Wednesday 10 July 2013

တောင်ကိုရီးယား အခြေစိုက် HYUNDAI ကားကုမ္ပဏီ၏ တရားဝင် အရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာ စက်တင်ဘာတွင် ဖွင့်မည်

hyundai-july10
ဗြိတိန်နိုင်ငံရှိ HYUNDAI ကားအရောင်းပြခန်း တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-www.richmondhyundai.co.uk)
တောင်ကိုရီးယား အခြေစိုက် HYUNDAI ကားကုမ္ပဏီ၏ တရားဝင် အရောင်းပြ ခန်းနှင့် ၀န်ဆောင်မှု စင်တာကို ရန်ကုန်မြို့တွင် ယခုနှစ် စက်တင်ဘာတွင် စတင်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း HYUNDAI ၏ မြန်မာနိုင်ငံမိတ်ဖက် Fortune International Limited ထံမှ သတင်းရရှိသည်။

HYUNDAI သည် မြန်မာနိုင်ငံဆိုင်ရာ တရားဝင်အရောင်းကိုယ်စားလှယ်အဖြစ် KALAO Holding (Myanmar) နှင့် မြန်မာနိုင်ငံသားပိုင် Fortune International Limited တို့က အကျိုးတူ ပူးပေါင်းဆောင် ရွက်မည်ဖြစ်ပြီး မော်တော်ယာဉ်တင်ပို့ ဖြန့်ဖြူးရောင်းချခြင်း၊ ကားအရောင်းပြခန်း၊ ယာဉ်အပိုပစ္စည်း အရောင်း ဌာနနှင့် ပြုပြင်ထိန်းသိမ်းရေးဌာန ဖွင့်လှစ်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု သိရသည်။

Fortune International Limited ဥက္ကဋ္ဌ ဒေါက်တာဦးမြဟန်က "ရန်ကုန်မှာပဲ စဖွင့်သွားမှာပါ။ စက်တင် ဘာ၊ အောက်တိုဘာလောက် စဖွင့်နိုင်ဖို့စီစဉ်နေတယ်။ တခြားမြို့ကြီးတွေ မှာတော့ နောက်နှစ်တွေမှာမှ ဖွင့်ဖို့စီစဉ် သွားမှာပါ" ဟု ပြောကြားခဲ့သည်။

HYUNDAI သည် တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး ကားကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့စတုတ္ထ အကြီးဆုံး ကားကုမ္ပဏီလည်း ဖြစ်သည်။ ၁၉၆၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး KIA ကားကုမ္ပဏီ၏  အစုရှယ်ယာ အချို့ကို လည်း ပိုင်ဆိုင်ထားသည်။

မြန်မာနိုင်ငံတွင် HYUNDAI ၏ Commercial ကားများကို တရားဝင် တင် သွင်းရောင်းချနေသော ကုမ္ပဏီ အချို့ ရှိနှင့်ပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်မည့် KALAO Holding သည် တောင် ကိုရီးယား အခြေစိုက် မော်တော်ယာဉ် အပိုပစ္စည်း ထုတ်လုပ်သူနှင့် ဖြန့်ဖြူးရောင်းချ သူဖြစ်ပြီး အာရှအခြေစိုက် ထိပ်တန်းမော်တော်ယာဉ် ပစ္စည်းထုတ်လုပ် သူနှင့် ဖြန့်ဖြူးရောင်းချသူတစ်ဦး ဖြစ်သည်။ HYUNDAI ၏ တရားဝင် အရောင်း ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခွင့် ရရှိခဲ့သည့် Fortune International Ltd သည် တောင်ကိုရီးယား ကုန်ပစ္စည်း အများအပြားကို မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချလျက်ရှိသော ကုမ္ပဏီ တစ်ခုဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်း၊ အင်ဂျင်နီးယားရင်းလုပ်ငန်း၊ ဆက်သွယ်ရေး လုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း စသည့်လုပ်ငန်း အများအပြား လုပ်ကိုင်လျက်ရှိသည့် ထိပ်တန်းကုမ္ပဏီတစ်ခု ဖြစ်သည်။

Fortune International Ltd ဥက္ကဋ္ဌ ဒေါက်တာဦးမြဟန်သည် UMFCCI ၏ ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်ပြီး အခြားစီးပွားရေး အသင်းအဖွဲ့ အချို့တွင်လည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။
EMG

No comments:

Post a Comment