်း ၂၀၀၅ ခုနှစ်က Huawei ၏ ကုန်ပစ္စည်းများကို လုံခြုံရေးဆိုင်ရာသံသယဖြင့် ပိတ်ပင်ခဲ့သည်။ ၂၀၁၀ တွင်မူ အိန္ဒိယ ဗဟိုစုံစမ်းထောက်လှမ်းရေးက Huawei နှင့်ပတ်သက်သော စာချုပ်နှင့် ဆက်သွယ်မှုအားလုံးကို ဖျက်သိမ်းရန် တိုက်တွန်းလာသည်။ နောက်ပိုင်းတွင် နိုင်ငံတကာလုံခြုံရေးအေဂျင်စီများ ဖြစ်သည့် ကနေဒါမှ Electronic Warfare Associates, အမေရိ ကန်အခြေစိုက် Infoguard နှင့် အစ္စရေးက ALTAL လုံခြုံရေးအကျိုးဆောင်တို့က စစ်ဆေးပြီး လုံခြုံစိတ်ချရကြောင်း ထောက်ခံမှသာလျှင် အိန္ဒိယကို တင်သွင်းခွင့်ပြုရန် ဆုံးဖြတ်ခဲ့သည်။

နိုင်ငံတကာသံသယများ တိုးမြှင့်လာချိန်တွင် Huawei သည် အီရန်နိုင်ငံကို စောင့်ကြည့်ရေးနည်းပညာနှင့်အတူ ဆက သွယ်ရေးကိရိယာများကို အဓိကပံ့ပိုးပေးနေခဲ့ကြောင်း ၂၀၁၁ ခုနှစ်က ဝေါစထရိဂျာနယ်က ဖွင့်ချစွပ်စွဲခဲ့ပြန်သည်။ သက်သေပြနိုင်ခြင်းတော့ မရှိခဲ့ပေ။ အာဖဂန်နစ္စတန်တွင် တာလီဘန်များအတွက် ဆက်သွယ်ရေးကိရိယာများ လုပ်ဆောင်ပေးခဲ့ကြောင်း အိန္ဒိယက ၂၀၀၁ ခုနှစ်က စွပ်စွဲခဲ့ဖူးသော်လည်း ထိုအချက်ကိုလည်း သက်သေပြနိုင်ခြင်းမရှိခဲ့ပေ။

၂၀၁၂ ခုနှစ် မတ်လတွင်မူ သြစတြေးလျအစိုးရပိုင် NBN ကုမ္ပဏီက နိုင်ငံအနှံ့ ဆက်သွယ်ရေးကွန်ရက်တည်ဆောက်ရေးအတွက် တင်ဒါခေါ်ယူခဲ့ရာတွင် Huawei ကုမ္ပဏီကို လေလံဆွဲခွင့်မပေးခဲ့ပါ။ ၎င်းမှာလည်း သြစတြေးလျလုံခြုံမှုထောက်လှမ်းရေးအဖွဲ့၏ အကြံပြုချက်ကြောင့်ဖြစ်သည်ဟု ဆိုသည်။

ထို့နောက် လေးလအကြာ ဇူလိုင်လတွင် ကွန်ပျူတာလုံခြုံရေးကုမ္ပဏီဖြစ်သည့် Recruity Labs မှ ကျွမ်းကျင်သူများဖြစ်ကြသည့် Felix Lindner နှင့် Gregor Kopf တို့က Huawei ၏ ဆက်သွယ်ရေးစက်ပစ္စည်းများ လုံခြုံစိတ်ချရမှုမရှိဘဲ ဖောက်ထွင်းရလွယ်ကူကြောင်းနှင့် အဝေးမှ ထိုးဖောက်ထိန်းချုပ်နိုင်ကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ထုတ်ဖော်ပြောဆိုလိုက်သည်။ဆိုက်ဘာစစ်ကတော့ ခရီးဆက်နေဦးမည်ဖြစ်သည်။

အမေရိကန်နှင့် ဥရောပ၊ အာရှနိုင်ငံ အတော်များများက အစိုးရရုံးများ၊ ပုဂ္ဂလိကသတင်းမီဒီယာများ၊ အထင်ကရ နိုင်ငံရေးသမားများကို တရုတ်နိုင်ငံတွင် အခြေပြုထားသည့် ကွန်ပျူတာများမှ ဆိုက်ဘာထိုးဖောက်တိုက်ခိုက်မှုများရှိနေကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုမှုများ ရှိနေသည်။ စစ်အင်အား၊ လက်နက်အင်အား၊ လူအင်အားတို့ဖြင့် ထင်ထင်မြင်မြင် တိုက်ပွဲဆင်နွှဲခဲ့ကြသည့်ခေတ်ကို လွန်မြောက်လာချိန်တွင် ရှုပ်ထွေးသော ဆိုက်ဘာနည်းပညာများဖြင့် နိုင်ငံတကာတိုက်ပွဲများ စတင်နေပြီဟု ဆိုရပေမည်။

နိုင်ငံတကာ ဆိုက်ဘာစစ်တွင် ပါဝင်နေသော Huawei ကုမ္ပဏီ ခြေကုပ်ယူလာနေသည့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကွန်ရက်တွင် နိုင်ငံတော်လုံခြုံရေး၊ ပြည်တွင်းနှင့် နိုင်ငံတကာစီးပွားရေးကုမ္ပဏီများ၏ ဆက်သွယ်မှုလုံခြုံရေး၊ လူပုဂ္ဂိုလ်များ၏ ကိုယ်ပိုင်အချက်အလက်များ လုံခြုံရေးအတွက် မည်မျှကာကွယ်ပေးနိုင်မည်ကိုတော့ မသိရသေးပါ။ လွှတ်တော်တွင် ဆွေးနွေးနေသည်ဟုတော့ သိရသည်။

“လွှတ်တော်က ဆက်သွယ်ရေးဥပဒေကို ဆွေးနွေးနေပါတယ်။ လုံခြုံရေးအတွက် ကျွန်တော်တို့ တတ်နိုင်သလောက် ကာကွယ်သွားရမယ်။ တကယ်လို့ ကုမ္ပဏီတွေက ကျွန်တော်တို့နိုင်ငံရဲ့ လုံခြုံရေးအတွက် ခြိမ်းခြောက်လာရင်တော့ အဲဒီလိုယုံကြည်လို့ မရတဲ့ ကုမ္ပဏီတွေနဲ့ အလုပ်လုပ်ဖို့ မဖြစ်ပါဘူး။ ဒါကို ဆန့်ကျင်ရပါလိမ့်မယ်”ဟု လွှတ်တော်အမတ် ဦးမြင့်သိန်းက ပြောဆိုကြောင်း Asian News Network က သြဂုတ် ၁၄ ရက်၌ ဖော်ပြခဲ့သည်။

ကြီးမားလှသည့် အမေရိကန်ဈေးကွက်ကို ထိုးဖောက်၍မရသည့်အဆုံး ကျန်နိုင်ငံတကာဈေးကွက်ကို ပိုမိုအာရုံထားလာသော Huawei က Apple's iPhone and Samsung's Galaxy S4 တို့ကို အပြိုင်တိုက်မည့် Ascend P6 ကို ထုတ်မည်ဟု ကြေညာလိုက်သည်။ ဆိုက်ဘာလုံခြုံရေးကို ဦးစားပေးကြသော အနောက်ဈေးကွက်မှ ဆုတ်ခွာလာရသည့် Huawei သည် မြန်မာအပါအ၀င် အာရှနှင့် ကမ္ဘာ့တခြားနိုင်ငံများတွင်မူ ၎င်း၏ ဈေးချိုသည့် ထုတ်ကုန်များအတွက် ကော်ဇောနီခင်း ကြိုဆိုနေဦးမည်သာ ဖြစ်ပေသည်။

7Day News Journal
နည်းပညာ ထွန်းကားလာနေသော ဤရာစုနှစ်တွင် ဆိုက်ဘာနည်းပညာများက အဆင့်မြင့် ရှုပ်ထွေး လာသည်။ ယခင်က စုံစမ်းထောက်လှမ်းမှုများနှင့်မတူဘဲ ဆိုက်ဘာမှတစ်ဆင့် ထောက် လှမ်းနိုင်သောကြောင့် လူပုဂ္ဂိုလ်ဆိုင်ရာ၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး အရာရာတွင် အချက်အလက်တို့၏ လုံခြုံမှုက အရေးကြီးဆုံးဖြစ်လာသည်။

မန္တလေးတက္ကသိုလ် အမှတ် သတ်မှတ်ချက် ပြည့်မီသော ကျောင်းသား ဦးရေ ၃၀၀ သာ သင်ကြားမည်

Photo: မန္တလေးတက္ကသိုလ် အမှတ် သတ်မှတ်ချက် ပြည့်မီသော ကျောင်းသား
ဦးရေ ၃၀၀ သာ သင်ကြားမည်
Thursday, August 22, 2013

မန္တလေးတက္ကသိုလ်တွင် ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်
ဝင်တန်း စာမေးပွဲတွင် ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်အလိုက် အမှတ် သတ်မှတ်ချက်
ပြည့်မီသော ကျောင်းသူ၊ ကျောင်းသားဦးရေ ၃၀၀ ခန့်ကိုသာ လက်ခံ သင်ကြားပေးသွားမည် ဖြစ်ကြောင်း မန္တလေးတက္ကသိုလ် ဒုတိယ ပါမောက
္ခချုပ်ထံမှ စုံစမ်းသိရှိရသည်။

ပညာရေး ဝန်ကြီးဌာနက ဝိဇ္ဇာ၊ သိပ္ပံ၊ ဘာသာရပ်အလိုက်၊ ထူးချွန်သော
ကျောင်းသားများ ရွေးချယ်၍ အထူး လေ့ကျင့်ပြုစု ပျိုးထောင်ရေး အစီအစဉ်ဖြင့် လက်ရှိ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စ၍ ဘာသာရပ် တစ်ခုစီတွင် ထူးချွန် ကျောင်းသား ၁၅ ဦးစီ ရွေးချယ်၍ ရန်ကုန် တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်တို့တွင် ပထမနှစ် သင်တန်းမှ စတင် သင်ကြားသွားမည် ဖြစ်ကြောင်း မန္တလေးတက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“တခြား တက္ကသိုလ်တွေနှင့် ခွဲခြားပြီး အမှတ်စာရင်းကို တိုးမြှင့်လိုက်တာ မဟုတ်ဘူး။ ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ် တစ်ခုခုကိုပဲ လေးလေးနက်နက် စူးစိုက် လေ့လာလိုသူတွေအတွက် ရည်ရွယ်တာပါ” ဟု ၎င်းက ဆိုသည်။

တက္ကသိုလ်ဝင် စာမေးပွဲကို ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် နိုင်ငံခြား စာစစ်ဌာန တို့မှ အောင်မြင်သူ
များသည် ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်ရမည်ဖြစ်ပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေ
သကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်မှ အောင်မြင်သူများသည် မန္တလေးတက္ကသိုလ်တွင် တက်ရောက် သင်ကြားရမည် ဖြစ်ကြောင်း အဆိုပါတက္ကသိုလ် တာဝန်ရှိသူထံမှ သိရသည်။

The Voice Weekly
မန္တလေးတက္ကသိုလ်တွင် ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်အလိုက် အမှတ် သတ်မှတ်ချက်ပြည့်မီသော ကျောင်းသူ၊ ကျောင်းသားဦးရေ ၃၀၀ ခန့်ကိုသာ လက်ခံ သင်ကြားပေးသွားမည် ဖြစ်ကြောင်း မန္တလေးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်ထံမှ စုံစမ်းသိရှိရသည်။

ထိခိုက် ဒဏ်ရာများနှင့် အရိုးကျိုးခြင်း များကို အဆင့်မြင့် စက်များ သုံးကာ ကုသပေးတော့မည်

Photo: ထိခိုက်ဒဏ်ရာများနှင့် အရိုးကျိုးခြင်းများကို အဆင့်မြင့်စက်များသုံးကာ ကုသပေးတော့မည်
Thursday,  August 22, 2013

ထိခိုက် ဒဏ်ရာများနှင့် အရိုးကျိုးခြင်းများ ကို နိုင်ငံတကာတန်းတူ အဆင့်
မြင့်စက်ကိရိယာများသုံးကာ ကုသ ပေးနိုင်ပြီဖြစ်ကြောင်း ကြည့်မြင်တိုင် အရိုးရောဂါကုဆေးရုံမှ အရိုး အထူးကုခွဲစိတ်ဆရာဝန်ကြီး ပါ မောက္ခ
ဒေါက်တာဇော်ဝေစိုးက ပြောသည်။

ခေတ်မီစက်ကိရိယာများ ဟုဆိုရာတွင် ခွဲစိတ်ကုသနိုင်ရန် အရိုးအနေ
အထားကို သိရှိနိုင်သည့် Image Imtennifier (C-Arm) စက်လည်း
ပါဝင်ကာ နိုင်ငံတော် မှတိုးတက်သုံးစွဲလာသော ကျန်းမာရေးအသုံး
စရိတ်များအရ ခေတ် မီစက်ကိရိယာများကို ဝယ်ယူအသုံးပြုလာနိုင်
ခြင်းဖြစ်ကြောင်း သိရသည်။

''ဒီစက်ကိုအသုံးပြုခြင်းအား ဖြင့် အရိုးကိုမခွဲစိတ်ရဘဲ တည့် အောင်ပြုလုပ်ပြီး
ကျောက်ပတ်တီး ကို စီးနိုင်တယ်။ အရင်က အရိုးမ တည့်ရင် ပြန်မေ့ဆေး
ပေးပြီး ဓာတ်မှန်လဲ ပြန်ရိုက်တယ်။ အရိုးမတည့် တာကိုတွေ့ပြီးတော့မှ ဒုတိယ အကြိမ်မေ့ဆေးပေးပြီး ပြန်လည် တည့်မတ်ရတယ်။ ခွဲစိတ်ရတာ
တွေ လုပ်ခဲ့ရတယ်။ အခုမေ့ဆေး ဒါမှမဟုတ် ထုံဆေးတစ်ကြိမ်ပေး ပြီး အရိုးကြည့်တဲ့စက် (C-Arm) ကိုအသုံးပြုပြီးကုသရင် တစ်ကြိမ် တည်းနဲ့ အရိုးကိုတည့်မတ်အောင် ကုနိုင်တယ်''ဟုပြောသည်။

အရိုးကျိုးခြင်းများအတွက် ခွဲစိတ်ရာတွင် အဆိုပါစက်အသုံး ပြုခြင်းအားဖြင့် ကြီးမားစွာခွဲစိတ် ရခြင်းမရှိတော့ဘဲ သေးငယ်သည့် ခွဲစိတ်ကုသမှု၊
သွေးထွက်နည်းသည့် ခွဲစိတ်ကုသမှု၊ တိကျမှန်ကန်မြန် ဆန်သည့်ကုသ
မှုကို ပြုလုပ်လာ နိုင်ပြီဖြစ်ကြောင်း၊ နိုင်ငံတကာ အဆင့်မီသော အရိုးခွဲစိတ်
ကုသသည့် ကိရိယာပစ္စည်း AO-Instru-ment? AO-Technique များအ သုံးပြု၍ ခွဲစိတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

''အဆစ်တွေကို Key Hole အသုံးပြုပြီး ကြီးကြီးမားမား မခွဲ စိတ်ရဘဲ မှန်ပြောင်းကြည့်ကုသတဲ့ Arthroscopy နည်းနဲ့လဲ ကုသပေး နေပြီ။ အလားတူ အဆင့်မြင့်ကိ ရိယာတွေနဲ့ကုသမှုများကို နောင်လာမယ့်နှစ်တွေ
မှာ တိုင်းဒေသ ကြီး မြို့တော်တွေအထိ အဆင့် မြှင့်တိုးချဲ့ပြုလုပ်လာနိုင်ဖို့ စီစဉ် ဆောင်ရွက်နေပြီ''ဟုပြောသည်။

ဒူးဆစ်အစားထိုးခြင်း၊ တင် ပါးဆုံအဆစ်အစားထိုးခြင်းများ ပြုလုပ်နိုင်
သည့် ခွဲစိတ်ကိရိယာများကိုလည်း ဝယ်ယူဖြည့်တင်းထားပြီးဖြစ်ကြောင်း၊ အဆစ်အ တွင်းအစားထိုးသည့် အစားထိုး ပစ္စည်းများကို လူနာရှင်မှ ဝယ် ယူရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ယင်းအ ဆင့်မြင့်စက်များကို ရန်ကုန်ပြည် သူ့ဆေးရုံကြီး၊ မ/ဥက္ကလာပဆေး ရုံကြီး၊ သင်္ဃန်းကျွန်းဆေးရုံကြီး၊ ရန်ကုန်အရိုးရောဂါ
ကုဆေးရုံ (ကြည့်မြင်တိုင်)၊ မန္တလေး အရိုး ရောဂါကုဆေးရုံ၊ မန္တလေးပြည်သူ့ ဆေးရုံ၊ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီး၊ မကွေးဆေးတက္ကသိုလ် သင်ကြားရေးဆေးရုံကြီးများတွင် စတင်အသုံးပြုနေပြီဖြစ်သည်။

Yangon Media Group
ထိခိုက် ဒဏ်ရာများနှင့် အရိုးကျိုးခြင်းများ ကို နိုင်ငံတကာတန်းတူ အဆင့်မြင့်စက်ကိရိယာများသုံးကာ ကုသ ပေးနိုင်ပြီဖြစ်ကြောင်း ကြည့်မြင်တိုင် အရိုးရောဂါကုဆေးရုံမှ အရိုး အထူးကုခွဲစိတ်ဆရာဝန်ကြီး ပါ မောက္ခဒေါက်တာဇော်ဝေစိုးက ပြောသည်။

၅၀၀၀ တန် ငွေစက္ကူအတုအမှုတွင် ပါဝင်သူများကို စွဲချက်တင်

Photo: ၅၀၀၀ တန် ငွေစက္ကူအတုအမှုတွင် ပါဝင်သူများကို စွဲချက်တင်
Thursday, 22 August 2013

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရှင်းရှန်းဟိုတယ်တွင် ယခုနှစ်ဧပြီလ
 နောက်ဆုံးပတ်အတွင်းက ဖမ်းဆီးမိခဲ့သော ၅၀၀၀ တန် ငွေစက္ကူအတု သိန်း ၂၇၀ ကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသားနှစ်ဦးနှင့် တရုတ်နိုင်ငံသားနှစ်ဦးကို မြစ်ကြီးနား ခရိုင်တရားရုံးက စွဲချက်တင်
လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံသား တရားခံနှစ်ဦး၏ အကျိုးဆောင်
ရှေ့နေဖြစ်သူ ကချင်ရှေ့နေများအဖွဲ့ (Kachin Lawyers Group) ဥက္ကဋ္ဌ ဦးမုန်ဆိုင်းတူးက The Voice သို့ ပြောကြားသည်။

ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသော ဦးအောင်ကျော်လှိုင်၊ ဒေါ်ဘောမ်
ဆွမ်၊ ကျောင်ကျားရှုတ်နှင့် ရန်ဟုန်စိမ်းတို့လေးဦးကို ပုဒ်မ ၄၈၉ (ဂ) ဖြင့် သြဂုတ်လ ပထမပတ်တွင် စွဲချက်တင်ခဲ့ခြင်းဖြစ်ပြီး တရားခံများမှာ ၂၀၁၃ ခုနှစ် မေလမှ စတင်ကာ အမှုရင်ဆိုင်ခဲ့ရကြောင်း၊ တရားခံများအနေဖြင့် တရားရုံးတွင် ပြန်လည် ထုချေနေသည်မှာ ရုံးချိန်းနှစ်ချိန်းရှိပြီ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသား တရားခံနှစ်ဦးအနက်မှ ကျောင်ကျားရှုတ်ဆိုသူမှာ တရားရုံးတွင် ထွက်ဆိုဝန်ခံချက် တစ်ဝက်ပေးထားပြီး ဖြစ်ကြောင်း ရှေ့နေ ဦးမုန်ဆိုင်းတူးက ပြောဆိုသည်။

“ဒီနေ့က မြန်မာနိုင်ငံသား တရားခံနှစ်ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ စွဲထားတဲ့ ရုံးချိန်းကို လာတာပါ။ တရားလိုပြ သက်သေတွေမလာလို့ ဒီအတိုင်းပြန်ခဲ့ရတယ်။ အခုချိန်မှာတော့ အမှုနဲ့ပတ်သက်ပြီး စီရင်ချက်ကိုကျော်ပြီး ဘာမှပြောလို့ မရသေးပါဘူး” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံသား တရားခံနှစ်ဦးဖြစ်သူ ဦးအောင်ကျော်လှိုင်နှင့် ဒေါ်ဘော
မဆွမ်တို့နှစ်ဦးဖက်မှ တရားခံပြသက်သေ ၇ ဦးခန့် ထွက်ဆိုချက်ပေး
သွားမည် ဖြစ်ကြောင်း တရားခံနှစ်ဦး၏ အကျိုးဆောင်ရှေ့နေက
 ဖြည့်စွက် ပြောကြားသည်။

အဆိုပါ ၅၀၀၀ တန်အမှုတွင် ယင်းတရားခံ ၄ ဦးနှင့်အတူ ကေအိုင်အို အဖွဲ့အစည်းမှ အုပ်ချုပ်ရေး အရာရှိတစ်ဦးနှင့် ကေအိုင်အို နိုင်ငံခြားရေးဌာနမှ အရာရှိတစ်ဦးတို့လည်း ပါဝင်ပတ်သက်ခဲ့ပြီး ၎င်းတို့နှစ်ဦးကို ကေအိုင်အို တရားစီရင်ရေး ဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည့် အကြောင်း
 ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ငြိမ်းချမ်းရေး ဆွေးနွေး
ပွဲအတွက် မြစ်ကြီးနားမြို့သို့ ရောက်ရှိစဉ်က ပြောကြားခဲ့သည်။

The Voice Weekly
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရှင်းရှန်းဟိုတယ်တွင် ယခုနှစ်ဧပြီလ နောက်ဆုံးပတ်အတွင်းက ဖမ်းဆီးမိခဲ့သော ၅၀၀၀ တန် ငွေစက္ကူအတု သိန်း ၂၇၀ ကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသားနှစ်ဦးနှင့် တရုတ်နိုင်ငံသားနှစ်ဦးကို မြစ်ကြီးနား ခရိုင်တရားရုံးက စွဲချက်တင်လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံသား တရားခံနှစ်ဦး၏ အကျိုးဆောင်ရှေ့နေဖြစ်သူ ကချင်ရှေ့နေများအဖွဲ့ (Kachin Lawyers Group) ဥက္ကဋ္ဌ ဦးမုန်ဆိုင်းတူးက The Voice သို့ ပြောကြားသည်။

မန်ယူက ဘရာဇီးလ်လူငယ်ကစားသမားတစ်ဦးကို စာချုပ်ခေါ်ယူမည်

Photo: မန်ယူက ဘရာဇီးလ်လူငယ်ကစားသမားတစ်ဦးကို စာချုပ်ခေါ်ယူမည်
Thursday, August 22, 2013

မန်ချက်စတာ စီးတီးအသင်းက ပညာသင်ဆု စကောလားရှစ်တစ်ရပ်
ပေးအပ်ခဲ့သော်လည်း ဘရာဇီးလ် လူငယ် ကစားသမားလေး ဂါဘရီရယ်လ် ဖာနန်ဒိုက ၎င်းသည် မန်ချက်စတာ ယူနိုက်တက်သို့သာ သွားရောက်
မည်ဟု ပြောကြားလိုက်သည်။ အသက်(၁၆)နှစ်ရှိ ဖာနန်ဒိုသည် (၂၀၁၂)ခုနှစ်၊ မတ်လက ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်း၏ လူငယ်အကယ်ဒမီမှ စီးတီးသို့ ကူးပြောင်းလာခဲ့သည်။ ၎င်းသည် စီးတီး၏ လူငယ် အကယ်ဒမီတွင် စိတ်လှုပ်ရှားလောက်စရာ လူငယ် ပါရမီရှင် ကွင်းလယ် တိုက်စစ်သမားလေး အဖြစ်နှင့် အောင်မြင်လာခဲ့သည်။

စီးတီးသည် ဖာနန်ဒိုကို အသင်းတွင် ဆက်လက် ထိန်းသိမ်းထားရန် ဆန္ဒရှိနေပြီး ၎င်းအတွက် ပညာသင်ဆု စကောလားရှစ်တစ်ရပ် ထောက်
ပံ့သွားရန် စီစဉ်ခဲ့သော်လည်း ဖာနန်ဒို ကိုယ်တိုင်ကမူ မန်ချက်စတာ မြို့ခံပြိုင်ဘက် ယူနိုက်တက်နှင့် ချိတ်ဆက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ Daily Mailက ဖာနန်ဒိုသည် ပြီးခဲ့သည့် သီတင်းပတ်က စတင်ကာ ယူနိုက်တက် လူငယ်အသင်းနှင့်အတူ လေ့ကျင့်နေပြီဟု ယုံကြည်
ရကြောင်း ဖော်ပြခဲ့သည်။ ပရိသတ်များက အင်္ဂလန် ချန်ပီယံ အသင်းသို့ ကူးပြောင်းမှုတွင် ဖာနန်ဒို အနေဖြင့် စီးတီး၏ ထုတ်ပယ်ခြင်း ခံရခြင်းဖြစ်စေ၊ ကိုယ်တိုင်က စီးတီး၏ ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့ခြင်းဖြစ်စေ တိတိကျကျ
ဖြေဆိုစေလိုကြောင်း Twitterတွင် မေးမြန်းရာ ဖာနန်ဒိုက "ကျွန်တော်
ငြင်းခဲ့တာပါ"ဟု တုံ့ပြန်ခဲ့သည်။

ယူနိုက်တက်သည် မကြာမီ ဖာနန်ဒိုကို လူငယ်အသင်းအတွက် စာချုပ်ကမ်း
လှမ်းဖွယ် ရှိနေပြီး ယင်းသည် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ်လက်ထက် ပထမဆုံး လူငယ်ကစားသမား ခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်လာနိုင်ကြောင်း သိရသည်။ ပေါ်တူဂီ ပတ်စ်ပို့တ် ကိုင်ဆောင်ထားသည့် ဘရာဇီးလ် လူငယ်လေးက (၁၅)လကြာ လေ့ကျင့်ခဲ့ပြီးနောက် စီးတီးကို စွန့်ခွာတော့
မည်ဟု ယခုလလယ်က ဝန်ခံ ပြောကြားခဲ့သည်။ အမည်ရင်း ဂါဘရီရယ်လ် ဖာနန်ဒို မိုရာရက်စ် ကာဆာရက်စ်ဒီ အယ်လ်မိုင်ဒါဖြစ်သော ဖာနန်ဒိုက "စီးတီး ပရိသတ်တွေရော၊ အသင်းရဲ့ တာဝန်ရှိ ဝန်ထမ်းတွေကိုပါ ကျွန်တော့်ကို ပံ့ပိုးပေးခဲ့တာတွေ၊ ကူညီပေးခဲ့တာတွေအတွက် ကျေးဇူး
တင်ကြောင်း ပြောခဲ့ချင်ပါတယ်"ဟု Twitterတွင် ရေးသား အသိပေး
ခဲ့သည်။

Planet Myanmar Network 
 မန်ချက်စတာ စီးတီးအသင်းက ပညာသင်ဆု စကောလားရှစ်တစ်ရပ် ပေးအပ်ခဲ့သော်လည်း ဘရာဇီးလ် လူငယ် ကစားသမားလေး ဂါဘရီရယ်လ် ဖာနန်ဒိုက ၎င်းသည် မန်ချက်စတာ ယူနိုက်တက်သို့သာ

ဟံသာဝတီ ပြန်လည် ထူထောင်ရေး ပါတီ တပ်ဖွဲ့ ဝင်များ လက်နက် ခဲယမ်း များဖြင့် အလင်းဝင် ရောက်လာ

Photo: ဟံသာဝတီ ပြန်လည် ထူထောင်ရေးပါတီ တပ်ဖွဲ့ဝင်များ လက်နက် ခဲယမ်းများဖြင့် အလင်းဝင် ရောက်လာ
Thursday, August 22, 2013

ဟံသာဝတီပြန်လည်ထူထောင် ရေးပါတီ (H.R.P) တပ်ဖွဲ့ဝင် ၈ ဦးတို့သည် လက်နက် ခဲယမ်းများနှင့် အတူ သံ ဖြူ ဇရပ်ရှိ စစ်ဘက် လုံခြုံရေး တပ်စုသို့ သြဂုတ် ၁၁ ရက်နေ့ ညနေက အလင်း ဝင်ရောက်ကြောင်း သိရသည်။
နိုင်ပန်းညွန့် ဦးဆောင်သော ဟံသာဝတီ ပြန်လည် ထူထောင်ရေးပါတီ (H.R.P) တပ်ဖွဲ့ဝင်များသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် ခရိုင်၊ ပကျွတ် ကျေးရွာနယ်မြေအတွင်း အခြေပြုလှုပ် ရှားနေခြင်း ဖြစ်သည်။

အလင်းဝင်သော အဆိုပါ အဖွဲ့တွင် ဗိုလ်မှူး အဆင့်ရှိနိုင်အောင်ကျနိုက်၊ ဗိုလ်ကြီးနိုင်ထူးထူးစိန်၊ ဗိုလ်ကြီးနိုင်ကလပ်စွန်း၊ အရာခံ ဗိုလ်နိုင်အထူး၊ တပ် သားနိုင်ချမ်း ကရော့၊ တပ်သားနိုင် အောင်ကျနိုက်၊ တပ်သားနိုင်အဝနှင့် တပ်သားနိုင်ဗလိုင်စိုး တို့ဖြစ်သည်။

၎င်းတို့နှင့်အတူ လမ်းလျှောက် စကားပြော စက်တစ်လုံး၊ လက်ပစ်ဗုံး တစ်လုံး၊ AK 47 နှစ်လက်၊ ပွိုင့် 22 နှစ်လက်၊ ပွိုင့် ၃ဝ ကာဘိုင် တစ်လက်၊
ခြောက်လုံးပြူး နှစ် လက်၊ လုပ်သေနတ်တို တစ်လက်နှင့်ကျည် ၇၁ တောင့် တို့ကိုပါ အပ်နှံပြီး အလင်းဝင်ရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

Popular Myanmar News Journal
ဟံသာဝတီပြန်လည်ထူထောင် ရေးပါတီ (H.R.P) တပ်ဖွဲ့ဝင် ၈ ဦးတို့သည် လက်နက် ခဲယမ်းများနှင့် အတူ သံ ဖြူ ဇရပ်ရှိ စစ်ဘက် လုံခြုံရေး တပ်စုသို့ သြဂုတ် ၁၁ ရက်နေ့ ညနေက အလင်း ဝင်ရောက်ကြောင်း သိရသည်။

မိုးသည်းထန် ၍ မိုင်းတုံ၌ ဖုန်းလိုင်းပြတ်

Photo: မိုးသည်းထန်၍ မိုင်းတုံ၌ ဖုန်းလိုင်းပြတ်
Thursday 22nd August 2013

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းခြင်းကြောင့် ဖုန်းလိုင်းများ သြဂုတ်လ ၁၈ ရက်နေ့မှစ၍ ပြတ်တောက်
လျက်ရှိကြောင်း မိုင်းတုံဒေသခံများက ပြော ကြားသည်။

မိုးဆက်တိုက်ရွာ၍ တောင်ကျချောင်းရေများကြောင့် မိုင်းတုံနှင့် မိုင်းဆတ်
ကြား မြုပ်ထားသည့် ကေဘယ်ကြိုးများ ပြတ်တောက်နေသည်ဟု ကြားသိရကြောင်း မိုင်းတုံမြို့ခံ ဦးစိုင်းကိမ်ဆိန်းက ပြောကြားသည်။

“အခုထိ ဂြိုဟ်တုဆက်သွယ်ရေး ဖုန်းကလွဲလို့ ဘာဖုန်းမှ သုံးမရဘူး” ဟု ၎င်းကဆိုသည်။

ရေတိုက်စားသဖြင့် မျောပါလာသည့် အမှိုက် သစ်တုံးများကြောင့် မြေကြီးထဲ
 မြုပ်ထားသည့် ဆက်သွယ်ရေး ကေဘယ်လ်ကြိုးများ ပြတ်တောက်နိုင်ပြီး ကြိုးအဆက်နေရာများမှလည်း ပြတ်တောက် ပြုတ်ထွက်နိုင်ကြောင်း မိုင်းတုံဆက်သွယ်ရေး တာဝန်ခံ ဦးမျိုးညွန်က ပြောကြားသည်။

“မိုင်းတုံ-မိုင်းဆတ် ၄၂ မိုင်ကြား ဘယ်နေရာမှာ ပြတ်တယ်ဆိုတာ မသိ
ရသေးဘူး။ မိုင်းဆတ်ဘက်က လိုက်ရှာနေပါတယ်။ ကြိုးဆက်တဲ့စက်က တစ်လုံးပဲရှိတာမို့ တစ်နေရာထဲပြတ်ရင် အကြောင်းမဟုတ်ပေမယ့် ပြတ် တဲ့နေရာများရင်တော့ နည်းနည်းကြာတယ်” ဟု ၎င်းကဆိုသည်။

မိုင်းတုံမြို့တွင် GSM/CDMA 450/800 စနစ်များနှင့် မြေပြင် ဆက်သွယ်ရေး
ဖုန်း စနစ်များရှိရာ ဂြိုဟ်တုလိုင်း တစ်လိုင်းသာ ပြောဆိုနိုင်ပြီး GSM/CDMA 450 မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆောင်ရွက်လျက် ရှိကြောင်း CDMA 800 မှာ တပ်မတော်မှတစ်ဆင့် ကေဘယ်ကြိုး ပြန်လည် ငှားရမ်းအသုံးပြုသည့်စနစ်ကို ကျင့်သုံးထားကြောင်း ဆက်သွယ်ရေးရုံးမှ စုံစမ်းသိရှိရသည်။

တောင်များပတ်လည် ဝိုင်းရံထားသည့်မြို့ ဖြစ်သော မိုင်းတုံမြို့သည် မိုးဆက်တိုက်ရွာလျှင် ချောင်းရေကြီးခြင်း၊ လမ်းများပေါ် ရေဖုံးလွှမ်းခြင်း၊
 တောင်ကမ်းပါးယံများ ပြိုကျခြင်း၊ ရေစီးဖြင့် တံတားများ မျောပါခြင်း တို့ ဖြစ်တတ်ကြောင်း၊ မိုင်းတုံ-မိုင်းဆတ်ကြားတွင် တောင်ကျချောင်း ၁၂ ချောင်း ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

The Voice Weekly
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းခြင်းကြောင့် ဖုန်းလိုင်း များ သြဂုတ်လ ၁၈ ရက်နေ့မှစ၍ ပြတ်တောက်လျက်ရှိကြောင်း မိုင်းတုံဒေသခံများက ပြောကြားသည်။

ပုဂံယဉ်ကျေးမှုအမွေအနှစ်များမပျက်စီးစေရန် ရှေး/သုက ထိန်းသိမ်း ဆောင်ရွက်နေ

Photo: ပုဂံယဉ်ကျေးမှုအမွေအနှစ်များမပျက်စီးစေရန် ရှေး/သုက ထိန်းသိမ်း
ဆောင်ရွက်နေ
Thursday 22nd August 2013

ပုဂံဒေသ ရှိ ယဉ်ကျေးမှုအမွေအနှစ်လက် ရာများကို မသိနားမလည်သူများ ၏ ဘေးအန္တရာယ်မှကာကွယ်နိုင် ရန် ရှေးဟောင်းသုတေသနဦးစီး ဌာနက ထိန်းသိမ်းဆောင်ရွက်နေ ပြီဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ထိန်းသိမ်းရာ တွင် ခေမင်္ဂဘုရားအနီး ဘုရား အမှတ် ၁၈၄၄ ရှိ အဝတ်စပန်းချီ များပျောက်ကွယ်မည်စိုး၍ရှေး ဟောင်းသုတေသနမှ
 သော့ခတ် ထိန်းသိမ်းထားကြောင်း သိရသည်။

''အချို့က ရှေးဟောင်းနံရံ ပန်းချီတွေပေါ်မှာ ခြစ်ရာ၊ ဆွဲရာ တွေနဲ့ စာသားတွေ ရေးကြထွင်း ကြတယ်။ အဲဒီလိုမျိုးလုပ်တာများ တော့ အခုဆို ရှေးဟောင်းသုတေ သနက လက်လှမ်းမီသလောက် သံဆန်ခါတွေ ကာထားတာမျိုး၊ သော့ခတ်ထိန်းသိမ်းထားတာတွေ လုပ်ထားပါတယ်။ အဝတ်စပန်းချီ ကိုလဲ လာဆွဲကြည့်တာမျိုးတွေ လုပ်လို့ အဘွားကိုယ်
တိုင်သော့ခတ် ပြီး စောင့်နေပါတယ်''ဟု ပုဂံ ခေမင်္ဂ ဘုရားဝင်းအတွင်း
စောင့်ရှောက် နေသူ ရှေးဟောင်းသုတေသနဝန် ထမ်း ဒေါ်သန်းယဉ်က
 ပြောသည်။

အဆိုပါဒေသရှိ ဘုရားအချို့တွင် ရှေးဟောင်းသုတေသန ဦးစီးဌာနမှ အကာအကွယ်များ ဆောင်ရွက်ပေးနေပြီး အချို့ဘု ရားစေတီများရှိ နံရံပန်းချီလက်ရာများအား ကာကွယ်ပေးခြင်းအပြင် သဘာဝအန္တရာယ်
များကြောင့် ပျက်စီးယိုယွင်းခြင်းမှ ထိန်းသိမ်း ကာကွယ်ပေးရန်လိုအပ်
ကြောင်း သိရသည်။

''အခုအချိန်မှာ ရှေးဟောင်း သုတေသနဦးစီးဌာနက ပုဂံရှေး ဟောင်းနံရံ
ပန်းချီတွေကို ကာပေး တဲ့သံဆန်ခါတွေလဲ ဆောင်ရွက် ပေးထားတယ်။ ဓမ္မရံကြီးဘုရားနားမှာ ယာဉ်ရပ်နားရန်နေရာပြ သင်္ကေတတွေကိုလဲ ပြသ
ထားပါတယ်။ အဲဒီလိုမျိုးဆောင်ရွက်ပေးတာအပြင် အခုမိုးရာသီဆိုတော့
 ညောင်ပင်တွေပေါက်လာပြီ။ ဘု ရားကို ဖျက်တာ ညောင်ပင်ပါ။ပြီးတော့ မိုးယိုလို့ ပျက်စီးတော့ မယ့် အုတ်ခွက်ရုပ်ကြွလက်ရာတွေကိုလဲ ထိန်းသိမ်းသင့်ပါတယ်''ဟု ယင်းဒေသသို့ရောက်ရှိခဲ့သော ရှေးဟောင်း
သုတေသနပညာရှင်တစ်ဦးက ပြောသည်။

အဆိုပါအဝတ်စပန်းချီမှာ ပုဂံခေတ်နှောင်းပိုင်းလက်ရာဖြစ် ပြီး ၁၈၉၉ ခုနှစ်တွင် ယင်းလက် ရာအချို့အား ဒိုင်း၊ လွှများဖြင့်ခွာ ယူခံခဲ့ရကြောင်း၊ ယင်းအဝတ်စ ပန်းချီလက်ရာမှာ ရှားပါးသော ပုဂံခေတ်နှောင်းပိုင်း လက်ရာဖြစ် ပြီး ဗုဒ္ဓဝင်ဇာတ်တော်များ၊ မြန်မာ့ရိုးရာ ပန်းကနုတ်များကို
ရေးဆွဲထားကြောင်း သိရသည်။

Yangon Media Group
ပုဂံဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်လက်ရာများကို မသိနားမလည်သူများ၏ ဘေးအန္တရာယ်မှ ကာ ကွယ်နိုင်ရန် ရှေးဟောင်းသုတေသနဦးစီးဌာနက ထိန်းသိမ်းဆောင်ရွက်နေ ပြီဖြစ်ကြောင်း သိရသည်။

လမ်းကြိတ်စက်ကြိတ်မိ၍ အမျိုးသမီးတစ်ဦးသေဆုံးမှု မုံရွာမြို့ ဗိုလ်ချုပ်လမ်းပေါ်တွင် ဖြစ်ပွား

ဩဂုတ် ၂၀ ရက်က မုံရွာမြို့ ပိတောက်ကုန်းရပ်နှင့် အေးခိုရပ်အကြား ဗိုလ်ချုပ်လမ်းမကြီးပေါ် တွင် ရွှေတောင် ကုမ္ပဏီမှ လမ်းခင်းခြင်းလုပ်ငန်းဆောင် ရွက်နေစဉ် လမ်းကြိတ် စက်ဖြင့် ရွှေတောင် ကုမ္ပဏီမှ လက်ထောက် အင်ဂျင်နီယာ အမျိုးသမီးတစ်ဦးအား ကြိတ်မိသေဆုံးသွားကြောင်းသိရသည်

သားစိုးက Facebook ပေါ်ကနေ Miss ပြိုင်ပွဲ ကျင်းပမယ်တဲ့

Photo: သားစိုးက Facebook ပေါ်ကနေ Miss ပြိုင်ပွဲ ကျင်းပမယ်တဲ့
Thursday, 22 August 2013

ရောသမမွှေ သီချင်းတွေနဲ့ ပေါက်ခဲ့တဲ့ သားစိုးက အခုလည်း ထူးထူးခြားခြား လုပ်ချလိုက် ပြန်တာကတော့ facebook ပေါ်ကနေ Miss ပြိုင်ပွဲ လုပ်ဦး
မယ်တဲ့။

သားစိုးရဲ့ စီးပွားရေးအလုပ်တခု ဖြစ်တဲ့ ရွှေပိုးနန်းတော် ပိုးထည်တိုက်ကနေ ၂ သောင်းကျပ်ဖိုးနဲ့ အထက် ဘယ်ပိုးထည်၊ ချည်ထည်မဆို ၀ယ်ယူပြီး မိမိ စိတ်ကြိုက် ဒီဇိုင်းတီထွင် ၀တ်ဆင်၊ အလှဓာတ်ပုံရိုက်၊ ပြီးရင် ရွှေပိုးနန်းတာ် facebook မှာ ၀င်ရောက် ယှဉ်ပြိုင်ရမှာပါ။

“Like အများဆုံး ရတဲ့သူကို facebook Award အဖြစ် ဆုငွေကျပ် ၅ သိန်း ချီးမြှင့်ပါမယ်။ နောက်ပြီး Miss ရွှေပိုးနန်းတော် ရွေးချယ်တဲ့အခါ Like အများဆုံးရရှိသူ Group A က ၅ ဦး၊ Group B က ၅ ဦး ထပ်ရွေးပြီး စက်တင်ဘာလ ၂၉ ရက်နေ့ Park Royal Hotel မှာပြုလုပ်မယ့် Fashion Show မှာ Title ဆုကို ၀င်ရောက်ယှဉ်ပြိုင်ရမှာပါ” လို့ သားစိုးက ပြောပါတယ်။

Group A က အသက် ၃၀ အောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ကျပ် ၅ သိန်းဆု တဆု၊ နှစ်သိမ့်ဆု နှစ်ဆု ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ Group B ကတော့ အသက် ၃၀ အထက်တွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပြီး အဲဒီမှာက ကျပ် ၅ သိန်း ဆုတဆု၊ နှစ်သိမ့်ဆု နှစ်ဆု ချီးမြှင့်မှာ ဖြစ်ပါတယ်။

Like အများဆုံး (People Award) ဆုက ဆုငွေကျပ် ၅ သိန်း ရမှာလို့လည်း သိရပါတယ်။

“ပိုးထည်ဝယ်ပြီးရင် လျှောက်လွှာကိုဖြည့်ပြီး ရွှေပိုးနန်းတော်က Original Voucher ကို လက်ဝယ် သိမ်းထားရမယ်၊ ဓာတ်ပုံကတော့ ကြိုက်တဲ့ ဓာတ်ပုံဆရာနဲ့ ရိုက်ပြီး ကိုယ်လုံးပေါ်ရှေ့ နှစ်ပုံ၊ နောက်ကျောတပုံကို CD နဲ့ ကျနော်တို့ ရွှေပိုးနန်းတော် ပိုးထည်တိုက်၊ ဒါမှမဟုတ် spntsilk@gmail.com ကို ပေးပို့နိုင်ပါတယ်” လို့ သားစိုးက ပြောပါတယ်။

ဓာတ်ပုံတွေကို စက်တင်ဘာ ၂၀ ရက်နေ့ နောက်ဆုံး ပေးပို့ရမှာဖြစ်ပြီး စက်တင်ဘာ ၂၁ ကနေ ၂၈ ရက်နေ့ည ၁၂ နာရီ အထိ Like အရေအတွက်
ကို ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။

“အသက် ၃၀ အထက်မှာ အိမ်ထောင်ရှင် အမျိုးသမီးတွေ ပါဝင် ယှဉ်ပြိုင်နိုင်ပါတယ်။ ဆုရတဲ့ သူတွေကတော့ ရွှေပိုးနန်းတော် ရဲ့လှုပ်ရှားမှုတွေမှာ သက်တမ်းတနှစ် ပါဝင်မယ်လို့ လက်မှတ်ရေးထိုးရမှာပါ” လို့ သားစိုးက ဆိုပါတယ်။

အသေးစိတ် သိလိုတဲ့သူတွေကတော့ အမှတ် ၈ (စီ) မိုးကောင်းလမ်းမကြီး မှတ်တမ်းရုံးရှေ့ ဘောက်ထော်၊ ရန်ကင်းမြို့နယ်၊ ဖုန်း ၀၉၇၃၁၂၆၂၈၁ နဲ့ ၀၉၄၉၃၁၀၄၄၄ တို့ကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။

သားစိုးတယောက် ရောသမမွှေကို ထူးထူးခြားခြား ပေါက်သွားအောင် လုပ်နိုင်ခဲ့သလို၊ အခုလည်း အာလူး၊ နှာဘူး၊ ဂန်ဒူး ဆိုတဲ့တေးစီရီး တခွေ လုပ်နေပြန်ပါပြီ။ သူ့ရဲ့ ရွှေပိုးနန်းတော် ပိုးထည်ဆိုင် ကိုကော ဘယ်လို ထူးထူးခြားခြား ပုံစံနဲ့ လူစိတ်ဝင်စားအောင်၊ ပေါက်သွားအောင် လုပ်မလဲ
ဆိုတာ သိချင်သူတွေ စောင့်ကြည့်ဖို့တော့ လိုပါလိမ့်မယ်။

ဧရာဝတီ
ရောသမမွှေ သီချင်းတွေနဲ့ ပေါက်ခဲ့တဲ့ သားစိုးက အခုလည်း ထူးထူးခြားခြား လုပ်ချလိုက် ပြန်တာကတော့ facebook ပေါ်ကနေ Miss ပြိုင်ပွဲ လုပ်ဦးမယ်တဲ့။

နိုင်ငံ ၅ဝ ကျော်မှ မိုဘိုင်းဖုန်းများ မြန်မာ၌ အသုံးပြုနိုင်ပြီ

မြန်မာနိုင်ငံတွင် နိုင်ငံပေါင်း ၅ဝ ကျော်မှ မိုဘိုင်းဖုန်းများ သယ်ဆောင် အသုံးပြုခွင့်ရရှိနေပြီဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။

အာဆီယံ ယူ ၁၆ ဘောလုံးပွဲ မြဝတီ အခပေး ရုပ်သံတွင် ပြသမည်

အာဆီယံ ယူ ၁၆ ဘောလုံးပြိုင်ပွဲ၏ မြန်မာအသင်း ပွဲစဉ်များကို မူလက မြဝတီ အခမဲ့ ရုပ်သံလိုင်းမှ ပြသရန် စီစဉ်ထားသော်လည်း လက်ရှိ ပြသနေသည့် ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲများနှင့် အချိန် တိုက်ဆိုင်လျက် ရှိသောကြောင့် ပြသနိုင်ခြင်း မရှိဘဲ မြဝတီအခပေး ရုပ်သံလိုင်းတွင်သာ ပြသမည် ဖြစ်ကြောင်း မြဝတီ ရုပ်သံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်