Wednesday 10 July 2013

ထိုင်းနိုင်ငံမှတစ်ဆင့် ရန်ကုန်မြို့သို့ လာရောက်ပြီး သံဃာယောင်ဆောင်ကာ တည်းခိုခဲ့သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးကို မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးနေ

ထိုင်းနိုင်ငံမှတစ်ဆင့် ရန်ကုန်မြို့သို့ ၀င်ရောက်လာပြီး သံဃာယောင်ဆောင်ကာ တည်းခိုခဲ့သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးကို မသင်္ကာသဖြင့် ဖမ်းဆီးထားပြီး ရန်ကုန်မြို့အတွင်း ဖောက်ခွဲဖျက်ဆီးရန်
ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခြင်း ဟုတ်မဟုတ် စစ်ဆေးနေကြောင်း အဆင့်မြင့် ရဲအရာရှိ တစ်ဦးထံမှ သိရသည်။ အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း၊ ရန်ကုန်မြို့ သို့ ရောက်ရှိ သည့်အခါတွင် သင်္ကန်းဝတ်ဖြင့် သံဃာအယောင်ဆောင်ကာ ပန်းပဲတန်းမြို့နယ်၊ အမှတ်(၈) ရပ်ကွက်ရှိ ပိုလိုတည်းခိုခန်း၊ အခန်းအမှတ် (၁၀၅) တွင် တည်းခိုနေစဉ် ရဲတပ်ဖွဲ့မှ ဇူလိုင် ၉ ရက်၊ မွန်းလွဲ ၂ နာရီခွဲတွင် ၀င်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ယင်းနှစ်ဦးမှာ Parsujait Barua (၂၇)နှစ်၊ ပတ်စ်ပို့စ်အမှတ် Ae-4674854 နှင့် Antar Barua (၂၉) နှစ်၊ ပတ်စ်ပို့စ်အမှတ် Ac-9257706 ကိုင်ဆောင်ထားသူများဖြစ်ကြောင်း သိရသည်။
သင်္ကန်းဝတ်ဖြင့် သံဃာယောင်ဆောင်ကာ တည်းခိုခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးကို ရဲတပ်ဖွဲ့မှ စစ်ဆေးရာတွင် အမည်မသိ မွတ်စလင် ဇနီးမောင်နှံနှစ်ဦးနှင့် ဖုန်းအဆက်အသွယ် ရရှိပြီး မလေးရှားနိုင်ငံ သို့ ပို့ပေးမည်ဟု ပြောသဖြင့် မြန်မာနိုင်ငံသို့ ထွက်လာခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာလေဆိပ်မှ ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံလေဆိပ်မှ မြန်မာ့လေကြောင်းနှင့် ဇူလိုင် ၉ ရက်၊ နံနက် ၉ နာရီခွဲတွင်  ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြောင်း စစ်ဆေးချက်အရ သိရသည်။
ရန်ကုန်လေဆိပ်သို့ အရောက်တွင် ဖုန်းဆက်ထားသည့် အမည်မသိ မွတ်စလင် လင်မယားနှစ်ဦးမှ လာရောက်ကြိုခဲ့ပြီး တက္ကစီယာဉ်ဖြင့် ပန်းပဲတန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်ရှိ ပိုလိုတည်းခိုခန်း၊ အခန်းအမှတ် (၁၀၅) တွင် တစ်ရက်လျှင်ကျပ် ၁၂၀၀၀ နှုန်းဖြင့် တည်းခိုခဲ့ကြောင်း၊ ထမင်းစားရန်အတွက် သွားရာတွင် မွတ်စလင် လင်မယားနှစ်ဦးမှ သင်္ကန်းဝတ်ဖြင့် မသွားရန်၊ အရပ်ဝတ်ဖြင့် လဲလှယ်ကာ သွားရောက်စားသောက်ရန် စသည့်အချက်အလက်များကို စစ်ဆေးရာ၌ ထွက်ဆိုချက်အရ သိရသည်။
သင်္ကန်းဝတ်နဲ့ မသင်္ကာတဲ့လူနှစ်ဦးကို ဖမ်းဆီးစစ်ဆေး နေတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးက ဖောက်ခွဲဖို့ အကြံအစည်နဲ့ ရောက်လာတာ ဟုတ်မဟုတ်၊ အခြားအကြံအစည်တွေ ရှိမရှိ၊ ဘာကြောင့် ရောက်လာတယ် ဆိုတာကိုတော့ စစ်ဆေးနေတုန်းပါပဲ . . . . .
အဆိုပါ အမည်မသိ မွတ်စလင် လင်မယားနှစ်ဦးကို အမြန်ဆုံး ဖမ်းဆီးစစ်ဆေးနိုင်ရန် ရဲတပ်ဖွဲ့ မှ ဆောင် ရွက်နေပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးထံမှ ပါရှိလာသည့် ပစ္စည်းများ၊ ပတ်စ်ပို့နှင့် တယ်လီဖုန်း များကိုလည်း သိမ်းဆည်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ယင်းဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးဝင်းကြည်အား ဆက်သွယ်မေးမြန်းရာ ၄င်းက "အခု ကျွန်တော်တို့အနေနဲ့ သင်္ကန်းဝတ်နဲ့ မသင်္ကာတဲ့လူနှစ်ဦးကို ဖမ်းဆီးစစ်ဆေး နေတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးက ဖောက်ခွဲဖို့ အကြံအစည်နဲ့ ရောက်လာတာ ဟုတ်မဟုတ်၊ အခြားအကြံအစည်တွေ ရှိမရှိ၊ ဘာကြောင့် ရောက်လာတယ် ဆိုတာကိုတော့ စစ်ဆေးနေတုန်းပါပဲ" ဟု ဇူလိုင် ၉ ရက်၊ ည ၇ နာရီက ပြောကြားသည်။
တည်းခိုခဲ့သည့် ပန်းပဲတန်းမြို့နယ်ရှိ ပိုလိုတည်းခိုခန်းမှ ညပိုင်းမန်နေဂျာဖြစ်သူ ဦးအောင်ကျော်ဦးက ဇူလိုင် ၉ ရက်၊ ည ၈ နာရီတွင် "သူတို့နှစ်ဦးက ဒီနေ့မနက်မှာပဲ လာပြီးတည်းတယ်။ မွန်းလွဲပိုင်းမှာပဲ ရဲတွေကလာပြီး ဖမ်းသွားတယ်။ သူတို့နှစ်ယောက်အပြင် ဆိုင်က မနက်ပိုင်းမန်နေဂျာ ကိုတင်မောင်မြင့် ကိုလည်း ခေါ်သွားပါတယ်" ဟု ပြောကြားသည်။
ပိုလိုတည်းခိုခန်းမှ ပိုင်ရှင်ဖြစ်သူအား မေးမြန်းရာ ၎င်းက "မနက်ပိုင်း မန်နေဂျာကတော့ ပတ်စ်ပို့ကို ကြည့် ပြီးတော့ တည်းခိုခွင့် ပေးလိုက်တာပါ။ သင်္ကန်းဝတ်နဲ့ လာတာလား၊ အရပ်ဝတ်နဲ့ လာတာလား ဆိုတာတော့ ကျွန်တော်မသိပါဘူး" ဟု ပြောကြားသည်။

From...EMG

No comments:

Post a Comment