Wednesday 10 July 2013

ရုပ်ရှင်ထုတ်လုပ်မှုနှင့် နည်းပညာပိုင်းတွင် ရင်းနှီးမြှုပ်နှံရန် လာရောက်ဆွေးနွေး လျက်ရှိပြီး ရုပ်ရှင်စက်ပစ္စည်းများကို အခွန်ကင်းလွတ် ခွင့်ဖြင့် တင်သွင်းရန် စီစဉ်မည်

vedioupdating-july10
ဈေးဝယ်စင်တာ တစ်ခုရှိ ရုပ်ရှင်ရုံ တစ်ရုံအား တွေ့ရစဉ်
ရုပ်ရှင်ထုတ်လုပ်မှုနှင့် နည်းပညာပိုင်းတွင် ရင်းနှီးမြှုပ်နှံရန်အတွက် နိုင်ငံ တကာ အဖွဲ့များမှ မြန်မာ့ရုပ်ရှင် လုပ်ငန်းသို့ လာရောက်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး ယင်းသို့လာရောက် ရင်းနှီးမြှုပ်နှံရာတွင် ရုပ်ရှင် စက်ပစ္စည်းများကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ ယင်းကဲ့သို့ စီစဉ်ဆောင်ရွက်နေမှုများအား ဇူလိုင် ၆ ရက်တွင် ပြုလုပ်ခဲ့သည့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ဖို့ အဓိက ဆောင်ရွက်သွားမယ့် အကြောင်းအရာတွေ မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်ပါတယ်။ ဒီလို ရင်းနှီးမြှုပ်နှံရာမှာ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်မှုအပိုင်းတွေတင် မကဘဲ နည်းပညာပိုင်း ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေလည်း ပါဝင်ပါတယ်။ နိုင်ငံခြားကစက်ပစ္စည်းတွေ တင်သွင်းဖို့၊ သက်သာသော နှုန်းထားတစ်ခုနဲ့ ငှားရမ်းအသုံးပြုနိုင်ဖို့ကို စီစဉ်သွားမှာပါ။ ဒီလိုစက်ပစ္စည်းတွေ တင်သွင်း ရာမှာလည်း အခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းနိုင်အောင် စီစဉ်သွားပါမယ်။ ပြည်ပက ရုပ်ရှင်အနုပညာ ရှင်ပဲ ဖြစ်ဖြစ်၊ စီးပွားရေး လုပ်ငန်းရှင်ပဲဖြစ်ဖြစ် ရုပ်ရှင်ရိုက်ကူးမှု ထုတ်လုပ်မှု နည်းပညာပိုင်းတွေနဲ့ ပတ်သက် လို့ စက်ပစ္စည်း အပါအ၀င် လိုအပ်တာတွေ တင်သွင်းမယ်ဆိုရင် အခွန်ကင်းလွတ်ခွင့် ရရှိအောင် ဆောင်ရွက်ပေး သွားမှာပါ" ဟု ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တွင် မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ရုပ်ရှင် နည်းပညာဆိုင်ရာနှင့် ပတ်သက်၍ သရုပ်ဆောင် ကျော်ကျော်ဗို ကလည်း "ကျွန်တော်တို့ ရုပ်ရှင်လောကမှာ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ဒါတွေကို အခုချိန်မှာ မှ လေ့လာပြင် ဆင်ပြီး မကြိုးစားဘူးဆိုရင် နောက်ကျသထက် ပိုနောက်ကျသွားဖို့ပဲ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင်လည်း ရုပ်ရှင်စက်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတစ်ခု လုပ်ထားတယ်။ အဓိက ရည်ရွယ်ချက်ကတော့ နည်းပညာပိုင်းဆိုင်ရာကို တိုးတက်ပြောင်းလဲစေဖို့ပါ"ဟုထင်မြင်ချက် ပေးခဲ့သည်။
EMG

No comments:

Post a Comment