Wednesday, 10 July 2013

နယ်စပ်ကူးသန်းရောင်းဝယ်ရေး စခန်းများမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၇၆၀ နီးပါး ရှိလာပြီး ပို့ကုန်တင်ပို့မှု များပြား

trading-july10
မြ၀တီနယ်စပ် ကုန်သွယ်ရေးဇုန် လမ်းကြောင်းရှိ ကားများကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)
နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ကုန်သွယ်မှု ပမာဏမှာ ဇွန်လလယ်အထိ အမေရိကန်ဒေါ် လာသန်း ၇၆၀ နီးပါး ရှိလာပြီး သွင်းကုန်ထက် ပို့ကုန်တင်ပို့မှုများ ပြားခဲ့ကြောင်း ကူးသန်းရောင်း ၀ယ်ရေးနှင့် စားသုံးသူရေး ရာ ဦးစီးဌာနမှ သတင်းရရှိသည်။

ရုပ်ရှင်ထုတ်လုပ်မှုနှင့် နည်းပညာပိုင်းတွင် ရင်းနှီးမြှုပ်နှံရန် လာရောက်ဆွေးနွေး လျက်ရှိပြီး ရုပ်ရှင်စက်ပစ္စည်းများကို အခွန်ကင်းလွတ် ခွင့်ဖြင့် တင်သွင်းရန် စီစဉ်မည်

vedioupdating-july10
ဈေးဝယ်စင်တာ တစ်ခုရှိ ရုပ်ရှင်ရုံ တစ်ရုံအား တွေ့ရစဉ်
ရုပ်ရှင်ထုတ်လုပ်မှုနှင့် နည်းပညာပိုင်းတွင် ရင်းနှီးမြှုပ်နှံရန်အတွက် နိုင်ငံ တကာ အဖွဲ့များမှ မြန်မာ့ရုပ်ရှင် လုပ်ငန်းသို့ လာရောက်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး ယင်းသို့လာရောက် ရင်းနှီးမြှုပ်နှံရာတွင် ရုပ်ရှင် စက်ပစ္စည်းများကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ ယင်းကဲ့သို့ စီစဉ်ဆောင်ရွက်နေမှုများအား ဇူလိုင် ၆ ရက်တွင် ပြုလုပ်ခဲ့သည့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယား အခြေစိုက် HYUNDAI ကားကုမ္ပဏီ၏ တရားဝင် အရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာ စက်တင်ဘာတွင် ဖွင့်မည်

hyundai-july10
ဗြိတိန်နိုင်ငံရှိ HYUNDAI ကားအရောင်းပြခန်း တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-www.richmondhyundai.co.uk)
တောင်ကိုရီးယား အခြေစိုက် HYUNDAI ကားကုမ္ပဏီ၏ တရားဝင် အရောင်းပြ ခန်းနှင့် ၀န်ဆောင်မှု စင်တာကို ရန်ကုန်မြို့တွင် ယခုနှစ် စက်တင်ဘာတွင် စတင်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း HYUNDAI ၏ မြန်မာနိုင်ငံမိတ်ဖက် Fortune International Limited ထံမှ သတင်းရရှိသည်။

ပဲဈေးကွက် နှစ်နှင့်ချီ၍ ကျဆင်းနေမှုကြောင့် ပြည်ပသို့ ပဲတင်ပို့နေသော ကုမ္ပဏီအများစု တင်ပို့နိုင်ခြင်း မရှိတော့

bean-july10
မန္တလေး ကုန်စည်ဒိုင်မြင်ကွင်း (ဓာတ်ပုံ-သက်ထွန်းအောင်)

ပြည်ပသို့ အဓိက တင်ပို့နေသော မတ်ပဲနှင့် ပဲစင်းငုံဈေးများ သိသိသာသာ ကျဆင်းလာမှုကြောင့် ပြည်ပသို့ ပဲတင်ပို့နေသော ကုမ္ပဏီရာခိုင်နှုန်း ၈၀ ၀န်းကျင် တင်ပို့ရန် အခက်အခဲရှိနေကြောင်း ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည် ဒိုင်မှ ပဲလုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။

ဂျပန်အခြေစိုက် နာမည်ကြီး ကုမ္ပဏီများဖြစ်သည့် မစ်ဆူဘီရှီနှင့် Nippon Koei တို့ မြန်မာနိုင်ငံတွင် မြှုပ်နှံလုပ်ကိုင်ရန် လာရောက်

mitsubishi-july10
ထိုင်းနိုင်ငံရှိ Mitsubishi ကားစက်ရုံကိုတွေ့ရစဉ်
 ဂျပန်နိုင်ငံအခြေစိုက် နာမည်ကြီး ကုမ္ပဏီများဖြစ်သည့် Mitsubishi Materials Corporation နှင့် Nippon Koei ကုမ္ပဏီတို့ မြန်မာနိုင်ငံ တွင် မြှုပ်နှံလုပ်ကိုင်ရန်အတွက် လာရောက်ဆွေးနွေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။  

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများရှိ ဘင်္ဂါလီများအား အိမ်ထောင်စုစာရင်း ပြန်လည်ကောက်ယူကာ ၁၉၈၂ နိုင်ငံသား ဥပဒေအတိုင်း ဆောင်ရွက်မည်

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများရှိ ဘင်္ဂါလီများအား အိမ်ထောင်စုစာရင်း ပြန်လည်ကောက်ယူကာ ၁၉၈၂ နိုင်ငံသား ဥပဒေအတိုင်း ဆောင်ရွက်မည်

Wednesday, 10 July 2013

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ဖြေကြားစဉ်

ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများရှိ ဘင်္ဂါလီများအား အိမ်ထောင်စုစာရင်း ကောက်ယူမှု ပြန်လည်ပြုလုပ်ကာ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနှင့် ဆက်လက်ဆောင်ရွက်မည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြားသည်။

ဇူလိုင် ၉ ရက်က ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့မှ နိုင်ငံခြားသံတမန်များအား ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး ရှင်းပြသည့် သတင်းစာရှင်းလင်းပွဲတွင် ဦးကျော်ကျော်ဝင်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီများအား နိုင်ငံသားဖြစ်ခွင့် ရှိ၊ မရှိ ဘယ်သူက နိုင်ငံသားဖြစ်ခွင့်ရှိတယ် ဘယ်သူက နိုင်ငံသားဖြစ်ခွင့် မရှိဘူးဆိုသည့် ကိစ္စများကို စစ်ဆေးနေမှုများ မည်သည့်အချိန်တွင် ပြန်လည်စတင်ဖို့ ရှိပါသလဲဟူသည့် မေးခွန်းနှင့်ပတ်သက်ပြီး ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက "၂၀၁၂ ဇွန်လမှာ ဖြစ်ခဲ့တဲ့ အရေးအခင်းကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာတွေ ရှိပါတယ်။ အဲဒီတုန်းက သူတို့ဘက်ကို စာရင်းကောက်ယူရာမှာ အစစအရာရာ အဆင်ပြေပါတယ်။ ပြဿနာ မရှိခဲ့ပါဘူး။ အောက်တိုဘာမှာ ဒုတိယအကြိမ် အရေးအခင်း ဖြစ်ပါတယ်။ ဖြစ်တဲ့အခါမှာ သူတို့ကို ပြန်လည်စာရင်း ကောက်ယူဖို့လုပ်တယ်။ စာရင်းကောက်ယူတဲ့ အကြောင်းရင်းက လူဦးရေ အရေအတွက် ဘယ်လောက်ရှိတယ် သူတို့ကို စာဝတ်နေရေး ကိစ္စတွေ လူမှုရေး ကိစ္စတွေ ပြန်လည်ထောက်ပံ့နိုင်ဖို့အတွက် စာရင်းဇယား အတိအကျ ရအောင်ပါ" ဟု ပြောကြားသည်။

ဒုတိယအကြိမ် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်အပြီး ဘင်္ဂါလီလူဦးရေစာရင်း ပြန်လည်ကောက်ယူရာတွင် ပေါက်တောမြို့နယ် အတွင်းရှိ ဒုက္ခသည် စခန်းအချို့မှ ဘင်္ဂါလီ လူမျိုးများသည် ဘင်္ဂါလီဟူသည့် လူမျိုးစုအမည်မှ အခြားလူမျိုးစု အမည်သို့ ပြောင်းပေးမှ စာရင်းကောက်ယူမှုအား လက်ခံမည်ဆိုသည့် ပြဿနာ ပေါ်ပေါက်ခဲ့သည့်အတွက် စာရင်းကောက်ယူရာတွင် အဆင်မပြေ ဖြစ်ခဲ့ရကြောင်း ၎င်းက ပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အနေဖြင့် ရခိုင်ပြည်နယ် တစ်ခုလုံး၌ ရံဖန်ရံခါအားဖြင့် နှစ်နှစ်တစ်ခါ လုပ်ဆောင်လျက်ရှိသည့် အိမ်ထောင်စု လူဦးရေ စာရင်းကောက်ယူနိုင်ရေးအတွက် ၂၀၁၃ ခုနှစ် ဧပြီ ၂၆ ရက်တွင် လုပ်ဆောင်ရန် ရက်သတ်မှတ်ခဲ့ကြောင်း သိရသည်။

"ဧပြီ ၂၆ ရက်က လူဦးရေစာရင်း စတင်ကောက်ခံတဲ့ အခါမှာ စစ်တွေမှာရှိတဲ့ ဒုက္ခသည်စခန်းက လူတွေက လူမျိုးပြောင်းမှ အကောက်ခံမယ်ဆိုတဲ့ ကိစ္စကို အကြောင်းပြပြီးတော့ ဆူပူခြင်းအကြမ်းဖက်ခြင်း ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုဖြစ်တဲ့အတွက် ကြီးကျယ်တဲ့ ပြဿနာမဖြစ်အောင် လူဦးရေစာရင်း ကောက်ခံခြင်းကို ခေတ္တရပ်ဆိုင်း ခဲ့ရပါတယ်။ အခုဆက်လက်ပြီးတော့ third party ဖြစ်တဲ့ UN အေဂျင်စီတွေ၊ သံရုံးကကိုယ်စားလှယ်တွေ INGO တွေ၊ ပြည်တွင်းမှာရှိတဲ့ NGO အဖွဲ့တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ နှစ်ဖက်လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ ပြန်လည်ပြီးတော့ စည်းရုံးဆောင်ရွက်ပြီး ပြန်လည်ကောက်ခံဖို့ ဆောင်ရွက်နေတာ ရှိပါတယ်။ ဒါပထမအဆင့်ပါ။ ဒီအဆင့် ပြီးမှသာလျှင် ၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ဆက်လက်ဆောင်ရွက် သွားမှာပါ" ဟု ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြားသည်။        

From...EMG

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ဖြေကြားစဉ်

ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများရှိ ဘင်္ဂါလီများအား အိမ်ထောင်စု စာရင်း ကောက် ယူမှု ပြန်လည်ပြု

တိုင်းဒေသကြီးသုံးခုမှ လယ်သမား ၂၀၀ ခန့် လယ်ယာမြေ မူလပိုင်ဆိုင်မှု နစ်နာဆုံးရှုံးမှုများအတွက် ရန်ကုန်တွင် ဆန္ဒပြ

yangonwish-july10
လယ်သမားများ ဆန္ဒပြနေသည်ကို ဇူလိုင် ၉ ရက် နံနက်က မဟာဗန္ဓုလ ပန်းခြံရှေ့တွင် တွေ့ရစဉ် (ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်)
တပ်မတော်၊ တိုင်းဒေသကြီး အစိုးရနှင့် ၀န်ကြီးဌာနအချို့က သိမ်းယူထားသော လယ်မြေများနှင့် ပတ်သက်၍ တိုင်းဒေသကြီး ဒေသသုံးခုမှ လယ်သမား ၂၀၀ ခန့်သည် ၎င်းတို့၏ လယ်ယာမြေ မူလပိုင်
ဆိုင်မှုများ၊ နစ်နာဆုံးရှုံးမှုများအပေါ် ဇူလိုင် ၉ ရက်၊ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ ရန်ကုန်မြို့၊

၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေအား ပြင်ဆင်ရေးဆွဲမည် မဟုတ်

ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေသည် လွန်ခဲ့သောနှစ်ပေါင်း ၆၀ ကျော်က ပြဋ္ဌာန်းခဲ့သည့် ဥပဒေဖြစ်သော်လည်း ယနေ့ခေတ်ကာလတွင် လိုက်နာကျင့်သုံးနိုင်မှု ရှိနေသေးကြောင်း တွေ့ရှိရသည့် အတွက် ယင်းဥပဒေအား ပြန်လည်ပြင်ဆင် ရေးဆွဲရန် အစီအစဉ် မရှိသေးကြောင်း ပြည်ထဲရေး ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ပြောကြားသည်။

မိတ္ထီလာ အကြမ်းဖက်မှုတွင် ပြစ်မှုကျူးလွန်ခဲ့သူ ဗုဒ္ဓဘာသာဝင် လေးဦးအား ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ကျန်အမှုများကို ဆက်လက်စစ်ဆေး အရေးယူလျက်ရှိ

မိတ္ထီလာမြို့တွင် မတ် ၂၀ ရက်က စတင်ဖြစ်ပွားသော သုံးရက်ကြာ အကြမ်းဖက်မှုများအတွင်း လုယက်မှု၊ လူသတ်မှု၊ သူတစ်ပါး အကျိုးဖျက်ဆီးမှု၊ ဘာသာရေး အဆောက်အအုံ ဖျက်ဆီးမှု၊ သာသနာ ညှိုးနွမ်းစေမှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု၊ မီးရှို့မှု စသည့်ပြစ်မှုများ ကျူးလွန်ခဲ့သည်ဟု ယူဆရသူ ၁၂၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေပြီး တရားစွဲဆို တင်ပို့လျက်ရှိရာ ဇူလိုင်လဆန်းပိုင်း အထိ ပြစ်မှု ကျူး

ထိုင်းနိုင်ငံမှတစ်ဆင့် ရန်ကုန်မြို့သို့ လာရောက်ပြီး သံဃာယောင်ဆောင်ကာ တည်းခိုခဲ့သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးကို မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးနေ

ထိုင်းနိုင်ငံမှတစ်ဆင့် ရန်ကုန်မြို့သို့ ၀င်ရောက်လာပြီး သံဃာယောင်ဆောင်ကာ တည်းခိုခဲ့သည့်

Tuesday, 9 July 2013

တရုတ် မီးရထား ဝန်ကြီးဟောင်းကို ဆိုင်းငံ့ သေဒဏ်ချမှတ်

တရုတ် မီးရထား ဝန်ကြီးဟောင်းကို ဆိုင်းငံ့ သေဒဏ်ချမှတ်
Tuesday, July 09, 2013

လာဘ်စားမှုများကို တိုက်ဖျက်သွားမည်ဟု ပြောကြားထားသော တရုတ် သမ္မတသစ် ရှီကျင့်ဖျင် လက်ထက်တွင် တရုတ် မီးရထား ဝန်ကြီးဟောင်း
ကို လာဘ်စားမှုဖြင့် ဆိုင်းငံ့ သေဒဏ် ချမှတ် လိုက်ကြောင်း ဘီဘီစီ သ
တင်း တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် အရေးပါသော အမြန် ရထားလမ်း ကွန်ရက်ကြီး၏ ဖခင်
ဟု ချီးကျူးခံခဲ့ရသော တရုတ် မီးရထား ဝန်ကြီးဟောင်း လျူကျီကျန်းကို လာဘ်စားမှုဖြင့် ဘေဂျင်းရှိ တရားရုံး တစ်ခုက ဆိုင်းငံ့ သေဒဏ် ပြစ်ဒဏ် ချမှတ်လိုက်ခြင်းလည်း ဖြစ်သည်။

မီးရထား ဝန်ကြီးအဖြစ် ရှစ်နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သူ လျူကျီကျန်း သည် တရုတ်ယွမ်ငွေ သန်း ၈၀၀ (အမေရိကန် ဒေါ်လာ သန်း ၁၃၀) ခန့် လာဘ်စားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်က ရာထူးမှ ဖယ်ရှားခြင်း ခံခဲ့ရသည်။

၎င်းသည် လာဘ်ငွေ ယွမ် ၆၄ သန်းကို လက်ခံယူခဲ့ပြီး လူ ၁၁ ဦးကို ရထားလမ်း ကန်ထရိုက် ရစေရန် နှင့် ရာထူးတိုးစေရန် ကူညီခဲ့သည့် 
အမှုဖြင့် တရားစွဲဆိုခံခဲ့ရပြီး ပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း တရုတ်အစိုးရထုတ် ဆင်ဟွာ သတင်းတွင် ဖော်ပြထားသည်။

“လျူကျီကျန်းကို ၂ နှစ် ဆိုင်းငံ့ သေဒဏ် ချမှတ်လိုက်တယ်” ဟု တရုတ် တရားရုံး တာဝန်ရှိသူ တစ်ဦးက AFP သတင်းဌာနကို ပြောကြားသည်။

တရုတ်ဥပဒေအရ ယွမ်ငွေ တစ်သိန်းအထက် လာဘ်စားသူကို သေ
ဒဏ် ပြစ်ဒဏ် ချမှတ်နိုင်ပြီး ယခု လျူကျီကျန်းကို ချမှတ်လိုက်သော ဆိုင်းငံ့ သေဒဏ် ပြစ်ဒဏ်သည် ပုံမှန်အားဖြင့် တစ်သက်တာ ထောင်
ဒဏ် အဖြစ်သို့ ပြစ်ဒဏ် လျှော့ချပေးလေ့ ရှိသည်။

မီးရထား ဝန်ကြီးဟောင်း လျူကျီကျန်း ပိုင်ဆိုင်သော ပစ္စည်းများကို သိမ်းယူရန် တရုတ် တရားရုံးက အမိန့် ချမှတ်ခဲ့ပြီး အာဏာ အလွဲ သုံးစား ပြုလုပ်မှုဖြင့်လည်း သီးခြား ပြစ်ဒဏ် ထောင်ဒဏ် ၁၀ နှစ် 
ချမှတ် ခဲ့သည်။

တရုတ် အဝေးပြေး ရထားလမ်း ကွန်ရက်သည် လွန်ခဲ့သော နှစ်များအတွင်း တရုတ်နိုင်ငံတွင် လွန်စွာ အရေးပါသော ပရောဂျက် တစ်ခုဖြစ်ပြီး ကမ္ဘာ့ အရှည်ဆုံး မြန်နှုန်းမြင့် အဝေးပြေး ရထားလမ်း ပိုင်ဆိုင်ထားသည်ဟု ဂုဏ်
ယူ ရသော လုပ်ငန်းတစ်ခု ဖြစ်သည်။

သို့သော် ၂၀၁၁ ခုနှစ်က တရုတ်အရှေ့ပိုင်း မြို့တစ်ခုဖြစ်သော ဝမ်
ကျိုးမြို့၌ အဝေးပြေး အမြန်ရထား တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၄၀ ခန့် သေဆုံးခဲ့ပြီးနောက် လူအများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။

တရုတ် သမ္မတသစ် ရှီကျင့်ဖျင်က လာဘ်စားမှုသည် တရုတ် ကွန်မြူနစ်ပါ
တီ ကို ခြိမ်းခြောက်နေသော ကိစ္စဖြစ်ကြောင်းနှင့် လာဘ်စားမှုကို တိုက်
ဖျက် သွားရန် သန္နိဋ္ဌာန် ချထားကြောင်း ပြောကြားသည်။

ယခုနှစ် မေလက တရုတ် အစိုးရ၏ ဆင်ဟွာ သတင်းတွင် ဖော်ပြချက်
အရ တရုတ်အစိုးရ ထိပ်တန်း အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ လျူတီနန်
ကို လာဘ်စားမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးခဲ့သည်။

ထို့ပြင် အင်တာနက် လူမှုကွန်ရက် အသုံးပြုသူများ၏ ဖော်ထုတ်ချက်များ
အရ တရုတ် အစိုးရအဖွဲ့တွင် အဆင့်မြင့် ရာထူး မဟုတ်သည့် အရာရှိများ သည်လည်း ဈေးကြီးသော နာရီများ လာဘ်ယူမှု၊ မယား အများအပြားယူ
မှု စသည့် ပြစ်မှုများဖြင့် စုံစမ်း စစ်ဆေးလျက်ရှိသည်။

The Voice Weekly
လာဘ်စားမှုများကို တိုက်ဖျက်သွားမည်ဟု ပြောကြားထားသော တရုတ်သမ္မတသစ် ရှီကျင့်ဖျင် လက်ထက်တွင် တရုတ် မီးရထားဝန်ကြီးဟောင်းကို လာဘ်စားမှုဖြင့် ဆိုင်းငံ့ သေဒဏ်ချမှတ် လိုက်ကြောင်း ဘီဘီစီ သတင်း တွင် ဖော်ပြထားသည်။

ဗုဒ္ဓဂယာ ပဒေသာဗုံး ပေါက်ကွဲမှုများအပေါ် အစိုးရနှင့် ဒေါ်စု ဝေဖန်

ဗုဒ္ဓဂယာ ပဒေသာဗုံး ပေါက်ကွဲမှုများအပေါ် အစိုးရနှင့် ဒေါ်စု ဝေဖန် 

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇူလိုင်လ ၀၉ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၂၅ မိနစ် 

နယူးဒေလီ (မဇ္ဈိမ)။ ။ အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာတွင် တနင်္ဂနွေနေ့ နံနက်က ဗုံးများ ဆက်တိုက် ပေါက်ကွဲခဲ့မှုနှင့် ပတ်သက်၍ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ၎င်းတို့၏ စိုးရိမ်ကြောင့်ကြမှုများကို ထုတ်ဖော်ပြောဆိုလိုက်သည်။ 

အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် ရန်ဂျန် မာသိုင်း Ranjan Mathai က မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်မူ ရန်ကုန်တွင် တွေ့ဆုံခဲ့ရာ ၎င်းတို့၏ သဘောထားကို ကြားသိခဲ့ရခြင်းဖြစ်ကြောင်း အိန္ဒိယ နေ့စဉ်ထုတ် သတင်းစာများက ရေးသားကြသည်။ 

မြန်မာဝန်ကြီးအနေဖြင့် တနင်္ဂနွေအဖြစ်အပျက်နှင့် အကြမ်းဖက်သမားများ ကွန်ယက်ဖွဲ့နေမှုကို ရှုတ်ချ ပြစ်တင်ဝေဖန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည့်နေဖြင့် အဆိုပါ အဖြစ်အပျက်အပေါ် ထိခိုက် တုန်လှုပ်မိရကြောင်းနှင့် လုံခြုံရေး ပိုမိုချထားပေးရန် မျှော်လင့်ကြောင်း အိန္ဒိယ သတင်းစာများက ဆိုသည်။ 

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရရှိချက်များကိုလည်း မြန်မာနိုင်ငံနှင့် မျှဝေသွားမည်ဟု မစ္စတာ မာသိုင်း က ပြောဆိုခဲ့သည်။ 

“ရရှိလာတဲ့ စုံစမ်းစစ်ဆေးမှုတွေကို မြန်မာနိုင်ငံနဲ့ မျှဝေသွားမှာပါ။ ဗုဒ္ဓဂယာကို ငြိမ်းချမ်းပြီး ဘုရားဖူးရာအရပ်အဖြစ် ဆက်လက် တည်နေစေပါမယ်” 

ထို့ပြင် နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်း တည်ဆောက်သွားမည်ဟု ဆိုသည်။ 

ဒဏ်ရာရ မြန်မာသံဃာတော်၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ရမယ့် အန္တရာယ် မရှိတော့ဘဲ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားကြောင်း အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန်က ပြောဆိုခဲ့သည်။ 

ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဂယာတွင် တနင်္ဂနွေ နံနက်စောပိုင်းက နာရီဝက်အတွင်း ဗုံး ကိုးလုံး ဆက်တိုက်ပေါက်ကွဲခဲ့ရမှုနှင့် ပတ်သက်၍ အိန္ဒိယ၏ သံခင်းတမန်ခင်း ဆက်ဆံရေးတွင် အရှက်ရစရာတခု ဖြစ်လာခဲ့သည်။ 

အထူးသဖြင့် ဗုဒ္ဓဘာသာ အများစု နေထိုင်ရာ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ တရုတ်၊ ဂျပန်၊ ဘူတန်နိုင်ငံတို့နှင့် ဖြစ်သည်။ ထိုနိုင်ငံများအတွက် အိန္ဒိယမှာ ကမ္ဘာ့ဗုဒ္ဓဘာသာအသိုင်းအဝိုင်းအတွင်း ထူးခြားမှု ရှိနေသည်။ 

ထို့ကြောင့် နိုင်ငံတကာဆိုင်ရာ ဘာသာရေး အဆောက်အအုံများအား လုံခြုံရေး နှစ်ဆတိုးမြှင့်ချထားဖို့ ဖြစ်လာခဲ့ပြီး အိမ်နီးချင်း နိုင်ငံများ၊ အထူးသဖြင့် မူဆလင်များနှင့် ဗုဒ္ဓဘာသာများအကြား ပဋိပက္ခများ ဖြစ်ပွားနေသည့် နိုင်ငံများ လုံခြုံရေးပိုင်းတွင် အိန္ဒိယအနေနှင့် ပိုမိုစွမ်းသန်သည့် ကဏ္ဍမှ ပါဝင်ဖို့ လိုအပ်လာကြောင်း သတင်းစာများက ထောက်ပြကြသည်။

မဟာဗောဓိ ပရဝုဏ်အတွင်းတွင်ပင် ဗုံး လေးလုံး ပေါက်ကွဲခဲ့ရာ PhD ဘွဲ့ယူရန် ပညာသင် ရောက်ရှိနေသော မြန်မာသံဃာတပါးနှင့် တိဘက်လူမျိုးတဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး ဂါယာဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေရသည်။ 

လုံခြုံရေး ကင်မရာများ၏ မှတ်တမ်းများအရ မသင်္ကာသူ နှစ်ဦးကို ပုံဖော်နိုင်ခဲ့ပြီး စုံစမ်းထောက်လှမ်းရာမှ တဦးကို တနင်္လာနေ့က ဖမ်းဆီးရမိပြီး စစ်ဆေးနေဆဲဖြစ်သည်။

မဇ္ဈိမသတင်းဌာန
နယူးဒေလီ (မဇ္ဈိမ)။ ။ အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာတွင် တနင်္ဂနွေနေ့ နံနက်က ဗုံးများ ဆက်တိုက် ပေါက်ကွဲ ခဲ့မှုနှင့် ပတ်သက်၍ မြန်မာ အစိုးရ နိုင်ငံခြားရေး ဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့က ၎င်းတို့၏ စိုးရိမ်ကြောင့်ကြမှုများကို ထုတ်ဖော်ပြောဆိုလိုက်သည်။

ကမ္ဘာ့အကောင်းဆုံး ဟိုတယ် (၁၀)ခု

Photo: ကမ္ဘာ့အကောင်းဆုံး ဟိုတယ် (၁၀)ခု
Tuesday, July 09, 2013

ကျွန်တော်တို့ နိုင်ငံမှာ ကမ္ဘာလှည့် ခရီးသွားတွေ တိုးတက်များပြားလာပြီး ခရီးသွား လုပ် ငန်းအောင်မြင် ကောင်းမွန်လာသလို ကျွန်တော်တို့ နိုင်ငံကနေလည်း အခြားသော နိုင်ငံတွေကို သွားရောက် လည်ပတ် နေသူတွေ ရှိနိုင်တာကြောင့် ကမ္ဘာပေါ်မှာ အကောင်းဆုံး ဟိုတယ်တွေကို ခရီးသွားတွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) ဘော်ဆွာနာ နိုင်ငံ၊ မိုရီမီ ဂိမ်းရီဆာ့ဗ်မှာ ရှိတဲ့ Mombo Camp and Little Mombo Camp

(၂) အီတလီနိုင်ငံ၊ ကတ်ဆို ဒီအယ်ဆာမှာ ရှိတဲ့ Castello di Casole – A Timbers Resort

(၃) တောင်အာဖရိက နိုင်ငံ၊ စင်ဂီတာ ခရူဂါ အမျိုးသား ပန်းခြံမှာ ရှိတဲ့ Singita Kruger National Park

(၄) ကော်စတာ ရီကာ နိုင်ငံ၊ လာဖော်ကျူနာ အရီနယ်မှာ ရှိတဲ့ Nayara Hotel

(၅) ဖရန့် ပိုလီနီးရှားနိုင်ငံ၊ ဘိုရာ ဘိုရာ အရပ်မှာရှိတဲ့ Four Seasons Resort

(၆) ဂျာမနီနိုင်ငံ၊ ဘာလင်မှာ ရှိတဲ့ Ritz-Carlton

(၇) နယူဇီလန် နိုင်ငံ၊ နော့သ် အိုက်စလန်း အရပ်မှာ ရှိတဲ့ The Lodge at Kauri Cliffs

(၈) အိန္ဒိယနိုင်ငံ၊ အူဒိုင်ပါ မှာ ရှိတဲ့ The Oberoi Udaivilas

(၉) တောင်အာဖရိက နိုင်ငံ၊ ခရူဂါ အမျိုးသား ဥယျာဉ်အတွင်းမှာ ရှိတဲ့ Sabi Sabi Private Game Reserve

(၁၀) တောင်အာဖရိက နိုင်ငံ၊ ခရူဂါ ဥယျာဉ်အတွင်းမှာ ရှိတဲ့ Singita Sabi Sabi Sand

Ref : www.businessinsider.com

MYANMAR ICT
ကျွန်တော်တို့ နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေ တိုးတက်များပြားလာပြီး ခရီးသွားလုပ် ငန်းအောင်မြင် ကောင်းမွန်လာသလို ကျွန်တော်တို့ နိုင်ငံကနေလည်း အခြားသော နိုင်ငံတွေကို သွားရောက် လည်ပတ်နေသူတွေရှိနိုင်တာကြောင့် ကမ္ဘာပေါ်မှာ အကောင်းဆုံးဟိုတယ်တွေကို ခရီး သွားတွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

မဟာမြတ်မုနိ ဘုရားကြီးတွင် လုံခြုံရေးအရ အပိုပစ္စည်း ယူဆောင်ခွင့်မပြုရန် စီစဉ်

Photo: မဟာမြတ်မုနိ ဘုရားကြီးတွင် လုံခြုံရေးအရ အပိုပစ္စည်း ယူဆောင်ခွင့်မပြုရန် စီစဉ်
Tuesday, July 09, 2013 

ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် မန္တလေးမြို့တော်ရှိ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး တွင် လုံခြုံရေးအတွက် ဘုရားဖူး လာသူများ သယ်ဆောင်လာသော ကျောပိုးအိတ်နှင့် လက်ဆွဲအိတ်များကို သိမ်းဆည်းရန် သီးသန့် သော့ခတ် သိမ်းဆည်းထားနိုင်သည့် သေတ္တာ တွဲခန်းများ ယခုလအတွင်း ထားရှိတော့မည်ဖြစ်ကြောင်း ဘုရားကြီး ဂေါပက အဖွဲ့ရုံးထံမှ စုံစမ်း သိရှိရသည်။

သေတ္တာတွဲ တစ်ခုလျှင် အခန်း ၁၀ ခန်း ပါဝင်မည့် သေတ္တာ ခုနစ်ခုကို ဝယ်ယူမည်ဖြစ်ပြီး ယင်းတို့ကို ဘုရားကြီး အရှေ့ဘက် စောင်းတန်း အဝင်ဝ တွင် ထားရှိမည်ဖြစ်ကြောင်း ဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးစိန်သင်က ဆိုသည်။

“ဗုဒ္ဓဂယာ သတင်းကြားကြားချင်းပဲ ဂေါပက အဖွဲ့ဝင်တွေ ချက်ချင်း အစည်းအဝေးလုပ်ပြီး ဘုရားကြီး လုံခြုံရေးအတွက် ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုပြီး တိုင်ပင်လိုက်တော့ အခုလို လုပ်ကြမယ် ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ်။ မနေ့က ဥပုသ်နေ့ဆိုတော့ ချက်ချင်းတော့ မဝယ်ဖြစ်ခဲ့ဘူး။ လိုအပ်တာတွေ အားလုံး လုပ်ပြီးသွားရင် အမြန်ဆုံး အကောင်အထည်ဖော်မယ်” ဟု ဦးစိန်သင်က ဆိုသည်။

လက်ရှိတွင် ဘုရားကြီး လုံခြုံရေးအတွက် လုံခြုံရေး ဝန်ထမ်း အင်အား ၁၅ ဦးက တာဝန်ယူထားပြီး လုံခြုံရေး ဝန်ထမ်းများကို ယခင်ကထက် ပိုမို ဂရုစိုက် စောင့်ကြည့်ရန် မှာကြားထားကြောင်း ဂေါပက ဥက္ကဋ္ဌက ပြောကြား သည်။

“မနေ့က ဥပုသ်နေ့ဆိုတော့ ဘုရားဖူးလာတဲ့သူ များတယ်။ ဗုဒ္ဓဂယာမှာ ဗုံးပေါက်တဲ့ သတင်းလည်း ကြားရော လုံခြုံရေးအတွက်တော့ အရင်ကထက် ပိုပြီး ဂရုစိုက်မိသွားတယ်” ဟု ဘုရားကြီးတွင် လုံခြုံရေး တာဝန်ယူထားသည့် ဝန်ထမ်း တစ်ဦးက ဆိုသည်။

လုံခြုံရေး ဝန်ထမ်း လုံလောက်သည့် အရေအတွက် တိုးမြှင့်ချထား ရန် ဂေါပကအဖွဲ့ အနေဖြင့် အစီအစဉ် မရှိသော်လည်း ရဲတပ်ဖွဲ့မှူးရုံးက လုံခြုံရေးအတွက် အရာရှိ တစ်ဦး၊ ရဲဝန်ထမ်း ငါးဦး၊ အရပ်ဝတ် ရဲတပ်သား နှစ်ဦး ချထားပေးမည်ဟု ပြောကြောင်း ဦးစိန်သင်က ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အထင်ကရရှိသည့် ဘုရားများကို လုံခြုံရေး ယခင်ကထက် ပိုသတိထားရန်နှင့် နေ့ ည လုံခြုံရေး လှည့်ကင်း များ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ဦးစိုးငြိမ်းက ပြောကြားသည်။

‘မန္တလေးမြို့မှာဆိုရင် ဘုရားကြီး၊ ပြင်ဦးလွင်မြို့မှာဆိုရင် မဟာအံ့ထူးကံသာ ဘုရား၊ ကျောက်ဆည် မြို့မှာဆိုရင် ရွှေသိမ်တော်ဘုရား၊ ညောင်ဦးမြို့မှာ ဆိုရင် ပုဂံဘုရားတွေမှာ လုံခြုံရေး သတိထားဖို့ သက်ဆိုင်ရာ ခရိုင်အလိုက် ညွှန်ကြားထားတယ်”ဟု ၎င်းက ဆိုသည်။

ခန့်ခန့်၊ မယ်တင့်
The Voice Weekly
ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် မန္တလေးမြို့တော်ရှိ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး တွင် လုံခြုံရေးအတွက် ဘုရားဖူး လာသူများ သယ်ဆောင်လာသော ကျောပိုးအိတ်နှင့် လက်ဆွဲအိတ်များကို သိမ်းဆည်းရန် သီးသန့် သော့ခတ် သိမ်းဆည်းထားနိုင်သည့် သေတ္တာ တွဲခန်းများ ယခုလအတွင်း ထားရှိတော့မည်ဖြစ်ကြောင်း ဘုရားကြီး ဂေါပက အဖွဲ့ရုံးထံမှ စုံစမ်း သိရှိရသည်။

ဗုဒ္ဓဂယာ ပဒေသာဗုံး ပေါက်ကွဲမှုများအပေါ် အစိုးရနှင့် ဒေါ်စု ဝေဖန်

Photo: ဗုဒ္ဓဂယာ ပဒေသာဗုံး ပေါက်ကွဲမှုများအပေါ် အစိုးရနှင့် ဒေါ်စု ဝေဖန်
Tuesday, July 09, 2013 

အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာတွင် တနင်္ဂနွေနေ့ နံနက်က ဗုံးများ ဆက်တိုက် ပေါက်ကွဲခဲ့မှုနှင့် ပတ်သက်၍ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ၎င်း
တို့၏ စိုးရိမ်ကြောင့်ကြမှုများကို ထုတ်ဖော်ပြောဆိုလိုက်သည်။

အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် ရန်ဂျန် မာသိုင်း Ranjan Mathai က မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် နေပြည်တော် တွင် တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်မူ ရန်ကုန်တွင် တွေ့ဆုံခဲ့ရာ ၎င်းတို့၏ သဘောထားကို ကြားသိခဲ့ရခြင်းဖြစ်ကြောင်း အိန္ဒိယ နေ့စဉ်ထုတ် သတင်းစာများက ရေးသားကြသည်။

မြန်မာဝန်ကြီးအနေဖြင့် တနင်္ဂနွေအဖြစ်အပျက်နှင့် အကြမ်းဖက်သမားများ ကွန်ယက်ဖွဲ့နေမှုကို ရှုတ်ချ ပြစ်တင်ဝေဖန်လိုက်ပြီး ဒေါ်အောင် ဆန်းစုကြည့်နေဖြင့် အဆိုပါ အဖြစ်အပျက်အပေါ် ထိခိုက် တုန်လှုပ် မိရကြောင်းနှင့် လုံခြုံရေး ပိုမိုချထားပေးရန် မျှော်လင့်ကြောင်း အိန္ဒိယ သတင်းစာများက ဆိုသည်။

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရရှိချက်များကို လည်း မြန်မာနိုင်ငံနှင့် မျှဝေသွားမည်ဟု မစ္စတာ မာသိုင်း က ပြောဆိုခဲ့သည်။

“ရရှိလာတဲ့ စုံစမ်းစစ်ဆေးမှုတွေကို မြန်မာနိုင်ငံနဲ့ မျှဝေသွားမှာပါ။ ဗုဒ္ဓဂယာကို ငြိမ်းချမ်းပြီး ဘုရားဖူးရာအရပ်အဖြစ် ဆက်လက် တည်နေစေပါမယ်”

ထို့ပြင် နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်း တည်ဆောက်သွားမည်ဟု ဆိုသည်။

ဒဏ်ရာရ မြန်မာသံဃာတော်၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ရမယ့် အန္တရာယ် မရှိတော့ဘဲ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားကြောင်း အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန်က ပြောဆိုခဲ့သည်။

ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဂယာတွင် တနင်္ဂနွေ နံနက်စောပိုင်းက နာရီဝက်အတွင်း ဗုံး ကိုးလုံး ဆက်တိုက်ပေါက်ကွဲခဲ့ရမှုနှင့် ပတ်သက်၍ အိန္ဒိယ၏ သံခင်းတမန်ခင်း ဆက်ဆံရေးတွင် အရှက်ရစရာတခု ဖြစ်လာခဲ့သည်။ အထူးသဖြင့် ဗုဒ္ဓဘာသာ အများစု နေထိုင်ရာ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ တရုတ်၊ ဂျပန်၊ ဘူတန်နိုင်ငံတို့နှင့် ဖြစ်သည်။ ထိုနိုင်ငံများအတွက် အိန္ဒိယမှာ ကမ္ဘာ့ဗုဒ္ဓဘာသာအသိုင်းအဝိုင်းအတွင်း ထူးခြားမှု ရှိနေသည်။

ထို့ကြောင့် နိုင်ငံတကာဆိုင်ရာ ဘာသာရေး အဆောက်အအုံများအား လုံခြုံရေး နှစ်ဆတိုးမြှင့်ချထားဖို့ ဖြစ်လာခဲ့ပြီး အိမ်နီးချင်း နိုင်ငံများ၊ အထူးသဖြင့် မူဆလင်များနှင့် ဗုဒ္ဓဘာသာများအကြား ပဋိပက္ခများ ဖြစ် ပွားနေသည့် နိုင်ငံများ လုံခြုံရေးပိုင်းတွင် အိန္ဒိယအနေနှင့် ပိုမိုစွမ်းသန်သည့် ကဏ္ဍမှ ပါဝင်ဖို့ လိုအပ်လာကြောင်း သတင်းစာများက ထောက်ပြကြသည်။
မဟာဗောဓိ ပရဝုဏ်အတွင်းတွင်ပင် ဗုံး လေးလုံး ပေါက်ကွဲခဲ့ရာ PhD ဘွဲ့ယူရန် ပညာသင် ရောက်ရှိနေသော မြန်မာသံဃာတပါးနှင့် တိဘက်လူမျိုးတဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး ဂါယာဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေရသည်။

လုံခြုံရေး ကင်မရာများ၏ မှတ်တမ်းများအရ မသင်္ကာသူ နှစ်ဦးကို ပုံဖော်နိုင်ခဲ့ပြီး စုံစမ်းထောက်လှမ်းရာမှ တဦးကို တနင်္လာနေ့က ဖမ်းဆီးရမိပြီး စစ်ဆေးနေဆဲဖြစ်သည်။

မဇ္ဈိမ
အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာတွင် တနင်္ဂနွေနေ့ နံနက်ကဗုံးများ ဆက်တိုက် ပေါက်ကွဲခဲ့မှုနှင့် ပတ်သက် ၍ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ၎င်းတို့၏ စိုးရိမ်ကြောင့်ကြမှုများကို ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာသံဃာတော်များနှင့် ဘုရားဖူးများလုံခြုံရေး အိန္ဒိယအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်

Photo: မြန်မာသံဃာတော်များနှင့် ဘုရားဖူးများလုံခြုံရေး အိန္ဒိယအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်
Tuesday, July 9, 2013

အိန္ဒိယနိုင်ငံ ဘီဟာရ်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂယာ မဟာဗောဓိ စေတီတော်တွင် ဇူလိုင်လ ၇ ရက်နေ့က ဗုံးပေါက်ကွဲခဲ့မှုကြောင့် အိန္ဒိယနိုင်ငံတွင် သီတင်းသုံးနေသော မြန်မာ သံဃာတော်များနှင့် မြန်မာနိုင်ငံသား ဘုရားဖူးများ၏ လုံခြုံရေးအတွက် အိန္ဒိယ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

“အိန္ဒိယနိုင်ငံအစိုးရ၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေနဲ့ ပူးပေါင်းဆောင်
ရွက်သွားဖို့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ ဗုဒ္ဓဂယာတွင် ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာ အများဆုံး ကိုးကွယ်သည့် မြန်မာနိုင်ငံ အနေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သာသနာရေးဝန်ကြီးဌာနတို့က လုပ်ဆောင်သင့်သည့် လုပ်ငန်းများကို သုံးသပ်ဆောင်ရွက်နေကြောင်း ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံတော် အစိုးရအနေနှင့်လည်း ဗုဒ္ဓဘာသာ အပါအဝင် အခြား
ဘာသာဝင်များ၏ ဘာသာရေး အဆောက်အအုံများနှင့် အများပြည်သူ
ဆိုင်ရာ နေရာများကို အကြမ်းဖက် တိုက်ခြင်းများသည် မည်သို့မျှ လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း ၎င်းကပြောကြားသည်။

“ကျွန်တော်တို့ အစိုးရဘက်ကနေ တရားခံကို အမြန်ဆုံး ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေပါတယ်။ တရားခံမိရင်တော့ အရေးယူမှုတွေ ပြုလုပ်သွားမှာပါ” ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒုတိယ သံအမတ်ကြီး Mr.Sailas Thangal က The Voice သို့ပြောကြားသည်။

ယင်းသို့ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ မဟာဗောဓိစေတီ
တော်တွင် ဗုံးခွဲမှုနှင် ပတ်သက်၍ ဗုဒ္ဓဘာသာ နိုင်ငံအများစုက အပြင်းအထန် ရှုတ်ချခဲ့ပြီး တရားခံကို အမြန်ဆုံး ဖော်ထုတ်ရန် အိန္ဒိယအစိုးရကို တိုက်တွန်း
ခဲ့ကြသည်။

အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် အိန္ဒိယအမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီမှ အရာရှိများ အခင်းဖြစ်ပွားရာသို့ ရောက်ရှိခဲ့ပြီး စစ်ဆေးမှုများနှင့် စေတီပရဝဏ်အတွင်း တပ်ဆင်ထားသော CCTVကင်မရာမှ
တစ်ဆင့် ခြေရာခံမှုများ ပြုလုပ်ခဲ့ကြသည်။

ပရဝဏ်အတွင်း တွေ့ရှိသော သက်သေခံကတ်ပြားနှင့် CCTV ကင်မရာမှ ရရှိသော အထောက်အထား အချို့ကြောင့် ဗုံးဖောက်ခွဲမှုတွင် ပါဝင်ပတ်
သက်နေသည်ဟု ယူဆရသူတစ်ဦးကို ဇွန်လ ၈ ရက်နေ့လယ်ပိုင်းက ဖမ်းဆီးစစ်ဆေးနေပြီ ဖြစ်ကြောင်း အိန္ဒိယသတင်းဌာနများတွင် ဖော်ပြ
ထားသည်။

သို့သော် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒုတိယသံအမတ်ကြီး Mr.Sailas Thangal က ဖမ်းဆီးထားသည် ဆိုသူမှာ တရားခံ မဟုတ်ကြောင်း၊ ၎င်းကိုစစ်ဆေးရန်သာ ထိန်းသိမ်းထားကြောင်း၊ တရားခံကို ဖမ်းမိပါက သံရုံးမှတစ်ဆင့် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း The Voice သို့ပြောကြားသည်။

ယင်းသို့ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉ နာရီခန့်က အိန္ဒိယနိုင်ငံတွင် ပညာသင်ကြားနေသော နိုင်ငံအသီးသီးမှ သံဃာတော်များ၊ အိန္ဒိယနိုင်ငံသားများ၊ ကျောင်းသားများက အကြမ်းဖက်
မှုကို ရှုတ်ချသည့် အနေနှင့် ဆန္ဒပြ ထုတ်ဖော်ခဲ့ကြပြီး ဘင်္ဂလားဒေရှ်
 နိုင်ငံတွင်လည်း ဗုဒ္ဓဘာသာဝင်များ စုစည်းကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အိန္ဒိယနိုင်ငံ ဘီဟာရ်ပြည်နယ် ဂယာမြို့ရှိ မဟာဗောဓိစေတီ ပရဝဏ်
အတွင်းတွင် ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက ဗုံးကိုးလုံး ဆက်တိုက်ပေါက်
ကွဲခဲ့ရာ မြန်မာသံဃာတော်တစ်ပါး အပါအဝင် ငါးဦး ဒဏ်ရာရရှိခဲ့သည်။

မဟာဗောဓိစေတီ ပရဝဏ်အတွင်း ပေါက်ကွဲခဲ့သည့် ဗုံးအပါအဝင် စုစုပေါင်း ဗုံးကိုးလုံး ပေါက်ကွဲခဲ့ပြီး ယင်းအနက် မဟာဗောဓိစေတီ ပရဝဏ်အတွင်းတွင် ငါးလုံး ပေါက်ကွဲခဲ့ကြောင်း၊ ယင်းအနက် ဗုံး တစ်လုံးမှာ ဗုဒ္ဓမြတ်စွာ ဘုရားပွင့်တော်မူခဲ့သည့် မဟာဗောဓိ ညောင်ပင်ရင်းတွင် ပေါက်ကွဲခဲ့ပြီး ကျန်သုံးလုံးမှာ ယင်းအနီးတစ်ဝိုက်တွင် ပေါက်ကွဲခဲ့ရာ မြန်မာသံဃာတော် တစ်ပါး၊ တိဘက်ဘုန်းတော်ကြီး တစ်ပါးနှင့် ဘူရားဖူးနှစ်ဦး အပါအဝင် ငါးဦးဒဏ်ရာ ရရှိခဲ့သည်။

ယင်းပေါက်ကွဲမှုမှာ အိန္ဒိယနိုင်ငံရှိ မူဂျာဟစ်ဒင်အဖွဲ့ ပါဝင် ပတ်သက်နိုင်သည်
ဟု ယူဆကြောင်း ဘီဟားရ်ပြည်နယ် ရဲတပ်ဖွဲ့က ပြောဆိုထားသည်။

The Voice Weekly 
 အိန္ဒိယနိုင်ငံဘီဟာရ်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂယာ မဟာဗောဓိ စေ တီတော် တွင် ဇူလိုင်လ ၇ ရက်နေ့က ဗုံးပေါက်ကွဲခဲ့မှုကြောင့် အိန္ဒိယနိုင်ငံတွင် သီတင်းသုံးနေသော မြန်မာ သံဃာတော်များနှင့် မြန်မာနိုင်ငံသားဘုရားဖူးများ၏လုံခြုံရေးအတွက် အိန္ဒိယ အစိုးရနှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

အိမ်အကူကို အဓမ္မမှု ကျူးလွန်ခဲ့ခြင်းမရှိဟု ခရိုင် သာသနာရေး ဦးစီးမှူး ငြင်းဆို

အိမ်အကူအမျိုးသမီးကို အဓမ္မမှုကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရမှုနှင့်ပတ်သက်၍ ဟင်္သာတမြို့နယ် ရဲစခန်းတွင် ပုဒ်မ ငါးခုဖြင့် အမှုဖွင့်ခံရသူ ဟင်္သာတခရိုင် သာသနာရေးဦးစီးဌာနမှူး ဦးသန်းထွန်းက အိမ်အကူကို အဓမ္မမှု ကျူးလွန်ခဲ့ခြင်းမရှိဟု ရန်ကုန်မြို့တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။

ခြောက်လအတွင်း ထိုင်းသို့ လူကုန်ကူးခံရသူ ၁၂၀ ကျော်ရှိပြီး ဒုက္ခသည် စခန်းများတွင် နေထိုင်ကာ အမှုရင်ဆိုင် နေရသူများရှိ

7.8.6
မြ၀တီမြို့ ထိုင်းမြန်မာ နယ်စပ်ဂိတ်အား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသီဟဇော်)
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသည့် ဦးရေမှာ ယခုနှစ် ခြောက်လအတွင်း ၁၂၀ ကျော်ရှိကြောင်း
သိရပြီး အချို့မှာ ဒုက္ခသည် စခန်းများတွင် နေထိုင်ပြီး အမှုရင်ဆိုင် နေရမှုများရှိကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်းနိုင်ငံ)မှ အကြီးတန်း အကြံပေး ဦးထူးချစ်က ပြောကြားသည်။

အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးသွားချိန်တွင် ဥသြဆွဲပေးရန် လူမှုအဖွဲ့အစည်းများ တောင်းဆို

7.8.9
အာဇာနည်နေ့နှင့် ပတ်သက်သော Documentary ဇာတ်လမ်းတိုကို ပြသနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)
အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် ဇူလိုင် ၁၉၊ နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်တွင်

တည်ဆောက်ဆဲ ဘုရင့်နောင် ခုံးကျော်တံတား၏ ပင်မကွန်ကရစ်တိုင် ပြိုကျမှုဖြစ်ပွား

7.8.16
ဘုရင့်နောင်ခုံးကျော်တံတား ပင်မကွန်ကရစ်တိုင် ပြိုကျမှုအား ဇူလိုင်  ၈ ရက်က တွေ့ရစဉ်
သမိုင်းမှ လှိုင်သာယာသို့ ချိတ်ဆက်ပေးမည့် တည်ဆောက်နေဆဲ ဘုရင့်နောင် ခုံးကျော်တံတား၏ ပင်မ ကွန်ကရစ်တိုင် ပြိုကျခဲ့ကြောင်း သတင်းရရှိသည်။